အချစ်ကြောင့် - မျိုးကျော့မြိုင်
အချစ်ကြောင့်ရူး အချစ်ကြောင့်မူး ဒီကမ္ဘာကြီးမှာ
အချစ်နာကျ အချစ်ဒဏ်များ ခံနိုင်ရည်မရှိပါ
ကိုယ့်ရဲ့ဘ၀ အဆိုးဆုံးက ဒီအချစ်ပါ
အိပ်လို့မရ စားလို့မရ အကြိမ်ကြိမ်သေဆုံးကာ
အချစ်ကြောင့် နေ့ညတို့ ပျော်ခဲ့ဖူးသလို
အချစ်ကြောင့် နှစ်လတို့ ငိုခဲ့ဖူးတာ
အသည်းကွဲကြ လွမ်ဆွေးကြ ဒီအချစ်ဟာ
ရှိလည်းကောင်း မရှိလည်းကောင်း ဒီကမ္ဘာကြီးမှာ
အိပ်မက်တွေမက်ခါ.... ကြီးပြင်းခဲ့ ဘ၀ရဲ့အစ ရင်ခုန်သံများဟာ
အခုများဘယ်အနားမှာ မရှိတော့ဘူး မရတော့ဘူး
တကယ်ကွာခြားလာ..
ကလေးလေးဘ၀ အချစ်သီချင်းများ ကိုယ်ချရေးကာ
အချစ်ဆိုတဲ့ စာသားတွေနဲ့ ကိုယ်ကြည်နူးလာ
လက်တွေ့ဘ၀တွေ့ရတဲ့ ဒီအချစ်ဟာ
အမည်းစက်များ လောကဓံကြား တရားခံဖြစ်လာ
ပျော်ရွှင်ခဲ့သော အချိန်တစ်ခုသာ
ချစ်သူအပြုံးအလှဆုံး ကိုယ်ထင်ခဲ့တာ
အဆင်မပြေခဲ့သောအချိန် ဒီအချစ်ဟာ
တစ်ယောက်နဲ့တစ်ယောက် လှည့်မကြည့်လောက်အောင် ရွံမုန်းလာ
အိပ်မက်တွေမက်ကာ ချစ်သူအပြုံးအလှဆုံး ဒီကမ္ဘာကြီးမှာ
အခုများ ဘယ်နားမှာ တစ်ယောက်နဲ့တစ်ယောက်လှည့်မကြည့်လောက်အောင် ရွံမုန်းလာ
အချစ်ကြောင့်ပေါ့ ကိုယ့်ရဲ့ဘ၀ အကြိမ်ကြိမ်သေခဲ့ဖူးတာ..
ကိုယ်သေခဲ့ဖူးတာ...
Labels: Alternative, Blues, MyoKyawtMyaing, Pop
ဟာသ - ဆောင်းဦးလှိုင်
သီချင်းလေးတစ်ပုဒ်တော့ ဈေးကွက်ထဲမှာ Hit ဖြစ်သွားပြီတဲ့ဟေ့
ဘာအကြောင်း ရေးဖွဲ့သလဲဆို ရယ်စရာဟာသများတဲ့
ဝတ္ထုတစ်ပုဒ်တော့ ရောင်းတန်းထဲမှာ ထာဝစဉ်နံပါတ်ဝမ်းပဲ
ဟာသသိပ် ခေတ်စားလို့...
ကြိတ်ကြိတ်တိုးတဲ့ ဇာတ်လမ်းရုပ်ရှင် သေချာပါတယ် မမေးနဲ့
ဘာများနှစ်သက်သလဲဆို ရယ်နေရရင်ပြီးရောပဲတဲ့
ဟာ.... ဟာသများ....
ဟာ.... ဟာသများ....
ဟာ.... ဟာသများ....
ဟာ.... ဟာသများ....
ရည်းစားရတဲ့ ကလေးမလေးကို ဘာသာယာလဲမေးတော့
မောင်က သိပ်ရယ်ရတာပဲတဲ့
နှစ်သက်ကြတဲ့ မင်းသားတစ်ယောက်ရဲ့ စွမ်းပကားများကိုမေးတော့
သူက သိပ်ရယ်ရတာပဲတဲ့
အားလုံးပဲလား ပျော်နေကြတာ
အားလုံးပဲလား ပျော်နိုင်ကြတာ
အားလုံးပဲလား ပျော်ချင်ကြတာ
အားလုံးပဲလား ပျော်နိုင်ကြတာ
Labels: Alternative, Pop, SaungOoHlaing
အတိတ်ကို ဖော်သော - အရိုး
Odeoက ဘာဖြစ်မှန်းမသိလို့ သီချင်းအသစ်ဒီမှာ မတင်ရတာလဲကြာပါပြီ။ အခုတော့ ဘာရယ်မသိ စိတ်ကောင်းဝင်နေလို့ ဟန်ထူးလွင်နဲ့ ဘယ်သူတွေမှန်းမသိတဲ့ နာမည်ပေါင်းစုံ အဆိုတော်တွေပေါင်းဆိုထားတဲ့
“ဟဲ့ကား”ထဲက အကြိုက်ဆုံးတစ်ပုဒ်ကို ရွေးတင်လိုက်ပါတယ်။ သီချင်းတွေ တော်တော်များများကောင်းပါတယ်။ နားထောင်ကြည့်ပေါ့။
မင်းဓါတ်ပုံလေး ရှေ့ချပြီးတော့
ယောင်လည်လည်နဲ့ ထိုင်ကြည့်မိတယ်
မောင့်အတွက် ထာဝရ “မ”တဲ့
လက်ရေးစုတ်နဲ့ နင်ရေးပေးတယ်
နင့်ရဲ့ဆံပင်လည်း တိုသေးတယ်
မျက်နှာမှာလည်း ၀က်ခြံများနဲ့
Eye Shadow များ အပြည့်ချယ်ထားတယ်
မျက်လုံးတွေကို မနည်းရှာရတယ်
အချိန်တွေကုန်တာ မြန်လွန်းတယ်
ဆယ်စုနှစ်တစ်ခုဟာ မကြာလိုက်သလိုပဲ
ကာလာမစုံပါအဖြူအမည်းနဲ့ ဒီဓါတ်ပုံလေး
နင်ရိုက်ပေးခဲ့တယ်...
ဝက်သားဒုတ်ထိုး အတူသွားစားတယ်
ပိုက်ဆံမလောက်လို့ ထွက်ပြေးဖူးပါတယ်
နင့်ရဲ့အဖေကြီး ငါနဲ့မတည့်ပါ
ကားပေါ်ကနေ ကန်ချဖူးပါတယ်
ခိုးပြေးခါနီး ငါဝမ်းသွားတယ်
အိမ်သာထဲကဆုတောင်း ငါ့ကို ခွင့်လွှတ်ပါကွယ်
ပါးသုံးခါဆင့် နင်ရိုက်ခဲ့တယ်
ငါ့အပြစ်နဲ့ ငါမို့ ဘာမှ မပြောရဲပါတယ်
အိမ်ကိုအပြန်မှာ ပတ်တီးနဲ့
နင့်လက်သံက တကယ်ပဲ ပြင်းလွန်းပါတယ်
နင်မင်္ဂလာဆောင်တာ လာဖိတ်တယ် ဒန်ပေါက်နဲ့ ကြက်သား
ငါသွားစားခဲ့တယ်...
နောက်ကြောင်းပြန်ရင်း စပ်ဖြီးဖြီးနဲ့
အတိတ်ကိုတွေးရင် ရုပ်ရှင်ကြည့်ရသလိုပဲ
နင့်ဓါတ်ပုံလေး ပြန်သိမ်းတော့မယ်
ငါ့မိန်းမကိုလည်း ငါကြောက်ရပါတယ်
အချိန်တွေကုန်တာ မြန်လွန်းတယ်
ဆယ်စုနှစ်တစ်ခုဟာ မကြာလိုက်သလိုပဲ
ကာလာမစုံပါအဖြူအမည်းနဲ့ ဒီဓါတ်ပုံလေး
ငါရိုက်ပေးခဲ့တယ်...
Labels: AhYoe, Alternative
HappyBirthday - ဟန်ထူးလွင်
အိမ်ရှေ့ခန်းထဲက ငါ့ပြက္ခဒိန်ထဲ ငါကြည့်လိုက်မိတယ်
ဒီလပိုင်းထဲက Friday တစ်ရက်ပဲနင့်မွေးနေ့ရှိတယ်
ဘာတွေပြောင်းလဲသွားပါစေ မပြောင်းသွားနိုင်
ငါစိတ်အညစ်ဆုံး အကုန်လုံးမေ့ပစ်ခဲ့
ငါပြန်မှတ်မိတဲ့အချိန်မှာ ခေါင်းငိုက်စိုက်
ပြန်တွေးလိုက်တိုင်း ငါရိုင်းစိုင်းသွားတယ်
အိမ်ရှေ့ပြတင်းပေါက်က ငှက်စုတ်တွေလည်း လာပြီးမနှိုးကြနဲ့
Happy Birthday ပြောမယ့်ငါ့ရဲ့ပါးစပ်လည်း ငါအတင်းစွဲပိတ်ခဲ့
နားထဲကအသံတွေ မောင်းထုတ်လိုက်
ရင်ထဲကအမုန်း အကုန်လုံးမေ့လိုက်တယ်
ငါပြန်မှတ်မိတဲ့အချိန်မှာ ခေါင်းငိုက်စိုက်
ပြန်တွေးလိုက်တိုင်း ငါရိုင်းစိုင်းသွားတယ်
နင်ဟာ ငါ့ရဲ့အသည်းနှလုံးကိုပဲ Birthday Cake လုပ်ခဲ့
နင့်ရဲ့ဘေးနားက အပေါင်းအသင်းတွေလည်း ဆုတောင်းပေးကြတယ်
ဘာတွေပြောင်းလဲသွားပါစေ မပြောင်းသွားနိုင်
ငါစိတ်အညစ်ဆုံး အကုန်လုံးမေ့ပစ်ခဲ့
ငါပြန်မှတ်မိတဲ့အချိန်မှာ ခေါင်းငိုက်စိုက်
ပြန်တွေးလိုက်တိုင်း ငါရိုင်းစိုင်းသွားတယ်
Labels: Alternative, BigBag, HanHtooLwin, Punk, Rock
မနက်ဖြန်များစွာ - ဒိုးလုံး
ကြက်တူရွေး
mmhan
အားလုံးသာ မေ့လို့ရရင်... အနည်းဆုံး ဒီ နိုဝင်ဘာ နှစ်ရက်နေ့ကို မေ့လို့ရခဲ့ရင်...
မြင်နေတဲ့မျက်လုံးတွေ ပြုတ်ကျမသွားရအောင်
မြင်နိုင်တယ်မျက်လုံးတွေ ယုယအောင်
မြင်တာတွေ အကုန်ငါလေလိုချင်တယ်
တကယ်အပိုင်သာရမယ်ဆိုရင် အဆစ်တောင်မတောင်းဘူး
ရင်ခုန်စရာသိပ်များတဲ့ လူ့ဘ၀လောကမှာ
ရင်ခုန်ပါ နှလုံးတွေ ရပ်မရအောင်
ရင်ခုန်သံတွေ မြန်နေရင်
အရာရာဟာလေ တကယ်လှနေမယ်
အကောင်းကိုတွေးရင်
အားလုံးမေ့လို့ရရင် ကမ္ဘာမှာပျော်စရာကြီးဟေ့
အားလုံးမေ့လို့ရရင် အရာရာအဆင်ပြေသွားမဟေ့
လုံးဝ စိတ်ညစ်စရာမတွေးနဲ့
မနက်ဖြန်များစွာ ရှိတယ်
အားလပ်တဲ့ အခုချိန်ခဏ ဒီလိုရက်ရဲ့
အသစ်ရှုပ်တဲ့အလုပ်တွေ ခေါင်းထဲထုတ်လာပြီး
စိတ်ဓါတ်တို့အားလန်းဆန်းဖို့
ကိုယ့်စိတ်ကူးတည့်ရာဦးလှည့်သွားရင်
လောကကြီးနဲ့ အဆက်အသွယ်ဖြတ်မယ်
ကိုယ့်စိတ်ကြိုက် ကိစ္စတစ်ခု ဖြည့်ဆည်းချင်
Labels: Alternative, DooLone, Rock
ကြားနေကြအသံများ - Big Bag
အဘိုးကြီးလည်း Rap အဘွားကြီးလည်း Rap
မွေးကင်းစ အာပြဲလေးလည်း Rap
ခွေးကိုက်လည်း Rap ကြောင်ကုတ်လည်း Rap
အိမ်မြောင်ကြွက်ချေးကအော်လည်း Rap
မင်းကလည်း Rap ငါကလည်း Rap
ရပ်ကွက်ထဲ လျှောက်ကဲတော့လည်း Rap
မိုးလင်းလည်း Rap မိုးချုပ်လည်း Rap
လူလည်တောင် ခလုတ်တိုက်တော့လည်း Rap
အကြော်သည်နှစ်ယောက် ထချတော့လည်း Rap
ဘော်တယ် ကုလားကြီးအော်လည်း Rap
အဆိုတော် အကြီးကြီးဆိုလည်း Rap
ကလေကချေ အပေအတေအော်လည်း Rap
ပွဲစားလည်း Rap ငရဲသားလည်း Rap
ရည်းစားစကားလိုက်ပြီးပြောလည်း Rap
ဘိန်းမုန့်လည်း Rap ဗယာကြော်လည်း Rap
အလှူခံတဲ့ မဏ္ဍပ်ကလည်း Rap
စဉ်းစားလည်း Rap မစဉ်းစားလည်း Rap
လမ်းထိပ်က မုန့်ဟင်းခါးလည်း Rap
ထမင်းစားလည်း Rap ထမင်းမစားလည်း Rap
သန်ခေါင်ယံထ တစ်ရေးနိုးအော်လည်း Rap
အကယ်ဒမီ မင်းသမီးတွေလည်း Rap
သူငယ်နာမကင်းတဲ့ကောင်လည်း Rap
အတင်းချတော့လည်း Rap
တစ်အိမ်ကျော် အချိန်မတော်ဆိုလည်း Rap
Labels: Alternative, BigBag, HanHtooLwin, Punk, Rock
သတိမရဘူး - 19:18
ငါ့ရဲ့စိတ်ကိုမွန်းကြပ်စေတယ်
ငါ့ရဲ့ဘ၀ကိုမင်းပိတ်လှောင်ခဲ့
ဘယ်နေရာသွားသွား မင်းအရိပ်ထဲ
လုံးဝမလွတ်တော့ဘူး
နွေးထွေးမှုတွေ အေးစက်ကုန်တယ်
အားလုံးပြောင်းပြန် ပြောင်းလဲလာတယ်
အကြင်နာတွေဟာ ရက်စက်ကြပြီကွယ်
လုံးဝခွင့်မလွှတ်ဘူး
CHO: သတိမရဘူး ဟိုအရင်နေ့များ
မလွမ်းတော့ဘူး နှစ်ကိုယ်တူညတွေ
ငါ့အားမင်း ဒီတစ်ခါလျှော့မတွက်နဲ့တော့ကွာ
ကြာတော့ငါ ရင့်ကျက်လာခဲ့တာ
ဆုံစည်းကြတာခွဲဖို့ပါပဲ
တို့ဝေးတော့ ဘာထူးဆန်းမှာလဲ
ဘယ်သူနဲ့သွားသွား မင်းဘ၀ပဲ
မတားမြစ်တော့ဘူး
Bridge: အခြေအနေတွေက အချိန်နဲ့မျှ အရောင်ပြောင်းတာ
ဒါတွေဟာ ငါ့အပြစ်တော့မဟုတ်ဘူး
ဝေးကြမယ် အချစ်လေး
CHO:
Bridge:
CHO:
Labels: 19:18, Alex, Alternative, Pop, SaungOoHlaing, SiThuLwin
ခုနှစ်နာရီ - Big Bag
ခုနှစ်နာရီထိုးပြီးပြီ နင်ပြန်ရောက်ဖို့သင့်ပြီ
ငါချက်ထားတဲ့ ထမင်းဟင်းတွေအေးပြီ
ကြာရင် ငါအိပ်ငိုက်တော့မယ်
ငါအကုန်စားပစ်မိမယ် ငါမျှော်နေတာမင်းသိမှာပဲ
မေမေတို့ ပြောပြကြတယ် နင်မရှိတော့ဘူးတဲ့
ဒီလို မစကြနဲ့ သိပ်စိတ်ဆိုးတယ်
အိမ်ကိုလာပို့တဲ့ သတင်းစာ နာရေးသတင်းထဲက
ဒီနာမည်ဟာ မင်းမဖြစ်နိုင်ပါ
ဟောဒီ့လောကထဲမှာ နင်အချစ်ဆုံးကငါ့တစ်ယောက်ထဲ
ဒၝဆိုမင်းငါ့ဆီ ပြန်လာမှာပဲ
ငါယုံထားတယ် မင်းကိုပဲ ငါနေ့တိုင်းပဲစောင့်နေတယ်
အိမ်ရှေ့တံခါးဝမှာပဲ
ခုနှစ်နာရီထိုးပြီးပြီ နင်ပြန်ရောက်ဖို့သင့်ပြီ
တယ်လီဖုန်းလေးတော့ ဆက်ပါငါ့ဆီ
ငါတကယ်ကိုဝမ်းနည်းရပြီ
ဘာကြောင့်မှန်းလဲမသိ
နင်ပြန်မလာတာ ငါးနှစ်ကျော်ပြီ
ဟောဒီ့လောကထဲမှာ ငါအချစ်ဆုံးကနင့်တစ်ယောက်ထဲ
ဒါဆိုမင်းငါ့ဆီ ပြန်လာမှာပဲ
ငါယုံထားတယ် မင်းကိုပဲ ငါနေ့တိုင်းပဲစောင့်နေတယ်
အိမ်ရှေ့တံခါးဝမှာပဲ
ခုနှစ်နာရီထိုးပြီးပြီ နင်ပြန်ရောက်ဖို့သင့်ပြီ
တယ်လီဖုန်းလေးတော့ ဆက်ပါငါ့ဆီ
ငါတကယ်ကိုဝမ်းနည်းရပြီ
ဘာကြောင့်မှန်းလဲမသိ
နင်ပြန်မလာတာ ငါးနှစ်ကျော်ပြီ
Labels: Alternative, BigBag, HanHtooLwin, Punk, Rock
ဒါဖြစ်တတ်တဲ့နေ့တစ်နေ့ - ချစ်သုဝေ
All ppl especially my friends
Wut Yee Htike
I just want to share with other ppl this song cos nearly everyday, i encounter this problem. :D
နှိုးစက်ကနှိုးမှငါ ကို့ရို့ကားယား နိုးထ
ခေါင်းထဲကတွေးမိတာ ကျောင်းသွားဖို့ငါနောက်ကျ
ရုတ်ရက်ခတ်ပြေးလွှားကာ ခေါင်းစုတ်ဖွားနဲ့စဉ်းစား
ကျောင်းရောက်မှ ရုံးခန်းမှာရှင်းပြရရင်ကောင်းမလား
ကားထဲက ကက်ဆက်မှာ ထိုးထည့်လိုက်တယ် Green Day
အားလုံးပဲနားငြီးတယ် Alternative runway
ဟိုးရှေ့ကမီးပွိုင့်ကို ၀ိုးတိုးဝါးတားလှမ်းတွေ့
အခုထက်ထိ ငါ့မျက်မှန် power လိုနေသလားဟေ့
Na... Na Na Na Na Na..
Na Na Na Na Na.. Na Na Na Na
ဒါဖြစ်တတ်တဲ့နေ့တစ်နေ့
Na... Na Na Na Na Na..
Na Na Na Na Na.. Na Na Na Na
ဒါဖြစ်တတ်တဲ့နေ့တစ်နေ့
ကျောင်းရှေ့က snack shop မှာ ကြိတ်ကြိတ်တိုးတဲ့ morning
အားလုံးရှေ့ကြားဖြတ်မယ် everybody, sorry
မိုးလင်းတိုင်းဖြစ်တတ်တဲ့ ဒုက္ခကြီးက ရှင်းပြီး
လောကကြီးကောင်းသွားပြီ နေသာထိုင်သာဖြစ်မိ
Lipstick နဲ့ ကားသော့ကို အိတ်ကပ်လေးထဲထိုးထည့်
နောက်ကျတဲ့ ငါ့ဖိနပ်တွေ Theatre ဆီဦးလှည့်
တိုးတိုးလေးနောက်ကနေ တက်နေရမှာ စိတ်ပျက်
ကျောပိုးအိတ်ဟောင်းလေးက အိမ်မှာကျန်နေရစ်ခဲ့
Na... Na Na Na Na Na..
Na Na Na Na Na.. Na Na Na Na
ဒါဖြစ်တတ်တဲ့နေ့တစ်နေ့
Na... Na Na Na Na Na..
Na Na Na Na Na.. Na Na Na Na
ဒါဖြစ်တတ်တဲ့နေ့တစ်နေ့
Technorati Tag::: Myanmar Music, Myanmar MP3, Chit Thu WaiLabels: Alternative, ChitThuWai, Punk, Rock
ဟင်းလင်းပြင်ထဲမှာ - Big Bag
SPOT-ers
SPoT FM
Hip Hop တွေနားထောင်တာများလို့ ပျင်းနေမှာစိုးလို့ Big Bag ရဲ့ သီချင်းဟောင်းတစ်ပုဒ်ကို တင်လိုက်ပါတယ်။ နားထောင်လို့ရော လိုက်ဆိုလို့ရောကောင်းပေမယ့် ဘာအဓိပ္ပါယ်လည်းဆိုတာတော့ ကျွန်တော်လည်း လုံးဝနားမလည်ပါဘူး။
ဟိုတုန်းကလား ဒါမနက်ဖြန်လား
မမှတ်မိလောက်တော့ သိပ်ညံ့ဖျင်းတယ်
ငါမရှိတော့ဘူး ငါမသိတော့ဘူး
ဒီရင်ထဲကမင်းမှ ပြန်မထွက်တော့
ကိုယ်ပိုင်ဦးဏှောက်ထဲက ဟင်းလင်းပြင်ထဲ
နှလုံးသားအမာရွတ်တစ်ခု ထင်ကျန်နေဆဲအချစ်ရယ်
ရင်ကိုလှုပ်နှိုးဆဲ ငါဟာ အာကာသထဲရောက်လို့နေတယ်
လုံးဝိုင်းတဲ့သုညတစ်ခု ရင်မှာငါသော့ခတ်မယ်
ခေါင်းခွံအလွတ်တစ်လုံးထဲ
နေရာပေးခဲ့မိတဲ့ ငါ့အပြစ်ငါခံမယ်
ပန်းချီကားပေါ်က နင့်အပြုံးတွေလား
လူတွေမရှိတုန်း ခိုးနမ်းလိုက်တယ်
ငါမရှိတော့ဘူး ငါမသိတော့ဘူး
ဘာကိုမှမပြောပဲ မင်းစကားသံထဲမှာ ငါငြိမ်သက်ခဲ့
အရာရာမေ့ပစ်ဖို့ အတတ် တတ်ခဲ့ပေမယ့်
နှလုံးသားအမာရွတ်တစ်ခု ထင်ကျန်နေဆဲအချစ်ရယ်
ရင်ကိုလှုပ်နှိုးဆဲ ငါဟာ အာကာသထဲရောက်လို့နေတယ်
လုံးဝိုင်းတဲ့သုညတစ်ခု ရင်မှာငါသော့ခတ်မယ်
ခေါင်းခွံအလွတ်တစ်လုံးထဲ
နေရာပေးခဲ့မိတဲ့ ငါ့အပြစ်ငါခံမယ်
လုံးဝိုင်းတဲ့သုညတစ်ခု ရင်မှာငါသော့ခတ်မယ်
ခေါင်းခွံအလွတ်တစ်လုံးထဲ
နေရာပေးခဲ့မိတဲ့ ငါ့အပြစ်တွေပဲ
နှလုံးသားအမာရွတ်တစ်ခု ထင်ကျန်နေဆဲအချစ်ရယ်
ရင်ကိုလှုပ်နှိုးဆဲ ငါဟာ အာကာသထဲရောက်လို့နေတယ်
လုံးဝိုင်းတဲ့သုညတစ်ခု ရင်မှာငါသော့ခတ်မယ်
ခေါင်းခွံအလွတ်တစ်လုံးထဲ
နေရာပေးခဲ့မိတဲ့ ငါ့အပြစ်ငါခံမယ်
Labels: Alternative, BigBag, HanHtooLwin, Rock