Yer Or No - ရေနွေးကြမ်းနဲ့ မြေပဲယို

February လတွင် ၃၀ရက်နေ့ မရှိဘူးလို့ ထင်ထားသူအတွက်


Calendar မရှိသူတစ်ယောက်




Yes or No?



V1: မနေ့ညက အိပ်မက်ဆိုးတွေမက်တယ်
မနက်ကျတော့ မျက်ခုံးများကလှုပ်တယ်
အခန်းထဲက တင်ထားတဲ့ ဖန်ခွက်ရယ်
လေမတိုက်ပဲနဲ့ ဒီတိုင်းပဲကျကွဲတယ်

ဒီနေ့ကို ဒီနေ့ကို သူလေးနဲ့တွေ့လို့
အဖြေပေးပါ အဖြေပေးပါ တောင်းတမိလို့
အိမ်မြောင်ဥကိုကွယ် ကိုင်တွယ်မိသလိုပဲ
ဘယ်လိုတုန်း တုန်နေလို့ တုန်နေလို့ ကယ်ပါဗျို့

ကျွန်တော့မွေးနေ့ ၁၃၄၀
တန်ခူးလဆုတ် ၁၃ရက်လို့ပြောတယ်
အိမ်ဘေးနားက ဒေါ်ဘုမကလက်သည်
ကျွန်တော်မွေးတုန်းက အချင်းက စလွယ်နဲ့တဲ့
ဂြိုလ်စီးတွေ ဂြိုလ်နင်းတွေ ကောင်းကောင်းသိဖို့
ဆရာကြီးရယ် ဆရာကြီးရယ်
တွက်ချက်ပေးလို့
အချစ်ရေးမှာကွယ် ယတြာလည်းချေမယ်
ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး ဘယ်လိုကြုံမှာတုန်း

CHO: Yes or No တစ်ခုတော့ဖြစ်မယ်
No ဆိုရင် ၀မ်းနည်းရမယ်
ကောင်မလေးရယ် မကြည်စားပါနဲ့
ဘယ်လိုတုန်း
ဖြေပါဦး ဖြေပါဦး ဘယ်လိုတုန်း/ခင်ခင်ပျိုမေရယ်

Rap: သံယောစဉ်တွေက ပြည့်နှပ်
ရင်ဘတ်မှာရှိတာသိလျက် ဦးနှောက်ကစဉ်းစားကြည့်လျှင်
ငါမင်းကို သိပ်ချစ်တယ်ထင်
အဲ့ဒီ့တိုင်းပဲ ပြုံးသွား ရင်ထဲမှာရှုံးမလား
အနိုင်လိုချင်တဲ့စိတ်တွေ ငါ့အပြစ်
အချစ်အမုန်းကို ခွဲခြားပြုပြင်
ဘ၀ခရီးလမ်းများစွာထဲလည်း အဲ့ဒီ့ အချစ်ကပါဝင်ဆဲ
ကုဖို့လုံးဝဆေးမရှိတဲ့ စိတ်ရောဂါအချစ်တွေပါပဲ
ခံစားချက်ရောထွေးနေမြဲ ငါ့စိတ်ကရူးနေတုန်းမြဲ
ငါမင်းကိုချစ်နေတာလဲ အဲ့ဒီ့ရောဂါတစ်ခုပါပဲ

V2: သူပေးထားတဲ့ ကောက်ရိုးလေးတစ်မျှင်ထဲရယ်
မျှော်လင့်ချက်ရဲ့ တန်ဖိုးလေးတွေရှိတယ်
ငါစိုက်ခဲ့တဲ့ အိပ်မက်သစ်ပင်လေးရယ်
တစ်နေ့နေ့တော့ အရိပ်ရလာလိမ့်မယ်
စိတ်ထဲမှာ စိတ်ထဲမှာ မင်းပဲရှိတယ်
ရင်ထဲမှာ ရင်ထဲမှာ မပြောင်းလဲဘူးကွယ်
ယုံကြည်ပေးပါကွယ် တကယ်ချစ်ပါတယ်
ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး ဘယ်လိုတုန်း

CHO:

Labels: , , , ,

Post a Comment