SPoT FM: မြန်မာ

ဒီ post ကတော့ စာဖတ်သူတို့ user တို့ ဖတ်ချင်အောင် ကျွန်တော် မြန်မာလို ပြန်ရေးထားတဲ့ About SPoT FM ပါ English လိုပဲဖတ်ချင်တယ်ဆိုရင်တော့ ဟော့ဒီ့ Link မှာ ဖတ်နိုင်ပါတယ်


ဒီ page မှာ SPoT FM ရဲ့ အကြောင်းကို အမေးအဖြေလေးတွေနဲ့ စာဖတ်သူတို့သိနိုင်အောင် ဖော်ပြထားပါတယ်။ အချိန်ကြာလာလို့ မေးခွန်းတွေများလာတာနဲ့အမျှ ဒီ page ကိုရော English ဘာသာ page ကိုပါ update လုပ်သွားမှာဖြစ်ပါတယ်။



အမေး -- ဒီ service သည် ဘယ်လို service မျိုးပါလဲ။


အဖြေ -- SPoT FM သည် Blog တစ်ခုပုံစံအနေနဲ့ တည်ဆောက်ထားတဲ့ ရေဒီယိုတစ်မျိုးဖြစ်ပါတယ်။ Blog နှင့် အထိအတွေ့ရှိသော/ Internet သုံးနေကျသော မြန်မာများအားလုံးအတွက် ရည်ရွယ်ထားပါတယ်။



အမေး -- ဒီလို Service တွေ အများကြီးရှိတာပဲ။ တချို့ Service တွေဆို Streaming တင်မဟုတ်ဘူး Downloadပါ ပေးတယ်၊ ဒီမှာ တောင်းမှ တင်ပေးမယ့် မရှိစလောက်သီချင်းလေးတွေကို ဘယ်လို့ နားထောင်ရမှာလဲ။


အဖြေ -- SPoT FM သည် အခြားအခြားသော Service တွေလို သီချင်းတွေ အများကြီးလည်း မတင်ပေးထားပါဘူး။ ဒါပေမယ့် SPoT FM ရဲ့ ထူးခြားချက်မှာ တစ်ခြား service တွေလို webmaster တွေတင်တာကို နားထောင်ရတာမျိုးမဟုတ်ပဲ နားထောင်သူကိုယ်တိုင်နားထောင်ချင်တဲ့ သီချင်းကို တောင်းဆိုခွင့်ရှိခြင်းပါပဲ။ ဒါ့အပြင့် ဒီ service ရဲ့ အဓိကအချက်ဖြစ်တဲ့ တစ်စုံတစ်ဦးအတွက် နှင့် အကြောင်းအရာတစ်ခုအတွက် နားထောင်ချင်လာတဲ့ သီချင်းကို မိမိကိုယ်တိုင်နှင့် မိမိရည်ရွယ်သူကိုသာမက ဒီ service ကို သုံးနေတဲ့ user တိုင်းကိုပါ နားထောင်ခွင့်ပေးနိုင်ခြင်း မိမိခံစားသကဲ့သို့ ခံစားခွင့်ပေးခြင်းဖြစ်ပါတယ်။



အမေး -- ဒါဆို ဒီ service မှာ ကျွန်ုပ် ဘယ်လိုပါဝင်ခွင့်ရှိပါလဲ။


အဖြေ -- သင်သည် user တစ်ယောက် အနေနှင့် ဒီ service မှာ ပရိသတ်တို့တောင်းဆိုတဲ့ သီချင်းများကို နားထောင်နိုင်ပါတယ် သို့မဟုတ် တောင်းဆိုသူတစ်ယောက် အနေနှင့် ရည်ရွယ်ရာတစ်ယောက် ဆီသို့ ရည်ရွယ်ရာ စာတစ်ကြောင်း စာတစ်ပိုဒ်ဖြင့် သီချင်းတောင်းဆိုနိုင်ပါတယ် သို့မဟုတ် ဤ service ပိုမိုကောင်းမွန်လာရေး အတွက် သီချင်းများကို ပေးပို့ပေးနိုင်ပါတယ်။



အမေး -- ကျွန်ုပ်သီချင်းဘယ်လိုတောင်းရပါမလဲ။


အဖြေ -- Banner မှာ ရှိတဲ့ SPoT a song ဆိုတဲ့ Button ကို နှိပ်လိုက်ပါ။ ထို Page တွင် မည်သို့ သီချင်းတောင်းဆိုရမည်ကို ဖော်ပြထားပါတယ်။



အမေး -- ဘာလို့ SPoT FM လို့ အမည်ပေးထားရပါသလဲ။


အဖြေ -- ကျွန်တော်ကိုယ်တိုင်လည်း စဉ်းစားလို့ မရတော့လို့ Blogspot မှာရှိနေတဲ့ ကျွန်တော့် radio လေးကို SPoT FM လို့ အမည်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အကယ်၍ အမည်ပြောင်းရန် အကြံဥာဏ်ကောင်းများရှိခဲ့ပါက spot.fm.mm@gmail.com ကိုအချိန်မရွေး ဆက်သွယ် အကြံပေးနိုင်ပါတယ်။



အမေး -- ဘာလို့ ဒီ service က Full Version မဟုတ်ပဲ BETA ဖြစ်နေရပါသလဲ။ BETA service တွေ နာမည်ကြီးနေလို့လား။


အဖြေ -- ကျွန်တော်ကိုယ်တိုင် ဒီလို service မျိုး မတွေ့ဘူး၍ အများပြည်သူတို့၏ အားပေးမှုမည်သို့ရှိမည်ဆိုသည်ကို မသိတာကတစ်ကြောင်း၊ ကျွန်တော့်တွင် သီချင်း အလုံအလောက်မရှိပါသေး၍ user များတောင်းလာသမျှ သီချင်းတိုင်းကို တင်မပေးနိုင်မည်ကို စိုးရိမ်မိသည်က ကြောင့် ဤ project ကို Beta ဟု အမည်ပေးလိုက်ရတာပါ။



အမေး -- မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ကိစ္စရော ဘယ်လိုလဲ။


အဖြေ -- ယခုအချိန်မှာ မြန်မာသီချင်းများကို service ပေါင်းများစွာက streaming သို့မဟုတ် download များ ပေးနေကြပြီဖြစ်ပါတယ်။ SPoT FM မှာ ထိုထိုသော Service များကဲ့သို့ Download များ မပေးသည့်ပြင် ထွက်ထွက်လာသမျှသော စီးရီးများကို စီးရီးလိုက်တင်ပေးသော service မျိုးမဟုတ်ပဲ Radio အစီအစဉ် တစ်ခုမျှသာ ဆောင်ရွက်နေသော FREE service မျိုးဖြစ်ပါတယ်။ ကျွန်တော်သာ အနုပညာသမားတစ်ဦးဖြစ်ခဲ့လျှင် ကျွန်တော့်၏သီချင်းကို ဒီ service က တင်လိုက်ခြင်းဖြင့် ဂုဏ်ယူမိပါလိမ့်မယ်။ အထူးသဖြင့် သီချင်းတစ်ပုဒ် နားထောင်ရဖို့အတွက် Email ပို့ရ သီချင်းလည်း send ပေးရတဲ့ ဒုက္ခမျိုးကိုခံနိုင်တဲ့ ပရိသတ်မျိုးဟာ ဒီသီချင်းကို အသဲအမဲကြိုက်လွန်းလို့သာဖြစ်ပါတယ်။



အမေး -- ကျွန်ုပ်သည် အနုပညာရှင်တစ်ယောက်ပါ။ ကျွန်တော့်သီချင်းကို ဒီ Service မှာတင်တာကို ကျွန်တော်လက်မခံနိုင်ပါဘူး။ ဒီကိစ္စကို ရှင်းပေးပါ။


အဖြေ -- နိုင်ငံတကာမှ အစ်ကို/အစ်မ၏ ပရိသတ်များအတွက် လွှင့်တင်လိုက်မိခြင်းသည် ကျွန်တော် အစ်ကို အစ်မအတွက်နစ်နာမှုများရှိခဲ့သော် ကျွန်တော်တောင်းပန်ပါတယ်။ Service ၏ email ဖြစ်သော spot.fm.mm@gmail.com သို့ ဆက်သွယ်ကာ အကြောင်းကြားပေးပါခင်ဗျာ။ ကျွန်တော့်အနေဖြင့် အစ်ကိုအစ်မတို့ရဲ့ သီချင်းများကို service မှ ဖျက်ထုတ်ပေးပါ့မယ်။



အမေး -- ကျွန်ုပ်သည်လည်း အနုပညာရှင်တစ်ယောက်ပါ။ ကျွန်တော့်သီချင်းတွေကို ဒီ service မှာတင်ပေးစေချင်ပါတယ်။ ဒါပေမယ့် user တွေက ကျွန်တော့် သီချင်းတွေ ဒီမှာရှိမှန်း မသိမှာစိုးတယ်။ ဘယ်လိုလုပ်ရမလဲ။


အဖြေ -- Service ၏ user များကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ.. spot.fm.mm@gmail.com ကိုသာ အစ်ကို အစ်မရဲ့သီချင်းများကို ပို့ပေးလိုက်ပါ။ User များကို ကျွန်တော် အကြောင်းကြားပေးပါ့မယ်ခင်ဗျာ။



အမေး -- ကျွန်တော့်မှာရှိတဲ့ သီချင်းတွေထဲက ကောင်းတာလေးတွေကို ဒီ Service အတွက်ပေးချင်ပါတယ်။ ဘယ်လိုလုပ်ရပါ့မလဲ။


အဖြေ -- Email သာပို့လိုက်ပါခင်ဗျာ။



အမေး -- ဒီ Service ဟာ Free web service တွေကို အသုံးပြုထားတာကို တွေ့ရပါတယ်။ ဒီလိုမျိုးလုပ်ခြင်းဟာ user များလာတာနဲ့အမျှ Bandwidth ပြဿနာရှိလာနိုင်ပါတယ်။ အဲ့ဒီ့ကိစ္စ ကိုဘယ်လိုလုပ်မလဲ။


အဖြေ -- ကျွန်တော်ကိုယ်တိုင်သည် ကျောင်းသားတစ်ယောက်ဖြစ်နေပါ၍ အပိုဝင်ငွေမရှိသောကြောင့် ယခုကဲ့သို့ အတတ်နိုင်ဆုံးလုပ်ထားရခြင်းဖြစ်ပါတယ်။ အကယ်၍ user အရမ်းများလာခဲ့သော် ဒီ Service ဆက်ရှင်သန်ဖို့ရာ အခက်အခဲရှိလာနိုင်ပါတယ်။ သို့ပါ၍ တစ်စုံတစ်ဦးက ဤ Service ကို sponsor လုပ်မည်ဆိုပါက ကျေးဇူးအထူးတင်ရှိစွာ လက်ခံမှာဖြစ်ပါတယ်။ အနည်းဆုံး ဤ Service ၏ CSS file, Image file များအတွက် Bandwidth အကန့်အသတ်မရှိ သိမ်းထားပေးမည့် server တစ်လုံးလိုအပ်နေပါတယ်။ spot.fm.mm@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။



အမေး -- ကျွန်ုပ်သိချင်တာတွေ တစ်ခုမှ ဒီမေးခွန်းတွေထဲမှာမပါဘူး။ ဘယ်လိုမေးရမလဲ။


အဖြေ -- spot.fm.mm@gmail.com ကို Email ပို့၍သော်လည်းကောင်း ဤ Post တွင် Comment ချန်ထား၍သော်လည်းကောင်း မေးမြန်းနိုင်ပါတယ်။ အတတ်နိုင်ဆုံး အမြန်ဆုံး ပြန်လည်ဖြေကြားပေးမှာဖြစ်ပါတယ်။



အမေး -- မေးခွန်းတွေက များလှပြီ ပြီးမပြီးနိုင်တော့ဘူးလားဟေ့...။


အဖြေ -- ဟုတ်ကဲ့ ပြီးပါပြီ ခင်ဗျာ.. အခု Home Page ကိုသွားကာ သီချင်းများ ခံစားနားဆင်နိုင်ပြီဖြစ်ပါတယ်။ အခုလို အစအဆုံးဖတ်တဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။ =D


i really appreciate your idea. Thanks so much for giving your precious and getting this great idea out of your head! i hope i can do some part to let more people know about this. Cheers!
Commented by Blogger ပျင်းစရာ သတင်းစာ @ December 20, 2006 8:45 PM 


Post a Comment