ဒါဖြစ်တတ်တဲ့နေ့တစ်နေ့ - ချစ်သုဝေ

All ppl especially my friends

Wut Yee Htike




I just want to share with other ppl this song cos nearly everyday, i encounter this problem. :D



နှိုးစက်ကနှိုးမှငါ ကို့ရို့ကားယား နိုးထ
ခေါင်းထဲကတွေးမိတာ ကျောင်းသွားဖို့ငါနောက်ကျ
ရုတ်ရက်ခတ်ပြေးလွှားကာ ခေါင်းစုတ်ဖွားနဲ့စဉ်းစား
ကျောင်းရောက်မှ ရုံးခန်းမှာရှင်းပြရရင်ကောင်းမလား

ကားထဲက ကက်ဆက်မှာ ထိုးထည့်လိုက်တယ် Green Day
အားလုံးပဲနားငြီးတယ် Alternative runway
ဟိုးရှေ့ကမီးပွိုင့်ကို ၀ိုးတိုးဝါးတားလှမ်းတွေ့
အခုထက်ထိ ငါ့မျက်မှန် power လိုနေသလားဟေ့

Na... Na Na Na Na Na..
Na Na Na Na Na.. Na Na Na Na
ဒါဖြစ်တတ်တဲ့နေ့တစ်နေ့
Na... Na Na Na Na Na..
Na Na Na Na Na.. Na Na Na Na
ဒါဖြစ်တတ်တဲ့နေ့တစ်နေ့

ကျောင်းရှေ့က snack shop မှာ ကြိတ်ကြိတ်တိုးတဲ့ morning
အားလုံးရှေ့ကြားဖြတ်မယ် everybody, sorry
မိုးလင်းတိုင်းဖြစ်တတ်တဲ့ ဒုက္ခကြီးက ရှင်းပြီး
လောကကြီးကောင်းသွားပြီ နေသာထိုင်သာဖြစ်မိ

Lipstick နဲ့ ကားသော့ကို အိတ်ကပ်လေးထဲထိုးထည့်
နောက်ကျတဲ့ ငါ့ဖိနပ်တွေ Theatre ဆီဦးလှည့်
တိုးတိုးလေးနောက်ကနေ တက်နေရမှာ စိတ်ပျက်
ကျောပိုးအိတ်ဟောင်းလေးက အိမ်မှာကျန်နေရစ်ခဲ့

Na... Na Na Na Na Na..
Na Na Na Na Na.. Na Na Na Na
ဒါဖြစ်တတ်တဲ့နေ့တစ်နေ့
Na... Na Na Na Na Na..
Na Na Na Na Na.. Na Na Na Na
ဒါဖြစ်တတ်တဲ့နေ့တစ်နေ့


Technorati Tag::: , ,

Labels: , , ,

သီတင်းကျွတ် လပြည့်နေ့ : Exclusive Feature


သီတင်းကျွတ်လဘွဲ့

ကြာငါးမည် ကြိုင်သင်းလို့
လျှံဝင်းတဲ့ ပြောင်ထိန်။
ရွှေနန်းတောင်တော်ဦးမှာလ၊
ကွန့်မြူးမြင့်မိုရ်မီး၊
ညီးတဲ့ခါချိန်။
ရှိခိုးငယ်နှိမ်
သုံးကြိမ်ရိုပျောင်း၊
သက္ကစ္စဂါရ၀ါနှင့်၊
စဉ်အလာ ပူဇော်ပွဲကို
ခွဲကြပေတောင်း


ဖိုးသူတော်ဦးမင်း

ကျွန်တော်တို့ တတွေ မြန်မာပြည်မှာ ရှိခဲ့ကြတုန်းက ပျော်ခဲ့ရတဲ့ စောင့်ခဲ့ရတဲ့ သီတင်းကျွတ်ကတော့ အရင်လိုပဲ လမ်းတွေတစ်လျှောက် လင်းထိန်ကာ ပျော်စရာအတိသာဖြစ်နေမှာပါ။ သီတင်းကျွတ်နဲ့ပတ်သက်တဲ့ သီချင်းအနေနဲ့ သိပ်များများစားစားမရှိလေတော့ ရှိတာလေးသာ နားထောင်ရင်း အလွမ်းလည်းဖြေ အပန်းလည်းပြေနိုင်ကြပါစေဗျာ။




သီတင်းကျွတ်ညလေးတစ်ည


( ၁၂ ရာသီအချစ် )    
( Rock and Rap II )    

သီတင်းကျွတ်ညလေးတစ်ည
ပြန်လည်ကာ အမှတ်ရမိပါတယ်
မီးကလေးတွေထွန်းလို့
စည်ပါတယ်လမ်းထဲမှာကွယ်
ချစ်တဲ့ကောင်လေးတစ်ယောက်
ယောင်လည်လည် တစ်ဦးတည်းလျှောက်ကာလည်
အတွဲလည်းမရှိဘူးပေါ့
သမင်လည်ပြန် ခဏခဏလှည့်ကြည့်တယ်။


စည်ကားတဲ့ သီတင်းကျွတ်ည
မီးပန်းတွေ ပစ်လွှတ်ကြ
ပျော်နေတဲ့လူတွေကြား
အဖော်မပါတဲ့ ငါ့ရဲ့ဘဝ
ဒီလိုအချိန် ငါ့မှာအတွဲလေးသာရှိရင်တော့
ငါ့အတွက် ဒီညဟာအများနည်းတူ အလှဆုံးပေါ့
စိတ်ကူးတွေဖြစ်တည် နောက်မှကောင်မလေးကိုတွေ့ပြီး
အကြည့်ချင်းတွေဆုံပြီ ဘယ်ညာခြေလှမ်းလှမ်းခဲ့သည်
အချင်းချင်းလည်း မိတ်ဖွဲ့ ရည်းစားစကားပြောပစ်
အဖြေကဘယ်လိုလဲ ပြောလိုက်စမ်းပါဟေ့ အချစ်


ငွေစန္ဒာသာချိန်မှာ ဆူညံတဲ့သီချင်းသံ
ငါ့ရင်ထဲပျော်တယ်ဟာ စိတ်လှုပ်ရှားပြီးနေဦးမလား
နှစ်ယောက်မျက်လုံးအဆုံမှာ ငါ့စိတ်ကလေးတွေဘာဖြစ်သလဲ
ချစ်မိသွားပြီကွယ် ချစ်သူတစ်ယောက်ကောက်ရတယ်
ငွေစန္ဒာသာချိန်မှာ ဆူညံတဲ့သီချင်းသံ
ငါ့ရင်ထဲပျော်တယ်ဟာ စိတ်လှုပ်ရှားပြီးနေဦးမလား
နှစ်ယောက်မျက်လုံးအဆုံမှာ ငါ့စိတ်ကလေးတွေဘာဖြစ်သလဲ
ချစ်မိသွားပြီကွယ် ချစ်တဲ့ကောင်လေး တို့တွေ့တယ်


သီတင်းကျွတ်ညလေးတစ်ည ပြန်လည်ကာ
အမှတ်ရမိပါတယ်
မီးကလေးတွေထွန်းလို့ စည်ပါတယ်မီးထွန်းပွဲတော်မယ်
ချစ်တဲ့ကောင်လေးတစ်ယောက်
ယောင်လည်လည်
တစ်ဦးတည်းလျှောက်ကာလည်
အခုတော့ တို့ရည်းစားသူလည်စရာ အတွဲလည်းရှိပေါ့ကွယ်


နောက်နှစ်မှာ ဒီလိုပဲ သီတင်းကျွတ်ကရှိမြဲ
ပြောင်းခဲ့တာငါ့ဘ၀ ချစ်သူလေးကိုလက်တွဲ
အချစ်လေးကိုခေါ်လို့ သီတင်းကျွတ်မှာ ပျော်တော့
တွေ့သမျှလူကိုလျှောက်ပြော ဒါငါ့ရည်းစားပေါ့
မနှစ်ကနဲ့ ဒီနှစ် အဖြစ်အပျက်မတူညီ
လျှောက်လည်ရင်းနဲ့ အချိန်တွေလည်းကုန်ခဲ့ပြီ
အပျော်တွေလွန်ပြီး လမ်းလျှောက်ရတာမောလို့
မောပြီလားမေးတော့ အချစ်က မောပြီ...


Labels: , , , , ,

လွမ်းလို့မဆုံး - ဟဲလေး

ချစ်ခဲ့ဖူးသူ

တာယာပွကြီး




သိပ်ကြိုက်ခဲ့ဘူးတယ်။ ဆိုပြခဲ့ဖူးတယ်။ အကြိမ်ကြိမ်ပါပဲ။ အခုတော့လည်း ပုံပြင်တစ်ပုဒ်လိုဖြစ်လို့။ ဘာရယ်လို့တော့မဟုတ်ပါဘူး။
တခါတလေတော့လည်း ခေါင်းထဲကိုဝင်လာတတ်တယ်။ ဒီသီချင်းကိုနားထောင်မိရင် အဲဒီအချိန်တွေကို ပြန်ရောက်သွားသလိုပါပဲ။
အဲဒီ တစ်စုံတစ်ယောက်သောသူတော့ ခုချိန်မှာ .........




အမှန်တကယ်ကို ပြောချင်နေတာ
မင်းကိုချစ်လွန်းတဲ့ အကြောင်းပါ
မင်းက ကိုယ့်အတွက် မစဉ်းစားပေးတော့လည်း
ကိုယ်ဟာ အဝေးကြီးကလွမ်းနေတာ

ဒီအချိန် ကိုယ်လွမ်းနေတာဟာ
မင်းကို ချစ်လွန်းလို့ပေါ့ကွာ
တို့နှစ်ယောက် ဘ၀က မချောမော မနီးစပ်လည်း
မျှော်လင့်ရင်းနဲ့ မင်းကိုစောင့်နေမှာ

CHO: မင်းကိုပဲကိုယ် ချစ်မှာပဲလေ
ဝေးနေလည်းပဲတမ်းတကာနေဆဲ
ကိုယ့်ရင်ထဲမှာ မျှော်လင့်နေဆဲပါ
မင်းရင်က ပေးမဲ့အချစ်များ

အိမ်ပြန်ချိန်လမ်းပေါ်မှာကွာ
အတွေးတွေလွန်လို့ သတိရနေ
ဘာကြောင့်မင်း အဲ့လောက်ထိရက်စက်လည်း
ကိုယ်ဟာ မတွေးရဲလောက်အောင် ဖြစ်နေတာ

အမှန်တကယ်ကိုပြောချင်နေတာ
မင်းကိုချစ်လွန်းတဲ့အကြောင်းပါ
တို့နှစ်ယောက် ဘ၀က မချောမော မနီးစပ်လည်း
မျှော်လင့်ရင်းနဲ့ မင်းကိုစောင့်နေမှာ

CHO:

Labels: ,

Yer Or No - ရေနွေးကြမ်းနဲ့ မြေပဲယို

February လတွင် ၃၀ရက်နေ့ မရှိဘူးလို့ ထင်ထားသူအတွက်


Calendar မရှိသူတစ်ယောက်




Yes or No?



V1: မနေ့ညက အိပ်မက်ဆိုးတွေမက်တယ်
မနက်ကျတော့ မျက်ခုံးများကလှုပ်တယ်
အခန်းထဲက တင်ထားတဲ့ ဖန်ခွက်ရယ်
လေမတိုက်ပဲနဲ့ ဒီတိုင်းပဲကျကွဲတယ်

ဒီနေ့ကို ဒီနေ့ကို သူလေးနဲ့တွေ့လို့
အဖြေပေးပါ အဖြေပေးပါ တောင်းတမိလို့
အိမ်မြောင်ဥကိုကွယ် ကိုင်တွယ်မိသလိုပဲ
ဘယ်လိုတုန်း တုန်နေလို့ တုန်နေလို့ ကယ်ပါဗျို့

ကျွန်တော့မွေးနေ့ ၁၃၄၀
တန်ခူးလဆုတ် ၁၃ရက်လို့ပြောတယ်
အိမ်ဘေးနားက ဒေါ်ဘုမကလက်သည်
ကျွန်တော်မွေးတုန်းက အချင်းက စလွယ်နဲ့တဲ့
ဂြိုလ်စီးတွေ ဂြိုလ်နင်းတွေ ကောင်းကောင်းသိဖို့
ဆရာကြီးရယ် ဆရာကြီးရယ်
တွက်ချက်ပေးလို့
အချစ်ရေးမှာကွယ် ယတြာလည်းချေမယ်
ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး ဘယ်လိုကြုံမှာတုန်း

CHO: Yes or No တစ်ခုတော့ဖြစ်မယ်
No ဆိုရင် ၀မ်းနည်းရမယ်
ကောင်မလေးရယ် မကြည်စားပါနဲ့
ဘယ်လိုတုန်း
ဖြေပါဦး ဖြေပါဦး ဘယ်လိုတုန်း/ခင်ခင်ပျိုမေရယ်

Rap: သံယောစဉ်တွေက ပြည့်နှပ်
ရင်ဘတ်မှာရှိတာသိလျက် ဦးနှောက်ကစဉ်းစားကြည့်လျှင်
ငါမင်းကို သိပ်ချစ်တယ်ထင်
အဲ့ဒီ့တိုင်းပဲ ပြုံးသွား ရင်ထဲမှာရှုံးမလား
အနိုင်လိုချင်တဲ့စိတ်တွေ ငါ့အပြစ်
အချစ်အမုန်းကို ခွဲခြားပြုပြင်
ဘ၀ခရီးလမ်းများစွာထဲလည်း အဲ့ဒီ့ အချစ်ကပါဝင်ဆဲ
ကုဖို့လုံးဝဆေးမရှိတဲ့ စိတ်ရောဂါအချစ်တွေပါပဲ
ခံစားချက်ရောထွေးနေမြဲ ငါ့စိတ်ကရူးနေတုန်းမြဲ
ငါမင်းကိုချစ်နေတာလဲ အဲ့ဒီ့ရောဂါတစ်ခုပါပဲ

V2: သူပေးထားတဲ့ ကောက်ရိုးလေးတစ်မျှင်ထဲရယ်
မျှော်လင့်ချက်ရဲ့ တန်ဖိုးလေးတွေရှိတယ်
ငါစိုက်ခဲ့တဲ့ အိပ်မက်သစ်ပင်လေးရယ်
တစ်နေ့နေ့တော့ အရိပ်ရလာလိမ့်မယ်
စိတ်ထဲမှာ စိတ်ထဲမှာ မင်းပဲရှိတယ်
ရင်ထဲမှာ ရင်ထဲမှာ မပြောင်းလဲဘူးကွယ်
ယုံကြည်ပေးပါကွယ် တကယ်ချစ်ပါတယ်
ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး ဘယ်လိုတုန်း

CHO:

Labels: , , , ,

လမ်းနဲ့အလွမ်း - ချစ်သုဝေ

မနက်ကလေးတစ်ခု

mmhan




များလွန်းတဲ့ stress တွေရဲ့ အလယ်မှာ
ဒီတစ်ညလဲ ငါမိုးလင်းထိထိုင်နေမိတယ် ချစ်သူ..

ညမအိပ်ခဲ့ရတဲ့ မနက်တွေကိုငါမုန်းပါတယ် ချစ်သူ...

အထူးသဖြင့်... တစ်ညလုံး ချစ်သူနဲ့ဖုန်းပြောဖို့စောင့်ခဲ့ရပြီးမှ
"နင် တကယ်မသိတာလား။ ငါချစ်သူသစ်ရသွားပြီ"လို့ ကြားခဲ့ရတဲ့
မနက်လေးတစ်ခုကိုပေါ့လေ...




ဒီမနက်တိုင်းမှာ ငါလေလွမ်းတတ်ခဲ့ပြီပဲ
ဒီမနက်မျိုးလေးမှာလေ အချစ်ကခွဲခွာခဲ့
ပြန်တွေ့ဖို့ရာ ငါလေ အခုထိမျှော်လင့်ဆဲ
အချစ်မျက်ရဲ့ ဒါဏ်ရာတွေသာ ငါ့အတွက်ကျန်ရစ်ခဲ့
ငါစောင့်နေတယ် ဒီလမ်းလေးမှာ အလွမ်းတွေရယ်ရစ်ဝိုင်း
ဒီလမ်းမှာ မြူတွေဆိုင်းနေချိန်တိုင်း

စိုနေတဲ့သစ်ရွက်တွေပေါ် လမ်းလျှောက်ခဲ့တာလဲ
ပြန်မြင်ယောင်ဆဲပဲရင်မှာ နှမြောသတစွာနဲ့
အဆက်အစပ်မဲ့ပုံပြင်တွေသာ ငါ့ရဲ့ရင်ခွင်ထဲ
အခုထိတော့လေ ရင်မှာလှိုက်ဖိုရင်းနဲ့
ငါစောင့်နေတယ် ဒီလမ်းလေးမှာ အလွမ်းတွေရယ်ရစ်ဝိုင်း
ဒီလမ်းမှာ မြူတွေဆိုင်းနေချိန်တိုင်း

ငါစောင့်နေတယ် ဒီလမ်းလေးမှာ အလွမ်းတွေရယ်ရစ်ဝိုင်း
ဒီလမ်းမှာ မြူတွေဆိုင်းနေချိန်တိုင်း

ငါစောင့်နေတယ် ဒီလမ်းလေးမှာ အလွမ်းတွေရယ်ရစ်ဝိုင်း
ဒီလမ်းမှာ မြူတွေဆိုင်းနေချိန်တိုင်း

Labels: , ,

Sar Yor Nar La - စောညီညီ feat. မိုးမိုး

someone in the past and white flower

Owen




သီချင်းလေး အတိုင်းပါပဲ



CHO: ပြန်မလာတော့ဘူးပေါ့ သေချာဆုံးဖြတ်ပြီးခဲ့ရင်
ငါမကျေနပ်ဘူးပေါ့ ပြန်လည်မုန်းလည်းမမုန်းရက်ပါ
နင်မရှိတဲ့ဘ၀မှာ ရှင်သန်စရာမရှိတော့ဘူး
ကြေကွဲပြီးနေ့စဉ် လူတကာအလည် အသက်မရှင်ဘူး
ပျော်ပါစေချစ်သူ..
ငါဟာလမ်းပျောက်ခဲ့သူပါ...
သံသရာမှာနောက်တစ်ခေါက် မကြုံခင်ရှုံးနိမ့်ခဲ့သူပါ

လေယာဉ်ပျံတီထွင်ခဲ့တဲ့ သူတွေကိုလည်းမုန်းတယ်
တစ်ချိန်ချိန်မှာ အမေခေါ်ရမယ့် အန်တီကိုလည်းမုန်းတယ်
မင်္ဂလာဒုံလေဆိပ်က ခုံတွေကိုလည်းမုန်းတယ်
ပြန်လာမယ် ပုံပြောခဲ့တဲ့ ကြင်နာသူလည်းမုန်းတယ်

လေယာဉ်ပျံကိုမုန်းရတာ လေယာဉ်ပျံကခေါ်ဆောင်သွား
ဟိုအန်တီကိုမုန်းရတာ သူစီစဉ်တဲ့ ရေမြေခြား
လေဆိပ်ကခုံတွေကတော့ ငါ့မျက်ရည်တွက်သက်သေ
ကြင်နာသူလေးမင်းဘ၀တွက် ဆုံးဖြတ်ချက်ကပြတ်နေ

ရက်တွေထပ်နေပြီး တစ်ညနေပြီးတစ်ညနေ
လက်တွေချိုးရေပြီး အလွမ်းတွေနဲ့ မနက်တွေ
ငါ့ဘ၀တွက် မင်းမရှိရင် အချစ်မရှိတာ မင်းအသိ
တစ်ခြားတစ်ရက် တစ်ခြားတစ်ယောက် သံသယတွေပွားမိ

ဗုဒ္ဓဆုံးမတာ ကိလေသာက ဒုက္ခ
အခုမှ တရားမှတ်လည်း ပါရမီကနည်းပါး
လွဲမှားတဲ့ငါ့ပုစ္စာတွက် မသိကိန်းကမင်းလေး
ပြောင်းပြန်အချိုးကျတော့ ညီမျှခြင်းက အလှမ်းဝေး
အမှတ်တစ်ရာလိုချင်ခဲ့သူ ပညာနဲ့ ဥစ္စာ
တစ်ခြားမှာ ရှာဖွေရမှ ပြန်လာမယ် ဟုတ်လား

CHO:

ချစ်သူတစ်ချက်သိ အနေဝေးတော့ သွေးအေးသတဲ့
မင်းအသက်က အခုမှ ၂၀ပတ်လည် ကလေးလေးပဲ
ငါ့ကိုလွမ်းတာ နောက်ဘယ်လောက်ကြာ မင်းရင်ထဲမှာရှိမလဲ
ဝေးနေခြားမှာ နီးစပ်သွားတာဖြစ်လာခဲ့ရင် ဘယ်လိုလဲ
တည်ငြိမ်မှုဆိုတာက ငါတို့အရွယ်တွက် လက္ခဏာ
ရင်ခုန်မှုဆိုတာက မင်းတို့အရွယ်တွက် ပြဿနာ
တစ်ယောက်တည်း အဖော်မဲ့ပြီး အထီးကျန်နေမဲ့မင်းအတွက်
ကြင်နာအပြည့် ကူညီမဲ့ ငါလိုလူ များရှိမယ်
ဒီလိုအရေး ဒီလိုတွေးလို့ ငါရိုင်းသွားရင် ခွင့်လွှတ်
သ၀န်တိုဆဲ အရင်လိုပဲ ဒါလည်းမင်းကိုချစ်လို့

CHO:

ပြန်လာပါချစ်သူ ငါဟာမင်းမရှိမဖြစ်သူပါ
အရင်အချိန်လို တို့တွေ အကြင်နာနွေးထွေးရအောင်ပါ

Labels: , , , ,

ပုံပြင်ဟောင်း - ကဗျာဗွဲ့မှူး

anAngel

anAngel




allTheBesT!! :-)




V1: ကျိန်စာသင့်ခဲ့ပြီလား ဘ၀ရဲ့အချိန်နာရီများစွာ
မြတ်နိုးတဲ့ ငါ့ရဲ့ လွတ်လပ်မှုကို အနိုင်ယူလို့ထား
ရင်ခုန်သံတွေ အားသိပြီး
အရာရာတိုင်း မင်းရဲ့စိတ်အလို
ငါအသက်ရှင်ရတာ စိတ်ညစ်တယ်ကွာ

ဒီမှာမင်းလေးသိလား အသည်းကွဲတာ ဟန်ဆောင်လို့မရ
ထိန်းထားတဲ့ကြားက ငါ့ရဲ့မျက်ရည် အလိုလိုစီးကျ
ယုံကြည်စွာမျှော်လင့်ခဲ့တဲ့ သာယာတဲ့ ဘ၀လေးတစ်ခုရယ်
မင်းလေးရှိမှပြီးပြည့်စုံလိမ့်မယ် အခုတော့ဝေးခဲ့ပြီကွယ်

CHO: မင်းလေးမရှိတော့လည်း မင်းသိဖို့ရန်မလွယ်
ကိုယ့်ရင်ထဲက အချစ်စိတ်တွေကို မင်းနားလည်
ပြန်တွေ့ခဲ့တဲ့ အချိန်တိုင်း သူစိမ်းလေးတစ်ယောက်လိုပဲ
ဟန်ဆောင်ထိန်းထားရင်းနဲ့ စိတ်ထဲအလိုလို ငိုချင်မိလည်း
ဖွင့်မပြောဘူး ချစ်သူရယ်
ဒီအတိုင်းပဲထားလိုက်တော့မယ်
အခုတော့လည်း ပုံပြင်လေးတစ်ပုဒ်ပါပဲ အသည်းခွဲခဲ့သူရယ်...

V2: အရာရာပြီးခဲ့ပြီးမှ သတိရစရာကြုံလာတဲ့အခါ
ကြိုးစားပြီးမေ့ခဲ့ရတဲ့နေ့ကို ရင်နာလိုက်တာ
လူတွေကြားထဲမှာ မြင်ချင်တဲ့မင်းရဲ့မျက်နှာ
လိုက်ရှာမိတာမင်းသိရဲ့လား အသည်းကွဲရမှာလား

CHO:

ဖွင့်မပြောဘူး ချစ်သူရယ်
ဒီအတိုင်းပဲထားလိုက်တော့မယ်
အခုတော့လည်း ပုံပြင်လေးတစ်ပုဒ်ပါပဲ အသည်းခွဲခဲ့သူရယ်...

Labels: , ,

အချစ်ဆုံးသူငယ်ချင်း - 9mm

သူငယ်ချင်းသို့

သက်နိုင်




သူမသည် ကျနော်နဲ့ မိုင်ပေါင်းများစွာအဝေး အဝေးကြီးကမြို့လေးမှာနေသည်။ စိတ်တွေလေတိုင်းမှာ သူရှိမဲ့နေရာတွေမှာ စောင့်နေမိခဲ့သည်။ သူရောက်လာပြီး တိတ်ဆိတ်စွာ အနားမှာဝင်ထိုင်လိုက်၏။ ခဏကြာမှ ဘာဖြစ်နေတာလဲဟု မေးတက်သည်။ တခါတရံ သူ့ပုခုံးနုနုလေးနဲ့ ကျနော့်ပါးခုံးကို တိုက်ပြီး မေးတက်သေးသည်။ ထိုအခါ ပေါက်ကွဲခွင့်မရတဲ့ ဗုန်းလို ၀င်လေထွက်လေတို့ ရင်ထဲမွန်းကျပ်ကာလာသည်။ သူ့ကိုပေးမဲ့ နှင်းဆီပန်းတောင် ရွက်ဖတ်တွေကြွေသွားရ၏။ ထိုအနီရောက်ရွက်ဖတ်တို့နှင့်အတူ ခုံစောင်းအစွန်းမှာ တင်ကျန်နေတဲ့ ကျနော့်အသည်းမှာ ပဲ့ရုံတင်မကဘူး၊ ကြွေပါကျသွား၏။
တစ်ကယ်လို့ ကျနော့်ရင်ထဲက ဒီသီချင်းလေးသာ သူမကြားသွားရင်ဖြင့်…




V1: အိမ်မက်ထဲက နတ်သမီးလေးလား ငါ့စိတ်ထဲမှာဝိုးတ၀ါး။ ချစ်ခဲ့တာမှားခဲ့ပြီလို့ မင်းစိတ်ထဲမှာ ထင်နေလို့လား။ မင်းပေးတဲ့အမုန်းထု လွမ်းနေတာတစ်ခုခု။ အဆုံးအဖြတ်မှာ မသေချာတဲ့ မင်းစိတ်ကူးတွေပြောင်းသွား။ နားမလည်စွာရပ်ကြည့်နေရင်း ငါ့ဦးနောက်တွေ ခြောက်ခြား။ အကိုတစ်ယောက်လို ချစ်တော့မယ်လို့ ဆုံးဖြတ်ချက်တွေချထား။ ဖြူစင်တဲ့စိတ်ဓါတ်ကိုပဲ ရောက်ဆိုးမိတာ မှားသွားလား။ မတူမတန်တဲ့ စိတ်ဓါတ်နဲ့ပဲ မင်းအနမ်းတွေကို တမ်းတသလား။ ဖြူစင်တဲ့အချစ်တွေနဲ့ပဲ ဘ၀တသက်စာအတွက် လွမ်းဆွေးသွား။

Cho: ရိုးသားတဲ့သူငယ်ချင်း အချစ်ကို ငါ့စိတ်ကူးနဲ့သာယာခဲ့။ ၀ိုးတ၀ါးနဲ့နားမလည်နိုင်ဘူး ခံစားချက်တွေဘာသာမဲ့။ စိုးရွားတဲ့ ရင်ခုန်သံနဲ့ မင်းကိုတွေ့ရင် ပြာယာခတ်။ ရည်းစားတွေ လေလိုပွေတဲ့မင်းရဲ့ အကြောင်းကိုကြားပြီးသား။ မီးများလေ ရေလိုနေလည်း ပွင့်မပြောမိတာ အမှားကြီးမှား။ ငြီးတွားနေ ငါငိုနေလည်း အဖြူရောင်သံတိုင်းတွေတားဆီးထား။

တားဆီးထားတဲ့ တို့နှစ်ယောက်ရဲ့ အဖြူရောင်စည်းတွေ ရှိခဲ့တဲ့မင်းလေးအတွက်နဲ့ ငါ့ဘ၀ဟာ အရာရာစတေးခဲ့မိတယ် နင်မသိလည်း ရူးမိုက်စွာနဲ့
ဆက်ချစ်မယ် နှလုံးသားထဲကမင်းပေးတဲ့ ဒဏ်ရာဒဏ်ချက်တွေ မပြောရဲခဲ့လို့ မင်းနဲ့ငါ ကမ္ဘာတွေခြားဝေးရတယ် နင်မသိလည်း ရူးမိုက်စွာနဲ့

V2: ဘယ်တော့မှ မဆိုဘူးခဲ့တဲ့ အဆွေးသီချင်းတွေ ငါဆိုနေပြီ။ ဘယ်တော့မှ မငိုဘူးခဲ့ဘူး နင့်ကြောင်ခုတော့ ငါငိုနေပြီ။ နင့်နာမည်အိမ်မက်ထဲမှာ ရောင်ရောင်ခေါ်တာ ရှာတိုနေပြီ။ ကံကြမ္မာက အဖန်တစ်ရာမက ထိုးနှက်ခဲ့လို့ ဒဏ်ရာကပြည့်။ ၀ရန်တာက ကြံရာမရ ငါ့ရဲ့မဖြစ်ကို စန္တာကတွေ့။ တစ်လှန်ကွာက မှန်အကွာချ မင်းကို တစ်ရံတစ်ခါမှ မမေ့။ ရင်ထဲမှာ နင်ပဲရှိတယ်။ မယုံဘူးဆိုဝင်သွားကြည့်ပါ။ နုံအလို့ နင်ကငါ့ကို အရူးတစ်ယောက်လို့ ထင်လားအသိပါ။ သူငယ်ချင်းကို ချစ်တယ်ပြောဖို့ ငါဘယ်မှ အင်အားမရှိပါ။

Cho:

V3: ရိုးရိုးလေးလှတဲ့နင့်မူးမိုက်စွာ မြင်ရုံနဲ့နင့်အကြည့်တွေ ငါ့ရင်ဘက်ထဲစူးစိုက်စွာ ၀င်ကုန်ခဲ့။ ထောင့်ငါးရာမပြည့်တဲ့ အချစ်ကို ရူးမိုက်စွာ ရင်ခုန်ခဲ့။ ငယ်ငယ်က ရန်ဖြစ်ခဲ့ရင် နင်ကချည်းပဲ နိုင်ချင်ခဲ့။ ရည်းစားနဲ့ ဖြတ်ခဲ့တိုင်းလဲ နင်ကငါ့ကို တိုင်ပင်ခဲ့။ ငါ့ချစ်တာနင့်ကို ပြောရင် နင်ဘယ်သူ့ကို တိုင်ပင်မလဲ။ ဟိုးတုန်းက အချစ်တွေနဲ့ အရိုးဆုံးငါချစ်နေခဲ့။ ဘယ်သူတားတား ငါ့ရဲ့အချစ်က မျိုးမတုန်းပါ ချစ်နေဆဲ။ သူငယ်ချင်းကို ချစ်ခဲ့မိတာ အဆိုးဆုံးဟာ အဖြစ်တွေပဲ။

Cho:

V4: သူငယ်ချင်းကို ရည်းစားမလုပ်ဖို့ ဘယ်သူတွေ စပြောခဲ့သလဲ။ နင်လမ်းမှာ ချနင်းဖို့ ငါ့ဘ၀ကို ပုံအောခဲ့တယ်။ အလိုရှိတိုင်းအခင်ဆုံးလို့ နင်ငါ့ကို ပုံပြောခဲ့တယ်။ နင့်ရည်းစား ပထမတစ်ယောက်ကို ချောင်းရိုက်ခဲ့တာ ငါပါပဲ။ ကြည့်မရလို့ ဒုတိယတစ်ယောက်ကို ဆွဲထိုးတာလည်း ငါပါပဲ။ နင်ကြိုက်တဲ့ နောက်ဆုံးတစ်ယောက်ကို ဂုန်းတိုက်တာလည်း ငါပါပဲ။ ငါဘယ်လိုကြိုးစားကြိုးစား သူငယ်ချင်းထက်ထူးပြီး မလာခဲ့။ တစ်ကယ်တော့ ငါအရူးကြီးပါပဲ။ နင့်ကို ရည်စူးပြီးငါ့ရဲ့ ရေးထားတဲ့ အရူးကြီး ကဗျာလည်း သိမ်းထားတာ အခုထိပါပဲ။

Cho:

Labels: , , ,

အချစ်ရှိသောနေ့စွဲများ - ဇမ်နူး

SPoT-ers

SPoT FM




တစ်ချိန်ချိန်မှာတုန်းက လူတိုင်းလူတိုင်းရဲ့နေ့စွဲလေးတွေမှာ အချစ်ရှိဖူးခဲ့ပါတယ်။
တစ်ချိန်ရောက်တော့လည်း ဘယ်ပျောက်မသိ ပျောက်သွားခဲ့ပါတယ်။
ရှိခဲ့ဖူးတဲ့နေ့စွဲလေးတွေနဲ့ အဲ့ဒီ့နေ့စွဲလေးတွေရဲ့အချစ်တွေ မေ့မရနိုင်တဲ့ စိတ်တွေအတွက်
သီချင်းလေးတစ်ပုဒ်ပါ။



အချစ်ရှိသောနေ့စွဲများ
မနေ့ကအကြောင်းပြန်စဉ်းစား...
မနက်ဖြန်ရောက်ဖို့ အင်အားများ
ပေးဆပ်ခြင်းထဲပျက်စီးသွား...

တွေ့မြင်တုန်းခဏ သူ့အပြုံးများ
နေ့စဉ်ရက်ဆက် ကိုယ်သိမ်းထား...
အထီးကျန်တဲ့ည စကားလုံးများ
ချစ်သူတို့အတွက် စတေးမလား...

အချစ်ရှိသောဒီနေ့စွဲများ
နောက်တစ်ခါတို့ပြန်ရဦးမလား
နောက်ကျတဲ့ အသည်းကသိတယ်
အဝေးဆုံးမက ဝေးလွင့်တော့မယ်

အချစ်ရှိသောဒီနေ့စွဲများ
မျက်ရည်များကို ဖန်ဆင်းသွား
အပြစ်ရှိတဲ့ နှလုံးသားပဲကွယ်
အစားထိုးလို့ ရနိုင်မလား....

မျက်ရည်တို့က နိဂုံးလား
အချစ်တွေ အဆုံးမဲ့ရင်ထဲထား...
အတ္တတရားရဲ့ အပြစ်ပဲလား
ဆောက်တည်ခဲ့သမျှ ပြိုလဲသွား...

ရယူခြင်းအတွက် ကိုယ့်အတွေးများ
မှားတယ်လို့ပဲ ဆိုဦးမလား...
မျက်ရည်ကြားက ကိုယ့်အပြုံးများ
ချစ်သူလေး သိနိုင်ဦးမလား...

-=-=-

အချစ်ရှိသောဒီနေ့စွဲများ
နောက်တစ်ခါတို့ပြန်ရဦးမလား
ခြားနားခဲ့လွန်းတဲ့ အဖြစ်တွေ
အတွေးလေးနဲ့ ခွင့်ပြုတော့လေ

အချစ်ရှိသောဒီနေ့စွဲများ
နောက်တစ်ခါတို့ပြန်ရဦးမလား
အေးချမ်းတဲ့ မင်းတစ်ယောက်သိရင်
အနှောင့်အယှက်များ ဖြစ်နေမလား

အချစ်ရှိသောဒီနေ့စွဲများ
နောက်တစ်ခါတို့ပြန်ရဦးမလား
နောက်ကျတဲ့ အသည်းကသိတယ်
အဝေးဆုံးမက ဝေးလွင့်တော့မယ်

အချစ်ရှိသောဒီနေ့စွဲများ
မျက်ရည်များကို ဖန်ဆင်းသွား
အပြစ်ရှိတဲ့ နှလုံးသားပဲကွယ်
အစားထိုးလို့ ရနိုင်မလား.... ဟိုး.... ဟိုး....



Technorati Tag::: , ,

Labels: , , ,

ဆေးကျောင်းသား - Blueberry

S'STEP

2angeLs




for an ever-lasting S'STEP.......




ဆေးကျောင်းထဲက ကောင်ကလေး သိပ်ချစ်လွန်းလို့ ငါလိုက်ငေး
ခိုးခိုးပြီးတော့ အကြိမ်ကြိမ်ကြည့် သူလေတကယ်ကိုမသိ
ဆေးကျောင်းထဲသို့ ၀င်လိုက်တိုင်း တို့တစ်ယောက်ထဲမို့ အူကြောင်ကျား
မိုးတိုးမတ်တပ် နေရာတကာရပ် ငူငူငိုင်ငိုင်နဲ့

ကောင်ကလေးရယ် မင်းကို သိပ်ချစ်လွန်းတာကိုယ့်မှာ
ဒုက္ခများစွာ ရင်ဆိုင်ရ
ဒါပေမယ့်လေ အချစ်ရာ ကိုယ့်အတွက် ပြဿနာမရှိပါ
မင်းနဲ့တွေ့ရင် ပျော်ရွှင်မှာပါ

စတွေ့မိတဲ့ ပုံရိပ်လေး ခုထိတို့ဖြင့် မမေ့သေး
တွေ့လိုက်တိုင်းလည်း ရင်ခုန်သံလေး
မြန်မြန်လာပြီဟေ့

Duty coat အဖြူရောင်လေးနဲ့ သိပ်ခန့်တဲ့ကောင်လေးရာ
ကိုယ့်ရဲ့အသဲကို အမြန်ကုစားပါ
ဆိုင်သူရှိရင် ကိုယ့်ကို နည်းနည်းလောက် Chance ပေးပါ
သိပ်ချစ်တဲ့ Doctor လေးရာ

ကျောင်းသစ်ထဲက ထိုင်ခုံလေး တို့နဲ့မင်းအတွက် အဖော်လုပ်ပေး
အသိအမှတ်ပြုဖို့ ဒီကောင်မလေး ၀န်ခံပါတယ်လေး
အတန်းရှေ့ဖြတ်လို့ အခါခါရပ် မျက်စိနောက်လို့ အမြင်တွေကပ်
မင်းအတန်းထဲက အဖော်တွေများ ဒီကိုလှောင်ကြမလား

စာတွေလွတ်ကာ မင်းမှာ စိတ်ညစ်မိရင်လည်းကွာ
တို့ရဲ့သီချင်းကို ပြန်လည်ကြားပါ
ဒါပေမယ့်လေ တို့ဟာ မိန်းကလေးဘ၀မို့ သနားပါ
မင်းရဲ့အချစ်ကို မျှော်နေမှာပါ။

စတွေ့မိတဲ့ ပုံရိပ်လေး ခုထိတို့ဖြင့် မမေ့သေး
တွေ့လိုက်တိုင်းလည်း ရင်ခုန်သံလေး
မြန်မြန်လာပြီဟေ့

(Duty coat အဖြူရောင်လေးနဲ့ သိပ်ခန့်တဲ့ကောင်လေးရာ
ကိုယ့်ရဲ့အသဲကို အမြန်ကုစားပါ
ဆိုင်သူရှိရင် ကိုယ့်ကို နည်းနည်းလောက် Chance ပေးပါ
သိပ်ချစ်တဲ့ Doctor လေးရာ) x 2

Labels: , ,

ကြယ်စင်ခူးသူ - ဆောင်းဦးလှိုင်

SPoT-ers

SPoT FM




ဆောင်းဦးလှိုင်ရဲ့ ကျွန်တော့်သီချင်း စီးရီးထဲက နောက်ဆုံး Track ပါ။ သီချင်းနာမည်တော့ မမှတ်မိတော့ပါဘူး။ ကြားဖူးသမျှသီချင်းတွေထဲမှာ အင်မတန်မှ အဓိပ္ပါယ်ရှိပြီး၊ စာသား အကျစ်လစ်ဆုံး သီချင်းတစ်ပုဒ်လို့ခံစားမိပါတယ်။
သိပ်ကြိုက်လွန်းလို့ လိုက်ရှာနေခဲ့တာ တော်တော်ကြာပါပြီ။ ရရခြင်းပဲ SPoT-er တို့ကို ဝေမျှလိုက်တာပါ။




ညဆည်းဆာမှာ ကြယ်ပွင့်များကိုမြင်တော့
ကျွန်တော့ရဲ့ ရင်သွေးငယ်က လက်များဆန့်တန်းကာ
သူမှီနိုင်မယ် ထင်မှားပြီးလှမ်းဆွတ်ယူတဲ့အခါ
ကျွန်တော်ဟာလေ ဘာပြောရမှန်းမသိဘူး
လူဘ၀မှာ တို့များမမှီနိုင်တာတွေ
အများကြီးပဲလို့ ကျွန်တော်ကြိုမပြောချင်...

Labels: , ,

သူငယ်ချင်းလေးပါတဲ့ - စိုင်းစိုင်းခမ်းလှိုင် feat. နန္ဒစိုင်း

My dearest friend

Astro girl




မင်းနဲ့ငါ့အကြောင်း




ဝိုး. . .. S A I plus နန္ဒစိုင်း
ဟ ငါနဲ့မင်း သူငယ်ချင်း ဘ၀တစ်လျှောက် မင်းရင်ထဲက အချစ်တွေပေးပါ နည်းနည်းလောက် သူမကို တွေ့ခဲ့ အပြာရောင် ဆန်းဒေး (SUNDAY) တစ်ရက် ထပ်ပြီးတော့ တွေ့ခဲ့ နွေရာသီကျောင်းပိတ်ရက် သူ့နောက်ကိုလိုက်နေတဲ့ . . . အရမ်းအရမ်းကို ကြိုက်နေတဲ့ကောင်လေးတွေ အရူးအမူး မိုက်နေတယ်. (အိုး) ဘာမှကို အသေအချာမသိတော့ အဖြေရှာကြည့် ငါကိုယ်ငါ ပြန်ကာကြည့် ချစ်တယ်လို့ ထင်လာမိ အိပ်ရာထမှန်ကြည့် သူ့မျက်နှာမြင်ယောင်မိ အရိပ်လိုလိုထင်ယောင်ပြီး ငါ့ရဲ့စိတ်က တွေဝေခဲ့ တစ်ယောက်တည်းနေခဲ့တာ ရူးချင်ပြီ သူနဲ့ငါ နှစ်ယောက်တည်းလက်ကိုတွဲ ယစ်မူးချင်မိ အခုလို အိပ်မရတော့ ကြမ်းပြင်ကြီးမှာ လူးလိမ့်ပြီး ရင်ထဲမှာ အချစ်ဆူးတွေပဲ. . . စူးနေပြီ. . . သူက အထူးအထွေမသိ ငါပဲ ရူးနေပြီ နေ့တိုင်း ငါကျူရှင်အောက်မှာ စောင့်နေခဲ့ အခုအချိန်အထိပဲ အကြိမ်များစွာ ကြိုးစားလည်း ပြန်ရတာ စကားတစ်ခွန်းတည်း သူပြောတာ သူငယ်ချင်းပဲတဲ့ . . .
CHO: သူငယ်ချင်းလေးပါတဲ့ သူငယ်ချင်းလေးပဲတဲ့ကွယ် ဒီလိုအကြိမ်ကြိမ်အခါခါပြောပါတယ် ချစ်ရသူရယ် နောက်ထပ် နောက်တစ်ယောက် မချစ်ဘူး ယဉ်ယဉ်လေးနဲ့ရူးတော့မယ် အချိန်တွေကုန်လို့ အသက်တွေကြီးကုန်ရင် ခက်ရချည်ရဲ့. . .

ကြမ်းတမ်းတဲ့ ငါ့နှလုံးသား သူ့ကိုတွေ့တော့ နူးညံ့ ဆိုးရွားတဲ့ငါ့အကျင့်တွေ ပြောင်းပြန်ဖြစ်တယ ထူးဆန်းအချစ်ကို ငါစူးစမ်း နေခဲ့မိတာ ရူးနှမ်း ညပေါင်းများစွာ အိပ်မက်ထဲမှာ လက်ပစ်ကြီးငါကူးခတ် ငါ့စိတ်တွေ ကူးခတ် လတွေ နှစ်တွေ ကူးဖြတ်ခဲ့ သူက အချိန်တွေဆွဲပြီး အမှုအမှတ်မဲ့ စိတ်ကူးယဉ်ပြီး ကြည်နူးတတ်တဲ့ ငါ့ရဲ့ တစ်ဖတ်သတ် ရင်ခုန်သံတွေ အခုရပ်ခဲ့ သူနဲ့ငါ သူငယ်ချင်းတွေ ဖုန်းဆက်တယ် အပျင်းပြေ နောက်ထပ်ငါ ကြားမိပါတယ် ခြေရှုပ်တဲ့သတင်းတွေ မဟုတ်ဘူးလို့ ငြင်းနေလည်း အဖြေကရှင်းနေ အပြင်မှာလူတွေ ပြောနေကြတယ် သူနဲ့ငါ့ရဲ့ အတင်းတွေ အဖျင်းတွေ မယုံနိုင်လို့ နောက်ယောင်ခံလိုက် ဒီမျက်စိနဲ့ မြင်လိုက်ရမှ ငါ့မှာ ခေါင်းငိုက်စိုက် အဲဒီကောင်ဘယ်သူလဲ ပြန်ရတာအဖြေတစ်ခုတည်း သူပြောတာ သူငယ်ချင်းပဲတဲ့. . . .
CHO:
သူ ငါ့ကို သူငယ်ချင်းလို ပေါင်းပြီးတော့ ငါတို့ရဲ့ အသက်တွေကြီးလာလို့ (အိုး) ကျောင်းပြီးတော့ ဒီတစ်ခါ ချစ်ပါလို့ အဖြေကို တောင်းကြည့်တော့ ခေါင်းကိုညိတ်ပြီးတော့ ပြောပြန်တယ် ဖြည်းဖြည်းပေါ့ ငါက အလုပ်မရှိပါ ကျောင်းဆက်တက် သူက အလုပ်လုပ်တယ် ရုံးတက်တယ် နောက်ပြီး ခိုင်းစရာရှိရင် ဖုန်းဆက်တယ် အပြုံးတစ်ချက်နဲ့ အသုံးချဖို့ဆို လုပ်ရက်တယ်. . . ဟေး အဲဒီနောက် ဘုရားမှာ ဦးချဆုတောင်း မစဉ်းစားဘဲနဲ့ အတွေးထဲ ရောက်လာသူ့အကြောင်း စိတ်လှုပ်ရှားလို့ တည်ငြိမ်လာအောင် တရားထိုင် အဲဒီငါ့ရဲ့စိတ်ကို ငြိမ်ငြိမ်နေအောင် မထားနိုင် သူ့ရုံးက အစ်ကိုကြီးနဲ့ တွဲလျှောက်တုန်း ဖြစ်ချင်တော့ ငါ ဖယ်ရီကားကို စောင့်နေတုန်း နှုတ်လာဆက်တော့ အလိုက်မသိဘဲ ပေးမိခဲ့ သူပြောတာ သူငယ်ချင်းပဲတဲ့. . . . CHO
ဟ ငါနဲ့မင်း သူငယ်ချင်း ဘ၀တစ်လျှောက် မင်းရင်ထဲက အချစ်တွေပေးပါ နည်းနည်းလောက်။



Technorati Tag::: , , ,

Labels: , , ,