နောက်ဆုံးရထား - လေးဖြူ



ငါ့ဘူတာရုံလေးလည်း တိတ်ဆိတ်တဲ့ညတွေလို
အေးစက်ဖို့အသင့်ပြင်တယ် ဘာကိုမှမသိချင်သလို
ပြတင်းပေါက်က အလင်းလို တံခါးပိတ်တော့ ပျောက်ကွယ်ပြီ
ဆုံးရှုံးသွားတာလဲ ဘူတာအိုလေးမသိနိုင်ပြီ

နောက်ဆုံးရထားလေး ထွက်ခွာသွားတော့
နောက်ဆုံးရထားလေး ငါ့ကိုနင်းခြေရင်း ဆက်ပြီးသွား
နောက်ဆုံးရထားလေး ထွက်ခွာသွားတော့

ဘ၀သစ်တစ်ခုရှိနေမယ် လျှို့ဝှက်ချက်တို့ဆန်းကြယ်တယ်
အတိအကျမသိနိုင်လည်း ရည်ရွယ်ရာသို့သွားနိုင်တယ်
ရထားတစ်စင်းကထွက်ခွာချိန်မှာ ရထားသစ်နောက်ထပ်ရောက်လာမယ်
ဝေးလွန်းလှတဲ့နေ့ရက်တွေလည်း ပြန်ဆုံနိုင်ဖို့ မဖြစ်နိုင်တယ်

နောက်ဆုံးရထားလေး ထွက်ခွာသွားတော့
နောက်ဆုံးရထားလေး ငါ့ကိုနင်းခြေရင်း ဆက်ပြီးသွား
နောက်ဆုံးရထားလေး နှုတ်ဆက်နေရင်း

တို့နှစ်ယောက်ရဲ့ မြင်ကွင်း ကြည့်ရင်းနဲ့ဝေးကွာခဲ့
တဖြည်းဖြည်းမှေးမှိန်သွားရင်း စမ်းချောင်းလေးလိုချန်ခဲ့
ရေး..... ရေ......

နောက်ဆုံးရထားလေး ထွက်ခွာသွားတော့
နောက်ဆုံးရထားလေး ငါ့ကိုနင်းခြေရင်း ဆက်ပြီးသွား
နောက်ဆုံးရထားလေး နှုတ်ဆက်နေရင်း
နောက်ဆုံးရထားလေး နောက်ဆုံးရထားလေး
ဘယ်သူမှ မသိလိုက်ကြ
နောက်ဆုံးရထားလေး နောက်ဆုံးရထားလေး
ငါ့အားနင်းခြေ နှုတ်ဆက်ပြီးသွား ရထားလေး...
ထွက်ခွာသွားတော့.....

Labels: ,

Post a Comment