မေ့မရ - Bambino

ဧပရယ်လ်(၁)ရက်နေ့ကောင်လေးသို့

လင်းလက်ကြယ်စင်





အမုန်းတွေ မာနတွေ မခံချင်စိတ်တွေအားလုံးနဲ့အတူ ဆန့်ကျင်ဘက်လမ်းကို ၂ယောက်ပြိုင်လျှောက်ခဲ့ပေမယ့် အရာအားလုံးခ၀ါချလိုက်တဲ့အခါ တကယ်ချစ်ခဲ့တာတွေက အတုမှမဟုတ်ခဲ့တာ.. အတ္တတွေချည်း ပြည့်နှက်နေတဲ့ တစ်ဖတ်သတ်သိပ်ဆန်တဲ့ မင်းလုပ်ရပ်တွေအားလုံး ခွင့်မလွှတ်နိုင်လောက် နာကြဉ်းခဲ့ပေမယ့် ပိုင်စိုးခဲ့ဖူးတဲ့ရင်ခွင်ထဲမှာ မင်းနဲ့ပတ်သတ်တဲ့ အငွေ့အသက်တွေ ရှင်သန်နေရင်း မေ့မရဖြစ်ခဲ့တာ ဒီသီချင်းတစ်ပုဒ်နှင့်ထပ်တူထပ်မျှပါပဲ




တေးရေး - ရသ
တေးဆို - Bambino

V1: မမေ့ခဲ့ပါဘူး.. တို့မမေ့ခဲ့.. မမေ့ခဲ့ နင်နားမလည်နိုင်ခဲ့.. ငါ့ရဲ့ ဒီအချစ်များပဲ တိတ်ဆိတ်တဲ့ ကမ္ဘာမြေလှုပ်ရှားမယ် ငိုသံထင်လျက်တွေး ဒီလိုအချိန်မှာ ငါ့တစ်ယောက်တည်း လူတွေမမြင်အောင် ခေါင်းငုံ့ဆဲပါ မင်းစကားတစ်ခွန်းမှာလေ သေသွားတဲ့ သီချင်းလေးအသက်ငင်နေ မဖြစ်သေးဘူး ငါ့ရဲ့ ဘက်မှာလေ.. တစ်ယောက်တည်း ဘ၀နဲ့ထပ်ကာ ဘ၀နဲ့အပ်ကာ

CHO: (ချစ်ဖူးသူ တစ်ခါလောက်မေးချင်တယ် မေးချင်တယ်.. လွယ်လွယ်နဲ့ မေ့လို့ရမှာလား.. ဘယ်လိုမှ မေ့လို့မဖြစ်နိုင်သူကိုမှ မေ့ချင်တယ်.. မေ့ချင်တယ် လွယ်လွယ်နဲ့ မေ့လို့ရမှာလား ဒီမျက်ရည်တွေ သက်သေတွေ ရှင်သန်ဆဲ နေ့ရက်များဟာ)

Rap 1: အခု ဘာတွေလုပ်နေလဲ မင်းအကြောင်းတွေကို အကုန်စုံစမ်းထားတယ် အပြင်ဘက်မှာ မလွမ်းသလိုပုံ ဖမ်းထားခဲ့ မင်းရဲ့ သစ္စာတရားက ယုံတမ်းစကားပဲ ကန်ဘောင်မှာထိုင်နေကြ ခုံတန်းလျားအထိ အနားကပျောက်ကွယ်တဲ့သူ လျှောက်ခဲ့တဲ့ တို့လမ်းမလည်း မရှိတော့ဘူး ခုဆိုရင်မြင်တဲ့သူ အရူးလို့ထင်မြင်မယ် အစဉ်မြဲ ရင်ထဲပူ သူ့ကိုပင် အဝေးလိုက်လို့ရှာ တွေ့နိုင်ဖို့အရေး ငိုင်လို့ဆွေး ယနေ့တိုင်ငိုကြွေး ဘယ်တော့မှ မမေ့နိုင်တော့ဟေ့ ဘယ်သီချင်းတွေဆို ရင်ဖွင့်ရမလဲ မယုံရင်ကြုံရင်မေးကြည့်လိုက် ငါ့အကြောင်းသူငယ်ချင်းတွေကို ပြန်လာမလား မျှော်ကြည့် ရည်ရွယ်ရင်းနေလို့ မင်းကြောင့်မက်တဲ့ အိပ်မက်ထဲက ထွက်ပြေးဖို့ တကယ်မလွယ် တကယ်ချစ်နေလို့ ကယ်ဆယ်သူမဲ့ နာကျည်းစရာ ကြင်နာတာတွေ လုံးဝမမေ့ပါဘူး မေ့လိုက်ဖို့ သူပြောခိုင်းတော့ နောက်ဆုံးတော့ အတွေးမှာရူး မုန်းဖို့က ခွန်အားဆုံးရှုံးသွား အသုံးမကျသေးပါဘူး နှလုံးသားဘက်ကရူး အရာရာဆုံးဖြတ်ပေးပါ အခု

CHO: (ချစ်ဖူးသူ တစ်ခါလောက်မေးချင်တယ် မေးချင်တယ်.. လွယ်လွယ်နဲ့ မေ့လို့ရမှာလား.. ဘယ်လိုမှ မေ့လို့မဖြစ်နိုင်သူကိုမှ မေ့ချင်တယ်.. မေ့ချင်တယ် လွယ်လွယ်နဲ့ မေ့လို့ရမှာလား ဒီမျက်ရည်တွေ သက်သေတွေ ရှင်သန်ဆဲ နေ့ရက်များဟာ)

Rap 2: မမျှော်လဲရင်ထဲ ၀င်လာရင်းနဲ့ အရင်ကမင်းရဲ့ ကြင်နာခြင်းနဲ့ အရှင်းပဲ အကြင်နာကင်းတဲ့ မညင်သာခြင်းနဲ့ မုန်တိုင်းလို မင်းသဘော မင်းအုံ့ဆိုင်းလို့ တိုက်ခိုက်တုန်း အိပ်မက်တွေနဲ့ ငါ့ညတွေထဲ လိုက်လိုက်ကြည့်ဦး ဘာတွေ ကျန်ခဲ့ပြီထင်လဲ မြန်ဆန်ခဲ့ပြီး မင်းရဲ့စကားတွေ ငါချန်ခဲ့ပြီး ခွဲခွာရန်ခက်ပြီး ကာရံလဲမရှိ ဘာကြောင့် မင်းအကြောင်း သိလျက်နဲ့ ညာခံခဲ့ပြီထင်လဲ… ငါ့ဘ၀ ခဏပြန်လှည့်ကြည့်ရင် မြင်မယ်

CHO: (ချစ်ဖူးသူ တစ်ခါလောက်မေးချင်တယ် မေးချင်တယ်.. လွယ်လွယ်နဲ့ မေ့လို့ရမှာလား.. ဘယ်လိုမှ မေ့လို့မဖြစ်နိုင်သူကိုမှ မေ့ချင်တယ်.. မေ့ချင်တယ် လွယ်လွယ်နဲ့ မေ့လို့ရမှာလား ဒီမျက်ရည်တွေ သက်သေတွေ ရှင်သန်ဆဲ နေ့ရက်များဟာ)

Labels: , , ,

Post a Comment