ဘာမှမသိချင်ဘူး - 19:18



ဖြူစင်လွန်းတဲ့မင်းလေးကို ချစ်နေရတဲ့အချိန်များ
အဆုံးသတ်မှာ ငါလေသိပ်ကြောက်တာပဲ
ဘယ်လိုဘယ်နည်းနဲ့မှ မခွဲနိုင်တော့တာ
သိရက်နဲ့များ ရက်စက်လို့သွားမှာလား

ဘာမှ မသိချင်ဘူး မင်းကိုငါလွမ်းတော့ကွာ
နေ့ရောညပါသတိရတယ် အချစ်ရာ
ငါ့နှလုံးသားဟာမင်း ငါ့ရှင်သန်ခြင်းမင်း
မထားခဲ့ပါနဲ့
မင်းမရှိရင် အဓိပ္ပါယ်မဲ့

ဘယ်လိုသွားမလဲ ဘ၀တစ်ခုကို
အချစ်မပါ နှလုံးသားမပါပဲနဲ့
လူဟာ ခံစားမှုရဲ့တွန်းကန်အားကို ရရှိနိုင်မှ
ငါတို့ အကောင်းဆုံးဆုများယူနိုင်မှာ

Labels: , , , ,

ဇော်ပိုင် - မင်းရဲ့ချစ်တဲ့သူ



မင်းရဲ့ချစ်တဲ့သူ စွန့်လွှတ်ခဲ့ရင်
ဒီရင်ခွင်ထဲရောက်အောင် လှမ်းခဲ့ ဒီဆန္ဒများ
စွဲလမ်းမှုတွေများခဲ့ အမှောင်ကွယ်ရာမှာ
ကိုယ့်စိတ်ကူးယဉ်များ လွန်နေပြီကွာ

အားလုံးထက် မင်းကိုချစ်နိုင်တယ်
ဒီလိုတစ်ယောက်ထဲ ရူးသွပ်တဲ့နေ့များ
ဘယ်သူကသိမှာလား.....

ကိုယ်ခွင့်လွှတ်ခဲ့တာ သိပ်ချစ်လို့
လွန်ကုန်တာတွေ မေ့ပြစ်လိုက်ပါနော်
အို ဒီအတိတ်ဟောင်း
မင်းလေးမသိပါ စွဲလမ်းခဲ့တာ
ဘယ်သူတွေက မင်းအကြောင်းပြောကြမလဲ
ကိုယ်ပေးဆပ်မယ်

အားလုံးမင်းကို မုန်းလိုက်ကြရင်
မင်းရဲ့အနားမှား ဆက်ချစ်မယ့်သူမှာ
စိတ်ချနော်
မင်းရဲ့ချစ်တဲ့သူ စွန့်လွှတ်ခဲ့ရင်
ဒီရင်ခွင်ထဲရောက်အောင် လှမ်းခဲ့ ကိုယ်မျှော်နေမယ်

Labels: ,

မင်းမရှိတဲ့အခါ - Alex



ရင်ခုန်သံတွေတောင် မမှန်နိုင်တော့တယ်
တို့နှစ်ယောက်အချစ်က ထူးဆန်းလို့နေလား
အရာအားလုံးတဲ့ မင်းတစ်ယောက်ထဲကို
လိုချင်နေမိတာ ကိုယ့်ဘ၀ထက်မြတ်နိုး သိပ်ချစ်ရသူမို့

ယုံကြည်ခဲ့တဲ့နေ့ရက်များ တစ်ခါပြန်ပြီး မရတော့တဲ့အချိန်မှာ
အတိတ်တွေရင်ထဲ အိပ်မက်ဖြစ်နေလား
အရင်လိုအနမ်းလေးများလည်း မရတော့တဲ့အခါ တစ်ယောက်ထဲရူး
မင်းမရှိရင် မနေနိုင်တော့တာ

တကယ်ဆိုမင်းမရှိတဲ့အခါ ကိုယ်ပဲလွမ်းတာ
ငါတကယ်မင်းမရှိတော့ရင် ဘာလုပ်ရမှာလဲ
တကယ်ဆိုမင်းမရှိတဲ့နေရာမှာ မနေတတ်တော့တာ
မှားများမှားနေလား အချစ်ရာ

အမှန်တွေကိုတောင် မမြင်နိုင်ဘူးကွယ်
အချစ်ရဲ့နွံထဲ ရုန်းခဲ့မိသူပါ
အရာအားလုံးတဲ့ မင်းတစ်ယောက်ထဲကို
လိုချင်နေမိလို့ ကိုယ့်ဘ၀ထက်မြတ်နိုး သိပ်ချစ်ရသူမို့

ယုံကြည်ခဲ့တဲ့နေ့ရက်များ တစ်ခါပြန်ပြီး မရတော့တဲ့အချိန်မှာ
အတိတ်တွေရင်ထဲ အိပ်မက်ဖြစ်နေလား
အရင်လိုအနမ်းလေးများလည်း မရတော့တဲ့အခါ တစ်ယောက်ထဲရူး
မင်းနဲ့ဝေးရင် မနေနိုင်တော့တာ

တကယ်ဆိုမင်းမရှိတဲ့အခါ ကိုယ်ပဲလွမ်းတာ
ငါတကယ်မင်းမရှိတော့ရင် ဘာလုပ်ရမှာလဲ
တကယ်ဆိုမင်းမရှိတဲ့နေရာမှာ မနေတတ်တော့တာ
မှားများမှားနေလား အချစ်ရာ

မှားလည်းမှားပါစေတော့ အချစ်လေး....

Labels: , ,

HappyBirthday - ဟန်ထူးလွင်



အိမ်ရှေ့ခန်းထဲက ငါ့ပြက္ခဒိန်ထဲ ငါကြည့်လိုက်မိတယ်
ဒီလပိုင်းထဲက Friday တစ်ရက်ပဲနင့်မွေးနေ့ရှိတယ်

ဘာတွေပြောင်းလဲသွားပါစေ မပြောင်းသွားနိုင်
ငါစိတ်အညစ်ဆုံး အကုန်လုံးမေ့ပစ်ခဲ့
ငါပြန်မှတ်မိတဲ့အချိန်မှာ ခေါင်းငိုက်စိုက်
ပြန်တွေးလိုက်တိုင်း ငါရိုင်းစိုင်းသွားတယ်

အိမ်ရှေ့ပြတင်းပေါက်က ငှက်စုတ်တွေလည်း လာပြီးမနှိုးကြနဲ့
Happy Birthday ပြောမယ့်ငါ့ရဲ့ပါးစပ်လည်း ငါအတင်းစွဲပိတ်ခဲ့

နားထဲကအသံတွေ မောင်းထုတ်လိုက်
ရင်ထဲကအမုန်း အကုန်လုံးမေ့လိုက်တယ်
ငါပြန်မှတ်မိတဲ့အချိန်မှာ ခေါင်းငိုက်စိုက်
ပြန်တွေးလိုက်တိုင်း ငါရိုင်းစိုင်းသွားတယ်

နင်ဟာ ငါ့ရဲ့အသည်းနှလုံးကိုပဲ Birthday Cake လုပ်ခဲ့
နင့်ရဲ့ဘေးနားက အပေါင်းအသင်းတွေလည်း ဆုတောင်းပေးကြတယ်

ဘာတွေပြောင်းလဲသွားပါစေ မပြောင်းသွားနိုင်
ငါစိတ်အညစ်ဆုံး အကုန်လုံးမေ့ပစ်ခဲ့
ငါပြန်မှတ်မိတဲ့အချိန်မှာ ခေါင်းငိုက်စိုက်
ပြန်တွေးလိုက်တိုင်း ငါရိုင်းစိုင်းသွားတယ်

Labels: , , , ,

နောက်ဆုံးရထား - လေးဖြူ



ငါ့ဘူတာရုံလေးလည်း တိတ်ဆိတ်တဲ့ညတွေလို
အေးစက်ဖို့အသင့်ပြင်တယ် ဘာကိုမှမသိချင်သလို
ပြတင်းပေါက်က အလင်းလို တံခါးပိတ်တော့ ပျောက်ကွယ်ပြီ
ဆုံးရှုံးသွားတာလဲ ဘူတာအိုလေးမသိနိုင်ပြီ

နောက်ဆုံးရထားလေး ထွက်ခွာသွားတော့
နောက်ဆုံးရထားလေး ငါ့ကိုနင်းခြေရင်း ဆက်ပြီးသွား
နောက်ဆုံးရထားလေး ထွက်ခွာသွားတော့

ဘ၀သစ်တစ်ခုရှိနေမယ် လျှို့ဝှက်ချက်တို့ဆန်းကြယ်တယ်
အတိအကျမသိနိုင်လည်း ရည်ရွယ်ရာသို့သွားနိုင်တယ်
ရထားတစ်စင်းကထွက်ခွာချိန်မှာ ရထားသစ်နောက်ထပ်ရောက်လာမယ်
ဝေးလွန်းလှတဲ့နေ့ရက်တွေလည်း ပြန်ဆုံနိုင်ဖို့ မဖြစ်နိုင်တယ်

နောက်ဆုံးရထားလေး ထွက်ခွာသွားတော့
နောက်ဆုံးရထားလေး ငါ့ကိုနင်းခြေရင်း ဆက်ပြီးသွား
နောက်ဆုံးရထားလေး နှုတ်ဆက်နေရင်း

တို့နှစ်ယောက်ရဲ့ မြင်ကွင်း ကြည့်ရင်းနဲ့ဝေးကွာခဲ့
တဖြည်းဖြည်းမှေးမှိန်သွားရင်း စမ်းချောင်းလေးလိုချန်ခဲ့
ရေး..... ရေ......

နောက်ဆုံးရထားလေး ထွက်ခွာသွားတော့
နောက်ဆုံးရထားလေး ငါ့ကိုနင်းခြေရင်း ဆက်ပြီးသွား
နောက်ဆုံးရထားလေး နှုတ်ဆက်နေရင်း
နောက်ဆုံးရထားလေး နောက်ဆုံးရထားလေး
ဘယ်သူမှ မသိလိုက်ကြ
နောက်ဆုံးရထားလေး နောက်ဆုံးရထားလေး
ငါ့အားနင်းခြေ နှုတ်ဆက်ပြီးသွား ရထားလေး...
ထွက်ခွာသွားတော့.....

Labels: ,

ကိုယ့်အမှား - မျိုးကျော့မြိုင် feat. နွဲ့ယဉ်ဝင်း



အိပ်မက်တွေက ဟိုတုန်းကလို မလှမပနဲ့
အခုစိတ်ထဲနာကျင်စွာ ကြေကွဲနာ တသသနဲ့
ထူးဆန်းကာ အရမ်းကိုချစ်ပြီး အချိန်တွေနဲ့နှစ်တွေပြောင်း
နင်ကွဲလာတဲ့ စကားတွေ မြင်ခဲ့တဲ့ --နေ့ဟောင်း
နှစ်သက်တဲ့ပြစ်ချက်ကို ပုံကြီးချဲ့ အကုန်သိခဲ့
အခုထိကိုယ် ရိုးသားစွာ တန်ဖိုးထားတာ သူမသိခဲ့
သူ့အမှားကို ကိုယ့်အမှားလို စကားတတ်တိုင်း သူပြောထွက်
ကိုယ်သိပြီ ငိုမိအောင် မင်းတမင်ပဲရက်စက်... မင်းတမင်ပဲရက်စက်...

သေချာအဖြေရှာကြည့်တယ် အလွန်အကျွံကိုယ်က ချစ်ပြန်တော့လည်း
ဒါဟာ ကိုယ့်အမှားပေါ့ကွယ် ခိုင်မာနေတဲ့ အချစ်အတွက်ကိုလည်း
ဝေဒနာတွေနဲ့ ရူးနေ ယုံပါအချစ်ဆုံး မင်းအတွက်ပါပဲ
ဒဏ်ရာတွေနဲ့ တစ်ယောက်ထဲ တိတ်တိတ်စိတ်ဖြေမယ်

သေးမွှားတဲ့ အမှားတွေကို အပြစ်ရှာသူ သက်သက်
ရှင်းပြခွင့်မပေးနိုင်အောင် မုန်းလို့သူရက်စက်
တွေ့စက အရမ်းတွေချစ်ပြီး ယုယသမျှ အသည်းကြွေနှင့်ပြီး
ယုံခဲ့တဲ့ ညလေးရယ် ပုံပေးတဲ့ ဘ၀လေးရယ်
အခုတော့လည်း မမှုတော့ဘဲ အမှတ်တမဲ့တွေအဖြစ်နဲ့
အတိတ်အကြောင်းရယ် အရိပ်ဟောင်းရယ် သူစွန့်ခွာပြေးထွက်
သူ့အမှားကို ကိုယ့်အမှားလို စကားတတ်တိုင်း သူပြောထွက်
ကိုယ်သိပြီ ငိုမိအောင် မင်းတမင်ပဲရက်စက်... မင်းတမင်ပဲရက်စက်...

သေချာအဖြေရှာကြည့်တယ် အလွန်အကျွံကိုယ်က ချစ်ပြန်တော့လည်း
ဒါဟာ ကိုယ့်အမှားပေါ့ကွယ် ခိုင်မာနေတဲ့ အချစ်အတွက်ကိုလည်း
ဝေဒနာတွေနဲ့ ရူးနေ ယုံပါအချစ်ဆုံး မင်းအတွက်ပါပဲ
ဒဏ်ရာတွေနဲ့ တစ်ယောက်ထဲ တိတ်တိတ်စိတ်ဖြေမယ်

ကိုယ့်စိတ်ထဲနာကျင်စွာ ကြေကွဲနာ တသသနဲ့
အခုတော့လည်း မမှုတော့ဘဲ အမှတ်တမဲ့တွေအဖြစ်နဲ့
အတိတ်အကြောင်းရယ် အရိပ်ဟောင်းရယ် သူစွန့်ခွာပြေးထွက်
သူ့အမှားကို ကိုယ့်အမှားလို စကားတတ်တိုင်း သူပြောထွက်
ကိုယ်သိပြီ ငိုမိအောင် မင်းတမင်ပဲရက်စက်...
ကိုယ်သိပြီ ငိုမိအောင် မင်းတမင်ပဲရက်စက်...

သေချာအဖြေရှာကြည့်တယ် အလွန်အကျွံကိုယ်က ချစ်ပြန်တော့လည်း
ဒါဟာ ကိုယ့်အမှားပေါ့ကွယ် ခိုင်မာနေတဲ့ အချစ်အတွက်ကိုလည်း
ဝေဒနာတွေနဲ့ ရူးနေ ယုံပါအချစ်ဆုံး မင်းအတွက်ပါပဲ
(သေးမွှားတဲ့ အမှားတွေကို အပြစ်ရှာသူ သက်သက်
ရှင်းပြခွင့်မပေးနိုင်အောင် မုန်းလို့သူရက်စက်)
ဒဏ်ရာတွေနဲ့ တစ်ယောက်ထဲ တိတ်တိတ်စိတ်ဖြေမယ်
(တွေ့စက အရမ်းတွေချစ်ပြီး ယုယသမျှ အသည်းကြွေနှင့်ပြီး
ယုံခဲ့တဲ့ ညလေးရယ် ပုံခဲ့တဲ့ ဘ၀လေးရယ်)

Labels: , , ,

မနက်ဖြန်များစွာ - ဒိုးလုံး

ကြက်တူရွေး

mmhan




အားလုံးသာ မေ့လို့ရရင်... အနည်းဆုံး ဒီ နိုဝင်ဘာ နှစ်ရက်နေ့ကို မေ့လို့ရခဲ့ရင်...



မြင်နေတဲ့မျက်လုံးတွေ ပြုတ်ကျမသွားရအောင်
မြင်နိုင်တယ်မျက်လုံးတွေ ယုယအောင်
မြင်တာတွေ အကုန်ငါလေလိုချင်တယ်
တကယ်အပိုင်သာရမယ်ဆိုရင် အဆစ်တောင်မတောင်းဘူး

ရင်ခုန်စရာသိပ်များတဲ့ လူ့ဘ၀လောကမှာ
ရင်ခုန်ပါ နှလုံးတွေ ရပ်မရအောင်
ရင်ခုန်သံတွေ မြန်နေရင်
အရာရာဟာလေ တကယ်လှနေမယ်
အကောင်းကိုတွေးရင်

အားလုံးမေ့လို့ရရင် ကမ္ဘာမှာပျော်စရာကြီးဟေ့
အားလုံးမေ့လို့ရရင် အရာရာအဆင်ပြေသွားမဟေ့
လုံးဝ စိတ်ညစ်စရာမတွေးနဲ့
မနက်ဖြန်များစွာ ရှိတယ်

အားလပ်တဲ့ အခုချိန်ခဏ ဒီလိုရက်ရဲ့
အသစ်ရှုပ်တဲ့အလုပ်တွေ ခေါင်းထဲထုတ်လာပြီး
စိတ်ဓါတ်တို့အားလန်းဆန်းဖို့
ကိုယ့်စိတ်ကူးတည့်ရာဦးလှည့်သွားရင်
လောကကြီးနဲ့ အဆက်အသွယ်ဖြတ်မယ်
ကိုယ့်စိတ်ကြိုက် ကိစ္စတစ်ခု ဖြည့်ဆည်းချင်

Labels: , ,