ထာဝစဉ် - Too Big



powered by ODEO

ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်
ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်

ချစ်သည် အနောက်ကနေလိုက်ပြော ရူးသည် မင်းအတွက်ကြောင့်စိတ်မော ဆက်သည် ဖုန်းကိုလည်းမကိုင်တော့ သိပြီ ပုန်းရှောင်ကာနေပေါ့ ဇွဲမလျှော့ ဆက်ချစ်မယ်ပြောတော့ မယုံရဲဘူး ခေါင်းကိုခါငြင်းပေါ့ မပျက်မကွက် ပန်းစည်းခြင်းတွေပေးဆပ် မင်းအတွက် အိပ်ရေးတွေပျက်ညမနက်
လွမ်းရတဲ့ နေ့တွေကိုလည်းတွက်ချက် မင်းအပြုံးနဲ့ ကိုယ့်ရဲ့နေ့တွေရှေ့ဆက် အရှုံးပေးပြီး နှလုံးသားကိုပေးဆက် မင်းနဲ့မှ ချစ်တဲ့ပြီ အခုခက် နှလုံးသားကို မျက်ရည်ကျအောင်မလုပ်နဲ့
အလွမ်းသီချင်းများ မသိခဲ့ပါမရေးနဲ့ အချစ်စကားလေးပြောပေးပါ ကိုယ့်အတွက် မင်းစကားတစ်ခွန်းစောင့်နေမယ် ကိုယ့်တစ်သက်

ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်
ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်

ဝေးပြီပဲ ဒီအကြောင်းတွေပြန်ကာတွေးရင် ဟိုတုန်းကလိုပဲ ချစ်သေးလားမတွေးချင် ငါကပဲရှုပ်ခဲ့သလိုမျိုး လူတွေရဲ့ဘေးအမြင် စိတ်ဓါတ်တွေကျ အကုန်လုံး ဒါကိုလည်းမင်းမမြင် တစ်ခါတစ်လေ ငါထွက်တဲ့ ဒေါသ
မင်းကြောက်သွားတာ အရမ်းပဲလို့ မင်းသူငယ်ချင်းက ငါ့ကိုပြောပြ အခုတစ်ခါခွင့်လွှတ်ပါ ငါ့အကျင့်ဆိုးတွေအား ပြုပြင်ပေးလိုက် မင်းဟာငါ့ရဲ့မရှိမဖြစ်ပါ မင်း မုန်းသွားတဲ့ နှလုံးသားက ငါရဲ့စိတ်ရိုင်း သူ့အတိုင်းထားရင် ပိုဆိုးသွားမယ် ထိမ်းလို့မရ ငါလွန်ခဲ့မိတာရှိရင် ကျေအောင်လုပ်ခွင့်ငါသိချင် နင်ချန်သွားဖို့စိတ်ကူးရင် ရင်ကိုခွဲလို့ငါပြချင် အရှိက်ထိ နင့်ရဲ့စိတ်နဲ့မိုက် နေ့နဲ့ည ဆိုးသွမ်းရင်းနဲ့ ငါဟာမျောရင်း ခေါင်းကကိုက် မင်းလဲစိတ်ချလိုက် ငါ့မှာ တစ်ယောက်ထဲ ချစ်မဲ့စိတ်ကကြိုက် တွေ့ဆုံခွင့်ငါဟာမျှော်နေလိုက်

ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်
ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်

မင်းနောက်က တစ်ကောက်ကောက်လိုက်ရင် မင်းက မကြိုက်ခဲ့ ချစ်တဲ့စိတ်နဲ့ ငါကမင်းနောက် တစ်ကောက်ကောက်လိုက်ခဲ့တယ် ရှုတ်မဲ့မဲ့ဖြစ်နေတဲ့ မင်းမျက်နှာလေးမြင်တော့ ချစ်တယ်ဆိုတဲ့ စကားတွေပြောဖို့ ငါ့မှာ ခက်ခဲလာ မင်းကငါ့ကို မချစ်လို့လား ငါ့မှာတွေးဆွေးရင်း ငါ့ဦးဏှောက်တွေ ရှုတ်ရှပ်ခတ် အလုပ်ပျက်ခဲ့ ငါ့ကို သူငယ်ချင်းတွေက အပြစ်တင်ကြ ရှုံချကြ အဓိကအပြစ်က ငါမဟုတ်ခဲ့ဘူး ချစ်တတ်တဲ့ ငါရဲ့စိတ်နဲ့ စွဲလမ်းတဲ့ငါ့ရဲ့နှလုံးသား ထိတွေ့ဖို့ ကြိုးစားလည်းမရခဲ့
နေ့ရက်များကို မင်းအတွက်ပေး အချိန်များစွားကို မင်းအတွက်စတေး လူတိုင်းကပြော မင်း ကလှည့်စားတတ်တယ်တဲ့ လှည့်စားတတ်တဲ့မင်းကိုမှ ငါကဆက်ချစ်နေခဲ့ ကျောခိုင်းပြီးတော့လည်း မနေနိုင်ဘူး ဟန်ဆောင်ပြီးတော့လည်း မနေချင်ဘူး ငါအချစ်များက မင်းအတွက် ထာဝစဉ်မပြောင်းလဲပဲ
အမြဲတမ်း အမြဲတမ်း ဆက်ချစ်နေမှာ.. မင်းလေးအတွက်..

ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်
ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်

Labels: , ,

မင်းမရှိတဲ့အခါ - Unknown




သီချင်းမတင်ြဖစ်တာကြာပြီမို့ တင်တင်ဖြစ်ချင်းမှာ ကျွန်တော့်Favorite သီချင်းလေးတစ်ပုဒ်တင်ပေးလိုက်တယ်ဗျာ.. ဒီတစ်ပုဒ်က စီးရီးထဲက အပုဒ်မဟုတ်ဘူး.. Unrealeased version ဆိုလားပဲ.. ဆိုတဲ့ သူတွေကိုတော့ ကျွန်တော်လည်းမသိဘူး.. မောင်သက်နဲ့ RAT လို့တော့ ရေးထားတယ်.. ဟုတ်လားဟင်?



အရင်လိုမဟုတ်ဘူး ငါ့စိတ်က ပျော်ရွှင်နေတုန်းမှာ
ဒဏ်ရာတွေနဲ့ မလှတဲ့နေ့တွေ ပြည့်ကျပ်သွားပြီလား
ပိုင်ဆိုင်နိုင်ခွင့်မရှိတော့မှန်း ရင်မှာ ပိုသိလာ
ဟိုအရင်ချိန်က မြဲတဲ့လက်တွေ တကွဲတပြားဖြစ်လို့သွား

ပြောင်းလဲပြီးတော့မနေပါနဲ့
အချစ်ဆုံးလေးရေ မင်းမရှိတဲ့အခါ ရင်ထဲ
ကွက်လပ်တစ်ခုအဖြစ်ကျန်နေတယ်
နေ့ပေါင်းများစွာ အသုံးမကျဖြစ်လာ
မင်းမရှိတဲ့ အခါ ငါ့ရဲ့ရင်မှာ
မင်းမရှိတဲ့အခါ မင်းမရှိတဲ့အခါ

အရင်လိုငါဖုန်းဆက်ရမလား တွေဝေနေဆဲပါ..
သူတကယ်ကို ပြောင်းလဲသွားလား ရင်ထဲက သိချင်လာ
အရာရာမတည်မြဲဘူးလို့ပဲ ရင်မှာမှတ်သားကာ
ဒါပေမယ့်လည်း အိပ်မက်ထဲမှာ အမြဲတမ်းရှိနေမှာ

ပြောင်းလဲပြီးတော့မနေပါနဲ့
အချစ်ဆုံးလေးရေ မင်းမရှိတဲ့အခါ ရင်ထဲ
ကွက်လပ်တစ်ခုအဖြစ်ကျန်နေတယ်
နေ့ပေါင်းများစွာ အသုံးမကျဖြစ်လာ
မင်းမရှိတဲ့ အခါ ငါ့ရဲ့ရင်မှာ
မင်းမရှိတဲ့အခါ မင်းမရှိတဲ့အခါ

Labels: ,