ဥသြ - အဲလက်စ်






ကျောင်းပိတ်လို့ အိမ်ပြန်ချိန် နှုတ်ဆက်တော့ ရင်ထဲတွေး
မင်းသွားတော့ ငါပဲ တစ်ယောက်ထဲရင်ကွဲ စိတ်တွေလေ
ဟိုးဝေးဝေး ကွယ်ရာဆို လျှောက်လိမ့်လို့ မနေနဲ့လေ
နားထဲလည်း နွေ၏ ဥသြသံများ ကြားယောင်နေ

ငါမရှိတုန်းလေး ငြိမ်ငြိမ်လေးသာ မင်းရဲ့အနေနဲ့နေ
အိမ်မှာအမြဲနေပါ တယ်လီဖုန်းတွေလာရင် ခဏခဏ ထမကိုင်နဲ့ဦးလေ

နွေကျောင်းပိတ်လေး တို့ဆွေးဖို့လား အချစ်
နောက်ဆုံးအရိပ်လေး ကိုယ်ငေးကြည့်ရင်းဆွေး
ချစ်ခဲ့ကြတဲ့ အဖြစ်လေးတွေ သတိရနိုင်ဦးလေ

ကျောင်းဖွင့်လို့ ပြန်လာရင် သူစိမ်းတစ်ယောက်နဲ့မလာနဲ့လေ
ငါ့ညည အိပ်မက်တွေလည်း သိပ်ပြီးဆိုးတယ်လေ
ဟိုးဝေးဝေး ကွယ်ရာဆို လျှောက်လိမ့်လို့ မနေနဲ့လေ
နားထဲလည်း နွေ၏ ဥသြသံများ ကြားယောင်နေ


Labels: , ,

Post a Comment