မဖြစ်သင့်တော့တဲ့ - LRC



ပိုင်ဆိုင်ချင်တာဆိုလို့ ငါ့ကမ္ဘာမှာ တခြားဘာမှမရှိဘူး
တစ်ယောက်တည်းသူ မ ပါကွာ
တစ်ခုတည်းသော ငါ့ရဲ့ အချစ်ကို ငါပေးခဲ့တယ်
နားလည်ပါဦး ညာတာလုံးဝမဟုတ်ပါဘူး
အမြဲပါပဲကွာ လက်တွေ့နဲ့လွဲခဲ့ရတဲ့
အိပ်မက်မှာပဲ ထားခဲ့လိုက်တော့
အမြဲပါပဲကွာ တောင့်တတဲ့ ရက်တို့ရောက်နိုင်မှာလား
ရင်နာအောင် ငြင်းလိုက်တော့မှာလား

ဘာကြောင့် မဖြစ်သင့်တော့တာလည်း
ငါဒီလိုမေးချင်တယ် မေးချင်နေလို့
ဖြေပါဦး ဟိုး အဝေးကြီးရောက်နေတဲ့
မဆုံနိုင်ဘူး မ ရယ် မ ရယ် ဟူး...

မနေနိုင်ဘူးကွာ မ ရယ် တယ်လီဖုန်းလေးဘေးမှာရူးနေတာ
မ က မသိ မနေနိုင်ဘူးကွာ
မ ရယ် ဒါတကယ်ပဲ မဖြစ်သင့်တော့တဲ့ အချစ်တစ်ခု ဖြစ်ခဲ့ပြီလား
မ ရယ် တယ်လီဖုန်းလေးဘေးမှာရူးနေတာ
မ က မသိ မနေနိုင်ဘူးကွာ
မ ရယ် ဒါတကယ်ပဲ မဖြစ်သင့်တော့တဲ့ အချစ်တစ်ခု ဖြစ်ခဲ့ပြီလား

အချိန်မှန်ပြောခဲ့ကြတယ် တယ်လီဖုန်း မအသံကိုမျှော်နေတုန်း
နေ့နဲ့ညနဲ့ ပြောင်းလဲ
ရူးခဲ့ရပြီငါ့မှာ အချိန်ရှိတိုင်း
ဘယ်အချိန်တွေ ရောက်လာမလဲ ဘယ်အချိန်မှာ ပျောက်ဆုံးမလဲ
အချိန်တွေကနည်း နေ နေ နေ နေခဲ့
တွေဝေနေကာ မနေပါနဲ့
တွေ့ကြဖို့နေ့တွေ ဘယ်တော့လဲ
အချိန်တွေကနည်း နေ နေ နေ နေခဲ့
တွေဝေနေကာ မနေပါနဲ့ စဉ်းစားကြည့်ပါ

ဘာကြောင့် မဖြစ်သင့်တော့တာလည်း
ငါဒီလိုမေးချင်တယ် မေးချင်နေလို့
ဖြေပါဦး ဟိုး အဝေးကြီးရောက်နေတဲ့
မဆုံနိုင်ဘူး မ ရယ် မ ရယ် ဟူး...

မနေနိုင်ဘူးကွာ မ ရယ် တယ်လီဖုန်းလေးဘေးမှာရူးနေတာ
မ က မသိ မနေနိုင်ဘူးကွာ
မ ရယ် ဒါတကယ်ပဲ မဖြစ်သင့်တော့တဲ့ အချစ်တစ်ခု ဖြစ်ခဲ့ပြီလား
မ ရယ် တယ်လီဖုန်းလေးဘေးမှာရူးနေတာ
မ က မသိ မနေနိုင်ဘူးကွာ
မ ရယ် ဒါတကယ်ပဲ မဖြစ်သင့်တော့တဲ့ အချစ်တစ်ခု ဖြစ်ခဲ့ပြီလား

တွေ့ဆုံချိန်တွေ မျှော်နေတယ်ရူး
ငါဒီလိုပျော်ချင်တယ် အခု မ နဲ့ တွေ့ကြဖို့က ဘယ်တော့လည်း

Labels: , ,

Post a Comment