လွမ်းရယ်မပြေ - 19:18
မဆုံနိုင်ပြီလား ဘ၀တွေက
နှလုံးသားနုနု အပျံသင်ကာစအရွယ်
ပုံပြင်ဟောင်းလေးတစ်ပုဒ် ရင်မှာရှိခဲ့တယ်
လွယ်အိတ်တစ်လုံး ပုခုံးထက်မှာ
အပျော်ဆုံးကျောင်းတက်ချိန် ငါတို့ကျောင်းသားဘဝ
အဖြူစင်ခဲ့ဆုံး သစ္စာတရားနဲ့
အစောဆုံးချစ်၍ ပျော်စရာအိပ်မက်တွေ
နောင်ပြန်မရောက်တော့မဲ့ အကြင်နာလမ်းကလေးတွေ
အတူလျှောက်ခဲ့ကြတယ်
လက်ဖ၀ါးနုနုကို ငါတွဲထားရင်းနဲ့
ဒီအချိန် ကျောင်းတော်ကြီးရဲ့ အလယ်မှာ
စိန်ပန်းတွေလည်း ပွင့်နေပြီကွာ
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
အလွမ်းရယ် မပြေဘူး ကျောင်းသားဘဝ
Labels: 19:18, Alex, Pop, SaungOoHlaing, SiThuLwin
ဘယ်သူတွေပြောပြော - 19:18
ဘာမှမသိချင်ဘူး - 19:18
ဖြူစင်လွန်းတဲ့မင်းလေးကို ချစ်နေရတဲ့အချိန်များ
အဆုံးသတ်မှာ ငါလေသိပ်ကြောက်တာပဲ
ဘယ်လိုဘယ်နည်းနဲ့မှ မခွဲနိုင်တော့တာ
သိရက်နဲ့များ ရက်စက်လို့သွားမှာလား
ဘာမှ မသိချင်ဘူး မင်းကိုငါလွမ်းတော့ကွာ
နေ့ရောညပါသတိရတယ် အချစ်ရာ
ငါ့နှလုံးသားဟာမင်း ငါ့ရှင်သန်ခြင်းမင်း
မထားခဲ့ပါနဲ့
မင်းမရှိရင် အဓိပ္ပါယ်မဲ့
ဘယ်လိုသွားမလဲ ဘ၀တစ်ခုကို
အချစ်မပါ နှလုံးသားမပါပဲနဲ့
လူဟာ ခံစားမှုရဲ့တွန်းကန်အားကို ရရှိနိုင်မှ
ငါတို့ အကောင်းဆုံးဆုများယူနိုင်မှာ
Labels: 19:18, Alex, Pop, SaungOoHlaing, SiThuLwin
သတိမရဘူး - 19:18
ငါ့ရဲ့စိတ်ကိုမွန်းကြပ်စေတယ်
ငါ့ရဲ့ဘ၀ကိုမင်းပိတ်လှောင်ခဲ့
ဘယ်နေရာသွားသွား မင်းအရိပ်ထဲ
လုံးဝမလွတ်တော့ဘူး
နွေးထွေးမှုတွေ အေးစက်ကုန်တယ်
အားလုံးပြောင်းပြန် ပြောင်းလဲလာတယ်
အကြင်နာတွေဟာ ရက်စက်ကြပြီကွယ်
လုံးဝခွင့်မလွှတ်ဘူး
CHO: သတိမရဘူး ဟိုအရင်နေ့များ
မလွမ်းတော့ဘူး နှစ်ကိုယ်တူညတွေ
ငါ့အားမင်း ဒီတစ်ခါလျှော့မတွက်နဲ့တော့ကွာ
ကြာတော့ငါ ရင့်ကျက်လာခဲ့တာ
ဆုံစည်းကြတာခွဲဖို့ပါပဲ
တို့ဝေးတော့ ဘာထူးဆန်းမှာလဲ
ဘယ်သူနဲ့သွားသွား မင်းဘ၀ပဲ
မတားမြစ်တော့ဘူး
Bridge: အခြေအနေတွေက အချိန်နဲ့မျှ အရောင်ပြောင်းတာ
ဒါတွေဟာ ငါ့အပြစ်တော့မဟုတ်ဘူး
ဝေးကြမယ် အချစ်လေး
CHO:
Bridge:
CHO:
Labels: 19:18, Alex, Alternative, Pop, SaungOoHlaing, SiThuLwin