လွမ်းလောက်လို့လား - 9mm



သူငယ်ချင်းနောက်တစ်ယောက်ကို မေးကြည့်တယ်... စိတ်ထဲမှာ အဖုအထစ်တစ်ခုရှိနေပြီး ဘယ်သူ့ကိုမှ မပြောချင်/ဖြစ်ရင် ဘယ်လို မြန်မာသီချင်းမျိုးနားထောင်လဲလို့။ သူကပြောတယ် Avril Lavinge ရဲ့ Nobody's Home ကတော့ အရမ်းထိတာပေါ့တဲ့။ မြန်မာသီချင်းပါဆိုမှလို့ပြောတော့ ဖြစ်ညှစ်ပြီး ဒီသီချင်းလေးကို ထုတ်ပြောရှာတယ်။ ကြက်ဖရဲ့ လွမ်းလောက်လို့လားတဲ့ဗျာ... နားထောင်ကြည့်လိုက်ပါဦး



Yo, Check it! I'm gonna take this beatbox right here.
I'm gonna make this shit, Check it!

နင်တစ်ယောက်တည်း အခန်းတွေထဲမှာ မီးကိုပိတ် ဒီလိုနဲ့လွမ်းနေခဲ့တာ
လန်းဆန်းတဲ့မင်းဘ၀တောင် ဘာလိုလိုနဲ့ နွမ်းကြေခဲ့ရ
သူ့ဘက်က အထာတွေလဲမင်းမနပ်ဘူး
လူတကာနဲ့တွဲပြီး မင်းကို ညာနေလဲ မတင်းကြပ်ဘူး
သူနဲ့ လျှောက်လည်ဖို့ မင်းကိုလာခေါ်မယ်
မင်းကတော့ ငြင်းချင်တယ် ဒါပေမယ့် မငြင်းတတ်ဘူး သူ့အတွက်ဆို
စာမေးပွဲနီးရင်တောင် စာတွေလဲမင်းမကျက်ဘူး
ညဘက်ဆို သူ့ရဲ့အကြောင်း ကဗျာတွေပဲ မင်းစပ်ရူး

မင်းဘ၀ကို မင်းပြန်ဆန်းစစ် (လမ်းပျောက်ဖို့များ)
သူ့အတွက်နဲ့ ချောက်ထဲကိုမင်း (ဆန်းလျှောက်မလို့လား)
မင်းငိုတဲ့မျက်ရည်အားလုံး (ခမ်းခြောက်လို့သွား)
မင်းကိုမင်း မင်းပြန်ဆန်းစစ် (လွမ်းလောက်လို့လား)

လွမ်းလောက်လို့လား... လွမ်းလောက်လို့လား...
ပေးခဲ့သမျှအရာအားလုံးအတွက် တန်အောင်ရောမင်းပြန်ရခဲ့လို့လား
လွမ်းလောက်လို့လား... လွမ်းလောက်လို့လား...
မင်းလွမ်းရင်း ငိုကြွေးတုန်းမှာ သူစိတ်တိုင်းကျပြောမြူးလို့နေတာ

နင်တစ်ယောက်တည်း အခန်းတွေထဲမှာ မီးကိုပိတ် ဒီလိုနဲ့လွမ်းနေခဲ့တာ
လန်းဆန်းတဲ့မင်းဘ၀တောင် ဘာလိုလိုနဲ့ နွမ်းကြေခဲ့ရ
မိုးမမြင်လေမမြင်ပဲ ပျော်ချင်တိုင်းပျော်ခဲ့တုန်းက
နင့်ရဲ့ဘ၀တစ်ခုလုံးလဲ ဇိမ်တွေနဲ့ထုံ
သူ့ရဲ့အဖွဲ့အနွဲ့တွေ မုသားတွေကြား မိန်နေခဲ့ရုံ
သူ့အကြောင်းတွေးပြီးဆို မအိပ်နိုင်မစားနိုင် အချိန်တွေပဲကုန်
အပျော်တွဲပြီး အတည်လို့ပြော ပေါ်တင်ကြီး လိမ်နေလည်းယုံ
အချစ်ရူးလို့ သူအရဲစွန့်ပြီး ဆွဲတာတောင် ငြိမ်နေမယ့်ပုံ

လုံးဝကာရန်မလှတဲ့အတွဲ သူ့ရဲ့တခါတရံမကတဲ့ အမှားတွေ ငါပြန်ပြခဲ့တယ်
မင်းရဲ့ အညာခံဘ၀နဲ့အမြဲ သူ့စိတ်ကျပေးစပ်ခဲ့လည်း ဘာပြန်ရခဲ့လဲ

မင်းဘ၀ကို မင်းပြန်ဆန်းစစ် (လမ်းပျောက်ဖို့များ)
သူ့အတွက်နဲ့ ချောက်ထဲကိုမင်း (ဆန်းလျှောက်မလို့လား)
မင်းငိုတဲ့မျက်ရည်အားလုံး (ခမ်းခြောက်လို့သွား)
မင်းကိုမင်း မင်းပြန်ဆန်းစစ် (လွမ်းလောက်လို့လား)

လွမ်းလောက်လို့လား... လွမ်းလောက်လို့လား...
ပေးခဲ့သမျှအရာအားလုံးအတွက် တန်အောင်ရောမင်းပြန်ရခဲ့လို့လား
လွမ်းလောက်လို့လား... လွမ်းလောက်လို့လား...
မင်းလွမ်းရင်း ငိုကြွေးတုန်းမှာ သူစိတ်တိုင်းကျပြောမြူးလို့နေတာ

ငါ့အမှောင်ထဲ အခန်းတွေထဲမှာ မီးကိုပိတ် ဒီလိုနဲ့လွမ်းနေခဲ့တာ
လန်းဆန်းတဲ့ငါ့ဘ၀တောင် ဘာလိုလိုနဲ့ နွမ်းကြေခဲ့ရ
တစ်ချိန်က ပေးခဲ့ဘူးတဲ့ အနမ်းတွေမနည်းပါ
ပန်းတွေက စမ်းရည်ထဲမှာ ကမ်းခြေမဲ့စွာ မျောပါနေဆဲ
ငါကလည်း ၀မ်းတွေနည်းကာ အိပ်ရာထဲမှာ ရောဂါတွေနဲ့
ဟေ့ကောင်လွမ်းမနေနဲ့ကွာ ကိုယ့်ကိုကိုယ်ပြောကာနေလဲ
အိမ်ပြန်မယ့်ခြေလှမ်းတွေက သူ့ဆီကိုပဲလှမ်းနေဆဲပါ
ကြိုးစားပြီး လျှောက်တဲ့ကြားက ငါတစ်ကောင်တည်း လမ်းတွေလွဲလာ
သူနဲ့အတူ ရှင်သန်ခဲ့တဲ့ နှလုံးသားလည်း တစ်ခြမ်းသေခဲ့လား
အရင်ကငါတို့ဇာတ်လမ်း အနမ်းတွေနဲ့သာ အပန်းဖြေခဲ့တာ
အချစ်စစ်ရဲ့နတ်သုဒ္ဓါကို နှုတ်ခမ်းတွေနဲ့သာ လှမ်းချွေခဲ့တာ
ဇာတ်လမ်းရဲ့အစက နုခဲ့ပေမယ့် အခုတော့ ဇာတ်သိမ်းပိုင်းမှာ
ကြမ်းချင်သလိုကြမ်းနေခဲ့တာ

အချိန်တန်တော့ နွမ်းကြေမြဲပါ အချစ်ဆိုတာလဲ
ပန်းတစ်ပွင့်မို့လဲ နွမ်းကြေခဲ့တာ
ခြောက်ကပ်ပြီး လမ်းနင်းချိုးတဲ့ နှုတ်ခမ်းတွေနဲ့ငါ
နင့်ကိုအမြဲ လွမ်းသင့်လို့လဲ လွမ်းနေခဲ့တာ

ငါ့ဘ၀ကို ငါ့ပြန်ဆန်းစစ် (လမ်းပျောက်ဖို့များ)
သူ့အတွက်နဲ့ ချောက်ထဲကိုမင်း (ဆန်းလျှောက်မလို့လား)
ငါ့ငိုတဲ့မျက်ရည်အားလုံး (ခမ်းခြောက်လို့သွား)
ဟေ့ကောင် ကြက်ဖ (လွမ်းလောက်လို့လား)

လွမ်းလောက်လို့လား... လွမ်းလောက်လို့လား...
ပေးခဲ့သမျှအရာအားလုံးအတွက် တန်အောင်ရောမင်းပြန်ရခဲ့လို့လား
လွမ်းလောက်လို့လား... လွမ်းလောက်လို့လား...
မင်းလွမ်းရင်း ငိုကြွေးတုန်းမှာ သူစိတ်တိုင်းကျပြောမြူးလို့နေတာ

Labels: , ,

ကိုယ်တို့နှစ်ယောက်အကြောင်း - Theory (feat. Alex)

မအူမလည် သူငယ်ချင်းလေးတစ်ယောက်ကို မေးကြည့်တယ်.. တကယ်လို့များ ဒီကမ္ဘာမှာ မြန်မာသီချင်းတစ်ပုဒ်ပဲ ရှိသင့်တယ်ဆိုရင် ဘယ်သီချင်းဖြစ်စေချင်လဲလို့..

သူက ရိုးရိုးသားသားလေး ဖြေပါတယ် "ကမ္ဘာမကြေ" တဲ့။
မဟုတ်သေးဘူးလေ.. ရိုးရိုးသီချင်းမျိုးကို ပြောပါဆိုတော့ Theory နဲ့ Alex ရဲ့ ဟိုသီချင်းလေတဲ့။ ကဲ... ကျွန်တော်တို့ ဟိုးအရင်တုန်းက ခဏခဏနားထောင်ဖြစ်ကြတဲ့ ကိုယ်တို့နှစ်ယောက်အကြောင်းဆိုတဲ့ ဒီသီချင်းလေးကို နားထောင်ကြည့်လိုက်ပါဦးဗျာ..



ဟိုတစ်ချိန်က နေ့လေးတစ်ရက်ကို မင်းဘယ်တော့မှ မမေ့တာကိုသိတယ်
မေ့မရတဲ့နေ့လေးတစ်ရက်မှာ မင်းအချစ်ကို ကိုယ်ရခဲ့တယ်
နောက်တစ်နေ့မှာ ကိုယ်ခရီးထွက်သွား မကြာခင်ပြန်လာမယ်ဆိုတယ် မင်းသိပေမယ့်
မင်းရင်ထဲက အလွမ်းတွေကို ကိုယ့်ကိုပြောပြထား
ကိုယ့်ရင်မှာလည်း ဒီအတိုင်းပဲ အချစ်လေးမင်းသိလား

အခုအချိန်မှာ ပြန်စဉ်းစား မင်းနဲ့ကိုယ်နဲ့ ချစ်ခဲ့ကြတဲ့အကြောင်းများ
ပြန်တွေးကြည့်ရင် အိပ်မက်တစ်ခုလို ပျော်စရာလေးများ ဖြစ်ပျက်သွားခဲ့
လက်တွဲမဖြုတ်တမ်း တွဲကာလျှောက်ဆဲ မင်းနဲ့ကိုယ်နဲ့ နှစ်ယောက်တည်း
ဒီလမ်းမရဲ့ တစ်နေရာမှာ လူတွေအကုန်လုံး ၀ိုင်းကြည့်လည်း
ဒီလောကမှာမင်းကို အချစ်ဆုံး မင်းစိတ်တိုင်းကျကိုယ့်ရဲ့ဘဝ
မင်းရဲ့စိတ်နဲ့ ကိုယ့်ရဲ့ကိုယ်ပဲ ဒါတွေအားလုံးဟာ အချစ်ကြောင့်ပဲ
ကိုယ်မလိုချင်တာမင်းရဲ့အမုန်း မဖြစ်စေနဲ့ ဒီအမုန်း
လောကကြီးမှာ မလိုအပ်ဆုံး မင်းဆီမှာ မထားနဲ့ အချစ်ဆုံး

တိမ်လိုတွယ်ရာမဲ့စွာနဲ့ လေနှင်ရာကိုလွှင့်ပစ်ခဲ့
အချစ်လေး မင်းမရှိတော့လဲ ကိုယ့်တစ်ယောက်တည်း.. (တစ်ယောက်တည်း.. တစ်ယောက်တည်း...)
မရေရာနိုင်တဲ့ လမ်းတွေထဲ ဟိုး.. သေချာတာတွေ ဝေးသွားခဲ့
အချစ်လေး အလွမ်းများစွာနဲ့ ကိုယ့်တစ်ယောက်တည်း...

စတွေ့မိတော့ ဒုက္ခ ချစ်တယ်ဆိုတော့ အနှုတ်ပြ
မေ့လို့မရနိုင် အိပ်မက်များခဲ့ ရင်မှာတွေးတဲ့ ဝေဒနာများတယ်
ဒါတွေကြောင့်ပဲ ငါ့မှာမူးတယ် ဒါတွေကြောင့်ပဲ အားလုံးပြောတယ်
ဖွင့်ပြောလိုက်တော့ မင်းကိုချစ်တဲ့အကြောင်း အချိန်မစွဲနဲ့
နောက်တစ်ယောက်ဖြစ်သွားမယ် နောက်ထပ်ရှိဖို့ဖြစ်မယ် ငါ့ကိုပြောတယ်
မိန်းကလေးစိတ်ကအပြောင်းအလဲမြန်တယ် ငါ့ကိုချစ်တော့ ငါထပ်ပြောတယ်
မင်းကိုချစ်တာ ကျေးဇူးတင် စိတ်မဆိုးချင်တော့ ထပ်ပြောချင်
ဘာထပ်ပြောမလဲ မင်းသိပါတယ် ကမ္ဘာကြီးလုံးတာဘယ်သူ့ကြောင့်လဲဟင်...

မင်းစတဲ့ ဇာတ်လမ်းလေးရဲ့ အဆုံးသတ်ဟာ ဘယ်လိုလဲ အဆွေးများနဲ့ ကိုယ်တစ်ယောက်တည်းလား
မင်းစတဲ့ ဇာတ်လမ်းလေးရဲ့ အဆုံးသတ်ဟာ ဘယ်လိုလဲ အဆွေးများနဲ့ ကိုယ်တစ်ယောက်တည်းလား

မင်းအမုန်းများအောက်မှာ ကျဆုံးခဲ့တယ်.. ရက်စက်မှကြေကွဲ...
မင်းတောင့်တလိုက်ရင် သေဆုံးဝံ့တယ်... မင်းစိတ်နဲ့ ကိုယ်ပဲ
မင်းအမုန်းများအောက်မှာ ကျဆုံးခဲ့တယ်.. ရက်စက်မှကြေကွဲ...
မင်းတောင့်တလိုက်ရင် သေဆုံးဝံ့တယ်... မင်းစိတ်နဲ့ ကိုယ့်ရဲ့ကိုယ်
မင်းအမုန်းများအောက်မှာ ကျဆုံးခဲ့တယ်.. ရက်စက်မှကြေကွဲ...
မင်းတောင့်တလိုက်ရင် သေဆုံးဝံ့တယ်... မင်းစိတ်နဲ့ ကိုယ့်ရဲ့ကိုယ်ပဲ...

Labels: , , , , , ,

အရည်ထုတ် - ရဲလေး၊ J-me၊ ကြက်ဖ


ဒီတစ်ပုဒ်ကတော့ ကျွန်တော် လေးစားတဲ့ Graphic Designer အစ်ကိုတစ်ယောက် နားထောင်ဖြစ်တဲ့ ၁၀ စက္ကန့် album ထဲက အရည်ထုတ်ဆိုတဲ့ သီချင်းပါ သူ့ကို surprise လုပ်မယ်ဆိုပြီး တင်လိုက်တာပေါ့။ မကြားဖူးရင် နားထောင်ကြည့်လိုက်ဦးပေါ့။ ကြားဖူးရင်လည်း နောက်တစ်ခေါက် Lyrics ကြည့်ရင်းနဲ့ လိုက်အော်ကြဗျာ..


ရဲလေး.. J-me... ကြက်ဖ... Here we go..

ကောင်းတာတွေစား ကောင်းတာတွေဝတ် အကောင်းစားတွေပြော သတိထား မင်း လူပေါင်းမှားနေတော့ ငါတို့ကပြင်ပေးလို့မရ မင်းအကျင့်ကို လူတွေအထင်သေး နေထိုင်ပုံယဉ်ကျေးဖို့က ဆိုးပြီးရင်း ဆိုးဖို့မြင်နေ.. La Bitch..

မင်းတစ်ယောက်ပဲ အလွဲတွေကိုပြော မင်းတစ်ယောက်ထဲလွဲ မင်းတစ်ယောက်တည်းပဲ အမြဲ လူတွေဝိုင်းဆွဲ လမ်းမှားနေခဲ့.. ကဲကဲကဲ ကဲဘယ်လိုလုပ်မလည်း ရင်ဘတ်တွေကသပ်နေကြဆဲ နောက်ဆုံးတော့ အရှက်တွေသာကွဲ

ဖြစ်ပျက်တာတွေများနေချင် စကားတွေမရှင်း မင်းတကယ်ကို အလုပ်မရှိလို့အားနေရင် အိမ်ကိုလာ ဘုရားရှေ့မှာ ဒူးထောက်လို့ ကျိန်ဆိုပါ ဘယ်တော့မှ


မရှုပ်တော့မယ့်အကြောင်း အရင်လို Groupie ကြီးမဟုတ်တော့တဲ့အကြောင်း

ငါပြောစရာမရှိ ငါပြောရခက် ငါချော့မှသိတော့ မင်း ဇောတကတက် နောက်တစ်ခါဆိုသေပြီသာမှတ် ကြက်ဖလို ၀မ်းနည်းပါတယ် မင်းဘာမှ လာမရှင်းနဲ့တော့ ကျန်တာအားလုံး ကဲ ရဲလေး မင်းပဲပြော

Hey Lady ဆိုးသွမ်းရင်းနဲ့ အမှားများစွာနဲ့ ဘ၀ကို နင်နိုင်ဘူးတော့ ဝေးနေ ဖေးမမယ့်လူမရှိတော့
Hey Lady ဆိုးသွမ်းရင်းနဲ့ အမှားများစွာနဲ့ ဘ၀ကို မမြင်နိုင်ဘူးတော့ ဝေးနေ ဖေးမမယ့်လူမရှိတော့ အခုထိဝေးဆဲ
ငါတို့ အမြဲတမ်းမဆုံနိုင်တော့ပါ ကိုယ့်လမ်းကြောင့် နင်အမြင်လွဲကာ ဆိုး.... ဒီမှာလေ မင်းဦးဏှောက်ကို ဆေးကြောသင့်ပြီ တိုးတိုးလေးနဲ့ပဲ အမျိုးမျိုးပေးခဲ့တယ် နာကျင်ဒါဏ်ရာတွေလည်း ပြန်မလာပါစေနဲ့ ဒီလိုဝေးကွာ -- Lady မင်းဘာပြောမလဲ
Woo.. Let me go ချစ်သူ မုန်းရက်ပြီမို့ ငါအပြစ်မယူ အပြစ်မယူ အပြစ်မယူ
Hey Lady ဆိုးသွမ်းရင်းနဲ့ အမှားများစွာနဲ့ ဘ၀ကို နင်နိုင်ဘူးတော့ ဝေးနေ ဖေးမမယ့်လူမရှိတော့ အခုထိဝေးဆဲ

ကဲကိုကဲ သည်းကိုသည်းတယ် အမြဲလိုလည်း ရေမကူးတတ်တဲ့ ဘဲလိုပဲ ရုတ်တရက်ဆို ကျွတ်ကျဲသလိုနဲ့ ဟန်ဆောင်ပြီး အပြုတ်လိုတဲ့ပဲလိုပဲ ကတ်စီး ထမင်းနဲလိုချွဲ ငါးပိရည်ကို ရွက်ယိုရွက်နဲ့ တို့ပြီးဆွဲဆိုဆွဲမယ်

မင်းကိုတော့ မရဲသလိုပဲ တော်ပြီ ဆားနဲ့ပဲ စားမယ်ဆိုတဲ့အဆွဲကိုလည်း ချွတ်လို့မရ ဇွဲပိုနေတယ် မထင်နဲ့ အချစ်က ကုတ်လေယားတဲ့ဝဲလိုပဲ မင်းကြောင့် တချို့ကြ အတိတ်တွင်ဒုတ်တွေဓါးတွေဆွဲလိုဆွဲ တချို့က ကွဲလိုကွဲ ပြဲလိုပြဲ တချို့များ အချစ်ဟာ ခါး ခါး ခါးနဲ့ အော်နေလိုက်ကြများကို အငဲလိုပဲ အဲ့လိုကဲ လှတပတ ကြွကြွရွရွ နေတယ်ဆိုမှ အသည်းပိုကွဲ အဲ့လိုအမြဲ ကြုံရင်ပေးတဲ့ ဆင်ခြေ ဘယ်သူကခွဲလို့လည်း

ခွဲမလိုနဲ့ တွဲမလိုနဲ့ ကြိုးရှည်ရှည်ကိုင်လှန်ထားတယ် စွတ်ဆွဲလိုဆွဲ တွေ့ခဲ့ရင်တော့ ဘယ်ကိုလည်း တွေ့ခါစမှာ အကဲပိုမြဲ တစ်နေ့တစ်ယောက် ထည်လဲလို့တွဲ ၀ဋ်ဆိုတာလည်တယ် မင်းဘ၀လဲ လဲပြိုမယ်

ဟော ပြောရင်း ဗိုက်ကလေးတောင်မှ ပိုဖောင်းခဲ့သလိုပဲ မျက်နှာပေါ်အနုအလှဆင် စိတ်ဓါတ်ကတော့ မဲညိုဆဲ အဆင့်အတန်းတွေခွဲလိုခွဲ ဆက်ဆံရေးတွေ ကျဲလိုကျဲ ပြီးမှ လက်သည်ရှာဖို့ ငါ့ကိုမေးတယ် ကဲဘယ်လိုလဲတဲ့ ဘယ်လိုမှ မလဲဘူး အဲ့လိုပဲ အဲ့လိုပဲ

Hey Lady ဆိုးသွမ်းရင်းနဲ့ အမှားများစွာနဲ့ ဘ၀ကို မမြင်နိုင်ဘူးတော့ ဝေးနေ ဖေးမမယ့်လူမရှိတော့ အခုထိဝေး
Hey Lady ဆိုးသွမ်းရင်းနဲ့ အမှားများစွာနဲ့ ဘ၀ကို မမြင်နိုင်ဘူးတော့ ဝေးနေ ဖေးမမယ့်လူမရှိတော့ အခုထိဝေးဆဲ

Lady hey.. Lady ဘာရွေးမလဲ အခုထိဝေးဆဲ
Lady hey.. Lady ဘာလုပ်မလဲ အခုထိဝေးဆဲ

Labels: , , ,

အတိုင်းထက် အလွန် - နောနော်




ဒီ site ကို ဘာမှမတင်ပဲထားခဲ့တာကြာပေမယ့်လည်း တချို့တချို့သော visitor တွေ ရဲ့တောင်းဆိုချက်အရ အခု ပြန်လည်တင်နိုင်အောင် ကြိုးစား တင်သွားမှာ ဖြစ်ပါတယ်။ ဒီ့အပြင် ဒီ site ကို ကျွန်တော်တစ်ယောက်ထဲ မလုပ်တော့ပဲ contributor များနဲ့ ပူးပေါင်းကာ ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် လုပ်လိုပါတယ်။ ဒါ့ကြောင့် contribute လုပ်လိုသူများ ကျွန်တော့်ကို ဆက်သွယ်နိုင်ပါကြောင်း။

အခု ပြန်စဖွင့်လိုက်တဲ့ သီချင်းလေးကတော့ ကျွန်တော့် သူငယ်ချင်း ညီလေးတစ်ယောက် နားထောင်ဖြစ်တဲ့ နောနော်ရဲ့ အတိုင်းထက်အလွန်ပေါ့။ လူတိုင်းလည်း ကြိုက်ကြ နားထောင်ကြတဲ့ သီချင်းလေးဖြစ်မှာပါ။ ကဲ နားထောင်ကြည့်လိုက်ပါဦး။


အိပ်လို့မရဘူး မျက်လုံးတွေ မှိတ်သေးဘူး
မြင်နေတယ်အခုထိ မင်းရဲ့ နှုတ်ခမ်းပါလေးပဲမြင်ယောင်ရင်း
လွဲလို့မရဘူး အာရုံက ဒီစက်ကွင်းထဲ
အချိန်ခါတွေ မနည်းဘူး အခုထိ မင်းအကြောင်းစဉ်းစားကာနေတုန်း

ဒီလိုညတိုင်း ငါနဲ့မင်း အတူနေခွင့်ရှိရင်...
အတိုင်းထက်အလွန်ပဲ...
ဒီလိုညတိုင်း ငါနဲ့မင်း အတူဆုံခွင့်ရှိရင်...
အတိုင်းထက်အလွန်ပဲ...
ငါ့အတွက်တော့...

စိတ်နဲ့ကိုယ်နဲ့ မကပ်တာ အိုမင်းကြောင့်
ဘယ်အခြေအနေရောက်ရောက် အတွေးထဲ မင်းပဲ ရောက်ရောက်လာနေတယ်
ခွင့်ပြုပါနော် ငါမင်းဆီလာခဲ့မယ်
အချိန်တွေတိုင်းပဲ ငါ့စိတ်က မင်းအနားရောက်ရောက်လာနေတယ်

ဒီလိုညတိုင်း ငါနဲ့မင်း အတူနေခွင့်ရှိရင်...
အတိုင်းထက်အလွန်ပဲ...
ဒီလိုညတိုင်း ငါနဲ့မင်း အိုဆုံတွေ့ဖြစ်ရင်...
အတိုင်းထက်အလွန်ပဲ...
ဒီလိုညတိုင်း ငါနဲ့မင်း အတူနေခွင့်ရှိရင်...
အတိုင်းထက်အလွန်ပဲ...
ဒီလိုညတိုင်း ငါနဲ့မင်း အိုဆုံတွေ့ဖြစ်ရင်...
အတိုင်းထက်အလွန်ပဲ...
ငါ့အတွက်တော့......

Labels: ,