ဆေးကျောင်းသား - Blueberry

S'STEP

2angeLs




for an ever-lasting S'STEP.......




ဆေးကျောင်းထဲက ကောင်ကလေး သိပ်ချစ်လွန်းလို့ ငါလိုက်ငေး
ခိုးခိုးပြီးတော့ အကြိမ်ကြိမ်ကြည့် သူလေတကယ်ကိုမသိ
ဆေးကျောင်းထဲသို့ ၀င်လိုက်တိုင်း တို့တစ်ယောက်ထဲမို့ အူကြောင်ကျား
မိုးတိုးမတ်တပ် နေရာတကာရပ် ငူငူငိုင်ငိုင်နဲ့

ကောင်ကလေးရယ် မင်းကို သိပ်ချစ်လွန်းတာကိုယ့်မှာ
ဒုက္ခများစွာ ရင်ဆိုင်ရ
ဒါပေမယ့်လေ အချစ်ရာ ကိုယ့်အတွက် ပြဿနာမရှိပါ
မင်းနဲ့တွေ့ရင် ပျော်ရွှင်မှာပါ

စတွေ့မိတဲ့ ပုံရိပ်လေး ခုထိတို့ဖြင့် မမေ့သေး
တွေ့လိုက်တိုင်းလည်း ရင်ခုန်သံလေး
မြန်မြန်လာပြီဟေ့

Duty coat အဖြူရောင်လေးနဲ့ သိပ်ခန့်တဲ့ကောင်လေးရာ
ကိုယ့်ရဲ့အသဲကို အမြန်ကုစားပါ
ဆိုင်သူရှိရင် ကိုယ့်ကို နည်းနည်းလောက် Chance ပေးပါ
သိပ်ချစ်တဲ့ Doctor လေးရာ

ကျောင်းသစ်ထဲက ထိုင်ခုံလေး တို့နဲ့မင်းအတွက် အဖော်လုပ်ပေး
အသိအမှတ်ပြုဖို့ ဒီကောင်မလေး ၀န်ခံပါတယ်လေး
အတန်းရှေ့ဖြတ်လို့ အခါခါရပ် မျက်စိနောက်လို့ အမြင်တွေကပ်
မင်းအတန်းထဲက အဖော်တွေများ ဒီကိုလှောင်ကြမလား

စာတွေလွတ်ကာ မင်းမှာ စိတ်ညစ်မိရင်လည်းကွာ
တို့ရဲ့သီချင်းကို ပြန်လည်ကြားပါ
ဒါပေမယ့်လေ တို့ဟာ မိန်းကလေးဘ၀မို့ သနားပါ
မင်းရဲ့အချစ်ကို မျှော်နေမှာပါ။

စတွေ့မိတဲ့ ပုံရိပ်လေး ခုထိတို့ဖြင့် မမေ့သေး
တွေ့လိုက်တိုင်းလည်း ရင်ခုန်သံလေး
မြန်မြန်လာပြီဟေ့

(Duty coat အဖြူရောင်လေးနဲ့ သိပ်ခန့်တဲ့ကောင်လေးရာ
ကိုယ့်ရဲ့အသဲကို အမြန်ကုစားပါ
ဆိုင်သူရှိရင် ကိုယ့်ကို နည်းနည်းလောက် Chance ပေးပါ
သိပ်ချစ်တဲ့ Doctor လေးရာ) x 2

Labels: , ,

Post a Comment