လွမ်းလောက်လို့လား - 9mm



သူငယ်ချင်းနောက်တစ်ယောက်ကို မေးကြည့်တယ်... စိတ်ထဲမှာ အဖုအထစ်တစ်ခုရှိနေပြီး ဘယ်သူ့ကိုမှ မပြောချင်/ဖြစ်ရင် ဘယ်လို မြန်မာသီချင်းမျိုးနားထောင်လဲလို့။ သူကပြောတယ် Avril Lavinge ရဲ့ Nobody's Home ကတော့ အရမ်းထိတာပေါ့တဲ့။ မြန်မာသီချင်းပါဆိုမှလို့ပြောတော့ ဖြစ်ညှစ်ပြီး ဒီသီချင်းလေးကို ထုတ်ပြောရှာတယ်။ ကြက်ဖရဲ့ လွမ်းလောက်လို့လားတဲ့ဗျာ... နားထောင်ကြည့်လိုက်ပါဦး



Yo, Check it! I'm gonna take this beatbox right here.
I'm gonna make this shit, Check it!

နင်တစ်ယောက်တည်း အခန်းတွေထဲမှာ မီးကိုပိတ် ဒီလိုနဲ့လွမ်းနေခဲ့တာ
လန်းဆန်းတဲ့မင်းဘ၀တောင် ဘာလိုလိုနဲ့ နွမ်းကြေခဲ့ရ
သူ့ဘက်က အထာတွေလဲမင်းမနပ်ဘူး
လူတကာနဲ့တွဲပြီး မင်းကို ညာနေလဲ မတင်းကြပ်ဘူး
သူနဲ့ လျှောက်လည်ဖို့ မင်းကိုလာခေါ်မယ်
မင်းကတော့ ငြင်းချင်တယ် ဒါပေမယ့် မငြင်းတတ်ဘူး သူ့အတွက်ဆို
စာမေးပွဲနီးရင်တောင် စာတွေလဲမင်းမကျက်ဘူး
ညဘက်ဆို သူ့ရဲ့အကြောင်း ကဗျာတွေပဲ မင်းစပ်ရူး

မင်းဘ၀ကို မင်းပြန်ဆန်းစစ် (လမ်းပျောက်ဖို့များ)
သူ့အတွက်နဲ့ ချောက်ထဲကိုမင်း (ဆန်းလျှောက်မလို့လား)
မင်းငိုတဲ့မျက်ရည်အားလုံး (ခမ်းခြောက်လို့သွား)
မင်းကိုမင်း မင်းပြန်ဆန်းစစ် (လွမ်းလောက်လို့လား)

လွမ်းလောက်လို့လား... လွမ်းလောက်လို့လား...
ပေးခဲ့သမျှအရာအားလုံးအတွက် တန်အောင်ရောမင်းပြန်ရခဲ့လို့လား
လွမ်းလောက်လို့လား... လွမ်းလောက်လို့လား...
မင်းလွမ်းရင်း ငိုကြွေးတုန်းမှာ သူစိတ်တိုင်းကျပြောမြူးလို့နေတာ

နင်တစ်ယောက်တည်း အခန်းတွေထဲမှာ မီးကိုပိတ် ဒီလိုနဲ့လွမ်းနေခဲ့တာ
လန်းဆန်းတဲ့မင်းဘ၀တောင် ဘာလိုလိုနဲ့ နွမ်းကြေခဲ့ရ
မိုးမမြင်လေမမြင်ပဲ ပျော်ချင်တိုင်းပျော်ခဲ့တုန်းက
နင့်ရဲ့ဘ၀တစ်ခုလုံးလဲ ဇိမ်တွေနဲ့ထုံ
သူ့ရဲ့အဖွဲ့အနွဲ့တွေ မုသားတွေကြား မိန်နေခဲ့ရုံ
သူ့အကြောင်းတွေးပြီးဆို မအိပ်နိုင်မစားနိုင် အချိန်တွေပဲကုန်
အပျော်တွဲပြီး အတည်လို့ပြော ပေါ်တင်ကြီး လိမ်နေလည်းယုံ
အချစ်ရူးလို့ သူအရဲစွန့်ပြီး ဆွဲတာတောင် ငြိမ်နေမယ့်ပုံ

လုံးဝကာရန်မလှတဲ့အတွဲ သူ့ရဲ့တခါတရံမကတဲ့ အမှားတွေ ငါပြန်ပြခဲ့တယ်
မင်းရဲ့ အညာခံဘ၀နဲ့အမြဲ သူ့စိတ်ကျပေးစပ်ခဲ့လည်း ဘာပြန်ရခဲ့လဲ

မင်းဘ၀ကို မင်းပြန်ဆန်းစစ် (လမ်းပျောက်ဖို့များ)
သူ့အတွက်နဲ့ ချောက်ထဲကိုမင်း (ဆန်းလျှောက်မလို့လား)
မင်းငိုတဲ့မျက်ရည်အားလုံး (ခမ်းခြောက်လို့သွား)
မင်းကိုမင်း မင်းပြန်ဆန်းစစ် (လွမ်းလောက်လို့လား)

လွမ်းလောက်လို့လား... လွမ်းလောက်လို့လား...
ပေးခဲ့သမျှအရာအားလုံးအတွက် တန်အောင်ရောမင်းပြန်ရခဲ့လို့လား
လွမ်းလောက်လို့လား... လွမ်းလောက်လို့လား...
မင်းလွမ်းရင်း ငိုကြွေးတုန်းမှာ သူစိတ်တိုင်းကျပြောမြူးလို့နေတာ

ငါ့အမှောင်ထဲ အခန်းတွေထဲမှာ မီးကိုပိတ် ဒီလိုနဲ့လွမ်းနေခဲ့တာ
လန်းဆန်းတဲ့ငါ့ဘ၀တောင် ဘာလိုလိုနဲ့ နွမ်းကြေခဲ့ရ
တစ်ချိန်က ပေးခဲ့ဘူးတဲ့ အနမ်းတွေမနည်းပါ
ပန်းတွေက စမ်းရည်ထဲမှာ ကမ်းခြေမဲ့စွာ မျောပါနေဆဲ
ငါကလည်း ၀မ်းတွေနည်းကာ အိပ်ရာထဲမှာ ရောဂါတွေနဲ့
ဟေ့ကောင်လွမ်းမနေနဲ့ကွာ ကိုယ့်ကိုကိုယ်ပြောကာနေလဲ
အိမ်ပြန်မယ့်ခြေလှမ်းတွေက သူ့ဆီကိုပဲလှမ်းနေဆဲပါ
ကြိုးစားပြီး လျှောက်တဲ့ကြားက ငါတစ်ကောင်တည်း လမ်းတွေလွဲလာ
သူနဲ့အတူ ရှင်သန်ခဲ့တဲ့ နှလုံးသားလည်း တစ်ခြမ်းသေခဲ့လား
အရင်ကငါတို့ဇာတ်လမ်း အနမ်းတွေနဲ့သာ အပန်းဖြေခဲ့တာ
အချစ်စစ်ရဲ့နတ်သုဒ္ဓါကို နှုတ်ခမ်းတွေနဲ့သာ လှမ်းချွေခဲ့တာ
ဇာတ်လမ်းရဲ့အစက နုခဲ့ပေမယ့် အခုတော့ ဇာတ်သိမ်းပိုင်းမှာ
ကြမ်းချင်သလိုကြမ်းနေခဲ့တာ

အချိန်တန်တော့ နွမ်းကြေမြဲပါ အချစ်ဆိုတာလဲ
ပန်းတစ်ပွင့်မို့လဲ နွမ်းကြေခဲ့တာ
ခြောက်ကပ်ပြီး လမ်းနင်းချိုးတဲ့ နှုတ်ခမ်းတွေနဲ့ငါ
နင့်ကိုအမြဲ လွမ်းသင့်လို့လဲ လွမ်းနေခဲ့တာ

ငါ့ဘ၀ကို ငါ့ပြန်ဆန်းစစ် (လမ်းပျောက်ဖို့များ)
သူ့အတွက်နဲ့ ချောက်ထဲကိုမင်း (ဆန်းလျှောက်မလို့လား)
ငါ့ငိုတဲ့မျက်ရည်အားလုံး (ခမ်းခြောက်လို့သွား)
ဟေ့ကောင် ကြက်ဖ (လွမ်းလောက်လို့လား)

လွမ်းလောက်လို့လား... လွမ်းလောက်လို့လား...
ပေးခဲ့သမျှအရာအားလုံးအတွက် တန်အောင်ရောမင်းပြန်ရခဲ့လို့လား
လွမ်းလောက်လို့လား... လွမ်းလောက်လို့လား...
မင်းလွမ်းရင်း ငိုကြွေးတုန်းမှာ သူစိတ်တိုင်းကျပြောမြူးလို့နေတာ

Labels: , ,

ကိုယ်တို့နှစ်ယောက်အကြောင်း - Theory (feat. Alex)

မအူမလည် သူငယ်ချင်းလေးတစ်ယောက်ကို မေးကြည့်တယ်.. တကယ်လို့များ ဒီကမ္ဘာမှာ မြန်မာသီချင်းတစ်ပုဒ်ပဲ ရှိသင့်တယ်ဆိုရင် ဘယ်သီချင်းဖြစ်စေချင်လဲလို့..

သူက ရိုးရိုးသားသားလေး ဖြေပါတယ် "ကမ္ဘာမကြေ" တဲ့။
မဟုတ်သေးဘူးလေ.. ရိုးရိုးသီချင်းမျိုးကို ပြောပါဆိုတော့ Theory နဲ့ Alex ရဲ့ ဟိုသီချင်းလေတဲ့။ ကဲ... ကျွန်တော်တို့ ဟိုးအရင်တုန်းက ခဏခဏနားထောင်ဖြစ်ကြတဲ့ ကိုယ်တို့နှစ်ယောက်အကြောင်းဆိုတဲ့ ဒီသီချင်းလေးကို နားထောင်ကြည့်လိုက်ပါဦးဗျာ..



ဟိုတစ်ချိန်က နေ့လေးတစ်ရက်ကို မင်းဘယ်တော့မှ မမေ့တာကိုသိတယ်
မေ့မရတဲ့နေ့လေးတစ်ရက်မှာ မင်းအချစ်ကို ကိုယ်ရခဲ့တယ်
နောက်တစ်နေ့မှာ ကိုယ်ခရီးထွက်သွား မကြာခင်ပြန်လာမယ်ဆိုတယ် မင်းသိပေမယ့်
မင်းရင်ထဲက အလွမ်းတွေကို ကိုယ့်ကိုပြောပြထား
ကိုယ့်ရင်မှာလည်း ဒီအတိုင်းပဲ အချစ်လေးမင်းသိလား

အခုအချိန်မှာ ပြန်စဉ်းစား မင်းနဲ့ကိုယ်နဲ့ ချစ်ခဲ့ကြတဲ့အကြောင်းများ
ပြန်တွေးကြည့်ရင် အိပ်မက်တစ်ခုလို ပျော်စရာလေးများ ဖြစ်ပျက်သွားခဲ့
လက်တွဲမဖြုတ်တမ်း တွဲကာလျှောက်ဆဲ မင်းနဲ့ကိုယ်နဲ့ နှစ်ယောက်တည်း
ဒီလမ်းမရဲ့ တစ်နေရာမှာ လူတွေအကုန်လုံး ၀ိုင်းကြည့်လည်း
ဒီလောကမှာမင်းကို အချစ်ဆုံး မင်းစိတ်တိုင်းကျကိုယ့်ရဲ့ဘဝ
မင်းရဲ့စိတ်နဲ့ ကိုယ့်ရဲ့ကိုယ်ပဲ ဒါတွေအားလုံးဟာ အချစ်ကြောင့်ပဲ
ကိုယ်မလိုချင်တာမင်းရဲ့အမုန်း မဖြစ်စေနဲ့ ဒီအမုန်း
လောကကြီးမှာ မလိုအပ်ဆုံး မင်းဆီမှာ မထားနဲ့ အချစ်ဆုံး

တိမ်လိုတွယ်ရာမဲ့စွာနဲ့ လေနှင်ရာကိုလွှင့်ပစ်ခဲ့
အချစ်လေး မင်းမရှိတော့လဲ ကိုယ့်တစ်ယောက်တည်း.. (တစ်ယောက်တည်း.. တစ်ယောက်တည်း...)
မရေရာနိုင်တဲ့ လမ်းတွေထဲ ဟိုး.. သေချာတာတွေ ဝေးသွားခဲ့
အချစ်လေး အလွမ်းများစွာနဲ့ ကိုယ့်တစ်ယောက်တည်း...

စတွေ့မိတော့ ဒုက္ခ ချစ်တယ်ဆိုတော့ အနှုတ်ပြ
မေ့လို့မရနိုင် အိပ်မက်များခဲ့ ရင်မှာတွေးတဲ့ ဝေဒနာများတယ်
ဒါတွေကြောင့်ပဲ ငါ့မှာမူးတယ် ဒါတွေကြောင့်ပဲ အားလုံးပြောတယ်
ဖွင့်ပြောလိုက်တော့ မင်းကိုချစ်တဲ့အကြောင်း အချိန်မစွဲနဲ့
နောက်တစ်ယောက်ဖြစ်သွားမယ် နောက်ထပ်ရှိဖို့ဖြစ်မယ် ငါ့ကိုပြောတယ်
မိန်းကလေးစိတ်ကအပြောင်းအလဲမြန်တယ် ငါ့ကိုချစ်တော့ ငါထပ်ပြောတယ်
မင်းကိုချစ်တာ ကျေးဇူးတင် စိတ်မဆိုးချင်တော့ ထပ်ပြောချင်
ဘာထပ်ပြောမလဲ မင်းသိပါတယ် ကမ္ဘာကြီးလုံးတာဘယ်သူ့ကြောင့်လဲဟင်...

မင်းစတဲ့ ဇာတ်လမ်းလေးရဲ့ အဆုံးသတ်ဟာ ဘယ်လိုလဲ အဆွေးများနဲ့ ကိုယ်တစ်ယောက်တည်းလား
မင်းစတဲ့ ဇာတ်လမ်းလေးရဲ့ အဆုံးသတ်ဟာ ဘယ်လိုလဲ အဆွေးများနဲ့ ကိုယ်တစ်ယောက်တည်းလား

မင်းအမုန်းများအောက်မှာ ကျဆုံးခဲ့တယ်.. ရက်စက်မှကြေကွဲ...
မင်းတောင့်တလိုက်ရင် သေဆုံးဝံ့တယ်... မင်းစိတ်နဲ့ ကိုယ်ပဲ
မင်းအမုန်းများအောက်မှာ ကျဆုံးခဲ့တယ်.. ရက်စက်မှကြေကွဲ...
မင်းတောင့်တလိုက်ရင် သေဆုံးဝံ့တယ်... မင်းစိတ်နဲ့ ကိုယ့်ရဲ့ကိုယ်
မင်းအမုန်းများအောက်မှာ ကျဆုံးခဲ့တယ်.. ရက်စက်မှကြေကွဲ...
မင်းတောင့်တလိုက်ရင် သေဆုံးဝံ့တယ်... မင်းစိတ်နဲ့ ကိုယ့်ရဲ့ကိုယ်ပဲ...

Labels: , , , , , ,

အရည်ထုတ် - ရဲလေး၊ J-me၊ ကြက်ဖ


ဒီတစ်ပုဒ်ကတော့ ကျွန်တော် လေးစားတဲ့ Graphic Designer အစ်ကိုတစ်ယောက် နားထောင်ဖြစ်တဲ့ ၁၀ စက္ကန့် album ထဲက အရည်ထုတ်ဆိုတဲ့ သီချင်းပါ သူ့ကို surprise လုပ်မယ်ဆိုပြီး တင်လိုက်တာပေါ့။ မကြားဖူးရင် နားထောင်ကြည့်လိုက်ဦးပေါ့။ ကြားဖူးရင်လည်း နောက်တစ်ခေါက် Lyrics ကြည့်ရင်းနဲ့ လိုက်အော်ကြဗျာ..


ရဲလေး.. J-me... ကြက်ဖ... Here we go..

ကောင်းတာတွေစား ကောင်းတာတွေဝတ် အကောင်းစားတွေပြော သတိထား မင်း လူပေါင်းမှားနေတော့ ငါတို့ကပြင်ပေးလို့မရ မင်းအကျင့်ကို လူတွေအထင်သေး နေထိုင်ပုံယဉ်ကျေးဖို့က ဆိုးပြီးရင်း ဆိုးဖို့မြင်နေ.. La Bitch..

မင်းတစ်ယောက်ပဲ အလွဲတွေကိုပြော မင်းတစ်ယောက်ထဲလွဲ မင်းတစ်ယောက်တည်းပဲ အမြဲ လူတွေဝိုင်းဆွဲ လမ်းမှားနေခဲ့.. ကဲကဲကဲ ကဲဘယ်လိုလုပ်မလည်း ရင်ဘတ်တွေကသပ်နေကြဆဲ နောက်ဆုံးတော့ အရှက်တွေသာကွဲ

ဖြစ်ပျက်တာတွေများနေချင် စကားတွေမရှင်း မင်းတကယ်ကို အလုပ်မရှိလို့အားနေရင် အိမ်ကိုလာ ဘုရားရှေ့မှာ ဒူးထောက်လို့ ကျိန်ဆိုပါ ဘယ်တော့မှ


မရှုပ်တော့မယ့်အကြောင်း အရင်လို Groupie ကြီးမဟုတ်တော့တဲ့အကြောင်း

ငါပြောစရာမရှိ ငါပြောရခက် ငါချော့မှသိတော့ မင်း ဇောတကတက် နောက်တစ်ခါဆိုသေပြီသာမှတ် ကြက်ဖလို ၀မ်းနည်းပါတယ် မင်းဘာမှ လာမရှင်းနဲ့တော့ ကျန်တာအားလုံး ကဲ ရဲလေး မင်းပဲပြော

Hey Lady ဆိုးသွမ်းရင်းနဲ့ အမှားများစွာနဲ့ ဘ၀ကို နင်နိုင်ဘူးတော့ ဝေးနေ ဖေးမမယ့်လူမရှိတော့
Hey Lady ဆိုးသွမ်းရင်းနဲ့ အမှားများစွာနဲ့ ဘ၀ကို မမြင်နိုင်ဘူးတော့ ဝေးနေ ဖေးမမယ့်လူမရှိတော့ အခုထိဝေးဆဲ
ငါတို့ အမြဲတမ်းမဆုံနိုင်တော့ပါ ကိုယ့်လမ်းကြောင့် နင်အမြင်လွဲကာ ဆိုး.... ဒီမှာလေ မင်းဦးဏှောက်ကို ဆေးကြောသင့်ပြီ တိုးတိုးလေးနဲ့ပဲ အမျိုးမျိုးပေးခဲ့တယ် နာကျင်ဒါဏ်ရာတွေလည်း ပြန်မလာပါစေနဲ့ ဒီလိုဝေးကွာ -- Lady မင်းဘာပြောမလဲ
Woo.. Let me go ချစ်သူ မုန်းရက်ပြီမို့ ငါအပြစ်မယူ အပြစ်မယူ အပြစ်မယူ
Hey Lady ဆိုးသွမ်းရင်းနဲ့ အမှားများစွာနဲ့ ဘ၀ကို နင်နိုင်ဘူးတော့ ဝေးနေ ဖေးမမယ့်လူမရှိတော့ အခုထိဝေးဆဲ

ကဲကိုကဲ သည်းကိုသည်းတယ် အမြဲလိုလည်း ရေမကူးတတ်တဲ့ ဘဲလိုပဲ ရုတ်တရက်ဆို ကျွတ်ကျဲသလိုနဲ့ ဟန်ဆောင်ပြီး အပြုတ်လိုတဲ့ပဲလိုပဲ ကတ်စီး ထမင်းနဲလိုချွဲ ငါးပိရည်ကို ရွက်ယိုရွက်နဲ့ တို့ပြီးဆွဲဆိုဆွဲမယ်

မင်းကိုတော့ မရဲသလိုပဲ တော်ပြီ ဆားနဲ့ပဲ စားမယ်ဆိုတဲ့အဆွဲကိုလည်း ချွတ်လို့မရ ဇွဲပိုနေတယ် မထင်နဲ့ အချစ်က ကုတ်လေယားတဲ့ဝဲလိုပဲ မင်းကြောင့် တချို့ကြ အတိတ်တွင်ဒုတ်တွေဓါးတွေဆွဲလိုဆွဲ တချို့က ကွဲလိုကွဲ ပြဲလိုပြဲ တချို့များ အချစ်ဟာ ခါး ခါး ခါးနဲ့ အော်နေလိုက်ကြများကို အငဲလိုပဲ အဲ့လိုကဲ လှတပတ ကြွကြွရွရွ နေတယ်ဆိုမှ အသည်းပိုကွဲ အဲ့လိုအမြဲ ကြုံရင်ပေးတဲ့ ဆင်ခြေ ဘယ်သူကခွဲလို့လည်း

ခွဲမလိုနဲ့ တွဲမလိုနဲ့ ကြိုးရှည်ရှည်ကိုင်လှန်ထားတယ် စွတ်ဆွဲလိုဆွဲ တွေ့ခဲ့ရင်တော့ ဘယ်ကိုလည်း တွေ့ခါစမှာ အကဲပိုမြဲ တစ်နေ့တစ်ယောက် ထည်လဲလို့တွဲ ၀ဋ်ဆိုတာလည်တယ် မင်းဘ၀လဲ လဲပြိုမယ်

ဟော ပြောရင်း ဗိုက်ကလေးတောင်မှ ပိုဖောင်းခဲ့သလိုပဲ မျက်နှာပေါ်အနုအလှဆင် စိတ်ဓါတ်ကတော့ မဲညိုဆဲ အဆင့်အတန်းတွေခွဲလိုခွဲ ဆက်ဆံရေးတွေ ကျဲလိုကျဲ ပြီးမှ လက်သည်ရှာဖို့ ငါ့ကိုမေးတယ် ကဲဘယ်လိုလဲတဲ့ ဘယ်လိုမှ မလဲဘူး အဲ့လိုပဲ အဲ့လိုပဲ

Hey Lady ဆိုးသွမ်းရင်းနဲ့ အမှားများစွာနဲ့ ဘ၀ကို မမြင်နိုင်ဘူးတော့ ဝေးနေ ဖေးမမယ့်လူမရှိတော့ အခုထိဝေး
Hey Lady ဆိုးသွမ်းရင်းနဲ့ အမှားများစွာနဲ့ ဘ၀ကို မမြင်နိုင်ဘူးတော့ ဝေးနေ ဖေးမမယ့်လူမရှိတော့ အခုထိဝေးဆဲ

Lady hey.. Lady ဘာရွေးမလဲ အခုထိဝေးဆဲ
Lady hey.. Lady ဘာလုပ်မလဲ အခုထိဝေးဆဲ

Labels: , , ,

ကျွန်တော်ချစ်သော မမ သို့ - ရသ (feat. ရဲလေး)



ပြက္ခဒိန်တွေလည်း အားလုံး ပြီးခဲ့တာ ပြီးခဲ့ပေမယ့်
မ မသိခဲ့လေတဲ့ အကြောင်းအရာတွေ ရှိမြဲနေဆဲ
အဲ့ဒီ့အချိန်ကတော့ မီးနဲ့ရေပဲ
မ ကမကြည့်နဲ့ သေမယ်လို့ ပြောရင် ကျွန်တော့ရင်ထဲမှာ ချိနဲ့ရင်နဲ့နေခဲ့
ခေါင်းတွေကို ငုံ့ပေးကြည့်လိုက်ပါကွယ် မ ခေါင်းပေါ်က နှင်းဆီပန်းတစ်ပွင့်ကို
အခု အုံ့မွှေးပြီး အခိုက်မှာပဲ အချစ်ဆိုတာ ရင်ဘတ်ထဲဝင် ရှုတ်ထွေးအသိမိုက်စွာနဲ့
ကလေးတစ်ယောက်လို မုန့်ကျွေးပြီး မကြိုက်ပါနဲ့
ကျုပ်ပြေးပြီးရိုက်မှာပဲ မ ဆီကို ဘယ်ယောက်ျားမှ ကပ်မလာနဲ့
ခက်တာပဲ မ မျက်နှာမဲ့အောင် ဘယ်တော့မှမလုပ်ဘူး
မဖြတ်ပါနဲ့ သံယောဇဉ် ဆက်ကာစွဲ ချစ်တယ်လို့ပြောဖို့ မရှက်ပါနဲ့
ကြားချင်လို့ပါ တစ်သက်တစ်ခါကွယ်
ဖတ်ပါကွယ် ကျွန်တော်ရေးထားခဲ့တဲ့ Diary ညညဆို
ကျွန်တော်ချစ်သော မမ သို့
ပန်းနုရောင်စာအုပ်လေးပေါ် ခဏခဏကို
သော့ခတ်ပြီး သိမ်းထားဆဲပါ ငါ့ဘ၀လို မရမကကို
ဒီသီချင်းနဲ့ပြောပြခဲ့မယ် ကျွန်တော့် တစ်ချိန်က မမသို့

ကမ္ဘာမြေထက်မိုးသားထဲ ကြယ်စင်များလင်းလက်ဆဲပဲ
မှောင်မိုက်ခြင်းတွေကို ဖောက်ခွဲ ဒီကမ္ဘာအား အလင်းပေးသလိုပဲ
အကြင်နာဆုံး မ ရဲ့အချစ်နဲ့ ရင်မှာအမြဲ နွေးထွေးသွားခဲ့
အားလုံးကိုရင်ဆိုင်ခဲ့မိ ကိုယ်အချစ်ဆုံး မ ရှိရင်ကွယ်

ငါနဲ့ ဝေးရတဲ့ နေ့ရက်များပဲ နာကျင်စွာ တွေဝေကြေကွဲ
ကစားနည်းလေးပြောင်းလည်းသွားခဲ့ မ အချစ်ကိုစောင့်နေမိခဲ့
အကြင်နာတွေလိုချင်နေချိန်မှာ သန်းခေါင်ယံကျော်ငိုနေချိန်မှာ
မပြောဖြစ်လို့နာကျင်နေတာ ချစ်ခဲ့တဲ့စိတ်က ပိုင်ဆိုင်ချင်တာ

မ စိတ်နဲ့သွား မ စိတ်နဲ့စား မ ရဲ့စိတ်နဲ့ အိပ်ရာထ
မ ရဲ့ရင်ခွင်ထဲ အို ဘယ်သူများရှိခဲ့လဲ
အခုညလိုမျိုး အိပ်လို့မရနိုင်လို့ အိပ်ရာထဲက အော်လို့ငါ
မရဲ့ နာမည်ကို ကျွန်တော်ခေါ်နေတာ မ က မကြားနိုင်လို့

ကမ္ဘာမြေထက်မိုးသားထဲ ကြယ်စင်များလင်းလက်ဆဲပဲ
မှောင်မိုက်ခြင်းတွေကို ဖောက်ခွဲ ဒီကမ္ဘာအား အလင်းပေးသလိုပဲ
အကြင်နာဆုံး မ ရဲ့အချစ်နဲ့ ရင်မှာအမြဲ နွေးထွေးသွားခဲ့
အားလုံးကိုရင်ဆိုင်ခဲ့မိ ကိုယ်အချစ်ဆုံး မ ရှိရင်ကွယ်

အခုမရှိတော့တဲ့ အနမ်းလွမ်းပြီး ကျွန်တော့်အခန်းထဲ လှမ်းကြည့်
မ ပေးခဲ့တဲ့ ဓါတ်ပုံမှန်းပြီး မေ့ဖို့ရန် လမ်းမရှိ
လက်ကမ်းပြီးကြိုနေခဲ့ ဒီသီချင်းကို ဆိုနေမယ် မ အတွက်
ဒါအတွက် ပိုပြီးတော့ အဓိပ္ပါယ်ရှိအောင် အမုန်းတွေ ခဏရပ်

မဘယ်လောက်ပဲ ပျက်ရယ်ပြုခဲ့ ငါ့တစ်ယောက်ပဲ ဖက်တွယ်ဖူးခဲ့
ဖြစ်နိုင်ရင် အရင်ရည်းစားနဲ့ လာမနှိုင်းပါနဲ့
လာခိုင်းတာ အိမ်ကို တစ်ခါမှ ကျေကျေနပ်နပ် ဖိတ်ခေါ်ဖူးလား
ကျွန်တော့်ကိုရော သိပ်ပျော်ဖူးလား မေးကြည့်ဖူးလား တွေးမကြည့်ဖူးလား
မ ချစ်သူ ဘယ်လိုနှိပ်စက်ခဲ့ မေ့ပစ်လိုက်
ဟိုအတိတ်ရက်အတွက် ပျော်အောင်ထားမယ် စိတ်ကူးလေးနဲ့
ကျွန်တော်ချစ်တဲ့ မ ရင်ခွင်ထဲ မအိပ်ဖူးသေးဘဲ
နေ့စဉ်ရက်ဆက်တွေထဲ မ ကရှောင်ပြေးမှာ
မ အတွက်ကြောင့်နောက်ဆုံးတော့လည်း ဒုက္ခရောက်မှာ ကောင်ကလေးပါ...

ကမ္ဘာမြေထက်မိုးသားထဲ ကြယ်စင်များလင်းလက်ဆဲပဲ
မှောင်မိုက်ခြင်းတွေကို ဖောက်ခွဲ ဒီကမ္ဘာအား အလင်းပေးသလိုပဲ
အကြင်နာဆုံး မ ရဲ့အချစ်နဲ့ ရင်မှာအမြဲ နွေးထွေးသွားခဲ့
အားလုံးကိုရင်ဆိုင်ခဲ့မိ ကိုယ်အချစ်ဆုံး မ ရှိရင်ကွယ်

Labels: , , , , ,

ထာဝစဉ် - Too Big



powered by ODEO

ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်
ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်

ချစ်သည် အနောက်ကနေလိုက်ပြော ရူးသည် မင်းအတွက်ကြောင့်စိတ်မော ဆက်သည် ဖုန်းကိုလည်းမကိုင်တော့ သိပြီ ပုန်းရှောင်ကာနေပေါ့ ဇွဲမလျှော့ ဆက်ချစ်မယ်ပြောတော့ မယုံရဲဘူး ခေါင်းကိုခါငြင်းပေါ့ မပျက်မကွက် ပန်းစည်းခြင်းတွေပေးဆပ် မင်းအတွက် အိပ်ရေးတွေပျက်ညမနက်
လွမ်းရတဲ့ နေ့တွေကိုလည်းတွက်ချက် မင်းအပြုံးနဲ့ ကိုယ့်ရဲ့နေ့တွေရှေ့ဆက် အရှုံးပေးပြီး နှလုံးသားကိုပေးဆက် မင်းနဲ့မှ ချစ်တဲ့ပြီ အခုခက် နှလုံးသားကို မျက်ရည်ကျအောင်မလုပ်နဲ့
အလွမ်းသီချင်းများ မသိခဲ့ပါမရေးနဲ့ အချစ်စကားလေးပြောပေးပါ ကိုယ့်အတွက် မင်းစကားတစ်ခွန်းစောင့်နေမယ် ကိုယ့်တစ်သက်

ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်
ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်

ဝေးပြီပဲ ဒီအကြောင်းတွေပြန်ကာတွေးရင် ဟိုတုန်းကလိုပဲ ချစ်သေးလားမတွေးချင် ငါကပဲရှုပ်ခဲ့သလိုမျိုး လူတွေရဲ့ဘေးအမြင် စိတ်ဓါတ်တွေကျ အကုန်လုံး ဒါကိုလည်းမင်းမမြင် တစ်ခါတစ်လေ ငါထွက်တဲ့ ဒေါသ
မင်းကြောက်သွားတာ အရမ်းပဲလို့ မင်းသူငယ်ချင်းက ငါ့ကိုပြောပြ အခုတစ်ခါခွင့်လွှတ်ပါ ငါ့အကျင့်ဆိုးတွေအား ပြုပြင်ပေးလိုက် မင်းဟာငါ့ရဲ့မရှိမဖြစ်ပါ မင်း မုန်းသွားတဲ့ နှလုံးသားက ငါရဲ့စိတ်ရိုင်း သူ့အတိုင်းထားရင် ပိုဆိုးသွားမယ် ထိမ်းလို့မရ ငါလွန်ခဲ့မိတာရှိရင် ကျေအောင်လုပ်ခွင့်ငါသိချင် နင်ချန်သွားဖို့စိတ်ကူးရင် ရင်ကိုခွဲလို့ငါပြချင် အရှိက်ထိ နင့်ရဲ့စိတ်နဲ့မိုက် နေ့နဲ့ည ဆိုးသွမ်းရင်းနဲ့ ငါဟာမျောရင်း ခေါင်းကကိုက် မင်းလဲစိတ်ချလိုက် ငါ့မှာ တစ်ယောက်ထဲ ချစ်မဲ့စိတ်ကကြိုက် တွေ့ဆုံခွင့်ငါဟာမျှော်နေလိုက်

ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်
ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်

မင်းနောက်က တစ်ကောက်ကောက်လိုက်ရင် မင်းက မကြိုက်ခဲ့ ချစ်တဲ့စိတ်နဲ့ ငါကမင်းနောက် တစ်ကောက်ကောက်လိုက်ခဲ့တယ် ရှုတ်မဲ့မဲ့ဖြစ်နေတဲ့ မင်းမျက်နှာလေးမြင်တော့ ချစ်တယ်ဆိုတဲ့ စကားတွေပြောဖို့ ငါ့မှာ ခက်ခဲလာ မင်းကငါ့ကို မချစ်လို့လား ငါ့မှာတွေးဆွေးရင်း ငါ့ဦးဏှောက်တွေ ရှုတ်ရှပ်ခတ် အလုပ်ပျက်ခဲ့ ငါ့ကို သူငယ်ချင်းတွေက အပြစ်တင်ကြ ရှုံချကြ အဓိကအပြစ်က ငါမဟုတ်ခဲ့ဘူး ချစ်တတ်တဲ့ ငါရဲ့စိတ်နဲ့ စွဲလမ်းတဲ့ငါ့ရဲ့နှလုံးသား ထိတွေ့ဖို့ ကြိုးစားလည်းမရခဲ့
နေ့ရက်များကို မင်းအတွက်ပေး အချိန်များစွားကို မင်းအတွက်စတေး လူတိုင်းကပြော မင်း ကလှည့်စားတတ်တယ်တဲ့ လှည့်စားတတ်တဲ့မင်းကိုမှ ငါကဆက်ချစ်နေခဲ့ ကျောခိုင်းပြီးတော့လည်း မနေနိုင်ဘူး ဟန်ဆောင်ပြီးတော့လည်း မနေချင်ဘူး ငါအချစ်များက မင်းအတွက် ထာဝစဉ်မပြောင်းလဲပဲ
အမြဲတမ်း အမြဲတမ်း ဆက်ချစ်နေမှာ.. မင်းလေးအတွက်..

ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်
ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်

Labels: , ,

ဓါတ်စာ - အနဂ္ဂ၊ ဘာဘူ၊ Alex



လောကကြီးက မတရားဘူး ပြောပြချင်တယ်
ဘယ်နေရာကို သွားသွားမြင်နေတွေ့နေရတယ်
အတွဲလေးတွေကိုယ်စီနဲ့ အဆင်ပြေနေကြတယ် (ကိုနော်...)
ပန်းခြံထဲကို သွားပြီးတော့ ကြင်နာနေကြတယ် (ဟီးဟီ..)

ရယ်နေရတယ် ကျွန်တော်တို့လည်း လိုချင်ပါတယ်
လိုနေတာဘာတွေလည်း အကြင်နာတွေကွယ်
အကြင်နာတွေ ဘယ်မှာလဲ ဒီရင်မှာပဲ
ကြင်နာချင်ရင် လာခဲ့လာခဲ့ အချစ်တွေကိုပေးမယ်

ရည်းစားလေးတစ်ယောက်တော့ လိုချင်တာပေါ့
ငါ့မှာလည်း အသည်းနဲ့ပဲ ချစ်တတ်ပါတယ်
ရည်းစားလေးမရှိတော့ ငိုချင်တာပေါ့
ရှိရှိသမျှ အချစ်တွေ အကုန်လုံး ပေးလိုက်ပါမယ်

ချစ်တယ်လို့ ပြောရတာလည်း တကယ်ကိုများပြီ
ငါလိုက်ခဲ့တဲ့မိန်းကလေးတွေ တကယ့်ကိုအများကြီး
ဘယ်သူမှလည်း ပြန်မကြိုက်ဘူး ငါ့ဘ၀ကသွားပြီ (အမ်..ဟန်..)
ပြန်မကြိုက်လည်း ဂရုမစိုက်ဘူး ကျန်သေးတယ်အများကြီး (ဟိုက်ရှားပါး..)
ကျန်သေးတယ် ကောင်မလေးတွေ အများကြီးကျန်သေးတယ်
စာပေးမယ် အားလုံးကို ရည်းစားစာပေးမယ် (ဟဲ့ ရော့..)
ဖုန်းဆက်ပြီး ညညဆိုတယ်လီဖုန်းလေးနဲ့ပြောမယ် (ဟယ်လို)
အားလုံးကိုပြောချင်တယ် ကိုယ့်ကိုပြန်ချစ်ကွယ်...

အဆက်အသွယ်မလုပ် အဆက်ဖြတ်ခဲ့ ကံဆိုးပြီ
တော်ပါသေးတယ် ပြောချိန်မရ ကျန်ခဲ့ပြီ
မနေတတ်ဘူး ရည်းစားတစ်ယောက်လောက်များ မရှိရင်
မနက်ဆိုရင် ဖုန်းပြောဖို့ မိန်းကလေးတစ်ယောက်မှ မရှိရင်
စိတ်အားငယ်တတ်ခဲ့ အချစ်ငတ်တဲ့ ကျွန်တော့်အတွက်
မကျွမ်းကျင်တဲ့ အချစ်ကိစ္စကို အကျွမ်းတ၀င်ဖြစ်ခဲ့
---------- စိတ်မ၀င်စားရ
မိန်းကလေးတွေက လိုက်ကြိုက်တာမျိုး ဖြစ်ချင်နေတယ်
လူမသိသူမသိ ကျွန်တော့်မှာ ရူးရ အိုက်တင်တွေကျင့်ရပါတယ်
ကောင်မလေးတွေလိုက်ကြည့်အောင်ကွယ်
အသံကို ----- အသံဖြစ်အောင် လေ့ကျင့်ပါတယ်
မိန်းကလေးတွေက ယောကျာ်းလေးတွေ အကဲခတ်ရင် ခြေထောက်ကိုကြည့်တယ်
ယောက်ျားလေးတွေ ပြန်ပြီး အကဲခတ်ရင် ----...
သူက အလှပဂေးလား လူတွေက ထငေးရ..
AK ပြောတဲ့အချိန်မှာ ဟေ့ကောင် ဟေ့ကောင်လာငေးကွ...

ရည်းစားတစ်ယောက်တော့လိုချင်တယ် (ရှာပေးကွယ်...)
အချစ်တွေရင်မှာပိုနေတယ် (အကုန်ပေးမယ်...)

Labels: , , , , ,

အချစ်သို့ရှုံးနိမ့်ခြင်း - စိုင်းစိုင်းခမ်းလှိုင်




တစ်ချိန်က ကျွန်တော်တို့ သူငယ်ချင်း ဥက္ကာသိပ်ကြိုက်ခဲ့ဖူး ခဏခဏ ညည်းနေခဲ့ဖူးတဲ့ သီချင်းလေးတစ်ပုဒ်ပေါ့လေ။



ဒါအချစ်တဲ့လား ရင်မှာ အသည်းလေးကွဲလေပြီ
မင်းကျေနပ်ပါတော့ ကိုယ်ရှုံးနိမ့်ခဲ့လေပြီ

မျောလွင့်တဲ့ လေပြေကြားမှာ
မတ်မတ်ရပ်ရင်း သတိတွေရ
မိုးတိမ်ကိုမော့ကြည့်တော့ လေတံခွန်လေးဝဲပျံသွား
အနမ်းတွေအား လွမ်းနေရ ကမ်းခြေက အထီးကျန်သွား
မီးလျှံများ ခုန်ပေါက်ပြေးဆော့ ပတ်ဝန်းကျင်မှာ အကျည်းတန်သွား
အရင်ကဆို ဒီညလို စိတ်ဆင်းရဲစရာ မကောင်းပါဘူး
သိပ်ဝမ်းနည်းစရာ ကောင်းတာတစ်ခုက
မင်းကအနားမှာ မရှိတော့ဘူး
မချစ်တော့ဘူးဆိုရင်လည်း မင်းစိတ်ကြိုက်သာလုပ်ပါလုပ်ပါ
လမ်းပေါ်မှာ အချိန်တွေဖြုန်း ကုန်ဆုံးသွားတဲ့ရက်ပေါင်များစွာ

ဒါအချစ်တဲ့လား အိမ်အပြန်လမ်းနဲ့ ဝေးနေပြီ
မင်းမျက်ဝန်းတွေထဲ ကိုယ်ကျဆုံးပြီး (သေချာတယ်.. ကိုယ်အသည်းကွဲပြီး)
ဒါအချစ်တဲ့လား ရင်မှာအသည်းလေးကွဲနေပြီ
မင်းကျေနပ်ပါတော့ ကိုယ်ရှုံးနိမ့်ခဲ့လေပြီ

နောက်တစ်ယောက်နဲ့တွဲတယ်ဆို
မင်းကငါ့ကို အထင်တွေလွဲ
ရှုပ်တယ်လို့ နာမည်ကြီးတော့ ရှုင်းပြဖို့က ခက်နေလဲ
မျက်ရည်က သက်သေပဲ
ရက်တွေတိုင်းမှာ ငိုချင်းချ
လိုရင်းက ဘာလဲဘာလဲ အချစ်ဆိုတာ အကုန်ရှုင်းသွား
ှနှင်းကျတဲ့ ညတွေမှာဆို ကိုယ့်အိမ်ဘက်ကို မပြန်ချင်တော့
မြက်ခင်းပေါ်ကျောခင်းပြီးတော့ ဒီလိုနဲ့ မိုးတောင်လင်းပေါ့
နေမင်းက ရက်ရက်စက်စက် ငါ့အတွက်တောက်လောင်လွန်းတော့
သေလုအောင် လွမ်းနာများ ဒီရောဂါနဲ့ လွမ်းနာကျပေါ့။

Labels: , , ,

ငါ့အပြစ်မဟုတ်ဘူး - Theory

SPoT-ers

SPoT FM




ငါ့အချစ်တွေမင်းကို ပေးလို့ထား
မင်းကငါ့အချစ်ကို ကလေးလိုကစား
လိုက်လေဝေးလေ ပြေးထွက်သွား
ငါလိုမှမင်းက အဝေးကိုသွား
နီးရက်နဲ့ဝေးရတာ ငါ့ကြောင့်လား
အရှောင်အတိမ်းကောင်းလွန်းတဲ့ မင်းကြောင့်လား
ငါစိတ်ညစ်ပြီး ဇာတ်လမ်းတွေများ
ပြေးရတာမော ဒီတော့မင်းရပ်နား
ဇာတ်လမ်းပြန်စ ချစ်နေကြ
ငါ့စိတ်မှာ မင်းကိုငြင်းလို့မရ
ဒီအချိန်ကြမှ မင်းသိသွား
ငါ့ဇာတ်လမ်းဟောင်းတွေကို မင်းပြန်ကြား
ငါ့ဘက်က မင်းကိုဘယ်လိုချစ်ချစ်
ဖြစ်ခဲ့သမျှ ငါ့ဘက်ကပြင်လို့ မဖြစ်
ငါကတော့မေ့လိုက်ပြီအရင်ကအချစ်
ငါ့ကိုချစ်ရင် နင်လဲမေ့ပစ်

CHO: ရည်းစားဟောင်းနဲ့ကွဲခဲ့ရတာ ငါ့အပြစ်မဟုတ်ဘူး
သူကပြတ်လို့နောက်တစ်ယောက်ထားတာ ငါ့အပြစ်မဟုတ်ဘူး
သစ္စာမရှိတဲ့သူတို့ကြောင့်ဖြစ်တာ ငါ့အပြစ်မဟုတ်ဘူး
မကျေနပ်ရင် လာမပြောနဲ့ ငါ့အပြစ်မဟုတ်ဘူး

ရည်းစားဟောင်းရဲ့နာမည်တွေကို မမေ့ပါနဲ့
ငါ့ဦးနှောက်ကတစ်ခါတစ်လေပြီးရင် မေ့မှာပဲ
ထင်ရာမြင်ရာလျှောက်ပြီးလည်း မတွေးပါနဲ့
ငါရင်ထဲမှာ မင်းကိုချစ်တာပဲ
ကိုယ်အတူနေချင်တာက မင်းလေးနဲ့
သက်သေပြမယ်မင်းကို သီချင်းလေးနဲ့
ယုံပါအချစ်ရယ် မင်းကိုချစ်တယ်
ရင်မှာအချစ်တွေက မင်းအတွက်ရှိတယ်
အချိန်မှန်မှန်စိတ်တွေကောက် စိတ်ဓါတ်ကျတယ်
ဘာတွေဖြစ်နေလဲ ပြောစမ်းအချစ်ရယ်
မင်းကိုပြောမယ် နားထောင်စမ်းကွယ်
ဘေးစကားကို ယုံစားဒေါသထွက်သလား
ကိုယ့်စကားကိုယုံဦး မင်းကိုအချစ်ဆုံး
မယုံဘူးလားဖြစ်တယ် စုံစမ်းလိုက်ရတယ်
ငါ့အတွက်တော့အောက်တယ် မကျေနပ်ရင်ဖြတ်ကွယ်

CHO:

ဒီစကားတွေပြောတာ မင်းကိုချစ်လို့
ကိုယ့်ရဲ့အနားမှာ မင်းမရှိရင်မဖြစ်လို့
ဟုတ်ရဲ့လားဆိုတဲ့ အကြည့်နဲ့ မကြည့်နဲ့
ပြောတဲ့စကားတိုင်းဟာ အစစ်တွေပဲ
ဘာလိုချင်လဲအချစ်ရယ် ကိုယ့်ကိုပြော
ငိုမနေနဲ့အချစ်ရယ် မျက်ရည်သုတ်
ကိုယ်လုပ်ခဲ့သမျှ အားလုံးက မင်းပျော်ဖို့
အပြင်ထွက်လည်တာက မင်းခေါ်လို့
ဘယ်လိုလဲ
ငါပြောတာကိုယုံမလား
မင်းသူငယ်ချင်းပြောတဲ့ စကားတွေကို ယုံမလား
ရည်းစားဟောင်းကြောင့် စိတ်ကောက်ပြီး
စိတ်ကောက်ပြီးရင်လည်း မပြီးတော့ဘုး
သူတို့အကြောင်း ငါ့ခေါင်းထဲမှာလုံးဝမရှိ
မယုံရင်မေးကြည့် အားလုံးသိ
ဘေးပြောတဲ့စကားတွေကို မင်းယုံမလား
ငါ့ရင်ထဲမှာဘာတွေရှိလဲ မင်းသိမလား

CHO:

Labels: , ,

Sar Yor Nar La - စောညီညီ feat. မိုးမိုး

someone in the past and white flower

Owen




သီချင်းလေး အတိုင်းပါပဲ



CHO: ပြန်မလာတော့ဘူးပေါ့ သေချာဆုံးဖြတ်ပြီးခဲ့ရင်
ငါမကျေနပ်ဘူးပေါ့ ပြန်လည်မုန်းလည်းမမုန်းရက်ပါ
နင်မရှိတဲ့ဘ၀မှာ ရှင်သန်စရာမရှိတော့ဘူး
ကြေကွဲပြီးနေ့စဉ် လူတကာအလည် အသက်မရှင်ဘူး
ပျော်ပါစေချစ်သူ..
ငါဟာလမ်းပျောက်ခဲ့သူပါ...
သံသရာမှာနောက်တစ်ခေါက် မကြုံခင်ရှုံးနိမ့်ခဲ့သူပါ

လေယာဉ်ပျံတီထွင်ခဲ့တဲ့ သူတွေကိုလည်းမုန်းတယ်
တစ်ချိန်ချိန်မှာ အမေခေါ်ရမယ့် အန်တီကိုလည်းမုန်းတယ်
မင်္ဂလာဒုံလေဆိပ်က ခုံတွေကိုလည်းမုန်းတယ်
ပြန်လာမယ် ပုံပြောခဲ့တဲ့ ကြင်နာသူလည်းမုန်းတယ်

လေယာဉ်ပျံကိုမုန်းရတာ လေယာဉ်ပျံကခေါ်ဆောင်သွား
ဟိုအန်တီကိုမုန်းရတာ သူစီစဉ်တဲ့ ရေမြေခြား
လေဆိပ်ကခုံတွေကတော့ ငါ့မျက်ရည်တွက်သက်သေ
ကြင်နာသူလေးမင်းဘ၀တွက် ဆုံးဖြတ်ချက်ကပြတ်နေ

ရက်တွေထပ်နေပြီး တစ်ညနေပြီးတစ်ညနေ
လက်တွေချိုးရေပြီး အလွမ်းတွေနဲ့ မနက်တွေ
ငါ့ဘ၀တွက် မင်းမရှိရင် အချစ်မရှိတာ မင်းအသိ
တစ်ခြားတစ်ရက် တစ်ခြားတစ်ယောက် သံသယတွေပွားမိ

ဗုဒ္ဓဆုံးမတာ ကိလေသာက ဒုက္ခ
အခုမှ တရားမှတ်လည်း ပါရမီကနည်းပါး
လွဲမှားတဲ့ငါ့ပုစ္စာတွက် မသိကိန်းကမင်းလေး
ပြောင်းပြန်အချိုးကျတော့ ညီမျှခြင်းက အလှမ်းဝေး
အမှတ်တစ်ရာလိုချင်ခဲ့သူ ပညာနဲ့ ဥစ္စာ
တစ်ခြားမှာ ရှာဖွေရမှ ပြန်လာမယ် ဟုတ်လား

CHO:

ချစ်သူတစ်ချက်သိ အနေဝေးတော့ သွေးအေးသတဲ့
မင်းအသက်က အခုမှ ၂၀ပတ်လည် ကလေးလေးပဲ
ငါ့ကိုလွမ်းတာ နောက်ဘယ်လောက်ကြာ မင်းရင်ထဲမှာရှိမလဲ
ဝေးနေခြားမှာ နီးစပ်သွားတာဖြစ်လာခဲ့ရင် ဘယ်လိုလဲ
တည်ငြိမ်မှုဆိုတာက ငါတို့အရွယ်တွက် လက္ခဏာ
ရင်ခုန်မှုဆိုတာက မင်းတို့အရွယ်တွက် ပြဿနာ
တစ်ယောက်တည်း အဖော်မဲ့ပြီး အထီးကျန်နေမဲ့မင်းအတွက်
ကြင်နာအပြည့် ကူညီမဲ့ ငါလိုလူ များရှိမယ်
ဒီလိုအရေး ဒီလိုတွေးလို့ ငါရိုင်းသွားရင် ခွင့်လွှတ်
သ၀န်တိုဆဲ အရင်လိုပဲ ဒါလည်းမင်းကိုချစ်လို့

CHO:

ပြန်လာပါချစ်သူ ငါဟာမင်းမရှိမဖြစ်သူပါ
အရင်အချိန်လို တို့တွေ အကြင်နာနွေးထွေးရအောင်ပါ

Labels: , , , ,

အချစ်ဆုံးသူငယ်ချင်း - 9mm

သူငယ်ချင်းသို့

သက်နိုင်




သူမသည် ကျနော်နဲ့ မိုင်ပေါင်းများစွာအဝေး အဝေးကြီးကမြို့လေးမှာနေသည်။ စိတ်တွေလေတိုင်းမှာ သူရှိမဲ့နေရာတွေမှာ စောင့်နေမိခဲ့သည်။ သူရောက်လာပြီး တိတ်ဆိတ်စွာ အနားမှာဝင်ထိုင်လိုက်၏။ ခဏကြာမှ ဘာဖြစ်နေတာလဲဟု မေးတက်သည်။ တခါတရံ သူ့ပုခုံးနုနုလေးနဲ့ ကျနော့်ပါးခုံးကို တိုက်ပြီး မေးတက်သေးသည်။ ထိုအခါ ပေါက်ကွဲခွင့်မရတဲ့ ဗုန်းလို ၀င်လေထွက်လေတို့ ရင်ထဲမွန်းကျပ်ကာလာသည်။ သူ့ကိုပေးမဲ့ နှင်းဆီပန်းတောင် ရွက်ဖတ်တွေကြွေသွားရ၏။ ထိုအနီရောက်ရွက်ဖတ်တို့နှင့်အတူ ခုံစောင်းအစွန်းမှာ တင်ကျန်နေတဲ့ ကျနော့်အသည်းမှာ ပဲ့ရုံတင်မကဘူး၊ ကြွေပါကျသွား၏။
တစ်ကယ်လို့ ကျနော့်ရင်ထဲက ဒီသီချင်းလေးသာ သူမကြားသွားရင်ဖြင့်…




V1: အိမ်မက်ထဲက နတ်သမီးလေးလား ငါ့စိတ်ထဲမှာဝိုးတ၀ါး။ ချစ်ခဲ့တာမှားခဲ့ပြီလို့ မင်းစိတ်ထဲမှာ ထင်နေလို့လား။ မင်းပေးတဲ့အမုန်းထု လွမ်းနေတာတစ်ခုခု။ အဆုံးအဖြတ်မှာ မသေချာတဲ့ မင်းစိတ်ကူးတွေပြောင်းသွား။ နားမလည်စွာရပ်ကြည့်နေရင်း ငါ့ဦးနောက်တွေ ခြောက်ခြား။ အကိုတစ်ယောက်လို ချစ်တော့မယ်လို့ ဆုံးဖြတ်ချက်တွေချထား။ ဖြူစင်တဲ့စိတ်ဓါတ်ကိုပဲ ရောက်ဆိုးမိတာ မှားသွားလား။ မတူမတန်တဲ့ စိတ်ဓါတ်နဲ့ပဲ မင်းအနမ်းတွေကို တမ်းတသလား။ ဖြူစင်တဲ့အချစ်တွေနဲ့ပဲ ဘ၀တသက်စာအတွက် လွမ်းဆွေးသွား။

Cho: ရိုးသားတဲ့သူငယ်ချင်း အချစ်ကို ငါ့စိတ်ကူးနဲ့သာယာခဲ့။ ၀ိုးတ၀ါးနဲ့နားမလည်နိုင်ဘူး ခံစားချက်တွေဘာသာမဲ့။ စိုးရွားတဲ့ ရင်ခုန်သံနဲ့ မင်းကိုတွေ့ရင် ပြာယာခတ်။ ရည်းစားတွေ လေလိုပွေတဲ့မင်းရဲ့ အကြောင်းကိုကြားပြီးသား။ မီးများလေ ရေလိုနေလည်း ပွင့်မပြောမိတာ အမှားကြီးမှား။ ငြီးတွားနေ ငါငိုနေလည်း အဖြူရောင်သံတိုင်းတွေတားဆီးထား။

တားဆီးထားတဲ့ တို့နှစ်ယောက်ရဲ့ အဖြူရောင်စည်းတွေ ရှိခဲ့တဲ့မင်းလေးအတွက်နဲ့ ငါ့ဘ၀ဟာ အရာရာစတေးခဲ့မိတယ် နင်မသိလည်း ရူးမိုက်စွာနဲ့
ဆက်ချစ်မယ် နှလုံးသားထဲကမင်းပေးတဲ့ ဒဏ်ရာဒဏ်ချက်တွေ မပြောရဲခဲ့လို့ မင်းနဲ့ငါ ကမ္ဘာတွေခြားဝေးရတယ် နင်မသိလည်း ရူးမိုက်စွာနဲ့

V2: ဘယ်တော့မှ မဆိုဘူးခဲ့တဲ့ အဆွေးသီချင်းတွေ ငါဆိုနေပြီ။ ဘယ်တော့မှ မငိုဘူးခဲ့ဘူး နင့်ကြောင်ခုတော့ ငါငိုနေပြီ။ နင့်နာမည်အိမ်မက်ထဲမှာ ရောင်ရောင်ခေါ်တာ ရှာတိုနေပြီ။ ကံကြမ္မာက အဖန်တစ်ရာမက ထိုးနှက်ခဲ့လို့ ဒဏ်ရာကပြည့်။ ၀ရန်တာက ကြံရာမရ ငါ့ရဲ့မဖြစ်ကို စန္တာကတွေ့။ တစ်လှန်ကွာက မှန်အကွာချ မင်းကို တစ်ရံတစ်ခါမှ မမေ့။ ရင်ထဲမှာ နင်ပဲရှိတယ်။ မယုံဘူးဆိုဝင်သွားကြည့်ပါ။ နုံအလို့ နင်ကငါ့ကို အရူးတစ်ယောက်လို့ ထင်လားအသိပါ။ သူငယ်ချင်းကို ချစ်တယ်ပြောဖို့ ငါဘယ်မှ အင်အားမရှိပါ။

Cho:

V3: ရိုးရိုးလေးလှတဲ့နင့်မူးမိုက်စွာ မြင်ရုံနဲ့နင့်အကြည့်တွေ ငါ့ရင်ဘက်ထဲစူးစိုက်စွာ ၀င်ကုန်ခဲ့။ ထောင့်ငါးရာမပြည့်တဲ့ အချစ်ကို ရူးမိုက်စွာ ရင်ခုန်ခဲ့။ ငယ်ငယ်က ရန်ဖြစ်ခဲ့ရင် နင်ကချည်းပဲ နိုင်ချင်ခဲ့။ ရည်းစားနဲ့ ဖြတ်ခဲ့တိုင်းလဲ နင်ကငါ့ကို တိုင်ပင်ခဲ့။ ငါ့ချစ်တာနင့်ကို ပြောရင် နင်ဘယ်သူ့ကို တိုင်ပင်မလဲ။ ဟိုးတုန်းက အချစ်တွေနဲ့ အရိုးဆုံးငါချစ်နေခဲ့။ ဘယ်သူတားတား ငါ့ရဲ့အချစ်က မျိုးမတုန်းပါ ချစ်နေဆဲ။ သူငယ်ချင်းကို ချစ်ခဲ့မိတာ အဆိုးဆုံးဟာ အဖြစ်တွေပဲ။

Cho:

V4: သူငယ်ချင်းကို ရည်းစားမလုပ်ဖို့ ဘယ်သူတွေ စပြောခဲ့သလဲ။ နင်လမ်းမှာ ချနင်းဖို့ ငါ့ဘ၀ကို ပုံအောခဲ့တယ်။ အလိုရှိတိုင်းအခင်ဆုံးလို့ နင်ငါ့ကို ပုံပြောခဲ့တယ်။ နင့်ရည်းစား ပထမတစ်ယောက်ကို ချောင်းရိုက်ခဲ့တာ ငါပါပဲ။ ကြည့်မရလို့ ဒုတိယတစ်ယောက်ကို ဆွဲထိုးတာလည်း ငါပါပဲ။ နင်ကြိုက်တဲ့ နောက်ဆုံးတစ်ယောက်ကို ဂုန်းတိုက်တာလည်း ငါပါပဲ။ ငါဘယ်လိုကြိုးစားကြိုးစား သူငယ်ချင်းထက်ထူးပြီး မလာခဲ့။ တစ်ကယ်တော့ ငါအရူးကြီးပါပဲ။ နင့်ကို ရည်စူးပြီးငါ့ရဲ့ ရေးထားတဲ့ အရူးကြီး ကဗျာလည်း သိမ်းထားတာ အခုထိပါပဲ။

Cho:

Labels: , , ,

တစ်ခါတုန်းက - ရသ feat. Jenny

SPoT-ers

SPoT FM




ရသရဲ့ အသည်းကွဲသီချင်းတွေကို ကြားဖူးကြမှာပါ။ ဒီတစ်ပုဒ်ကတော့ အခုနောက်ပိုင်းထွက်တဲ့ 9 Night အခွေထဲက အချစ်သီချင်းနှစ်ပုဒ်ထဲက တစ်ပုဒ်ပါ။ စာသားတွေ နဲ့ Rhythm တွေတော်တော်ကောင်းအောင် ရေးထားတာကို ကြိုက်မိလို့ ပရိသတ်အပေါင်းတို့ နားသောတဆင်နိုင်ရန်တင်လိုက်ပါတယ်။ စာသားရဲ့ တစ်ချို့နေရာလေးတွေမှာ လွဲနေခဲ့ရင် ခွင့်လွှတ်ပေးကြပါ။ အမှန်သိလည်း ပြင်ပေးကြပါဦးဗျာ။




MELODY: ပြန်မဆုံနိုင်တော့ပြီဆိုတဲ့ အသိဆိုးတွေ
ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေသည်းနေတုန်း
လွယ်လွယ်နဲ့မေ့ဖို့မလွယ်လို့ မမေ့ခဲ့ အခုချိန်လို
ငိုချတိုင်း တိမ်တွေလိုကြွေပြီ မျက်ရည်မိုး

R1: ဒီလိုမျိုး မိုးအေးအေးလေး အိမ်ထဲမှာငါ
နွေးနွေးထွေးထွေးနဲ့တွေးဆွေးဆဲ အတိတ်က အဝေးမှာဟေ့
ငါ့ဘေးမှာတွေ့ သူ့ passport ပုံသေးသေးလေး ဆေးတွေမှိန်
ခပ်ရေးရေးလေးဝါး အရောင်တွေတောင်ထွက်ပြေးလို့သွား
မေ့လို့မရ အဲ့ဒီ့နေ့တွေ ငါမြင် ကျူရှင်ကအဆင်း မိုးတွေရွာရင်
ထီးတစ်ချောင်းအောက် အတူတူလမ်းတွေလျှောက်ခဲ့
လမ်းမှာ လေကြမ်းတွေကြောင့် ကြွေမနွမ်းတဲ့ ခရေပန်းတွေကောက်
ဇာတ်လမ်းတွေ သူ့နှုတ်ခမ်းနဲ့ချွေခဲ့တဲ့ အနမ်းတွေကြောင့် အချမ်းတွေပျောက်
တိုးဝှေ့နေကြပါ ဒီလိုမိုးရေတွေကြားမှာ အမျိုးတွေတွေ့သွားမလား
တချို့တလေ အဖေကြားမလား စိုးရိမ်တတ်သူ
ငါတို့တွေေ၀၀ါးစွာမက်ခဲ့တဲ့ အိပ်မက်ကလည်း
ကြိုတင်ချေမွှကာ ပျက်ခဲ့တယ် မိုးရေကြားမှာပဲ
တို့တွေကမ္ဘာခြားကာဝေးသွား
ဟိုမှာမင်း ကျန်းမာရေးဂရုစိုက်ဖို့ မှာချင်တယ် မမေ့ပါနဲ့
ရုပ်ရှင်တွေထဲကတိုင်းဆို တော်တော်လေးအေးမှာပဲ
အဖော်တော်တွေတွေ့ကာ ပျော် ပျော်နေမှာ
ဖုန်းဘယ်တော့ခေါ်မလဲလို့မျှော်နေတာ

MELODY:

R2: စာလည်းမကျက်ချင်တော့ငါ
ညဘက်တိုင်းဆက်တိုက်ထပ်မပျက် မကွက် အိပ်မက်တွေမက်ရင်းငါ
ချစ်ခြင်းအိပ်မက်ထဲပတ်ရင်းရှာ
မိုးမိုး မိုးက ရက်နှစ်လတို့ပြောင်းလဲခဲ့ နှုတ်ဆက်ရင်းငါငို
တစ်ခါတုန်းက ငါ့ဘ၀မျှော်လင့်ချက်နဲ့ အသက်သွင်းကာ
လက်ငင်းကမ္ဘာ ပျက်ယွင်းကာပြို
ငါဆိုတဲ့ ဒီသီချင်း မင်းဟိုကနေ နားထောင်နေမလား
ရဲမင်းသိန်းဆိုတဲ့ ချာတိတ် သူ့ရဲ့အသံကိုကြားယောင်နေမှာ
ခဏလောက်ဖြေပါ နီစပ်စပ်အသားရောင်တွေကြား ကိစ္စ များမြောင်နေကာ
ဘာကြောင့်ဟိုမှာ တစ်ခြားကောင်တွေစကား နားယောင်နေမှာလဲ
ဒါကသက်သေကဗျာ စပ်နေဒီမှာ နောက်လှည့်ကြည့်လှည့်
အဲ့ဒီ့ကဗျာစာရွက်တွေ ၀ါဖန့်နေပြီကွာ ဟောင်းခဲ့ပြီပဲ
မခြောက်တဲ့ချက်တွေ အင်တာနက်တွေထိငါ
ငယ်တုန်းက မင်းနာမည်ကို အခါခါရှာဖတ်နေမိတာ အနာဂတ်တွေရှိမှာပဲ
နှုတ်ခမ်းတွေတောင်ပြာ အပြတ်အေးသည့်ည
မိုးတွေကြားလမ်းတွေလျှောက်ကာပတ် အတွေ့အထိကချမ်းနေသလောက်မှာ
အမြန်ပြေးပြီးရှာနှင်းတွေပျောက်
ကမ္ဘာတစ်ဘက်အဝေးကြီးက အလွမ်းတွေကြောင့်
အနာမကျက်သေးသည့်အရာ ဆေးမရှိပါ
မြန်မာပြည်ကနေ မှာဆက်ချွေမိတာ မိုးတွေရွာလျက်ဟေ့ ဒီမှာ

MELODY:

R3: မှန်မှန်ဖြေ အရင်ကဇာတ်လမ်း လွမ်းသလားမေးချင်
ကမ္ဘာတစ်ခြမ်းကွာဝေးဆဲ မင်းရဲ့အလှမှန်းကာတွေးမြင်
တမ်းတဆွေး သီချင်းတွေမဆိုချင်ပဲနဲ့ ဆိုနေရပြီကဲ
အရင်လမ်းမှာတွေ့ရင် မင်းမှတ်မိဦးမလား ငါ့အခန်းတံခါးစေ့ရင်း
ရှိခဲ့တဲ့အတိတ်က ပြီးခဲ့တဲ့ကိစ္စတွေ မသိခဲ့သလိုမျိုးပဲ
အကျိုးမဲ့နေဖို့လည်း မလွယ်လို့ပဲ တကယ့်ကိုပဲမစဲတဲ့မိုးထဲမှာ
ဘယ်လိုလဲမိုးရယ် အငြိုးနဲ့ရွာခဲ့သလိုပဲ တစ်ခါတည်း ငါ့အသည်းကိုခွဲ
သေသွားပြီ ဘာနဲ့သဂြိုဟ်မလဲ..

MELODY:

Labels: , , ,