မင်းမရှိတဲ့နေရာ - မျိုးကျော့မြိုင်

ကြေးစည်

မောင်သန့်ဇင်




မိုင်ပေါင်းက ဘယ်လောက်ပင် ဝေးကွာ... အိပ်မက်နဲ့အသက်ရှင်ခဲ့တာ...




V: နေ့နဲ့ညတွေများစွာ တစ်နေ့ထက်တစ်နေ့ အိုမင်းလာ..
မင်းရဲ့မျက်နှာလေးကို မတွေ့ရတော့တဲ့ နောက်မှာ
မှားလည်းမှားပါစေ ကိုယ့်မှာ အေးအေးပဲနေတတ်လာ
မင်းရဲ့စကားသံလေးတွေ မကြားရတော့တဲ့နောက်မှာ

Pre-CHO: ရင်ထဲမွန်းနေပါပြီ တစ်ရက်ပြီးတစ်ရက် တကယ်အကြာကြီး
အတူရှိဖို့ ဒီဘ၀ခရီးခက်ခဲလွန်းနေပါပြီ
အတူရှိခဲ့တဲ့ အချိန်တွေဆီတကယ်အောက်မေ့နေပါပြီ

CHO: မင်းမရှိတဲ့နေရာ မင်းရဲ့အဝေးမှာ ကိုယ့်ခြေထောက်တွေ
ဘယ်ကိုခရီးဆက်လို့သွား
မင်းနဲ့ဝေးရင် အရာအရာ/ကိုယ်ဟာ အမှားကြီးမှားနေ
ကိုယ့်ရဲ့အတွေးတွေ လည်နေ ၀ိုးတိုးဝါးတား

V: နေ့ဟောင်းများလည်း ကျော်ဖြတ်လာ
ညများလည်း ရှင်သန်လို့လာ
မိုင်ပေါင်းက ဘယ်လောက်ပင်ဝေးကွာ
အိပ်မက်နဲ့ အသက်ရှင်ခဲ့တာ
ခက်ခဲတဲ့ အချစ်တွေနဲ့သာ
ကိုယ်တို့နှစ်ယောက်ဘ၀တွေ ဝေးကွာ
တစ်နေ့တော့တွေ့ရဦးမှာ စိတ်ကူးနဲ့ရှုးတဲ့ကိုယ့်ကမ္ဘာ

Pre-CHO: သူနားရှိချင်ပါပြီ အင်အားများ ဝေမျှပြီး
အတူရှိမယ့်အချိန်တွေဆီ တကယ်တမ်းတမျှော်လင့်ပြီး
တစ်ယောက်တည်းမွန်းနေပါပြီ ရင်ထဲမွန်းနေပါသည်

CHO:

Bridge: မနက်တို့ရောက်မဲ့အချိန်တိုင်း နှုတ်ဆက်ရတော့မယ့် ညတိုင်း
အိပ်မက်ထဲက လန့်နိုး ကိုယ်လေ မင်းအပြုံးလေးတွေကိုမက်လို့

CHO:

Labels: , ,

Post a Comment