ခုနှစ်နာရီ - Big Bag






ခုနှစ်နာရီထိုးပြီးပြီ နင်ပြန်ရောက်ဖို့သင့်ပြီ
ငါချက်ထားတဲ့ ထမင်းဟင်းတွေအေးပြီ
ကြာရင် ငါအိပ်ငိုက်တော့မယ်
ငါအကုန်စားပစ်မိမယ် ငါမျှော်နေတာမင်းသိမှာပဲ

မေမေတို့ ပြောပြကြတယ် နင်မရှိတော့ဘူးတဲ့
ဒီလို မစကြနဲ့ သိပ်စိတ်ဆိုးတယ်
အိမ်ကိုလာပို့တဲ့ သတင်းစာ နာရေးသတင်းထဲက
ဒီနာမည်ဟာ မင်းမဖြစ်နိုင်ပါ

ဟောဒီ့လောကထဲမှာ နင်အချစ်ဆုံးကငါ့တစ်ယောက်ထဲ
ဒၝဆိုမင်းငါ့ဆီ ပြန်လာမှာပဲ
ငါယုံထားတယ် မင်းကိုပဲ ငါနေ့တိုင်းပဲစောင့်နေတယ်
အိမ်ရှေ့တံခါးဝမှာပဲ

ခုနှစ်နာရီထိုးပြီးပြီ နင်ပြန်ရောက်ဖို့သင့်ပြီ
တယ်လီဖုန်းလေးတော့ ဆက်ပါငါ့ဆီ
ငါတကယ်ကိုဝမ်းနည်းရပြီ
ဘာကြောင့်မှန်းလဲမသိ
နင်ပြန်မလာတာ ငါးနှစ်ကျော်ပြီ

ဟောဒီ့လောကထဲမှာ ငါအချစ်ဆုံးကနင့်တစ်ယောက်ထဲ
ဒါဆိုမင်းငါ့ဆီ ပြန်လာမှာပဲ
ငါယုံထားတယ် မင်းကိုပဲ ငါနေ့တိုင်းပဲစောင့်နေတယ်
အိမ်ရှေ့တံခါးဝမှာပဲ

ခုနှစ်နာရီထိုးပြီးပြီ နင်ပြန်ရောက်ဖို့သင့်ပြီ
တယ်လီဖုန်းလေးတော့ ဆက်ပါငါ့ဆီ
ငါတကယ်ကိုဝမ်းနည်းရပြီ
ဘာကြောင့်မှန်းလဲမသိ
နင်ပြန်မလာတာ ငါးနှစ်ကျော်ပြီ

Labels: , , , ,

ဥသြ - အဲလက်စ်






ကျောင်းပိတ်လို့ အိမ်ပြန်ချိန် နှုတ်ဆက်တော့ ရင်ထဲတွေး
မင်းသွားတော့ ငါပဲ တစ်ယောက်ထဲရင်ကွဲ စိတ်တွေလေ
ဟိုးဝေးဝေး ကွယ်ရာဆို လျှောက်လိမ့်လို့ မနေနဲ့လေ
နားထဲလည်း နွေ၏ ဥသြသံများ ကြားယောင်နေ

ငါမရှိတုန်းလေး ငြိမ်ငြိမ်လေးသာ မင်းရဲ့အနေနဲ့နေ
အိမ်မှာအမြဲနေပါ တယ်လီဖုန်းတွေလာရင် ခဏခဏ ထမကိုင်နဲ့ဦးလေ

နွေကျောင်းပိတ်လေး တို့ဆွေးဖို့လား အချစ်
နောက်ဆုံးအရိပ်လေး ကိုယ်ငေးကြည့်ရင်းဆွေး
ချစ်ခဲ့ကြတဲ့ အဖြစ်လေးတွေ သတိရနိုင်ဦးလေ

ကျောင်းဖွင့်လို့ ပြန်လာရင် သူစိမ်းတစ်ယောက်နဲ့မလာနဲ့လေ
ငါ့ညည အိပ်မက်တွေလည်း သိပ်ပြီးဆိုးတယ်လေ
ဟိုးဝေးဝေး ကွယ်ရာဆို လျှောက်လိမ့်လို့ မနေနဲ့လေ
နားထဲလည်း နွေ၏ ဥသြသံများ ကြားယောင်နေ


Labels: , ,

လွမ်းရယ်မပြေ - ဆောင်းဦးလှိုင်

everyone, especially all students like me..

mon_pyi_thar




Nothing special...
Jus want everyone to listen to this song...
Hope all of us liked our student life




မဆုံနိုင်ပြီလား ဘ၀တွေက
နှလုံးသားနုနု အပျံသင်ကာစအရွယ်
ပုံပြင်ဟောင်းလေးတစ်ပုဒ် ရင်မှာရှိခဲ့တယ်
လွယ်အိတ်တစ်လုံး ပုခုံးထက်မှာ
အပျော်ဆုံးကျောင်းတက်ချိန် ငါတို့ကျောင်းသားဘဝ

အဖြူစင်ခဲ့ဆုံး သစ္စာတရားနဲ့
အစောဆုံးချစ်၍ ပျော်စရာအိပ်မက်တွေ
နောင်ပြန်မရတော့မယ် အကြင်နာလမ်းလေးတွေ
အတူလျှောက်ခဲ့ကြတယ်
လက်ဖ၀ါးနုနုကို ငါတို့တွဲထားရင်းနဲ့

CHO: ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်(ထဲ)မှာ
စိန်ပန်းတွေလည်းပွင့်နေပြီကွာ
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
လွမ်းရယ်မပြေဘူး ကျောင်းသားဘဝ
ငါတို့ကျောင်းသားဘဝ

တစ်ခါကငါ့ချစ်သူ
မဆုံသလို တို့လောကလမ်းများထဲမှာ
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
လွမ်းရယ်မပြေဘူး ကျောင်းသားဘဝ

Labels: ,

အလွမ်းလက်ကျန်များအတွက် - No!

SPoT-ers

SPoT FM



ဒါအိပ်မက်လေးလား အနားမှာ တစ်ယောက်မှမရှိတော့လည်း
ပျော်ရွှင်ခြင်းတွေပျောက်ဆုံးသွား
ဒီရင်ခွင်လေးထဲ
ဘယ်တော့မှမမေ့နိုင်ခဲ့ သူပေးသွားတဲ့ ဒဏ်ရာလေးများ
တစ်ယောက်ထဲငါအချိန်တိုင်းလွမ်းနေမယ်
ပြန်လာပါ အရင်အတိုင်းစောင့်လို့နေဆဲ
တစ်ခုခုလွဲမှားခဲ့ပြီ နင်ပေးတဲ့ အလွမ်းလက်ကျန်များနဲ့

အဆုံးမဲ့တဲ့ တို့နှစ်ယောက်အချစ်တွေ ပျောက်ပျက်နေပြီ
မင်းလေးနားနောက်ထပ်အချစ်တွေ ရှိလို့နေမလား
မပြောင်းလဲတဲ့ စကားလေးတစ်ခွန်း ထပ်ပြောပြချင်လို့
သိပ်ချစ်ခဲ့ ကိုယ့်ရဲ့အဖြစ်တွေ မင်းသိနိုင်မလား
ဒီတစ်ယောက်ထဲ ချစ်နေမယ်

Labels: , ,

ချစ်သူလမင်း - ထွဏ်းခမ်း ၊ ဆုန်သင်းပါ

လမင်းသို့

အဝေးမှ




သီချင်းကြိုက်လို့ပါ



CHO: ချစ်သူလမင်း မင်းနဲ့တို့ဝေးနေ
မကြာခင်ပြန်ဆုံမယ် အိပ်မက်များ
ချစ်သူလမင်း မင်းနဲ့တို့ဝေးနေ
ကြိုနေလာရောင်ခြည် မနက်ခင်းများ

ဒီလိုလပြည့်ညများစွာ အတူပျော်ဖူးတဲ့
အချစ်ညများ
အခုတော့လည်း လွမ်းမိတယ်
ဟိုအရင်ညတွေ
အခြေအနေမပေးလို့ ဝေးတဲ့ခဏ
ဒီအချိန်မင်းလဲလွမ်းနေမလား
ငါ့အချစ်လေးအတွက် အားပေးပါ
အိုလမင်းရေ...

CHO:

ဒီအိပ်မက်တစ်ခုပြီးသွားရင်
ပိုင်ဆိုင်ကြမဲ့ အချစ်ကမ္ဘာလေး
အချစ်တွေနဲ့ လှပမယ် ယုံကြည်လိုက်ပါ
ရောင်စုံညများ ကျောခိုင်းမယ်
ငြိမ်သက်နွေးထွေး လရောင်အောက်
မင်းဆီအရောက် လှမ်းခဲ့မယ်
ကိုယ်ပြန်ခဲ့မယ်

CHO:

ချစ်သူလမင်း မင်းနဲ့တို့ဝေးနေ
ကိုယ်ပြန်လာချိန်ကို စောင့်လိုက်တော့
မကြာခင်ပြန်ဆုံမယ် အိပ်မက်များ
ချစ်သူလမင်း မင်းနဲ့တို့ဝေးနေ
ကြိုနေလာရောင်ခြည် မနက်ခင်းများ
မင်းလေးမလွမ်းနဲ့ စိတ်ချတော့ချစ်သူ
ကိုယ်ပြန်လာချိန်ကို စောင့်လိုက်တော့
လမင်းလေး......

Labels: , ,

ငါ့အပြစ်မဟုတ်ဘူး - Theory

SPoT-ers

SPoT FM




ငါ့အချစ်တွေမင်းကို ပေးလို့ထား
မင်းကငါ့အချစ်ကို ကလေးလိုကစား
လိုက်လေဝေးလေ ပြေးထွက်သွား
ငါလိုမှမင်းက အဝေးကိုသွား
နီးရက်နဲ့ဝေးရတာ ငါ့ကြောင့်လား
အရှောင်အတိမ်းကောင်းလွန်းတဲ့ မင်းကြောင့်လား
ငါစိတ်ညစ်ပြီး ဇာတ်လမ်းတွေများ
ပြေးရတာမော ဒီတော့မင်းရပ်နား
ဇာတ်လမ်းပြန်စ ချစ်နေကြ
ငါ့စိတ်မှာ မင်းကိုငြင်းလို့မရ
ဒီအချိန်ကြမှ မင်းသိသွား
ငါ့ဇာတ်လမ်းဟောင်းတွေကို မင်းပြန်ကြား
ငါ့ဘက်က မင်းကိုဘယ်လိုချစ်ချစ်
ဖြစ်ခဲ့သမျှ ငါ့ဘက်ကပြင်လို့ မဖြစ်
ငါကတော့မေ့လိုက်ပြီအရင်ကအချစ်
ငါ့ကိုချစ်ရင် နင်လဲမေ့ပစ်

CHO: ရည်းစားဟောင်းနဲ့ကွဲခဲ့ရတာ ငါ့အပြစ်မဟုတ်ဘူး
သူကပြတ်လို့နောက်တစ်ယောက်ထားတာ ငါ့အပြစ်မဟုတ်ဘူး
သစ္စာမရှိတဲ့သူတို့ကြောင့်ဖြစ်တာ ငါ့အပြစ်မဟုတ်ဘူး
မကျေနပ်ရင် လာမပြောနဲ့ ငါ့အပြစ်မဟုတ်ဘူး

ရည်းစားဟောင်းရဲ့နာမည်တွေကို မမေ့ပါနဲ့
ငါ့ဦးနှောက်ကတစ်ခါတစ်လေပြီးရင် မေ့မှာပဲ
ထင်ရာမြင်ရာလျှောက်ပြီးလည်း မတွေးပါနဲ့
ငါရင်ထဲမှာ မင်းကိုချစ်တာပဲ
ကိုယ်အတူနေချင်တာက မင်းလေးနဲ့
သက်သေပြမယ်မင်းကို သီချင်းလေးနဲ့
ယုံပါအချစ်ရယ် မင်းကိုချစ်တယ်
ရင်မှာအချစ်တွေက မင်းအတွက်ရှိတယ်
အချိန်မှန်မှန်စိတ်တွေကောက် စိတ်ဓါတ်ကျတယ်
ဘာတွေဖြစ်နေလဲ ပြောစမ်းအချစ်ရယ်
မင်းကိုပြောမယ် နားထောင်စမ်းကွယ်
ဘေးစကားကို ယုံစားဒေါသထွက်သလား
ကိုယ့်စကားကိုယုံဦး မင်းကိုအချစ်ဆုံး
မယုံဘူးလားဖြစ်တယ် စုံစမ်းလိုက်ရတယ်
ငါ့အတွက်တော့အောက်တယ် မကျေနပ်ရင်ဖြတ်ကွယ်

CHO:

ဒီစကားတွေပြောတာ မင်းကိုချစ်လို့
ကိုယ့်ရဲ့အနားမှာ မင်းမရှိရင်မဖြစ်လို့
ဟုတ်ရဲ့လားဆိုတဲ့ အကြည့်နဲ့ မကြည့်နဲ့
ပြောတဲ့စကားတိုင်းဟာ အစစ်တွေပဲ
ဘာလိုချင်လဲအချစ်ရယ် ကိုယ့်ကိုပြော
ငိုမနေနဲ့အချစ်ရယ် မျက်ရည်သုတ်
ကိုယ်လုပ်ခဲ့သမျှ အားလုံးက မင်းပျော်ဖို့
အပြင်ထွက်လည်တာက မင်းခေါ်လို့
ဘယ်လိုလဲ
ငါပြောတာကိုယုံမလား
မင်းသူငယ်ချင်းပြောတဲ့ စကားတွေကို ယုံမလား
ရည်းစားဟောင်းကြောင့် စိတ်ကောက်ပြီး
စိတ်ကောက်ပြီးရင်လည်း မပြီးတော့ဘုး
သူတို့အကြောင်း ငါ့ခေါင်းထဲမှာလုံးဝမရှိ
မယုံရင်မေးကြည့် အားလုံးသိ
ဘေးပြောတဲ့စကားတွေကို မင်းယုံမလား
ငါ့ရင်ထဲမှာဘာတွေရှိလဲ မင်းသိမလား

CHO:

Labels: , ,