မင်းမရှိတဲ့နေရာ - မျိုးကျော့မြိုင်

ကြေးစည်

မောင်သန့်ဇင်




မိုင်ပေါင်းက ဘယ်လောက်ပင် ဝေးကွာ... အိပ်မက်နဲ့အသက်ရှင်ခဲ့တာ...




V: နေ့နဲ့ညတွေများစွာ တစ်နေ့ထက်တစ်နေ့ အိုမင်းလာ..
မင်းရဲ့မျက်နှာလေးကို မတွေ့ရတော့တဲ့ နောက်မှာ
မှားလည်းမှားပါစေ ကိုယ့်မှာ အေးအေးပဲနေတတ်လာ
မင်းရဲ့စကားသံလေးတွေ မကြားရတော့တဲ့နောက်မှာ

Pre-CHO: ရင်ထဲမွန်းနေပါပြီ တစ်ရက်ပြီးတစ်ရက် တကယ်အကြာကြီး
အတူရှိဖို့ ဒီဘ၀ခရီးခက်ခဲလွန်းနေပါပြီ
အတူရှိခဲ့တဲ့ အချိန်တွေဆီတကယ်အောက်မေ့နေပါပြီ

CHO: မင်းမရှိတဲ့နေရာ မင်းရဲ့အဝေးမှာ ကိုယ့်ခြေထောက်တွေ
ဘယ်ကိုခရီးဆက်လို့သွား
မင်းနဲ့ဝေးရင် အရာအရာ/ကိုယ်ဟာ အမှားကြီးမှားနေ
ကိုယ့်ရဲ့အတွေးတွေ လည်နေ ၀ိုးတိုးဝါးတား

V: နေ့ဟောင်းများလည်း ကျော်ဖြတ်လာ
ညများလည်း ရှင်သန်လို့လာ
မိုင်ပေါင်းက ဘယ်လောက်ပင်ဝေးကွာ
အိပ်မက်နဲ့ အသက်ရှင်ခဲ့တာ
ခက်ခဲတဲ့ အချစ်တွေနဲ့သာ
ကိုယ်တို့နှစ်ယောက်ဘ၀တွေ ဝေးကွာ
တစ်နေ့တော့တွေ့ရဦးမှာ စိတ်ကူးနဲ့ရှုးတဲ့ကိုယ့်ကမ္ဘာ

Pre-CHO: သူနားရှိချင်ပါပြီ အင်အားများ ဝေမျှပြီး
အတူရှိမယ့်အချိန်တွေဆီ တကယ်တမ်းတမျှော်လင့်ပြီး
တစ်ယောက်တည်းမွန်းနေပါပြီ ရင်ထဲမွန်းနေပါသည်

CHO:

Bridge: မနက်တို့ရောက်မဲ့အချိန်တိုင်း နှုတ်ဆက်ရတော့မယ့် ညတိုင်း
အိပ်မက်ထဲက လန့်နိုး ကိုယ်လေ မင်းအပြုံးလေးတွေကိုမက်လို့

CHO:

Labels: , ,

ဖြေသိမ့်လိုက် - ၀ိုင်ဝိုင်း

SPoT-ers

SPoT FM




ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်မိသားစုနဲ့ ဝေးရာ နိုင်ငံရပ်ခြားမှာ ပညာတွေသင်၊ အလုပ်တွေလုပ်နေကြတဲ့ သူတိုင်းသူတိုင်း တစ်ချိန်တစ်ရံမှာ စိတ်ဓါတ်ကျစရာ စိတ်အားငယ်စရာတွေ တွေ့ခဲ့ကြရင် ဒီသီချင်းလေးက အားဆေးတစ်ခွက်ဖြစ်လောက်ပါရဲ့




V:အားလုံးပြီးဆုံးသွားတော့ ရင်တစ်ခုလုံးကြေသွားလား
ကိုယ်ချင်းစာပါတယ် အိုသူငယ်ချင်း သိပ်မဆန်းဘူး
ရှေ့ဆက်ပြီးတော့ တွေ့ကြရမှာပဲ
ဆုံးရှုံးခြင်းက တို့တွေပြေးမလွတ်နိုင်
မောပန်းလွန်းတဲ့ မင်းရဲ့လိပ်ပြာလေး
ဖြေသိမ့်လိုက်

V:ကံကြမ္မာဆိုတာက ချိုတစ်လှည့်ခါးတစ်လှည့်
အခုလည်းဒီလိုပဲ အောင်မြင်လိုက်ရှုံးနိမ့်လိုက်
လဲကျတဲ့အခိုက်ကွဲခဲ့တဲ့ မင်းနှလုံးသား
အက်ကြောင်းလေးက အမြဲတမ်းအမှတ်တရပေါ့
ရှေ့ဆက်ရမယ့် မင်းရဲ့ ဘ၀သစ်တွက် ဖြေသိမ့်လိုက်

CHO: သူငယ်ချင်း ရှေ့ဆက် မင်းဘ၀ဟာ အမြဲချိုမြိန်ပါစေ
အောင်မြင်ပါစေ တစ်ခါတစ်ရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ
ဟိုအရင်ချိန်က ကြေကွဲခြင်းမင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော
ပင်လယ်ထိစီးပါစေ အားတင်းကာလျှောက်လေ...

V:ကံကြမ္မာဆိုတာက ချိုတစ်လှည့်ခါးတစ်လှည့်
အခုလည်းဒီလိုပဲ အောင်မြင်လိုက်ရှုံးနိမ့်လိုက်
လဲကျတဲ့အခိုက်ကွဲခဲ့တဲ့ မင်းနှလုံးသား
အက်ကြောင်းလေးက အမြဲတမ်းအမှတ်တရပေါ့
ဆက်လျှောက်ရမယ့် မင်းရဲ့ ဘ၀သစ်တွက် ဖြေသိမ့်လိုက်

CHO:

Labels: ,

နီးနီးလေးနဲ့ဝေး - Big Bag

ဟိုတချိန်က သူ

တာယာ




ဘယ်သူ့ကိုရည်ရွယ်တယ်ဆိုတာ သိမဲ့သူတစ်ယောက်တော့ရှိမှာပါ။
ဒါပေမယ့်
အချိန်တွေပြောင်းလို့ ဟောင်းနွမ်းသွားပြီလားတော့ မသိ။




V1: အတွေးတွေထဲ မင်းရယ်သံကြားတဲ့ အချိန်တိုင်း
ငါဟာ အရူးတစ်ယောက်လိုဖြစ်ခဲ့ ဘယ်လိုဖျောက်ပစ်ရမှာလဲ
ငါ့အိမ်မက် မင်းပုံရိပ်များနဲ့ပျော်ခဲ့ ဘာတွေဆက်ဖြစ်မယ်မတွေးခဲ့
ငါလေရှုံးနိမ့်လို့နေပြီ

CHO: အနေတွေနီးခဲ့လို့ ငါတို့ဝေးရပြီ အရင်လိုဆက်ချစ်ဖို့
ဘယ်နည်းနဲ့မှ မဖြစ်နိုင် အတိတ်တွေကျန်ခဲ့ပြီ
ဘာတွေဆုံးဖြတ်လို့ ဘာဆက်လုပ်ကြမယ် ငါတို့နီးကြဖို့
ဘယ်ထိဝေးကြဦးမှာလဲ မင်းနဲ့နီးချင်တယ်

V2: ဟိုးအရင်ထက်မင်းကိုပိုချစ်မိသလိုပဲ ဒီလိုဝေးရမယ်သိရင်
ငါဟာဝမ်းနည်းမိမှာပဲ
ငါ့အိမ်မက် မင်းပုံရိပ်များနဲ့ပျော်ခဲ့ ဘာတွေဆက်ဖြစ်မယ်မတွေးခဲ့
ငါလေရှုံးနိမ့်လို့နေပြီ

Labels: , , ,

ဟင်းလင်းပြင်ထဲမှာ - Big Bag

SPOT-ers

SPoT FM




Hip Hop တွေနားထောင်တာများလို့ ပျင်းနေမှာစိုးလို့ Big Bag ရဲ့ သီချင်းဟောင်းတစ်ပုဒ်ကို တင်လိုက်ပါတယ်။ နားထောင်လို့ရော လိုက်ဆိုလို့ရောကောင်းပေမယ့် ဘာအဓိပ္ပါယ်လည်းဆိုတာတော့ ကျွန်တော်လည်း လုံးဝနားမလည်ပါဘူး။




ဟိုတုန်းကလား ဒါမနက်ဖြန်လား
မမှတ်မိလောက်တော့ သိပ်ညံ့ဖျင်းတယ်
ငါမရှိတော့ဘူး ငါမသိတော့ဘူး
ဒီရင်ထဲကမင်းမှ ပြန်မထွက်တော့
ကိုယ်ပိုင်ဦးဏှောက်ထဲက ဟင်းလင်းပြင်ထဲ

နှလုံးသားအမာရွတ်တစ်ခု ထင်ကျန်နေဆဲအချစ်ရယ်
ရင်ကိုလှုပ်နှိုးဆဲ ငါဟာ အာကာသထဲရောက်လို့နေတယ်
လုံးဝိုင်းတဲ့သုညတစ်ခု ရင်မှာငါသော့ခတ်မယ်
ခေါင်းခွံအလွတ်တစ်လုံးထဲ
နေရာပေးခဲ့မိတဲ့ ငါ့အပြစ်ငါခံမယ်

ပန်းချီကားပေါ်က နင့်အပြုံးတွေလား
လူတွေမရှိတုန်း ခိုးနမ်းလိုက်တယ်
ငါမရှိတော့ဘူး ငါမသိတော့ဘူး
ဘာကိုမှမပြောပဲ မင်းစကားသံထဲမှာ ငါငြိမ်သက်ခဲ့
အရာရာမေ့ပစ်ဖို့ အတတ် တတ်ခဲ့ပေမယ့်

နှလုံးသားအမာရွတ်တစ်ခု ထင်ကျန်နေဆဲအချစ်ရယ်
ရင်ကိုလှုပ်နှိုးဆဲ ငါဟာ အာကာသထဲရောက်လို့နေတယ်
လုံးဝိုင်းတဲ့သုညတစ်ခု ရင်မှာငါသော့ခတ်မယ်
ခေါင်းခွံအလွတ်တစ်လုံးထဲ
နေရာပေးခဲ့မိတဲ့ ငါ့အပြစ်ငါခံမယ်

လုံးဝိုင်းတဲ့သုညတစ်ခု ရင်မှာငါသော့ခတ်မယ်
ခေါင်းခွံအလွတ်တစ်လုံးထဲ
နေရာပေးခဲ့မိတဲ့ ငါ့အပြစ်တွေပဲ
နှလုံးသားအမာရွတ်တစ်ခု ထင်ကျန်နေဆဲအချစ်ရယ်
ရင်ကိုလှုပ်နှိုးဆဲ ငါဟာ အာကာသထဲရောက်လို့နေတယ်
လုံးဝိုင်းတဲ့သုညတစ်ခု ရင်မှာငါသော့ခတ်မယ်
ခေါင်းခွံအလွတ်တစ်လုံးထဲ
နေရာပေးခဲ့မိတဲ့ ငါ့အပြစ်ငါခံမယ်

Labels: , , ,

တစ်ခါတုန်းက - ရသ feat. Jenny

SPoT-ers

SPoT FM




ရသရဲ့ အသည်းကွဲသီချင်းတွေကို ကြားဖူးကြမှာပါ။ ဒီတစ်ပုဒ်ကတော့ အခုနောက်ပိုင်းထွက်တဲ့ 9 Night အခွေထဲက အချစ်သီချင်းနှစ်ပုဒ်ထဲက တစ်ပုဒ်ပါ။ စာသားတွေ နဲ့ Rhythm တွေတော်တော်ကောင်းအောင် ရေးထားတာကို ကြိုက်မိလို့ ပရိသတ်အပေါင်းတို့ နားသောတဆင်နိုင်ရန်တင်လိုက်ပါတယ်။ စာသားရဲ့ တစ်ချို့နေရာလေးတွေမှာ လွဲနေခဲ့ရင် ခွင့်လွှတ်ပေးကြပါ။ အမှန်သိလည်း ပြင်ပေးကြပါဦးဗျာ။




MELODY: ပြန်မဆုံနိုင်တော့ပြီဆိုတဲ့ အသိဆိုးတွေ
ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေသည်းနေတုန်း
လွယ်လွယ်နဲ့မေ့ဖို့မလွယ်လို့ မမေ့ခဲ့ အခုချိန်လို
ငိုချတိုင်း တိမ်တွေလိုကြွေပြီ မျက်ရည်မိုး

R1: ဒီလိုမျိုး မိုးအေးအေးလေး အိမ်ထဲမှာငါ
နွေးနွေးထွေးထွေးနဲ့တွေးဆွေးဆဲ အတိတ်က အဝေးမှာဟေ့
ငါ့ဘေးမှာတွေ့ သူ့ passport ပုံသေးသေးလေး ဆေးတွေမှိန်
ခပ်ရေးရေးလေးဝါး အရောင်တွေတောင်ထွက်ပြေးလို့သွား
မေ့လို့မရ အဲ့ဒီ့နေ့တွေ ငါမြင် ကျူရှင်ကအဆင်း မိုးတွေရွာရင်
ထီးတစ်ချောင်းအောက် အတူတူလမ်းတွေလျှောက်ခဲ့
လမ်းမှာ လေကြမ်းတွေကြောင့် ကြွေမနွမ်းတဲ့ ခရေပန်းတွေကောက်
ဇာတ်လမ်းတွေ သူ့နှုတ်ခမ်းနဲ့ချွေခဲ့တဲ့ အနမ်းတွေကြောင့် အချမ်းတွေပျောက်
တိုးဝှေ့နေကြပါ ဒီလိုမိုးရေတွေကြားမှာ အမျိုးတွေတွေ့သွားမလား
တချို့တလေ အဖေကြားမလား စိုးရိမ်တတ်သူ
ငါတို့တွေေ၀၀ါးစွာမက်ခဲ့တဲ့ အိပ်မက်ကလည်း
ကြိုတင်ချေမွှကာ ပျက်ခဲ့တယ် မိုးရေကြားမှာပဲ
တို့တွေကမ္ဘာခြားကာဝေးသွား
ဟိုမှာမင်း ကျန်းမာရေးဂရုစိုက်ဖို့ မှာချင်တယ် မမေ့ပါနဲ့
ရုပ်ရှင်တွေထဲကတိုင်းဆို တော်တော်လေးအေးမှာပဲ
အဖော်တော်တွေတွေ့ကာ ပျော် ပျော်နေမှာ
ဖုန်းဘယ်တော့ခေါ်မလဲလို့မျှော်နေတာ

MELODY:

R2: စာလည်းမကျက်ချင်တော့ငါ
ညဘက်တိုင်းဆက်တိုက်ထပ်မပျက် မကွက် အိပ်မက်တွေမက်ရင်းငါ
ချစ်ခြင်းအိပ်မက်ထဲပတ်ရင်းရှာ
မိုးမိုး မိုးက ရက်နှစ်လတို့ပြောင်းလဲခဲ့ နှုတ်ဆက်ရင်းငါငို
တစ်ခါတုန်းက ငါ့ဘ၀မျှော်လင့်ချက်နဲ့ အသက်သွင်းကာ
လက်ငင်းကမ္ဘာ ပျက်ယွင်းကာပြို
ငါဆိုတဲ့ ဒီသီချင်း မင်းဟိုကနေ နားထောင်နေမလား
ရဲမင်းသိန်းဆိုတဲ့ ချာတိတ် သူ့ရဲ့အသံကိုကြားယောင်နေမှာ
ခဏလောက်ဖြေပါ နီစပ်စပ်အသားရောင်တွေကြား ကိစ္စ များမြောင်နေကာ
ဘာကြောင့်ဟိုမှာ တစ်ခြားကောင်တွေစကား နားယောင်နေမှာလဲ
ဒါကသက်သေကဗျာ စပ်နေဒီမှာ နောက်လှည့်ကြည့်လှည့်
အဲ့ဒီ့ကဗျာစာရွက်တွေ ၀ါဖန့်နေပြီကွာ ဟောင်းခဲ့ပြီပဲ
မခြောက်တဲ့ချက်တွေ အင်တာနက်တွေထိငါ
ငယ်တုန်းက မင်းနာမည်ကို အခါခါရှာဖတ်နေမိတာ အနာဂတ်တွေရှိမှာပဲ
နှုတ်ခမ်းတွေတောင်ပြာ အပြတ်အေးသည့်ည
မိုးတွေကြားလမ်းတွေလျှောက်ကာပတ် အတွေ့အထိကချမ်းနေသလောက်မှာ
အမြန်ပြေးပြီးရှာနှင်းတွေပျောက်
ကမ္ဘာတစ်ဘက်အဝေးကြီးက အလွမ်းတွေကြောင့်
အနာမကျက်သေးသည့်အရာ ဆေးမရှိပါ
မြန်မာပြည်ကနေ မှာဆက်ချွေမိတာ မိုးတွေရွာလျက်ဟေ့ ဒီမှာ

MELODY:

R3: မှန်မှန်ဖြေ အရင်ကဇာတ်လမ်း လွမ်းသလားမေးချင်
ကမ္ဘာတစ်ခြမ်းကွာဝေးဆဲ မင်းရဲ့အလှမှန်းကာတွေးမြင်
တမ်းတဆွေး သီချင်းတွေမဆိုချင်ပဲနဲ့ ဆိုနေရပြီကဲ
အရင်လမ်းမှာတွေ့ရင် မင်းမှတ်မိဦးမလား ငါ့အခန်းတံခါးစေ့ရင်း
ရှိခဲ့တဲ့အတိတ်က ပြီးခဲ့တဲ့ကိစ္စတွေ မသိခဲ့သလိုမျိုးပဲ
အကျိုးမဲ့နေဖို့လည်း မလွယ်လို့ပဲ တကယ့်ကိုပဲမစဲတဲ့မိုးထဲမှာ
ဘယ်လိုလဲမိုးရယ် အငြိုးနဲ့ရွာခဲ့သလိုပဲ တစ်ခါတည်း ငါ့အသည်းကိုခွဲ
သေသွားပြီ ဘာနဲ့သဂြိုဟ်မလဲ..

MELODY:

Labels: , , ,

မေ့မရ - Bambino

ဧပရယ်လ်(၁)ရက်နေ့ကောင်လေးသို့

လင်းလက်ကြယ်စင်





အမုန်းတွေ မာနတွေ မခံချင်စိတ်တွေအားလုံးနဲ့အတူ ဆန့်ကျင်ဘက်လမ်းကို ၂ယောက်ပြိုင်လျှောက်ခဲ့ပေမယ့် အရာအားလုံးခ၀ါချလိုက်တဲ့အခါ တကယ်ချစ်ခဲ့တာတွေက အတုမှမဟုတ်ခဲ့တာ.. အတ္တတွေချည်း ပြည့်နှက်နေတဲ့ တစ်ဖတ်သတ်သိပ်ဆန်တဲ့ မင်းလုပ်ရပ်တွေအားလုံး ခွင့်မလွှတ်နိုင်လောက် နာကြဉ်းခဲ့ပေမယ့် ပိုင်စိုးခဲ့ဖူးတဲ့ရင်ခွင်ထဲမှာ မင်းနဲ့ပတ်သတ်တဲ့ အငွေ့အသက်တွေ ရှင်သန်နေရင်း မေ့မရဖြစ်ခဲ့တာ ဒီသီချင်းတစ်ပုဒ်နှင့်ထပ်တူထပ်မျှပါပဲ




တေးရေး - ရသ
တေးဆို - Bambino

V1: မမေ့ခဲ့ပါဘူး.. တို့မမေ့ခဲ့.. မမေ့ခဲ့ နင်နားမလည်နိုင်ခဲ့.. ငါ့ရဲ့ ဒီအချစ်များပဲ တိတ်ဆိတ်တဲ့ ကမ္ဘာမြေလှုပ်ရှားမယ် ငိုသံထင်လျက်တွေး ဒီလိုအချိန်မှာ ငါ့တစ်ယောက်တည်း လူတွေမမြင်အောင် ခေါင်းငုံ့ဆဲပါ မင်းစကားတစ်ခွန်းမှာလေ သေသွားတဲ့ သီချင်းလေးအသက်ငင်နေ မဖြစ်သေးဘူး ငါ့ရဲ့ ဘက်မှာလေ.. တစ်ယောက်တည်း ဘ၀နဲ့ထပ်ကာ ဘ၀နဲ့အပ်ကာ

CHO: (ချစ်ဖူးသူ တစ်ခါလောက်မေးချင်တယ် မေးချင်တယ်.. လွယ်လွယ်နဲ့ မေ့လို့ရမှာလား.. ဘယ်လိုမှ မေ့လို့မဖြစ်နိုင်သူကိုမှ မေ့ချင်တယ်.. မေ့ချင်တယ် လွယ်လွယ်နဲ့ မေ့လို့ရမှာလား ဒီမျက်ရည်တွေ သက်သေတွေ ရှင်သန်ဆဲ နေ့ရက်များဟာ)

Rap 1: အခု ဘာတွေလုပ်နေလဲ မင်းအကြောင်းတွေကို အကုန်စုံစမ်းထားတယ် အပြင်ဘက်မှာ မလွမ်းသလိုပုံ ဖမ်းထားခဲ့ မင်းရဲ့ သစ္စာတရားက ယုံတမ်းစကားပဲ ကန်ဘောင်မှာထိုင်နေကြ ခုံတန်းလျားအထိ အနားကပျောက်ကွယ်တဲ့သူ လျှောက်ခဲ့တဲ့ တို့လမ်းမလည်း မရှိတော့ဘူး ခုဆိုရင်မြင်တဲ့သူ အရူးလို့ထင်မြင်မယ် အစဉ်မြဲ ရင်ထဲပူ သူ့ကိုပင် အဝေးလိုက်လို့ရှာ တွေ့နိုင်ဖို့အရေး ငိုင်လို့ဆွေး ယနေ့တိုင်ငိုကြွေး ဘယ်တော့မှ မမေ့နိုင်တော့ဟေ့ ဘယ်သီချင်းတွေဆို ရင်ဖွင့်ရမလဲ မယုံရင်ကြုံရင်မေးကြည့်လိုက် ငါ့အကြောင်းသူငယ်ချင်းတွေကို ပြန်လာမလား မျှော်ကြည့် ရည်ရွယ်ရင်းနေလို့ မင်းကြောင့်မက်တဲ့ အိပ်မက်ထဲက ထွက်ပြေးဖို့ တကယ်မလွယ် တကယ်ချစ်နေလို့ ကယ်ဆယ်သူမဲ့ နာကျည်းစရာ ကြင်နာတာတွေ လုံးဝမမေ့ပါဘူး မေ့လိုက်ဖို့ သူပြောခိုင်းတော့ နောက်ဆုံးတော့ အတွေးမှာရူး မုန်းဖို့က ခွန်အားဆုံးရှုံးသွား အသုံးမကျသေးပါဘူး နှလုံးသားဘက်ကရူး အရာရာဆုံးဖြတ်ပေးပါ အခု

CHO: (ချစ်ဖူးသူ တစ်ခါလောက်မေးချင်တယ် မေးချင်တယ်.. လွယ်လွယ်နဲ့ မေ့လို့ရမှာလား.. ဘယ်လိုမှ မေ့လို့မဖြစ်နိုင်သူကိုမှ မေ့ချင်တယ်.. မေ့ချင်တယ် လွယ်လွယ်နဲ့ မေ့လို့ရမှာလား ဒီမျက်ရည်တွေ သက်သေတွေ ရှင်သန်ဆဲ နေ့ရက်များဟာ)

Rap 2: မမျှော်လဲရင်ထဲ ၀င်လာရင်းနဲ့ အရင်ကမင်းရဲ့ ကြင်နာခြင်းနဲ့ အရှင်းပဲ အကြင်နာကင်းတဲ့ မညင်သာခြင်းနဲ့ မုန်တိုင်းလို မင်းသဘော မင်းအုံ့ဆိုင်းလို့ တိုက်ခိုက်တုန်း အိပ်မက်တွေနဲ့ ငါ့ညတွေထဲ လိုက်လိုက်ကြည့်ဦး ဘာတွေ ကျန်ခဲ့ပြီထင်လဲ မြန်ဆန်ခဲ့ပြီး မင်းရဲ့စကားတွေ ငါချန်ခဲ့ပြီး ခွဲခွာရန်ခက်ပြီး ကာရံလဲမရှိ ဘာကြောင့် မင်းအကြောင်း သိလျက်နဲ့ ညာခံခဲ့ပြီထင်လဲ… ငါ့ဘ၀ ခဏပြန်လှည့်ကြည့်ရင် မြင်မယ်

CHO: (ချစ်ဖူးသူ တစ်ခါလောက်မေးချင်တယ် မေးချင်တယ်.. လွယ်လွယ်နဲ့ မေ့လို့ရမှာလား.. ဘယ်လိုမှ မေ့လို့မဖြစ်နိုင်သူကိုမှ မေ့ချင်တယ်.. မေ့ချင်တယ် လွယ်လွယ်နဲ့ မေ့လို့ရမှာလား ဒီမျက်ရည်တွေ သက်သေတွေ ရှင်သန်ဆဲ နေ့ရက်များဟာ)

Labels: , , ,

မင်းကတော့ဘယ်မှာ - Examplez feat. ရွှေထိုက်

တစ်ချိန်က ချစ်သူ

mmhan




I've never stopped loving you, I just stopped letting you know that.




V1: ဒီညလေးတိတ်ဆိတ်လွန်းချိန် ငါကလည်းမင်းကိုလွမ်းတယ်
ရင်ခွင်မှာလွတ်ဟာနေဆဲ မင်းကတော့ဘယ်မှာ
နေရာဟောင်းလား ဟိုးဝေးမှာ နာကြင်ရင်းနောက်ပြန်လှည့်ကာ
ရှင်သန်စိတ်ညှိုးနွမ်းသွားပြီ မင်းကတော့ဘယ်မှာ
CHO: မင်းကတော့ဘယ်မှာ ငါလိုက်ရှာလည်းမတွေ့ပါ
ဘယ်လောက်ထိအောင် ပုန်းနိုင်မှာလည်း အချစ်
အို... မင်းကတော့ဘယ်မှာ ငါလိုက်ရှာလည်းမထူးပါ..
ဘယ်လောက်ကြာကြာရှောင်နိုင်မှာလည်း အချစ်ဆုံးရာ..

R1: မင်းငါ့ကို ရက်စက်လို့ အဝေးဆုံးကိုထွက်ခွာခဲ့
နှိပ်စက်တာမခံနိုင်ဘူး ကြာတော့လည်း ဖြတ်မှာပဲ
သ၀န်တိုတာလွန်လွန်းတယ် ဘယ်သူနဲ့မှ စိတ်မချ
မင်းချစ်တဲ့ပုံစံက ငါ့သိက္ခာကိုလာစော်ကား
ဒီလိုနေ့တွေတိုင်း ငါနေရတာကျဉ်းကျပ်
ငါ့စိတ်ထဲမှာ မင်းငါ့ကို စာရင်းဖျက်သွားမှာကို လိုလားတယ်
မင်းနဲ့ငါနှစ်ယောက်ကြားမှာ ယုံကြည်မှုတွေ လျော့ပါးခဲ့
အဲ့ဒါကြောင့်ပဲ မင်းရဲ့အနားက ထွက်ခွာခဲ့

V2: ရင်ခုန်တဲ့ညနေခင်းမှာ လေပြေညှင်းတိုက်ခတ်သွားစဉ်
အကြင်နာလည်း လွင့်ပျောက်ရပြီ မင်းကတော့ဘယ်မှာ
အကာအကွယ်မဲ့ ကွင်းပြင်ထဲက တည်ငြိမ်သောကျောက်ရုပ်တစ်ရုပ်လို
ယုံကြည်ချက်အေးစက်ခဲ့ပြီ မင်းကတော့ဘယ်မှာ

CHO:

R2: အခုကျမှပြန်ပြီးတော့ မင်းငါ့ကိုတမ်းတနေ
လွမ်းရတဲ့အကြောင်းတွေကို သီချင်းလုပ်ပြီး ငါသိအောင်ပြောပြနေ
မင်းရဲ့စောဒကတွေ
ပူလောင်တယ်ဆိုတဲ့မင်းရဲ့ ဒုက္ခတွေ
ငါမရှိတော့မှ ငါ့တန်ဖိုးကိုတစ်ခါပြန်ပြီး သတိရနေ
အဲ့ဒီ့လိုဖြစ်မှ မင်းလွမ်းရတဲ့နေ့ရက်ရှည်
ဘယ်လိုအရာမျိုးနဲ့ ငါ့နေရာကို အစားထိုးဖို့စဉ်းစားနေ
မင်းငါ့ကိုမေ့ဖို့လေ

CHO:

Labels: , , ,

ချစ်သောကမ္ဘာမြေ - Big V

Each and Everyone

mmhan




ချစ်သော ကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးနဲ့ လူတိုင်းလူတိုင်းအတွက် ဒီသီချင်းဟောင်းလေး ပြန်နားထောင်စေချင်လို့ တင်ပေးလိုက်ပါတယ်။




တောင်တန်းတွေနဲ့ ပင်လယ်ဖြတ်ပြီး
မိုးတိမ်တွေကို မော့ကြည့်လိုက်
ကိုယ့်ရဲ့နေ့တွေ ဘယ်လောက်များများ
တစ်ခုသောကောင်းကင် ကောင်းကင်အောက်မှာ
ရွေ့လျားနေတဲ့ တိမ်တိုက်တွေလို မျောလွင့်ဆဲ

မိုးတိမ်နဲ့ ခရီးတွေလည်း ဘယ်လို ပုံသဏ္ဍန်တွေကွဲလည်း
တကယ့်တကယ်တမ်းတော့ ကောင်းကင်တစ်မိုးအောက် ခရီးသွားများပါပဲ

တို့လူသား ဘ၀တွေလည်း ဘယ်လို အခြေအနေတွေခြားလည်း
မျက်ရည်စက်များနဲ့ လောကဓံတရားရဲ့ ရုပ်သေးရုပ်များပါပဲ

အားလုံးပဲ ဆန္ဒများနောက်လိုက် မောဟနဲ့လောင်မြိုက်ရင်း
တကယ်ဆိုရင် ဘာမှ မကွဲပြားမှန်း သိရက်နဲ့ ဘာကြောင့်များ မာန်လွန်လိုက်ကြနေချင်လည်း

အကျည်းတန်တဲ့ ရန်ပွဲတွေက ဘယ်လိုအချိန်မှာရပ်သွားမလဲ
အငြိုးတွေနဲ့ မာနတွေဖွဲ့ အမုန်းသည်မီးတောက်များပါပဲ

လဲကျတဲ့သူ ထူဖေးမလို့ အားနည်းတဲ့သူကူရင်း
ဒါဏ်ရာတွေ အပြန်အလှန်မပေးကြနဲ့
လောကထဲ..
တစ်ခဏထဲ ကြုံလာတဲ့ ဧည့်သည်တွေပဲ

ကမ္ဘာကိုအချစ်များနဲ့ရွေးချယ်
ဒါဏ်ရာတွေကုစားကြပါစို့
အပြာရောင်မိုးသားများရဲ့အောက် ချိုသောသီချင်းတွေကိုဆိုညည်းလို့
အတူသွားကြမယ် နှလုံးသားတိုင်း
ကမ္ဘာကိုအချစ်များနဲ့ရွေးချယ်
ဒါဏ်ရာတွေကုစားကြပါစို့
အပြာရောင်မိုးသားများရဲ့အောက် ချိုသောသီချင်းတွေကိုဆိုညည်းလို့
အတူသွားကြမယ် လာသွားစို့
ကျေးဇူးတရားများနဲ့ ချစ်သောကမ္ဘာမြေကို..

.... နဲ့ ဘယ်လိုနိမ့်ကျမလဲ လူဟာမြူမှုန်ငယ်တစ်ခုပဲ
သမုဒ္ဒရာထက်က ရေပွက်ငယ်လေးတစ်ခု အခုမြင် အခုပျောက် ခဏပါပဲ

တို့အချစ်ရဲ့ သီချင်းသံများနောက်လိုက်
တည်ကာစ ကမ္ဘာမြေအဆုံး
ဖြူစင်စွာ အတည်လက်တွဲကြစို့
တစ်ယောက်နဲ့တစ်ယောက်........ ရေး..

ကမ္ဘာကိုအချစ်များနဲ့ရွေးချယ်
ဒါဏ်ရာတွေကုစားကြပါစို့
အပြာရောင်မိုးသားများရဲ့အောက် ချိုသောသီချင်းတွေကိုဆိုညည်းလို့
အတူသွားကြမယ် နှလုံးသားတိုင်း
ကမ္ဘာကိုအချစ်များနဲ့ရွေးချယ်
ဒါဏ်ရာတွေကုစားပေးနိုင်ဖို့
အပြာရောင်မိုးသားများရဲ့အောက် ချိုသောသီချင်းတွေကိုဆိုညည်းလို့
အတူသွားကြမယ် လာသွားစို့
ကျေးဇူးတရားများနဲ့ ချစ်သောကမ္ဘာမြေကို..
ကျေးဇူးတရားများနဲ့ ချစ်သောကမ္ဘာမြေကို..

Labels: , , , , ,