လမ်းနဲ့အလွမ်း - ချစ်သုဝေ

မနက်ကလေးတစ်ခု

mmhan




များလွန်းတဲ့ stress တွေရဲ့ အလယ်မှာ
ဒီတစ်ညလဲ ငါမိုးလင်းထိထိုင်နေမိတယ် ချစ်သူ..

ညမအိပ်ခဲ့ရတဲ့ မနက်တွေကိုငါမုန်းပါတယ် ချစ်သူ...

အထူးသဖြင့်... တစ်ညလုံး ချစ်သူနဲ့ဖုန်းပြောဖို့စောင့်ခဲ့ရပြီးမှ
"နင် တကယ်မသိတာလား။ ငါချစ်သူသစ်ရသွားပြီ"လို့ ကြားခဲ့ရတဲ့
မနက်လေးတစ်ခုကိုပေါ့လေ...




ဒီမနက်တိုင်းမှာ ငါလေလွမ်းတတ်ခဲ့ပြီပဲ
ဒီမနက်မျိုးလေးမှာလေ အချစ်ကခွဲခွာခဲ့
ပြန်တွေ့ဖို့ရာ ငါလေ အခုထိမျှော်လင့်ဆဲ
အချစ်မျက်ရဲ့ ဒါဏ်ရာတွေသာ ငါ့အတွက်ကျန်ရစ်ခဲ့
ငါစောင့်နေတယ် ဒီလမ်းလေးမှာ အလွမ်းတွေရယ်ရစ်ဝိုင်း
ဒီလမ်းမှာ မြူတွေဆိုင်းနေချိန်တိုင်း

စိုနေတဲ့သစ်ရွက်တွေပေါ် လမ်းလျှောက်ခဲ့တာလဲ
ပြန်မြင်ယောင်ဆဲပဲရင်မှာ နှမြောသတစွာနဲ့
အဆက်အစပ်မဲ့ပုံပြင်တွေသာ ငါ့ရဲ့ရင်ခွင်ထဲ
အခုထိတော့လေ ရင်မှာလှိုက်ဖိုရင်းနဲ့
ငါစောင့်နေတယ် ဒီလမ်းလေးမှာ အလွမ်းတွေရယ်ရစ်ဝိုင်း
ဒီလမ်းမှာ မြူတွေဆိုင်းနေချိန်တိုင်း

ငါစောင့်နေတယ် ဒီလမ်းလေးမှာ အလွမ်းတွေရယ်ရစ်ဝိုင်း
ဒီလမ်းမှာ မြူတွေဆိုင်းနေချိန်တိုင်း

ငါစောင့်နေတယ် ဒီလမ်းလေးမှာ အလွမ်းတွေရယ်ရစ်ဝိုင်း
ဒီလမ်းမှာ မြူတွေဆိုင်းနေချိန်တိုင်း

Labels: , ,

Post a Comment