ချစ်သောကမ္ဘာမြေ - Big V

Each and Everyone

mmhan




ချစ်သော ကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးနဲ့ လူတိုင်းလူတိုင်းအတွက် ဒီသီချင်းဟောင်းလေး ပြန်နားထောင်စေချင်လို့ တင်ပေးလိုက်ပါတယ်။




တောင်တန်းတွေနဲ့ ပင်လယ်ဖြတ်ပြီး
မိုးတိမ်တွေကို မော့ကြည့်လိုက်
ကိုယ့်ရဲ့နေ့တွေ ဘယ်လောက်များများ
တစ်ခုသောကောင်းကင် ကောင်းကင်အောက်မှာ
ရွေ့လျားနေတဲ့ တိမ်တိုက်တွေလို မျောလွင့်ဆဲ

မိုးတိမ်နဲ့ ခရီးတွေလည်း ဘယ်လို ပုံသဏ္ဍန်တွေကွဲလည်း
တကယ့်တကယ်တမ်းတော့ ကောင်းကင်တစ်မိုးအောက် ခရီးသွားများပါပဲ

တို့လူသား ဘ၀တွေလည်း ဘယ်လို အခြေအနေတွေခြားလည်း
မျက်ရည်စက်များနဲ့ လောကဓံတရားရဲ့ ရုပ်သေးရုပ်များပါပဲ

အားလုံးပဲ ဆန္ဒများနောက်လိုက် မောဟနဲ့လောင်မြိုက်ရင်း
တကယ်ဆိုရင် ဘာမှ မကွဲပြားမှန်း သိရက်နဲ့ ဘာကြောင့်များ မာန်လွန်လိုက်ကြနေချင်လည်း

အကျည်းတန်တဲ့ ရန်ပွဲတွေက ဘယ်လိုအချိန်မှာရပ်သွားမလဲ
အငြိုးတွေနဲ့ မာနတွေဖွဲ့ အမုန်းသည်မီးတောက်များပါပဲ

လဲကျတဲ့သူ ထူဖေးမလို့ အားနည်းတဲ့သူကူရင်း
ဒါဏ်ရာတွေ အပြန်အလှန်မပေးကြနဲ့
လောကထဲ..
တစ်ခဏထဲ ကြုံလာတဲ့ ဧည့်သည်တွေပဲ

ကမ္ဘာကိုအချစ်များနဲ့ရွေးချယ်
ဒါဏ်ရာတွေကုစားကြပါစို့
အပြာရောင်မိုးသားများရဲ့အောက် ချိုသောသီချင်းတွေကိုဆိုညည်းလို့
အတူသွားကြမယ် နှလုံးသားတိုင်း
ကမ္ဘာကိုအချစ်များနဲ့ရွေးချယ်
ဒါဏ်ရာတွေကုစားကြပါစို့
အပြာရောင်မိုးသားများရဲ့အောက် ချိုသောသီချင်းတွေကိုဆိုညည်းလို့
အတူသွားကြမယ် လာသွားစို့
ကျေးဇူးတရားများနဲ့ ချစ်သောကမ္ဘာမြေကို..

.... နဲ့ ဘယ်လိုနိမ့်ကျမလဲ လူဟာမြူမှုန်ငယ်တစ်ခုပဲ
သမုဒ္ဒရာထက်က ရေပွက်ငယ်လေးတစ်ခု အခုမြင် အခုပျောက် ခဏပါပဲ

တို့အချစ်ရဲ့ သီချင်းသံများနောက်လိုက်
တည်ကာစ ကမ္ဘာမြေအဆုံး
ဖြူစင်စွာ အတည်လက်တွဲကြစို့
တစ်ယောက်နဲ့တစ်ယောက်........ ရေး..

ကမ္ဘာကိုအချစ်များနဲ့ရွေးချယ်
ဒါဏ်ရာတွေကုစားကြပါစို့
အပြာရောင်မိုးသားများရဲ့အောက် ချိုသောသီချင်းတွေကိုဆိုညည်းလို့
အတူသွားကြမယ် နှလုံးသားတိုင်း
ကမ္ဘာကိုအချစ်များနဲ့ရွေးချယ်
ဒါဏ်ရာတွေကုစားပေးနိုင်ဖို့
အပြာရောင်မိုးသားများရဲ့အောက် ချိုသောသီချင်းတွေကိုဆိုညည်းလို့
အတူသွားကြမယ် လာသွားစို့
ကျေးဇူးတရားများနဲ့ ချစ်သောကမ္ဘာမြေကို..
ကျေးဇူးတရားများနဲ့ ချစ်သောကမ္ဘာမြေကို..

Labels: , , , , ,

Post a Comment