အချစ်ရူးမလေး - ချမ်းမြေ့



ညဆိုအိပ်မက်ထဲ နှိပ်စက်တယ် ကောင်မလေး
မနက်ဆို နှိုးစက်လို ဖုန်းလေးဆက်တာ နေ့တိုင်းလေ
အိပ်ရာထ မျက်နှာသစ်လို့ ပြီးတဲ့ အချိန်မျိုးမှာ
ဘဲလ်သံက ကြားပြန်ရ အရှေ့မှာ ဒီမနက်စာ
အလုပ်ကမပြီး ဒေါသကြီးတတ်တဲ့ အချိန်များမှာ
ဖုန်းသံက ကြားနေကျ မင်းရဲ့ အသံလေးကို
ငါ့စိတ်ထဲ တောင့်တဆဲ နေ့စဉ်နေ့တိုင်းလို
မင်းကို မျှော်နေမိတယ်...

အလုပ်ကဆင်း ရှေ့လှေကားရင်းမှာ သူရပ်ကာ
စောင့်နေကျ တို့မျှော်ရတဲ့နေ့မှာ သူကမလာ
တွေးနေရင်း ရှေ့ဘက်နား ဟိုးအဝေးမှာ သူရပ်ကာ
ငါ့ကို လှောင်ပြောင်ရင်းနဲ့
အခုချိန်မှ ငါ့စိတ်များလေးတာ အကုန်ရပ်ကာ
အတွေးတွေထဲ မင်းက ကြီးစိုးနေတာ ငါမသိပါ
ငါ့စိတ်ထဲ မင်းကိုပဲ မတွေ့ရရင်မနေနိုင်တော့ပါ
ကလေးရယ် နင်ထွက်မသွားနဲ့ ငါ့ရင်ထဲ...

ဒီလိုနဲ့ တို့နှစ်ယောက် တွေ့ခဲ့တဲ့ အချိန်ကကြာ
မင်းကိုပဲ ငါ့ရင်ထဲ စွဲမြဲကာ ပိုချစ်လာ
ငါ့စိတ်ထဲ မင်းကိုပဲ မချစ်ရရင် မနေနိုင်တော့ပါ
အချစ်ရယ် နင်ထွက်မသွားနဲ့ ငါ့ရင်ထဲ...

ညဆိုအိပ်မက်ထဲ နှိပ်စက်တယ် ကောင်မလေး
မနက်ဆို နှိုးစက်လို ဖုန်းလေးဆက်တာ နေ့တိုင်းလေ
အိပ်ရာထ မျက်နှာသစ်ပြီးတဲ့ အချိန်မျိုးမှာ
ဘဲလ်သံက ကြားပြန်ရ အရှေ့မှာ ဒီမနက်စာ
အလုပ်ကမပြီး ဒေါသကြီးတတ်တဲ့ အချိန်များမှာ
ဖုန်းသံက ကြားနေကျ မင်းရဲ့ အသံလေးကို
ငါ့စိတ်ထဲ တောင့်တဆဲ နေ့စဉ်နေ့တိုင်းလို
မင်းကို မျှော်နေမိတယ်... ချစ်သူရယ်...
အချစ်ရူးမလေးရယ်....

Labels: , ,

အသက်လို - စည်သူလွင်၊ ကဗျာဘွဲ့မှူး



နေ့ရောညရော ရင်မော...
သူပစ်သွားမှာ စိုးတယ်
ဒီရင်ထဲမှာ မင်းကို အသက်လိုချစ်တာ
ယုံစမ်းပါကွာ
နေ့လားညလား ကိုယ်လွမ်း..
ယုံပါချစ်သူလေးရယ်
ဒီရင်ထဲမှာ မင်းကို အသက်လို ချစ်တာ
ယုံစမ်းပါကွာ

တစ်သက်လုံးချစ်လို့ မ၀နိုင်ပါဘူး
တို့တွေရင်ထဲမှာ ထပ်တူ
ထာဝရလမ်းမှာ အချစ်တွေ အမြဲရှိလိမ့်မယ်
အကြင်နာဆုံးချစ်သူရယ်

တစ်သက်လုံး မကုန်မယ့်အချစ်များ...
ယုံကြည်ရအောင်ပေးပါ
ဒီရင်ထဲမှာ မင်းကို အသက်လို ချစ်တာ
ယုံစမ်းပါကွာ

Labels: , ,

သတိရရင်ပြီးတာပဲ - မျိုးကျော့မြိုင်၊ ကဗျာဘွဲ့မှူး



လူတွေက သိပ်ပြောတယ် ကြင်နာသူ သူ့အကြောင်းလေး
အို အဆိုးတွေ အဆိုးတွေ အများကြီး ကိုယ်နားထုံသွားအောင် ကိုယ်ကြားပြီး
ဘယ်အခါကိုယ် မမေ့သေးတဲ့ ကြင်နာသူ သူ့အပြုံးလေး
ဟိုအပြုံး ဒီအပြုံးတွေ သတိရ ဆင်ခြင်ဖို့ဆိုတာဝေးလွန်းတဲ့ ကိုယ်နှလုံးသား

ဘယ်နေရာမှာ ရှိလိမ့်မလဲ ကိုယ်ကိုတိုင်လဲမသိတယ်
ဒီတစ်နေ့လုံး ဒီတစ်ညလုံး မင်းရဲ့အကြောင်းကိုတွေးရင်း
ဘယ်သူနဲ့ မင်းရှိမလဲ ဘယ်ရင်ခွင်မှာ အိပ်စက်မလဲ
ကိုယ်မသိဘူး မဆိုင်ပါဘူး မင်းလေးကိုယ့်ကို သတိရရင်ပြီးတာပဲ

သူပြန်လာမလားလို့ ကိုယ် အိမ်ရှေ့ရှိတံခါးလေး အို အမြဲဖွင့်ထားတယ် လာခဲ့ပေါ့
ကိုယ့်အကြောင်းတွေ သတိရရင်လာခဲ့ပေါ့

Labels: ,

အရင်လို - ရည်မွန်၊ ရဲလေး



အချိန်တွေဟာ ပြောင်းလဲခဲ့ပြီ နေ့နဲ့ညနဲ့အခု
ပြန်ပြီးတော့နောက်လှည့်မရခဲ့ ဒီမှာငါ့ဘဝ
အရင်မှာ မင်းနဲ့ အဖြစ်ကို
အတွေးထဲမှာ သတိရနေလို့ ရင်ထဲမှာ ညည်းတဲ့သီချင်း
တို့နှစ်ယောက်ရဲ့အတိတ်ကို ပြန်လည်တူးဆွ သီဆိုနေရင်းနဲ့ပဲ
ဂီတရဲ့လမ်းပေါ်မှာ လျှောက်နေခဲ့ အခုချိန်မင်းနဲ့ငါ
ခြေကုန်ကာလက်ပန်းကျ နေ့ရက်များမှာ ရင်းခဲ့တာ
နောက်ဘက်က ထောက်ပံ့ပေးမဲ့ အသိုင်းအ၀ိုင်း ဆိုတာမရှိ
အောင်မြင်မှုကိုပဲ ရယူချင်တယ် လမ်းမှန်ဆိုတာမသိ
မင်းအချစ်နဲ့ မထိုက်တန်တော့ပါ
မက်မောမှုစည်းစိမ်နောက်ကို ငါကိုယ်တိုင်ပဲ လိုက်ပြန်တော့တာ
ဒါတွေကိုဘယ်သူက နားလည်ပေးမှာ
အချစ်ဆိုတာ ပျောက်နေခဲ့ လမ်းမှားတွေလည်း လျှောက်နေဆဲ
ဒီအကြောင်းတွေ မင်းသိနိုင်အောင် ပြောပြချင်ပေမယ့်လည်း

I Love You မမေ့ဘူး ချစ်သူ I Love You.. အနိုင်ယူရင်း
I Love You အရင်လိုတို့နှစ်ယောက် တွေ့ကြနိုင်မလား..
အခုထိ I Love You အချစ်လေး

တို့နှစ်ယောက်ပြန်တွေ့ကြရင် အရင်လိုပြန်ဖြစ်မှာလား
ငါလည်းပဲရူးနေခဲ့တယ် မင်းအကြောင်းတွေနဲ့ပဲ

မပြောပါနဲ့တော့ ငါမင်းအတွက် အရာရာတွေးပြီး စာနာပေးမှာ
ရှေ့ဆုံးကပဲ ရှောင်ပြေးလို့မရ ဒီအသိုင်းအ၀ိုင်းမှာ မင်းနဲ့ တွေ့ဦးမှာပဲ
ငါမင်းကိုမေ့လို့မရခဲ့ သံယောဇဉ်လက်ကျန်တွေက မကုန်နိုင်တုန်းပဲ
မသိစိတ်က ဟိုအရင်ကလို ဆုံနိုင်ဦးမယ့် နေရာတွေမှာ တွေ့ချင်ပါတယ်
တစ်ညက သတိရလွန်းလို့ မင်းအကြောင်းတွေ studio မှာရေးချင်လာတယ်
အလွမ်းတွေက တသသ အနမ်းတွေက တစ်ဖွဖွ
ဒါမင်းအတွက် ရေးတဲ့သီချင်း မုန်းမသွားနဲ့ ကိုယ့်ကို
မင်းမိသားစု မင်းဂီတနဲ့ မင်းဘ၀တွက် ရုန်းကန်နေရပြီပေါ့
အရေးကြီးတဲ့ စားဝတ်နေရေး ဒါတွေကို နားမလည်
လူတွေ အမြင်မှာ အမှားဖြစ်နေသေး
ဒီအကြောင်းတွေ မင်းသိအောင် ပြောပြချင်ပေမယ့်လည်း

တို့နှစ်ယောက်ပြန်ဆုံကြ အောင်မြင်မှုတွက် ဆက်သွားမယ့်ပန်းတိုင်
အချစ်တွေကိုဦးစားပေး ဘ၀က ဘယ်လိုမမှန်းနိုင်
ငါရှိနေပါ့မယ် အခက်ခဲနဲ့ ဒုက္ခတွေ့ကြုံနေပြီဆိုရင်
မင်းစိတ်ဓါတ်မကျပါနဲ့ ငါနဲ့အတူတူ သီချင်းဆိုတော့ကာ
မလိုတော့ပါ အတိတ်ကာလ ထားခဲ့ဘူးတဲ့ အာဂါတရဲ့ အမုန်းတွေ
ငါ့ရှေ့မှာ တီတီတာတာလုပ်ပြနေတဲ့ ဟန်ဆောင်အပြုံးတွေ
ဒီအချိန်မှာ အားလုံးမေ့လိုက် မေ့လိုက် အမြဲတမ်းရှိနေပါ့မယ့်
မင်းအတွက်ဆိုရင် အကောင်းဆုံးမိတ်ဆွေ
အတိတ်တွေကို မေ့လို့မရခဲ့
မင်းအကြောင်းတွေ ရေးလို့ထားတဲ့ သီချင်းတစ်ပုဒ်က ငါ့အတွက်အမှတ်တရ
အပေါင်းအသင်းလို့ သတ်မှတ်လိုက်ပြီ ငါ့ရဲ့ဘက်က
ဘယ်တော့မှ မနီးစပ်ချင်တော့ဘူး အပြီးသတ်လို့ ကျန်ခဲ့ပါပြီ
တို့နှစ်ယောက်ရဲ့ဇာတ်လမ်း

Labels: , , ,

အထီးကျန် - စိုင်းစိုင်းခမ်းလှိုင်



အထီးကျန် သိမ်ငယ်မှုများစွာရယ်
မင်းမရှိတဲ့ နေ့တွေရယ် ငါတစ်ယောက်ထဲ အားတွေငယ်
အချစ်ကို ယုံကြည်ခဲ့မိပါတယ်
အစိမ်းလိုက်မင်းဖဲ့ချွေခဲ့တော့ ငါတစ်ယောက်ထဲရူးနေမယ်

ကမ္ဘာတစ်ဘက်မှာ နင်နေထိုင်တယ် ကမ္ဘာတစ်ဘက်မှာ ငါနေထိုင်တယ် ကမ္ဘာတစ်ဘက်ဆီ ဝေးလို့နေလို့ ဆွေးလို့ မြေ့လို့ ငါခွေယိုင်လဲ ကမ္ဘာတစ်ဘက်မှာ နင်ချန်ထား ကမ္ဘာပျက်မှာလား
ကမ္ဘာမြေက တို့နှစ်ယောက်ရဲ့ကြား မဆုံနိုင်အောင် ကာဆီးကာထား ကမ္ဘာတစ်ဘက်မှာည ကမ္ဘာတစ်ဘက်မှာနေ့ နာရီမိနစ် စက္ကန့်အားလုံး စောက်ထိုးမိုးမျှော် ဆန့်ကျင်ဘက်တွေဖြစ်ပြီဟေ့
ဟိုးအဝေးနင်ထွက်ပြေး ငါ့ရင်ထဲမှာ ဟာတာတာ ကျေးဇူးပြုပြီး ငါ့အချစ်ကိုနင် စာနာပါ အမြန်လာပါချစ်သူရယ် စိတ်ကောက်ကြတဲ့နေ့ကိုလွမ်းလို့ တမ်းတတယ် အရမ်းကို မင်းရှိတဲ့အရပ်ကို အမြဲကိုမှန်းလို့ မနက်နိုးရင် မေတ္တာပို့ ဘုရားမှာဦးချ သစ္စာဆို မဖောက်ပျက်ဘူး ငါ့ရဲ့စိတ်က ပက်ပက်စက်စက် ချစ်တာမို့ မင်းစိတ်ကြိုက်ဖြစ်လာဖို့ တစ်ခုချင်းကို ငါလေပြုပြင် လူတွေရဲ့ အထင်အမြင် အယူအဆတွေကို ငါလေ မမှုချင် အချိန်ရှိတိုင်းမင်းကိုလှမ်းမျှော် ပြန်မလာမှာ ကြောက်နေတယ် စောင့်နေခဲ့ လက်ချိုးရေလို့ နေ့ရက်တွေမှာ ဆောက်တည်ရာမဲ့

တစ်ယောက်တည်းပဲ နေတော့မယ်လို့ ရက်ရက်စက်စက်မင်းကပြောတယ် တစ်ယောက်ထဲပဲ ကျန်ခဲ့မှာမို့ ပက်ပက်စက်စက် ငါရင်မောတယ် မွန်းကြပ်နေခဲ့ ငါ့အခန်းထဲမှာမင်း အငွေ့အသက်တွေ အဆုံးမသတ်နိုင်တဲ့ ငါ့အလွမ်းများအတွက် သီချင်းသက်သေ အားလုံးက အတင်းဖျက်နေ မတူညီတဲ့ အဆင့်အတန်းသဘောမျိုး တဇွတ်ထိုးတတ်တယ် ငါ့အကျင့်က ဆင်ကန်းတောတိုး နေမြင့်တော့ အရူးရင့်လာ မင်းပေးတဲ့ ဥပေက္ခာ ခံရခက်တဲ့ဝေဒနာက ရင်ဘတ်ထဲမှာ စူးနင့်လာ သင်္ချာသင်ခန်းစာမှာ Base တူမှ Power ချင်းပေါင်းတယ် အခြေအတွေ မတူညီတာက မင်းရဲ့ ဘ၀က လာချင်းကောင်းတယ် မင်းငါ့ကို မကြိုက်ဘူး လုံးဝကိုမမိုက်ဘူး ဒါနဲ့လဲစိတ်မကုန်ဘူး ငါ့ရဲ့ အဖြစ်က မိုက်ရူးရဲ ငါ့အနားမှာ မင်းရှိခဲ့ ငါ့ဘ၀ကို ငါကျေနပ်တယ် မင်းနဲ့ အတူနေတဲ့ အချိန်တိုင်း ဘ၀င်ကိုလေဟပ်တယ် ငါ့အနားမှာ နင်မရှိတော့ ငါ့ဘ၀ကို ငါအားငယ်လို့ ဒီသီချင်းက ငါ့အချစ်ကို နင်နားလည်ဖို့

ကတိတွေလဲ စကားတွေလဲ တိမ်လိုလွင့်မျောသွားပြီပဲ
အလွမ်းတွေနဲ့ အဆွေးတွေနဲ့ ဘယ်လို ငါရင်ဆိုင်ရမလဲ
မင်းမရှိပဲ ဒီလူ့ဘ၀ထဲ ငါမနေတတ်ဘူး ချစ်သူရယ်
နာကြည်းတတ်တဲ့ စိတ်တစ်ခုကို ငါရချင်တယ်
ခွင့်မလွှတ်တတ်တဲ့ စိတ်တစ်ခုကို ငါရချင်တယ်

Labels: , ,

အိမ်လွမ်းသူ - ၀ိုင်ဝိုင်း



အချိန်မှန်ရထားကြီးပြေးထွက်ခဲ့ အဆုံးမဲ့ မီးလျှံထဲ
ပြန်လမ်းမရှိတော့တဲ့ ဘ၀သစ်ထဲ ပျော်ဝင်ဖြတ်သန်း စီးဆင်းဆဲ
ခိုလှုံရာအရိပ်နဲ့ လမ်းခွဲထွက် ဒါဘ၀ရဲ့ ခရီးတွေပဲ
ရင်မှာမောပန်းရင်းနဲ့ ဝေးလွင့်ရင်း ငါဟာ အိမ်ကိုလွမ်းနေသူ...

ငါအိပ်မက်ထဲထိလွမ်းဆဲ ဘယ်တော့မှ မရောက်နိုင်ခဲ့
အဖြူရောင်ခြယ်တဲ့ နှလုံးသားများ ဘယ်မှာရှာလို့တွေ့လိမ့်မလဲ
ဒီပင်လယ်ကြီးရဲ့ ဟိုးတစ်ဖက်ကမ်း ငါလှမ်းရင်းမှန်းမျှော်ဆဲ
ဒီရင်ကိုချည်သော ကြိုးတင်းခဲ ငါအိမ်ပြန်ရန်မဖြစ်နိုင်သူ

ကြေကွဲခြင်းနဲ့ ငိုရှိုက်ခဲ့ညတွေ ဘယ်သူသိနိုင်မလဲ
ကြည်လင်ဖြူစင်နေသော ကောင်းကင်မှာ
ကြယ်ရောင်လင်းလက်တောက်ပဆဲ
အရောင်ပြောင်းလဲတဲ့ တိမ်တိုက်တွေ
သယ်ဆောင်ရာခရီးဆက်ဆဲ
အိပ်မပျော်တဲ့ညတိုင်း အတွေးများလည်း
အိမ်ပြန်ချင်တဲ့ အလွမ်းတွေပဲ...

ဒါဏ်ရာနဲ့ ရထားကြီးပြေးထွက် အဆုံးမဲ့ မီးလျှံထဲ
ဒီပြန်မဆုံနိုင်တဲ့အသိက ရင်ကို အချိန်မှန် လှုပ်ခတ်နှိုး
ငါအိပ်မက်ထဲထိလွမ်းဆဲ ဘယ်တော့မှ မရောက်နိုင်ခဲ့
မောပန်းခြင်းနဲ့ ၀ဲလည်ရင်း ငါအိမ်ပြန်မရောက်နိုင်သူ

Labels: , ,

အမေ့အိမ် - ထူးအိမ်သင်



လောကရဲ့ လမ်းများပေါ် လျှောက်သွားရင်းနဲ့ မောပန်းနွမ်းနယ်
နှလုံးသားကလွမ်းဆွတ်လို့ တမ်းတမိခဲ့ အမေ့ရဲ့အိမ်ကို
အေးမြတဲ့ အမေ့ရဲ့မေတ္တာရိပ်နဲ့ ဝေးခဲ့သူမို့
တစ်ခါတစ်လေပြန်လည်တွေး ရင်မှာကိုယ်ကြေကွဲ

ခြောက်သွေ့တဲ့ အိပ်မက်ရှည်တွေကြားထဲမှာ အရိပ်တစ်ခုလွင့်ပြယ်
အေးစက်တဲ့ နေ့ရက်များ တိုက်ခိုက်ကြလို့ အားနည်းနေပြီဆို
တင်းထားတဲ့ စိတ်ဓါတ်များ ပြိုကွဲသွားမလား စိုးရိမ်လို့
ရင်မှာ ဒါဏ်ရာများ နာကြင်နေပြီကွယ်

အိမ်ပြန်ချင်တယ် ဟူး... အငြိမ်းချမ်းဆုံး အမေ့အိမ်
အိမ်ပြန်ချင်တယ် ဟူး... အနွေးထွေးဆုံး အမေ့အိမ်
အိပ်မရတဲ့ ညများစွာထဲ ဟိုး... ရထားဥသြသံလေးများ ကြားရင်
အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရဘူး

မွန်းကြပ်တဲ့ မြို့ပြလူနေမှုစနစ်မှာ စီးမျောရင်းနဲ့ပဲ
မပြီးသေးတဲ့ ခရီးတစ်ခု အဆုံးထိရောက်ဖို့ ကြိုးစားနေသူမှာ
ရိုးသားတဲ့ ကျေးလက်က အမေ့အိမ်ကလေးအကြောင်း တွေးမိနေလို့
မြင်ယောင်ကာ အိပ်မက် အလိုလိုငိုချင်တယ်

အားလုံးထက် နွေးထွေးလုံခြုံတဲ့နေရာဟာ
အမေ့အိမ်ပဲလို့ သိလိုက်ရတဲ့ အချိန်မှာ ကျွန်တော်က
ဟိုးအဝေးကြီးမှာ ရောက်ရှိနေပြီလေ

Labels: , ,

ပဲ့ကိုင်ရှင် - ဇော်ဝင်းထွဋ်၊ အီတိုး



အရောင်တွေပြောင်းလဲ ပုံရိပ်မဲ့ဓါးသွားထက်ဝယ်
ဒီရင်ကိုဖြိုခွဲ လက်ညှိုးပေါင်းများစွာရယ် ထိုးနှက်
အဖေ့ရဲ့ ဂရုဏာဒေါသ ကြင်နာမှုအပြည့်နဲ့ စကားတွေ
လှုပ်နှိုးမှုပဲ့တင်သံ ကိုယ့်နားထဲ ကြားယောင်ဆဲ

စိတ်မိုက်ကိုရွက်လွှင့် မာနနဲ့ လှော်ခတ်ရင်း
မုန်တိုင်းတွေရဲ့ကြား အမှားများ
ရှေ့ဆက်မမှားရအောင် ပဲ့ကိုင်ပေးသူ
ကြီးမားတဲ့ အကြင်နာအားတို့ရဲ့
ရိုက်ခတ်သံများ ဒီလောကမြေပြင်တစ်ခုလုံး
မယုံနိုင်အောင် တုန်ဟီးသွား

Labels: , ,

လွမ်းရယ်မပြေ - 19:18



မဆုံနိုင်ပြီလား ဘ၀တွေက
နှလုံးသားနုနု အပျံသင်ကာစအရွယ်
ပုံပြင်ဟောင်းလေးတစ်ပုဒ် ရင်မှာရှိခဲ့တယ်
လွယ်အိတ်တစ်လုံး ပုခုံးထက်မှာ
အပျော်ဆုံးကျောင်းတက်ချိန် ငါတို့ကျောင်းသားဘဝ

အဖြူစင်ခဲ့ဆုံး သစ္စာတရားနဲ့
အစောဆုံးချစ်၍ ပျော်စရာအိပ်မက်တွေ
နောင်ပြန်မရောက်တော့မဲ့ အကြင်နာလမ်းကလေးတွေ
အတူလျှောက်ခဲ့ကြတယ်
လက်ဖ၀ါးနုနုကို ငါတွဲထားရင်းနဲ့

ဒီအချိန် ကျောင်းတော်ကြီးရဲ့ အလယ်မှာ
စိန်ပန်းတွေလည်း ပွင့်နေပြီကွာ
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
အလွမ်းရယ် မပြေဘူး ကျောင်းသားဘဝ

Labels: , , , ,

အလှကမ္ဘာမြေ



သန်းမြတ်စိုး


ချိုပြုံး

ဤကမ္ဘာမြေပြင်ပေါ်တလွှားဝယ် သူငါများတို့ရယ်
အလှနဲ့သစ္စာကိုကွယ် ဖွေရှာမောကြတယ်
တကယ်မမောပန်းစေရန်ကိုကွယ် ပြောပြောပြမယ်
ကိုယ့်ဌာနေ ၀န်းကျင်မှာကွယ် တကယ်ပင် အလှရှိတယ်။

စုံမြိုင်ခြေဂနိုင်မြေလမ်း အထွေထွေ ဆန်းပြားကြွယ်
သဘာဝရဲ့အလှဟန်တွေရယ် ထုံကြည်သင်းပျံ့တယ်
တကယ်အလှရဲ့မူမှန်ကိုကွယ် တွေးကာ ငေးကြည့်ဝယ်
ကမ္ဘာ့တန်ဆာမိခင်မြေ၀ယ် ပုံပန်းချီရေးသိဖွယ်။

ဒီဘုံဘွေကြုံလေသမျှဝယ် သဘာဝတရားအလှရယ်
ဘ၀ရဲ့သစ္စာမည်တယ် ခိုင်မာ အမြဲမြစ်တွယ်
တဒင်္ဂအလှဆိုတာတွေရယ် ပေါကြွယ်လွန်းလှတယ်
တကယ့်အလှနဲ့ သစ္စာမှာကွယ်
သဘာဝ အခင်းဖြစ်တယ်။

စုံမြိုင်ခြေဂနိုင်မြေလမ်း အထွေထွေ ဆန်းပြားကြွယ်
သဘာဝရဲ့အလှဟန်တွေရယ် ထုံကြည်သင်းပျံ့တယ်
တကယ်အလှရဲ့မူမှန်ကိုကွယ် တွေးကာ ငေးကြည့်ဝယ်
ကမ္ဘာ့တန်ဆာမိခင်မြေ၀ယ် ပုံပန်းချီရေးသိဖွယ်။

Labels: , , , ,

ဒုက္ခလမ်းမများ - အယ်နောင်း



မြင်နေကြ ငါ့ရဲ့ အခန်းနဲ့ ငါ့ရဲ့အိမ်
နောင်တများနဲ့ ငါလွမ်းဆွတ်မိနေခဲ့တာ
မျှော်လင့်ခြင်းတွေ လွင့်ပျောက်သွားပြီကွာ
အို... ဒုက္ခလမ်းမများ

မေမေသိအောင် သားလေးရှင်းမပြ၀ံ့တော့ပါ
နာကျင်လွန်းတာ အမေ သိများသိနေရင်
ငိုနေမိမယ် အမေ့မျက်ဝန်းအိမ်လေး
အို... ဒုက္ခလမ်းမများ

မေမေ ခွင့်လွှတ်ပေးလှည့်ပါ
မေမေ သိအောင်လေ သားလေး ရှင်းမပြ၀ံ့ပါ
ဒီမှာ လမ်းမများ အိုသားရဲ့အိပ်မက်တွေ နင်းလို့
ရက်စက်လွန်းတဲ့ ညလည်းများစွာ
အို... ဒုက္ခလမ်းမများ

Labels: ,