ငါမသိဘူး - ရဲလေး



နေမိခဲ့တော့လည်း တွေ့ခွင့်ရဖို့မလွယ်
သံသယရှိနိုင်မယ် ငါဘယ်သူမှ မချစ်ခဲ့ဘူး
တစ်ဖက်သတ်မို့ အနမ်းတွေကို
ငါ့ဘက်ကလွမ်းနေလို့
တစ်ချိန်ချိန်မှာ စာနာပေးဦးမှာလား မျှော်လင့်...
အမှတ်တရနဲ့ သိမ်းထားခဲ့တဲ့ ပန်းစည်းများစွာ နွမ်းခြောက်ပြီး
ငါနေချင်ပါပြီ မင်းအနားအမြဲတမ်း
ဒီလိုခွဲပြီးတော့ ငါလိုချင်တာမင်းမသိတော့
ခိုးခိုးပြီး ကိုယ့်မှာလေမင်းကို

I don't know ငါမသိဘူး အချစ်ရယ်
မင်းရဲ့အနား ငါလေလုံးဝမရှိ
အိပ်မရနိုင်ပါ မင်းအကြောင်းတွေသာ
တွေးရင်းရူး ငါတော့တွေးရင်းရူးနေလို့
I don't know ငါမသိခဲ့ပါဘူး
တွေ့ချင်တယ် မင်းလေးအနားပဲသို့
အိပ်မရနိုင်ပါ မင်းအကြောင်းတွေသာ
တွေးရင်းရူး ငါတော့တွေးရင်းရူးချင်တယ်/နေလို့

ပထမဆုံးတွေ့ခွင့်ရတဲ့ မင်းရဲ့အပြုံးလေးပဲ
မမေ့ရက်ခဲ့နိုင်ပါ ဒီအချိန်ထိမေ့လို့မရ
သူငယ်ချင်းများအလည်မှာ ငါအဖော်မဲ့ခဲ့ပြီလား
လှောင်ရယ်သံတွေကြား ငါလေရူးမင်းကြောင့်
မင်းပဲ မင်းပဲ သိမ်းပိုက်ပါအကုန်လုံး
မင်းပဲ မင်းပဲ ငါ့ဘ၀မှာ အချစ်ဆုံး
ရက်စက်ခဲ့ရင်လည်း မမုန်းဘူး
ဝမ်းမနည်းပါ မမုန်းဘူး
အားလုံးက ၀ိုင်းတားကြပြီ မင်းသူ့ကို မချစ်နဲ့တော့

ဒီလို အသက်မဲ့တဲ့နေ့မှာ မင်းရှိမှ ပြည့်စုံမှာ
ဒီလိုပဲ ညနက်တိုင်းမှာ အိပ်မက်ထဲအရောက်လာပါ
အချိန်တွေအမြဲစောင့်စားခဲ့တာ နွေမိုးဆောင်းလည်း ပြောင်းပြီးကွာ
ငါမသိဘူး ငါမသိဘူး မင်း.. မင်းကို ချစ်မှာပဲ

I don't know မင်းပဲ မင်းပဲ (I don't know)
I don't know I don't know ငါမသိဘူး
ဆန့်ကျင်ဘက်တွေပဲ အချစ်ရယ် အချစ်ရယ်
ဟိုး... မင်းနဲ့ငါ ဘယ်အချိန်နီးမလဲမသိတော့...

Labels: , , ,

ဘယ်သူတွေပြောပြော - 19:18




လောကကြီးကကွယ် တစ်ဖက်စောင်းနင်းသိပ်ကျတယ်
အမြဲတမ်းအားနည်းသူကိုပဲ အပြစ်ရှာတတ်ကြတယ်
ကယ်တင်မယ်မရှိဘူး ဖျက်ဆီးဖို့ ကြိုးစား
အရင်တစ်ခါမင်းမှားသွားတာလေး တစ်ခုအတွက်

ဘယ်သူတွေတားတား မင်းလေးပဲချစ်ခဲ့
ရင်ဆိုင်မယ် ဒုက္ခတွေ မင်းအနားပဲနေမယ်
မကြာခင်ဆို တို့နှစ်ယောက် ဒီဘ၀သစ်ကိုရှာမယ်
ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်က မင်းပဲ...
မျှော်လင့်ခြင်းရဲ့ အလင်းရောင်က မင်းပဲ...

လူသားတိုင်း သူ့တစ်သက်မှာ တစ်ခါလောက်တော့ မှားဖူးမယ်
ပြင်နိုင်ဖို့ ကြိုးစားရင် တို့တွဲကူလိုက်ကြမယ်
ကယ်တင်မယ်မရှိဘူး ဖျက်ဆီးဖို့ ကြိုးစား
အရင်တစ်ခါမင်းမှားသွားတာလေး တစ်ခုအတွက်

Labels: , , , , ,

ဓါတ်စာ - အနဂ္ဂ၊ ဘာဘူ၊ Alex



လောကကြီးက မတရားဘူး ပြောပြချင်တယ်
ဘယ်နေရာကို သွားသွားမြင်နေတွေ့နေရတယ်
အတွဲလေးတွေကိုယ်စီနဲ့ အဆင်ပြေနေကြတယ် (ကိုနော်...)
ပန်းခြံထဲကို သွားပြီးတော့ ကြင်နာနေကြတယ် (ဟီးဟီ..)

ရယ်နေရတယ် ကျွန်တော်တို့လည်း လိုချင်ပါတယ်
လိုနေတာဘာတွေလည်း အကြင်နာတွေကွယ်
အကြင်နာတွေ ဘယ်မှာလဲ ဒီရင်မှာပဲ
ကြင်နာချင်ရင် လာခဲ့လာခဲ့ အချစ်တွေကိုပေးမယ်

ရည်းစားလေးတစ်ယောက်တော့ လိုချင်တာပေါ့
ငါ့မှာလည်း အသည်းနဲ့ပဲ ချစ်တတ်ပါတယ်
ရည်းစားလေးမရှိတော့ ငိုချင်တာပေါ့
ရှိရှိသမျှ အချစ်တွေ အကုန်လုံး ပေးလိုက်ပါမယ်

ချစ်တယ်လို့ ပြောရတာလည်း တကယ်ကိုများပြီ
ငါလိုက်ခဲ့တဲ့မိန်းကလေးတွေ တကယ့်ကိုအများကြီး
ဘယ်သူမှလည်း ပြန်မကြိုက်ဘူး ငါ့ဘ၀ကသွားပြီ (အမ်..ဟန်..)
ပြန်မကြိုက်လည်း ဂရုမစိုက်ဘူး ကျန်သေးတယ်အများကြီး (ဟိုက်ရှားပါး..)
ကျန်သေးတယ် ကောင်မလေးတွေ အများကြီးကျန်သေးတယ်
စာပေးမယ် အားလုံးကို ရည်းစားစာပေးမယ် (ဟဲ့ ရော့..)
ဖုန်းဆက်ပြီး ညညဆိုတယ်လီဖုန်းလေးနဲ့ပြောမယ် (ဟယ်လို)
အားလုံးကိုပြောချင်တယ် ကိုယ့်ကိုပြန်ချစ်ကွယ်...

အဆက်အသွယ်မလုပ် အဆက်ဖြတ်ခဲ့ ကံဆိုးပြီ
တော်ပါသေးတယ် ပြောချိန်မရ ကျန်ခဲ့ပြီ
မနေတတ်ဘူး ရည်းစားတစ်ယောက်လောက်များ မရှိရင်
မနက်ဆိုရင် ဖုန်းပြောဖို့ မိန်းကလေးတစ်ယောက်မှ မရှိရင်
စိတ်အားငယ်တတ်ခဲ့ အချစ်ငတ်တဲ့ ကျွန်တော့်အတွက်
မကျွမ်းကျင်တဲ့ အချစ်ကိစ္စကို အကျွမ်းတ၀င်ဖြစ်ခဲ့
---------- စိတ်မ၀င်စားရ
မိန်းကလေးတွေက လိုက်ကြိုက်တာမျိုး ဖြစ်ချင်နေတယ်
လူမသိသူမသိ ကျွန်တော့်မှာ ရူးရ အိုက်တင်တွေကျင့်ရပါတယ်
ကောင်မလေးတွေလိုက်ကြည့်အောင်ကွယ်
အသံကို ----- အသံဖြစ်အောင် လေ့ကျင့်ပါတယ်
မိန်းကလေးတွေက ယောကျာ်းလေးတွေ အကဲခတ်ရင် ခြေထောက်ကိုကြည့်တယ်
ယောက်ျားလေးတွေ ပြန်ပြီး အကဲခတ်ရင် ----...
သူက အလှပဂေးလား လူတွေက ထငေးရ..
AK ပြောတဲ့အချိန်မှာ ဟေ့ကောင် ဟေ့ကောင်လာငေးကွ...

ရည်းစားတစ်ယောက်တော့လိုချင်တယ် (ရှာပေးကွယ်...)
အချစ်တွေရင်မှာပိုနေတယ် (အကုန်ပေးမယ်...)

Labels: , , , , ,

ဟာသ - ဆောင်းဦးလှိုင်



သီချင်းလေးတစ်ပုဒ်တော့ ဈေးကွက်ထဲမှာ Hit ဖြစ်သွားပြီတဲ့ဟေ့
ဘာအကြောင်း ရေးဖွဲ့သလဲဆို ရယ်စရာဟာသများတဲ့
ဝတ္ထုတစ်ပုဒ်တော့ ရောင်းတန်းထဲမှာ ထာဝစဉ်နံပါတ်ဝမ်းပဲ
ဟာသသိပ် ခေတ်စားလို့...
ကြိတ်ကြိတ်တိုးတဲ့ ဇာတ်လမ်းရုပ်ရှင် သေချာပါတယ် မမေးနဲ့
ဘာများနှစ်သက်သလဲဆို ရယ်နေရရင်ပြီးရောပဲတဲ့

ဟာ.... ဟာသများ....
ဟာ.... ဟာသများ....
ဟာ.... ဟာသများ....
ဟာ.... ဟာသများ....

ရည်းစားရတဲ့ ကလေးမလေးကို ဘာသာယာလဲမေးတော့
မောင်က သိပ်ရယ်ရတာပဲတဲ့
နှစ်သက်ကြတဲ့ မင်းသားတစ်ယောက်ရဲ့ စွမ်းပကားများကိုမေးတော့
သူက သိပ်ရယ်ရတာပဲတဲ့

အားလုံးပဲလား ပျော်နေကြတာ
အားလုံးပဲလား ပျော်နိုင်ကြတာ
အားလုံးပဲလား ပျော်ချင်ကြတာ
အားလုံးပဲလား ပျော်နိုင်ကြတာ

Labels: , ,

Rap N Roll - R ဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးကြီး



မြန်မာနိုင်ငံရဲ့ Music Genre တွေထဲမှာ တော်တော်ရှားတဲ့ Rap Dance Genre ထဲက သီချင်းကောင်းတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်.. လူတိုင်းလိုလို သီချင်းကြားပြီးတာနဲ့ မြန်မာ Music ရဲ့ ဆရာတစ်ဆူ - ကိုမျိုးကျော့မြိုင်ရဲ့ လက်ထွက်ဆိုတာတော့ သိမှာပါ... အချစ်ရှိသောနေ့စွဲများ စီးရီးထဲကပါ။


ဟေ့အိပ်မက်ဟောင်းထဲက စွဲလန့်နှိုး
အမြဲမင်းရဲ့ညတွေ ကိုယ့်ရဲ့ညတွေ အသစ်ဖြစ်တုန်း
တို့အားလုံးရောက်မဲ့မနက်ခင်းတစ်ခု
စိတ်တွေဟောင်းနွမ်းခြင်းနဲ့ ကျဆုံးတဲ့ နေရာမဟုတ်ဘူး
အတွေးအခေါ်အဟောင်းများကို ဘေးဖယ်ထား
ပြောင်းလဲခြင်းတရားဆိုတာ ကြောက်နေလား
တို့သွားမယ့်လမ်းက ....လမ်းခွဲများ
စိတ်ဓါတ်တွေ အမြင့်ဆုံးထား ခရီးဆက်သွား..

ပင်လယ်ပြင်ကိုကျော်ဖြတ် စိတ်ဓါတ်မျိုးရှိတုန်း
တောင်တွေကိုလေဖြတ်သန်း အားလုံးသွားစို့..
အတူတူဆိုမယ် ဒီည အားလုံး Rap N Roll..
အတူတူပျော်မယ် ဒီည အားလုံး Rap N Roll...

Rap Rap Rap N Roll... Hey..
Everybody Rap N Roll.. Hey..

အတွေးသစ်တစ်ဆဆ မွေးဖွားလာကြ
ပတ်ဝန်းကျင်အနှောက်အယှက် ရှင်းကာထား
နာရီသံတွေ လည်နေတာကို ရပ်ကြည့်မလား
ဆိုမယ်တီးမယ်ကမယ် အားလုံးရဲ့ဒီည
Rock အော်မလား Rap လုပ်မလား
တို့အားလုံးနဲ့အတူတူ ........
မကျိုးပဲ့ဘူး မပျက်ဆီးဘူး ပြုတ်မကျဘူး သရုပ်မပျက်ဘူး...

Labels: , , , ,

မေ့မရတဲ့အချစ်များ - စည်သူလွင်၊ တင်ဇာမော်




wma တွေတင်လို့မရတဲ့ Odeo မှာ ကျွန်တော် mp3 ပြောင်းပြီးတင်ခဲ့ရတဲ့ သီချင်းတွေများပါတယ်။ အဲ့လိုပြောင်းပြီးတင်ရတဲ့ သီချင်းတွေတော်တော်များများမှာ Upload လုပ်ပြီးလို့ ပြန်ဖွင့်ကြည့်တဲ့အခါ "Invalid File", "Error Loading [url...]" ဆိုပြီး ခဏခဏဖြစ်ပါတယ်။ အဲ့ဒါ့ကြောင့် တင်မရတဲ့သီချင်းတွေ Upload တင်ပြီး စာသားတွေ လိုက်ရေးပြီးမှ မတင်ဖြစ်တဲ့ သီချင်းတွေ အများကြီးပါ။ အခုတစ်ပုဒ်မှာတော့ ကျွန်တော် တင်အပြီးမရတာနဲ့ သူ့ရဲ့ Download Link ကိုယူပြီး "Link To Audio" မှာ ပြန်ထည့်လိုက်ပါတယ်။ ထပ်တိုးလာတဲ့ Saved Audio List ထဲက နောက်ဆုံးမှာ အဲ့ဒီ့ သီချင်းရောက်သွားပါတယ်။ ထူးဆန်းစွာနဲ့ပဲ အဲ့ဒီ့သီချင်းကိုကျတော့ Odeo Flash Player ကရှောရှောရှူရှူ ဖွင့်လို့ရပါတယ်။ ("There are million reasons to listen Odeo.. and this is one" ဆိုတာကြီးတော့ ပါလာတာပေါ့) Spot FM နားထောင်သူ အပေါင်းတို့ မရမက တင်ချင်ပြီး တင်မရတဲ့ သီချင်းတွေများရှိခဲ့သော် ဒီနည်းသုံးကြည့်ကြဖို့ အကြံပေးလိုက်ပါတယ်။
အခုသီချင်းကတော့ Jennifer Lopez နဲ့ တခြား Latin အဆိုတော်တစ်ယောက်ရဲ့ Latin သီချင်းကို ပြန်ဆိုထားကြတာပါ.. မူရင်းသီချင်းရော ပြန်ဆိုထားတာပါ တော်တော်လေးကောင်းပါတယ်.. နားထောင်ကြည့်ကြပါဦး..



မဆုံနိုင်တော့ဘူးကွယ်... ယုံကြည်ချင်သေးတယ်...
တစ်ကယ်ကိုတို့များဝေးကွာ... ဒီအချိန်ခဏလေးပါ...
နာရီများရယ်ရပ်တန့်... မျှော်လင့်ခြင်းရဲ့ကမ်းစပ်...
ကြင်နာခြင်းတွေ အဆုံးသတ်တော့ နာကြင်လေခြင်းကွယ်...

ရင်ဆိုင်ချင်သေးတယ်... ဒဏ်ရာတွေများမယ်...
တစ်ကယ်ဆို တို့နှစ်ဦးဝေးဖို့... တွေဝေမှုများသာ...
ဘယ်သူကြားမှာတားလည်း တို့နှလုံးသားက အချစ်တွေ..
ရင်မှာ ကွဲကြေခြင်းများတော့ ဘယ်သူခံစားမယ်...

ရှောင်လွှဲမရတဲ့ ဘ၀လမ်းမထက် နောက်ဆုံးမင်းငိုမှာလည်း စိုးတယ်...
စွန့်လွှတ်ဖို့အတွက် အကြောင်းများမရှိခဲ့ နောက်ဆုံးဘ၀ကို ဆက်ပြီးသွားမယ်...
ငိုကြွေးရမယ် တို့အဆုံးအဖြတ်အတွက် နောက်ဆုံးအချစ်က ရူးသွပ်ခြင်းသာ...
ဒီနာမည်ပေးတော့ အချစ်ရယ် ကိုယ်ရူးသွပ်တယ် ယှဉ်သန်ဖို့ အချစ်သာပေးပါ...

မချစ်နဲ့ အခါခါကိုယ်ငြင်း အတားအဆီးတွေ ကာရန်စေ..
ကမ်းပါးတွေလို ကြွေစေ အချစ်ရဲ့ လှိုင်းထဲမျောပါ..
ညနက်တွေကို ဖန်ဆင်း မင်းအရိပ်တွေကို မြင်တယ်..
နှလုံးသားမာန်တင်း ဘယ်လိုမှ ငြင်းမရ တို့အိပ်မက်မှာ

မချစ်နဲ့ အခါခါတို့ငြင်း တံခါးလေးလုံအောင် ပိတ်ရင်း
ထွင်းဖောက်လာလေတယ်မင်း အချစ်ရဲ့ တန်ခိုးများလက်မှာ
ညနက်တွေဆို ဖန်ဆင်း မင်းအရိပ်တွေကိုမြင်တယ်
နှလုံးသားမှန်ပြင် ဘယ်လိုများ ငြင်းမရ နှလုံးသားထဲက တို့အချစ်တွေကို.....

ဟန်ဆောင်မှုများ အဝေးမှာ နေထိုင်ခွင့်ပေးပါ...
ကြင်နာခဲ့သော ဘ၀တွေ အကြိမ်ကြိမ်ကွာဝေးရာ..
ရင်ခုန်မိတယ် နှလုံးသားက မင်းတစ်ယောက်သာ ရွေးချယ်..
ရင်ကိုခွဲကာ မင်းသွားတော့ ဘယ်လိုနေရမလဲကွယ်...

ရင်ထဲမင်းအချစ် ရင်ထဲမင်းအချစ် ခံစားပြီး ရင်မှာကွယ် ဘယ်လိုကိုယ်မေ့ရမယ်...
ဘ၀ရဲ့နေ့တွေ မင်းမရှိပဲနဲ့ တစ်ယောက်ထဲလမ်း ကိုယ်ဘယ်လိုဆက်သွားရမလဲလေ...
ငိုကြွေးရမယ် တို့အဆုံးအဖြတ်အတွက် နောက်ဆုံးအချစ်က ရူးသွပ်ခြင်းသာ...
ဘယ်သူဘာပြောလဲ အချစ်ရယ် ဆက်ပြီးဘ၀ကို အချစ်များပေးပါဦး.......

Labels: , ,

Unknown - ထူးအိမ်သင်



ပြန်မလာတော့ဘူးကွယ် ကိုယ်ထွက်သွားတော့မယ်
ကြင်နာသူနဲ့ ဝေးရာ အဝေး အဝေး... အဝေး....
နှလုံးသားက နာကြင်စွာနဲ့ နောက်ဆုံးနှုတ်ဆက်ခဲ့တယ်

ကိုယ်အလိုချင်ခဲ့ဆုံးအရာ ဘ၀မှာ ချစ်ခြင်းမေတ္တာ
ဘ၀မှာ ရယူပိုင်ဆိုင်ခွင့်မရှိတော့ အဆွေး.. ဆွေး..
မမေ့တတ်ခဲ့သူသာ ရင်ထဲ... တမ်းတနေမယ်

ရင်ဆိုင်ရင်း ရှုံးနိမ့်ရင်း ကိုယ့်ဘ၀မှာ
ဖျောက်ဖြတ်မရတဲ့ အမှားများ
မျှော်လင့်ရင်း ဆုံးရှုံးရင်း ကိုယ့်ဘ၀မှာ
ဒါဏ်ရာတွေပြည့်နှပ်ခဲ့....... ကြေကွဲ......

မဆုံနိုင်တော့ဘူးကွယ် မင်းကို ကိုယ်ချစ်ခဲ့တယ်
တို့ရင်ခုန်သံများ အဝေးမှာ ဝေးမြဲ.. ဝေးဆဲ... အေးခဲ
ရက်စက်တဲ့ ကံကြမ္မာကိုပဲ သိပ်စိတ်နာတယ်

ရင်ဆိုင်ရင်း ရှုံးနိမ့်ရင်း ကိုယ့်ဘ၀မှာ
ဖျောက်ဖြတ်မရတဲ့ အမှားများ
မျှော်လင့်ရင်း ဆုံးရှုံးရင်း ကိုယ့်ဘ၀မှာ
ဒါဏ်ရာတွေပြည့်နှပ်ခဲ့....... ကြေကွဲ......
ကိုယ့်ရင်ထဲ......

ပြန်မဆုံနိုင်တော့ဘူးကွယ် မင်းကို ကိုယ်ချစ်ခဲ့လည်း...
တို့ရင်ခုန်သံများ အဝေးမှာ ဝေးမြဲ.. ဝေးဆဲ... အေးခဲ
ရက်စက်တဲ့ ကံတရားလည်း ကိုယ်သိပ်နာကျည်းတယ်
နောက်ဆုံးနှုတ်ဆက်ခဲ့ပါတယ်... အချစ်ရယ်
ကိုယ်သွားပြီကွယ်....

ဝေး.............

Labels: ,

မိုးပြေး - ခင်ဖုန်း



မိုးလေးသည်းတုန်း အချစ်တစ်ခုရဖူးတယ်
စွဲမြဲချစ်ဖို့ ငါရည်ရွယ်ထားလဲ
နင်ဟာ မိုးလေးဆဲတော့ တိတ်တိတ်ထွက်သွားတယ်
နွေးထွေးတဲ့အပြုံးလေးတွေ ပျောက်ဆုံးခဲ့တယ်

မိုးသည်းထဲမှာပဲ အသည်းထဲ ခဏ၀င်ခဲ့
ရွာပါဆိုတော့လည်းပဲ အဝေးဆုံးကိုပြေးခဲ့
မိုးသည်းထဲမှာပဲ အသည်းလေး တစ်စဆီကွဲ
ရင်ခုန်သံတွေ ပြောင်းလဲ မျှော်လင့်ဆဲ

မိုးဖွဲလေးထဲ အရိပ်တစ်ခုကိုတွေ့တယ်
အေးစက်ကျောခိုင်း သူရယ်သံများနဲ့
ငါဟာ မိုးပြေးလေးပဲ တမ်းတနေမိတယ်
ရွှဲရွှဲမိုးမျက်ရည် စိုဆဲပဲ

မိုးပြေးလေးပါပဲ အသည်းထဲ ခဏ၀င်ခဲ့
ရွာပါဆိုတော့လည်းပဲ အဝေးဆုံးကိုပြေးခဲ့
မိုးသည်းထဲမှာပဲ အသည်းလေး တစ်စဆီကွဲ
ရင်ခုန်သံတွေ ပြောင်းလဲ မျှော်လင့်ဆဲ

နင်ဟာ လေနှင်ရာပြေးတဲ့ မိုးစက်တွေပဲ
ပိုင်ဆိုင်နိုင်တဲ့ အပြုံးက ရက်စက်နေခဲ့

Labels: ,

မင်းကြောင့် - No!



ငါ့နှလုံးသားဟာ နင်နဲ့တွေ့မှ လန့်နိုးလို့ကာ
အချစ်အကြောင်းသိခဲ့တာပါ
ရင်နဲ့မဆန့်အောင် ချစ်ခြင်းများစွာ
အလွန်အမြောက်ဖြစ်လာ အံ့သြထူးဆန်းစရာပါ
ချစ်တတ်ခဲ့မိတာ အဆိပ်တတ်သလိုပါပဲလား..

အမက်ဆုံးဟာ မျှော်လင့်ချက်ပါ နင်ပေးတဲ့အရာ
အိပ်မက်သစ်တစ်ခု ငါပါ
ပြန်စဉ်းစားရင် ငါနဲ့မင်းဟာ ဟိုရှေ့ဘ၀က
ငါနဲ့ ဖူးစာရှင်လား
ချစ်တတ်ခဲ့မိတာ အဆိပ်တတ်သလိုပါပဲလား..

မင်းကြောင့် မင်းကြောင့်ပါ အရမ်းလည်း ချစ်တတ်ပြီ
မင်းကြောင့် မင်းကြောင့်ပါနော် လွမ်းလည်းလွမ်းတတ်ပါပြီ
ရင်ခုန်သံတွေ သိပ်မြန် ကြင်နာပါတော့ကွယ်
အသည်းနှလုံး လှိုက်လို့ခုန်တော့ အားလုံး မင်းကြောင့်ကွယ်

မင်းကြောင့်ပဲ ငါ့မှာ အရှုပ်တွေဖြစ်
ရင်မှာလည်း မင်းကြောင့်ပဲနောက်ထပ် ဆွေးကျန်ရစ်
အချစ်တစ်ခုကို အစပြုခဲ့ နှလုံးသားနဲ့
မျှော်လင့်ချက်တွေ ပြည့်နှပ်ခဲ့ အိပ်မက်ထဲ
ရင်ခုန်သံတွေကို မမြင်နိုင်
မင်းပေးတဲ့ အဆိပ်တို့ကို တပ်မက်စွာရင်ဆိုင်
ချစ်တတ်တာ လွမ်းခဲ့တာ အားလုံးဟာ မင်းကြောင့်
မင်းမရှိရင် ရူးရမှာ တွေးပြီးငါသိပ်ကြောက်

ချစ်တတ်ခဲ့မိတာ အဆိပ်တတ်သလိုပါပဲလား..

Labels: , , , ,

ရွှေမန်းသူလေး - Examplez



ဒီတစ်ပုဒ်က သီချင်းလေးကြိုက်လို့ တင်လိုက်တာပါ။ Rapping ကတော့ အဲလောက်ကောင်းတယ်လို့ ပြောလို့မရဘူးပေါ့။ အဲ့ဒါကထား ကျွန်တော် အဲ့ဒီ့ မန္တလေးသူတွေ အကြောင်းပြောချင်လို့။ မန္တလေးသူတွေ ချောတယ်လေး ဘာလေးနဲ့ သီချင်းတွေများနည်းတာမဟုတ်။ ကျွန်တော်ကတော့ တစ်ခါမှ မတွေ့ဖူးဘူးဗျာ။ ဖောများနေသလားလို့။ မန္တလေးသူ မန္တလေးသားတွေ ပြောပြကြပါဦးဗျာ။ သိချင်လို့ပါ။


မင်းကလေးကပဲလှသလား မန္တလေးဈေးချိုနား
မန္တလေးကျုံးရဲ့ရေ စီးဆင်းအေးသလိုပဲ
အသည်းထဲမှာ စီးဝင်လာသူလေးရေ
တို့ကပဲ နှလုံးသားနုလို့လား
အားလပ်ရက် ခရီးသွားတစ်ယောက်ရဲ့ နေ့လေး
အေးချမ်းသွားပေါ့ကွယ်

အဖြစ်အပျက်သစ် ထူးဆန်းတာတွေဖြစ်
ရင်ခုန်သံတွေရပ်တန့်ကာ အသက်ရှူဖို့ကိုမေ့နေပြီ
ပြုံးပြတော့ဟော ဟိုးရှေ့မှာတွေ့မိပြီ လှလိုက်တာ
ဒါကြောင့်လည်း ကာလသားတွေဝိုင်းကြိုက်တာ
ငါ့ကို ရန်ကုန်သားမို့ မယုံရဲတာမဖြစ်ပါနဲ့
စတွေ့ခဲ့ စက်ဘီးနဲ့ မေ့မရငါချစ်တာလဲ
ကြိုက်တော့လဲမရှက်တော့ဘူး မျက်တောင်လဲမခတ်တော့ဘူး

ရွှေမန်းသူလေး ဘီးကလေးစီး စီးလို့နင်းကာသွား
မြင်မြင်သူ အသည်းမှာ ဆွဲလို့မူး အသည်းလေးထိန်းလို့ မရတော့ဘူး
ရွှေမန်းသူလေး ဘီးကလေးစီး စီးလို့နင်းကာသွား
မြင်မြင်သူ အသည်းမှာ ဆွဲလို့မူး အသည်းလေးထိန်းလို့ မလွယ်တော့ဘူး

မင်းကလေးကပဲ လှလွန်း ဖမ်းစားငြှို့နိုင်လွန်း
သက်ရှိသက်မဲ့အဆုံး ဖမ်းစားတော့မလို့လား
မန္တလေးရဲ့ဈေးချိုနာရီကြီးတောင် လှမ်းလို့ကြိုက်လိုက်သလား
တဒိတ်ဒိတ်နဲ့ တို့ရင်ထဲ စိုးမိုးသွားပေါ့ကွယ်

ရွှေမန်းသူလေး မင်းလေးရဲ့ အချစ်ရဲ့ရိပ်ကိုတိုး
အကြင်နာတွေ မန်းတောင်ရိပ်ထက်မိုး အသက်ထပ်ဆုံး စိုးမိုးထားဦးမလား
ရွှေမန်းသူလေး မင်းလေးရဲ့ အချစ်ရဲ့ရိပ်ကိုတိုး
အကြင်နာတွေ မန်းတောင်ရိပ်ထက်မိုး(အသည်းမှာစွဲလို့မူး) အသက်ထပ်ဆုံး စိုးမိုးနေပါဦး

ဈေးချိုဘက် ရောက်ခဲ့ပြန်တယ် ဘိလပ်ရည်လည်း သောက်ခဲ့ပြန်တယ်
နောက်ကလိုက် ငန်းလွန်းလို့ စက်ဘီးကြီးလည်း မှောက်ခဲ့ပြန်တယ်
သူလေး လမ်းလျှောက်တဲ့ ဟန်ရွယ် နှိုင်းပြဖို့ စကားလုံးမရှိပဲ
သူ့နောက် လျှောက်လိုက်ရင်းနဲ့ ပြန်တဲ့ လမ်းလည်း ပျောက်ခဲ့ပြန်တယ်

ရင်မှာလွမ်းဆွေး အကြင်နာအနမ်းလေး မန္တလာသူတွေ ကြည့်လို့ငေး
လှလိုက်တာ အိုချောလိုက်တာ ညိုချောလေးမို့ ချစ်မိတာ
ရင်ခုန်သံတွေ မြန်နေပါတယ် မန္တလေးမှာ
မန္တလာသူရေ အလှမ်းမဝေးပါ
ကြင်နာချင်တယ် ပြောပြမယ် သိပ်ချစ်လို့
ချစ်မိတာ အပြစ်ရှိရင် ခုန်ချမယ် ကျူံးထဲသို့

Labels: , , , ,

အချစ်သို့ရှုံးနိမ့်ခြင်း - စိုင်းစိုင်းခမ်းလှိုင်




တစ်ချိန်က ကျွန်တော်တို့ သူငယ်ချင်း ဥက္ကာသိပ်ကြိုက်ခဲ့ဖူး ခဏခဏ ညည်းနေခဲ့ဖူးတဲ့ သီချင်းလေးတစ်ပုဒ်ပေါ့လေ။



ဒါအချစ်တဲ့လား ရင်မှာ အသည်းလေးကွဲလေပြီ
မင်းကျေနပ်ပါတော့ ကိုယ်ရှုံးနိမ့်ခဲ့လေပြီ

မျောလွင့်တဲ့ လေပြေကြားမှာ
မတ်မတ်ရပ်ရင်း သတိတွေရ
မိုးတိမ်ကိုမော့ကြည့်တော့ လေတံခွန်လေးဝဲပျံသွား
အနမ်းတွေအား လွမ်းနေရ ကမ်းခြေက အထီးကျန်သွား
မီးလျှံများ ခုန်ပေါက်ပြေးဆော့ ပတ်ဝန်းကျင်မှာ အကျည်းတန်သွား
အရင်ကဆို ဒီညလို စိတ်ဆင်းရဲစရာ မကောင်းပါဘူး
သိပ်ဝမ်းနည်းစရာ ကောင်းတာတစ်ခုက
မင်းကအနားမှာ မရှိတော့ဘူး
မချစ်တော့ဘူးဆိုရင်လည်း မင်းစိတ်ကြိုက်သာလုပ်ပါလုပ်ပါ
လမ်းပေါ်မှာ အချိန်တွေဖြုန်း ကုန်ဆုံးသွားတဲ့ရက်ပေါင်များစွာ

ဒါအချစ်တဲ့လား အိမ်အပြန်လမ်းနဲ့ ဝေးနေပြီ
မင်းမျက်ဝန်းတွေထဲ ကိုယ်ကျဆုံးပြီး (သေချာတယ်.. ကိုယ်အသည်းကွဲပြီး)
ဒါအချစ်တဲ့လား ရင်မှာအသည်းလေးကွဲနေပြီ
မင်းကျေနပ်ပါတော့ ကိုယ်ရှုံးနိမ့်ခဲ့လေပြီ

နောက်တစ်ယောက်နဲ့တွဲတယ်ဆို
မင်းကငါ့ကို အထင်တွေလွဲ
ရှုပ်တယ်လို့ နာမည်ကြီးတော့ ရှုင်းပြဖို့က ခက်နေလဲ
မျက်ရည်က သက်သေပဲ
ရက်တွေတိုင်းမှာ ငိုချင်းချ
လိုရင်းက ဘာလဲဘာလဲ အချစ်ဆိုတာ အကုန်ရှုင်းသွား
ှနှင်းကျတဲ့ ညတွေမှာဆို ကိုယ့်အိမ်ဘက်ကို မပြန်ချင်တော့
မြက်ခင်းပေါ်ကျောခင်းပြီးတော့ ဒီလိုနဲ့ မိုးတောင်လင်းပေါ့
နေမင်းက ရက်ရက်စက်စက် ငါ့အတွက်တောက်လောင်လွန်းတော့
သေလုအောင် လွမ်းနာများ ဒီရောဂါနဲ့ လွမ်းနာကျပေါ့။

Labels: , , ,