သတိမရဘူး - 19:18



ငါ့ရဲ့စိတ်ကိုမွန်းကြပ်စေတယ်
ငါ့ရဲ့ဘ၀ကိုမင်းပိတ်လှောင်ခဲ့
ဘယ်နေရာသွားသွား မင်းအရိပ်ထဲ
လုံးဝမလွတ်တော့ဘူး

နွေးထွေးမှုတွေ အေးစက်ကုန်တယ်
အားလုံးပြောင်းပြန် ပြောင်းလဲလာတယ်
အကြင်နာတွေဟာ ရက်စက်ကြပြီကွယ်
လုံးဝခွင့်မလွှတ်ဘူး

CHO: သတိမရဘူး ဟိုအရင်နေ့များ
မလွမ်းတော့ဘူး နှစ်ကိုယ်တူညတွေ
ငါ့အားမင်း ဒီတစ်ခါလျှော့မတွက်နဲ့တော့ကွာ
ကြာတော့ငါ ရင့်ကျက်လာခဲ့တာ

ဆုံစည်းကြတာခွဲဖို့ပါပဲ
တို့ဝေးတော့ ဘာထူးဆန်းမှာလဲ
ဘယ်သူနဲ့သွားသွား မင်းဘ၀ပဲ
မတားမြစ်တော့ဘူး

Bridge: အခြေအနေတွေက အချိန်နဲ့မျှ အရောင်ပြောင်းတာ
ဒါတွေဟာ ငါ့အပြစ်တော့မဟုတ်ဘူး
ဝေးကြမယ် အချစ်လေး

CHO:

Bridge:

CHO:

Labels: , , , , ,

Post a Comment