အချစ်ကြောင့် - မျိုးကျော့မြိုင်



အချစ်ကြောင့်ရူး အချစ်ကြောင့်မူး ဒီကမ္ဘာကြီးမှာ
အချစ်နာကျ အချစ်ဒဏ်များ ခံနိုင်ရည်မရှိပါ
ကိုယ့်ရဲ့ဘ၀ အဆိုးဆုံးက ဒီအချစ်ပါ
အိပ်လို့မရ စားလို့မရ အကြိမ်ကြိမ်သေဆုံးကာ
အချစ်ကြောင့် နေ့ညတို့ ပျော်ခဲ့ဖူးသလို
အချစ်ကြောင့် နှစ်လတို့ ငိုခဲ့ဖူးတာ
အသည်းကွဲကြ လွမ်ဆွေးကြ ဒီအချစ်ဟာ
ရှိလည်းကောင်း မရှိလည်းကောင်း ဒီကမ္ဘာကြီးမှာ
အိပ်မက်တွေမက်ခါ.... ကြီးပြင်းခဲ့ ဘ၀ရဲ့အစ ရင်ခုန်သံများဟာ
အခုများဘယ်အနားမှာ မရှိတော့ဘူး မရတော့ဘူး
တကယ်ကွာခြားလာ..
ကလေးလေးဘ၀ အချစ်သီချင်းများ ကိုယ်ချရေးကာ
အချစ်ဆိုတဲ့ စာသားတွေနဲ့ ကိုယ်ကြည်နူးလာ
လက်တွေ့ဘ၀တွေ့ရတဲ့ ဒီအချစ်ဟာ
အမည်းစက်များ လောကဓံကြား တရားခံဖြစ်လာ

ပျော်ရွှင်ခဲ့သော အချိန်တစ်ခုသာ
ချစ်သူအပြုံးအလှဆုံး ကိုယ်ထင်ခဲ့တာ
အဆင်မပြေခဲ့သောအချိန် ဒီအချစ်ဟာ
တစ်ယောက်နဲ့တစ်ယောက် လှည့်မကြည့်လောက်အောင် ရွံမုန်းလာ

အိပ်မက်တွေမက်ကာ ချစ်သူအပြုံးအလှဆုံး ဒီကမ္ဘာကြီးမှာ
အခုများ ဘယ်နားမှာ တစ်ယောက်နဲ့တစ်ယောက်လှည့်မကြည့်လောက်အောင် ရွံမုန်းလာ

အချစ်ကြောင့်ပေါ့ ကိုယ့်ရဲ့ဘ၀ အကြိမ်ကြိမ်သေခဲ့ဖူးတာ..
ကိုယ်သေခဲ့ဖူးတာ...

Labels: , , ,


i like this song
cool...
this song is pop and hip hot
Commented by Blogger Unknown @ March 15, 2008 10:04 AM 


Post a Comment