မိုးပြေး - ခင်ဖုန်း



မိုးလေးသည်းတုန်း အချစ်တစ်ခုရဖူးတယ်
စွဲမြဲချစ်ဖို့ ငါရည်ရွယ်ထားလဲ
နင်ဟာ မိုးလေးဆဲတော့ တိတ်တိတ်ထွက်သွားတယ်
နွေးထွေးတဲ့အပြုံးလေးတွေ ပျောက်ဆုံးခဲ့တယ်

မိုးသည်းထဲမှာပဲ အသည်းထဲ ခဏ၀င်ခဲ့
ရွာပါဆိုတော့လည်းပဲ အဝေးဆုံးကိုပြေးခဲ့
မိုးသည်းထဲမှာပဲ အသည်းလေး တစ်စဆီကွဲ
ရင်ခုန်သံတွေ ပြောင်းလဲ မျှော်လင့်ဆဲ

မိုးဖွဲလေးထဲ အရိပ်တစ်ခုကိုတွေ့တယ်
အေးစက်ကျောခိုင်း သူရယ်သံများနဲ့
ငါဟာ မိုးပြေးလေးပဲ တမ်းတနေမိတယ်
ရွှဲရွှဲမိုးမျက်ရည် စိုဆဲပဲ

မိုးပြေးလေးပါပဲ အသည်းထဲ ခဏ၀င်ခဲ့
ရွာပါဆိုတော့လည်းပဲ အဝေးဆုံးကိုပြေးခဲ့
မိုးသည်းထဲမှာပဲ အသည်းလေး တစ်စဆီကွဲ
ရင်ခုန်သံတွေ ပြောင်းလဲ မျှော်လင့်ဆဲ

နင်ဟာ လေနှင်ရာပြေးတဲ့ မိုးစက်တွေပဲ
ပိုင်ဆိုင်နိုင်တဲ့ အပြုံးက ရက်စက်နေခဲ့

Labels: ,

Post a Comment