အမေ့အိမ် - ထူးအိမ်သင်



လောကရဲ့ လမ်းများပေါ် လျှောက်သွားရင်းနဲ့ မောပန်းနွမ်းနယ်
နှလုံးသားကလွမ်းဆွတ်လို့ တမ်းတမိခဲ့ အမေ့ရဲ့အိမ်ကို
အေးမြတဲ့ အမေ့ရဲ့မေတ္တာရိပ်နဲ့ ဝေးခဲ့သူမို့
တစ်ခါတစ်လေပြန်လည်တွေး ရင်မှာကိုယ်ကြေကွဲ

ခြောက်သွေ့တဲ့ အိပ်မက်ရှည်တွေကြားထဲမှာ အရိပ်တစ်ခုလွင့်ပြယ်
အေးစက်တဲ့ နေ့ရက်များ တိုက်ခိုက်ကြလို့ အားနည်းနေပြီဆို
တင်းထားတဲ့ စိတ်ဓါတ်များ ပြိုကွဲသွားမလား စိုးရိမ်လို့
ရင်မှာ ဒါဏ်ရာများ နာကြင်နေပြီကွယ်

အိမ်ပြန်ချင်တယ် ဟူး... အငြိမ်းချမ်းဆုံး အမေ့အိမ်
အိမ်ပြန်ချင်တယ် ဟူး... အနွေးထွေးဆုံး အမေ့အိမ်
အိပ်မရတဲ့ ညများစွာထဲ ဟိုး... ရထားဥသြသံလေးများ ကြားရင်
အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရဘူး

မွန်းကြပ်တဲ့ မြို့ပြလူနေမှုစနစ်မှာ စီးမျောရင်းနဲ့ပဲ
မပြီးသေးတဲ့ ခရီးတစ်ခု အဆုံးထိရောက်ဖို့ ကြိုးစားနေသူမှာ
ရိုးသားတဲ့ ကျေးလက်က အမေ့အိမ်ကလေးအကြောင်း တွေးမိနေလို့
မြင်ယောင်ကာ အိပ်မက် အလိုလိုငိုချင်တယ်

အားလုံးထက် နွေးထွေးလုံခြုံတဲ့နေရာဟာ
အမေ့အိမ်ပဲလို့ သိလိုက်ရတဲ့ အချိန်မှာ ကျွန်တော်က
ဟိုးအဝေးကြီးမှာ ရောက်ရှိနေပြီလေ

Labels: , ,

Post a Comment