အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင် - မျိုးကြီး



နင်ရယ်ငါရယ် အခုတလောထဲ အဆင်မပြေတာတွေ သိပ်များတယ်
စကားလေးတစ်ခွန်းမှာ အထအနကောက်တာ ခဏခဏပဲ
ငါဟာ အဖြူဆို နင်က အမည်း ဘာမဆိုတိုင်ပင်လိုက်တိုင်းလည်း
အကြောင်းမရှိအကြောင်းရှာ ငါ့ရဲ့အပြစ်သာ နင်မြင်နေခဲ့
တစ်ခုခုတော့မှားနေပြီ တို့နှစ်ယောက်ရဲ့ အခုလက်ရှိ မှားဆဲ...

အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင် သွားပြီ သွားပြီ သွားပြီ
အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင် ဝေးပြီ ဝေးပြီ ဝေးပြီ
တစ်သက်လုံး ဝေးနိုင်သည်.......

အရင်အချိန်တွေကို ငါနှမြောတယ် အရင်လိုရင်မှာ ခံစားချက်
ကြိုးစားပြီးပြန်တည်ဆောက်ခွင့်ရှိရင် ငါလိုချင်မိ...
တစ်ခုခုတော့မှားနေပြီ တို့နှစ်ယောက်ရဲ့ အခုလက်ရှိ မှားဆဲ...

အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင် သွားပြီ သွားပြီ သွားပြီ
အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင် ဝေးပြီ ဝေးပြီ ဝေးပြီ
တစ်သက်လုံး ဝေးနိုင်သည်.......

ငါ့ဘက်ကတတ်နိုင်သမျှ လျှော့နိုင်ဖို့ စဉ်းစားထား
ငါ့ဘက်ကပေးနိုင်သမျှ ပေးနိုင်ဖို့ ပေးဖို့အတွက် ငါဆုံးဖြတ်ထားရင်းက...

နင်ရယ်ငါရယ် အခုတလောထဲ အဆင်မပြေတာတွေ သိပ်များတယ်
စကားလေးတစ်ခွန်းမှာ အထအနကောက်တာ ခဏခဏပဲ

Labels: ,

အချစ်သီချင်း - မျိုးကျော့မြိုင်



ကံဆိုးမိုးမှောင်ကြတဲ့အခါ ချစ်သူလက်ကိုစွဲကိုင်ထား
အကျင့်ပါသွားခဲ့တာ ချစ်သူမရှိတော့ လက်မှိုင်ချ
ဘာ့ကြောင့်များ အချစ်ကိုကိုးကွယ်မိလဲသိချင်တာ
ဟိုးအရင်ကလိုပဲ မင်းရဲ့အနားမှာ ရှိချင်တာ
ဒီလိုနဲ့ပဲသစ်ရွက်ကလေးတွေ တစ်ဖြုတ်ဖြုတ်ကြွေ
မိုးဆောင်းနွေ ပြက္ခဒိန်တွေတစ်မျိုးပြောင်းနေ
အတိတ်ကိုတွေး စိတ်မှာဆွေးမိတာ အဆိုးအကောင်းတွေ
အကျိုးအကြောင်းတွေ လွဲခဲ့ရတယ် တို့နှစ်ယောက်ဝေး

အမြဲ ရင်ထဲပြည့်ကျပ်နေလို့ ခံစားရခက်နေလို့ ဒီစိတ်နဲ့ရူးနေလို့
ရင်ထဲမှာ သိပ်ချစ်မိတာကို
လွမ်းစရာတွေ့ရင် ရူးလောက်အောင်စိတ်ညစ်တာမို့
လမ်းမှာတွေ့ရင် ပြောပြပေးပါ သိပ်ချစ်တာကို

လူတွေလွမ်းဆွေးတွေးငေးပြေး ဟိုအဝေး...
ဒါပေမယ့်လည်း အချစ်နဲ့ကင်းဖို့ မကယ်နိုင်တော့လည်း စိတ်တွေလေး
ပူပန်သောက ပူလောင်ဒေါသ မောရတဲ့နေ့တွေဆိုတာ
အချစ်နဲ့တွေ့တဲ့ လူတွေအတွက်တော့ သံသရာတစ်လျှောက်မှာ ရေတွက်လို့မရ
မာနတွေခ၀ါချပြီး အချစ်ရဲ့အောက်မှာ ဒူးတွေထောက်ကြ
ပေးဆပ်ရ ဒီဘ၀ အချစ်ကြောင့်ပဲစိတ်တွေပြောင်းသွား
အချစ်စိတ်အရာအားလုံးကို ထိန်းချုပ်ထား
ဒီစိတ်နဲ့စား ဒီစိတ်နဲ့သွား ဒီစိတ်နဲ့အသက်ဆက်ရှင်နေရပါလား

အချစ်ကြောင့်ရူး အချစ်ကြောင့်မူး သီချင်းတွေလည်းရေးခဲ့ဖူးတယ်
အချစ်ဒုက္ခ အချစ်မရှိမှ တစ်ယောက်ထဲပဲဝမ်းနည်းခဲ့ရ
အချစ်ရဲ့အဝေး ကိုယ်ထွက်ပြေး တစ်ခါတစ်လေတော့လည်း စိတ်ညစ်ဖူးတယ်
အချစ်နာကျ အချစ်ဒါဏ်များ မခံနိုင်တော့လည်း အရှုံးပေးဦးမယ်
စွဲလန်းခြင်း လွမ်းဆွေးခြင်း မနေနိုင်လောက်အောင် သင်ခဲ့ဖူးတယ်
အချစ်တတ်ဆုံး သတိရဆုံး ကိုယ့်ရဲ့ဘ၀မှာတစ်ယောက်ထဲရှိတယ်
တွေဝေခြင်း ဟန်ဆောင်ခြင်း ဒီနောင်တတွေရမှ
ကိုယ့်ရဲ့အဝေး သူထွက်ပြေး အချစ်ဆုံးကိုလေ ဆုံးရှုံးဖူးတယ်

အမြဲ ရင်ထဲပြည့်ကျပ်နေလို့ ခံစားရခက်နေလို့ ဒီစိတ်နဲ့ရူးနေလို့
ရင်ထဲမှာ သိပ်ချစ်မိတာကို
လမ်းမှာတွေ့ရင် ရူးလောက်အောင်စိတ်ညစ်တာမို့
လွမ်းစရာလေးတွေ ပြောပြပေးပါ သိပ်ချစ်တာကို

လူတွေလွမ်းဆွေးတွေးငေးပြေး ဟိုအဝေး...
လွဲမှားစွာဆုံးဖြတ်မိတဲ့ ငါ့ရဲ့အမှားတွေ ဆုံးဖြတ်ချက်
ဟိုးတုန်းက ပျော်စရာများတဲ့ ငါတို့နှစ်ယောက်ရဲ့ဘဝ
အတိတ်ကိုတွေး စိတ်မှာဆွေးမိတာ အဆိုးအကောင်းတွေ
အကျိုးအကြောင်းတွေ လွဲခဲ့ရတယ် တို့နှစ်ယောက်ဝေး

Labels: , , , ,

သေချာပြီနင်တစ်ယောက်တည်း - သီရိဆွေ


powered by ODEO

LaLaLaLa.. LaLaLaLa.. La...
ရင်ခုန်သံတွေကြားတယ် နင်ဘယ်လိုပြုစားတယ်
သေချာပြီ တစ်ယောက်ထဲ
အိပ်မက်တွေထဲ စိတ်ကူးတွေထဲ ဘယ်သူရောက်နေလဲ
နှောင်ဖွဲ့နေတဲ့ ဒီမျက်ဝန်းရယ် ဒီစိတ်ထဲ စိတ်ထဲ ဟိုး.....

ဘယ်ကိုငေးကြည့်ရင်လည်း ဘာကိုတွေးကြည့်ရင်လည်း
နေရာတကာ မင်းအရိပ်တွေပဲ လှမ်းမြင်လားမပြောတတ်တယ်
ဘာကြောင့်မှန်းမသိနိုင်ပဲ မလိုအပ်ဘူး တွေးပြန်လဲ
ဟန်ဆောင်လို့မရနိုင်ပဲ မင်းတကယ်ပဲဆွံ့အ စေခဲ့

ရင်ခုန်သံတွေကြားတယ် နင်ဘယ်လိုပြုစားတယ်
မပျောက်ပျက်မဲ့ နေရာလေးချန်ထားတယ်
ရင်ခုန်သံတွေကြားတယ် နင်ဘယ်လိုပြုစားသလဲ.....
သေချာပြီနင်တစ်ယောက်တည်း...
အိပ်မက်တွေထဲ စိတ်ကူးတွေထဲ ဘယ်သူရောက်နေလဲ
နှောင်ဖွဲ့နေတဲ့ ဒီမျက်ဝန်းရယ် ဒီစိတ်ထဲ စိတ်ထဲ...

ရင်မဆိုင်တွေးပေမယ့် မနေနိုင်ဘူး ကိုယ့်တစ်ယောက်ထဲ
အရာရာစိုးမိုးနေလည်း မင်းအကြည့်များ ရူးလောက်တယ်
ချန်မထားခဲ့ပါနဲ့ နင်စိတ်ပြောင်းခဲ့ရင်လည်း နာကြင်မဲ့အရှုံးတွေနဲ့
မျက်ရည်တို့ မကျပါရစေနဲ့

ရင်ခုန်သံတွေကြားတယ် နင်ဘယ်လိုပြုစားတယ်
မပျောက်ပျက်မဲ့ နေရာလေးချန်ထားတယ်
ရင်ခုန်သံတွေကြားတယ် နင်ဘယ်လိုပြုစားသလဲ...
သေချာပြီနင်တစ်ယောက်တည်း...
အိပ်မက်တွေထဲ စိတ်ကူးတွေထဲ ဘယ်သူရောက်နေလဲ
နှောင်ဖွဲ့နေတဲ့ ဒီမျက်ဝန်းရယ် ဒီစိတ်ထဲ စိတ်ထဲ...

Labels: , ,

ဆံပင်ရှည်လေး - Smoke


မွန်ပြည်သား



powered by ODEO

ခါးသက်တဲ့နေ့ရက်များကို ငါတစ်ယောက်ထဲဖြတ်သန်း ၀ိုးတ၀ါးနဲ့ ငါ့မနက်များဟာ ဒါကဘ၀မှတ်တမ်း အထီးကျန်စွာ ဖြတ်ကျော်နေရင်းနဲ့ ဖြစ်ပေါ်ခဲ့ရင်ခုန်ခြင်း ခြေလှမ်းကို ကုဋေတစ်သန်းနဲ့ လျှောက်လှမ်းလာသူ နူးညံ့တဲ့ အကြည့်စုံပိုင်ရှင် စူးစိုက်ခဲ့ အကြည့်တောင်ပြန်မ၀င် ဆံပင်လေးသပ်ကြည့်ကာပြုံး ရင်လေးဟပ်ထိကာဆုံး အသက်ရှူဖို့ ငါ့မှာမေ့ခဲ့ အချစ်တွေငါ့ဆီမှာ အပြည့် ငါ့ကိုယ်ငါသုံးသပ်ကြည့်မှ ယုတ်တိမရှိတဲ့ အဖြေတွေတွေ့ ဒါတွေဟာ ဘာကြောင့်လည်း ငါ့အသည်းလေးလှုပ်ခပ်သွား ဆယ်ကျော်သက်ရင်ခုန်သံက လျှက်တပြက်မှာ ရပ်နား ဒီရေလို အတက်အကျများ အချစ်အဓိပ္ပါယ်အား ရှင်းမရခဲ့ ငါကိုယ်တိုင် အချစ်အကြောင်းကို နားမလည်တော့ ဒုက္ခပဲ

ဆံပင်ရှည်လေးနဲ့မင်းက ဒီမှာတော့လုံးဝမေ့မရဘူး
ကလေးရယ် နင့်အပြုံးလေးတစ်ချက်ကို လိုချင်နေမိ
ဆံပင်ရှည်လေးနဲ့မို့သိပ်လှ ဒီမျက်ဝန်းထဲမှ အကြည့်တွေက
ငါ့အတွက် မျှော်လင့်ချက်များကို ဖြစ်လာစေတယ်

သူ့ကိုငါငေးမောရင်းနဲ့လမ်းမကြီးမှာငုတ်တုတ်ကြီးကျန် အပြစ်ကင်းတဲ့မင်း အလှလေးကို ငါ့မှာအခုတော့ တပ်မက်ခဲ့ပြန် ဖြူစင်တဲ့ သူ့အချစ်တွေကို အခုအချိန်မှာတော့ အရယူဖို့ကြံ ချစ်ခြင်းနဲ့ အရာရာကို မေ့ဖျောက်ဖို့ကြိုးစား __ တွေကပြင်းပြနေတော့ အချစ်နဲ့ အခါခါအငြင်းပွား ရိုးသားခြင်းအမှောင်မသိ အကြင်နာတွေအရောင်မရှိ လှပတဲ့ ဆံပင်လေးရယ် အကြည့်တစ်စုံကညှို့ပြီး ဆံပင်လေးက ဖြောင့်စင်း ခန္ဓာကိုယ်ကတောင့်တင်း ဘယ်လိုမှ ရုန်းမရခဲ့ ချိုသာတဲ့ အပြုံးများနဲ့ မြင်ရတဲ့ အရှုံးများနဲ့ အသေချာပဲသိပ်ချစ်တယ် ပူလောင်တဲ့အချစ်တွေရမလား အေးစက်တဲ့မေတ္တာများလား အစိမ်းသက်သက်အလွမ်းတွေများက င့ါကိုယ်ပြန်လည်တိုက်စားသွား

ရင်မှာ ဒဏ်ရာဝေဒနာတွေကို မင်းလေးခဏလောက်ကုစားပေး ငါ့စိတ်မှာမင်းအပြုံးဟာ ငါ့အတွက်ဆေးတစ်ခွက် အချစ်ရောဂါကုဖို့ခက် ဖြစ်သမျှ အချစ်ကနင့်အတွက် နင့်အကြည့်တွေ ငါ့အတွက်ကတော့ မျှော်လင့်ခြင်းတွေဖြစ်နေခဲ့ အချစ်ဆိုတဲ့ မျှော်လင့်ခြင်းကို တိတ်ဆိတ်သွားအောင်မလုပ်ပါနဲ့ စာဖွဲ့လို့မမှီနိုင်ဘူး ပန်းချီဆရာတွေတောင် လက်မှိုင်ချမယ် နတ်ဖက်တဲ့မင်းရဲ့အလှနဲ့ အိနြေ္ဒရှင်နှုတ်ခမ်းပါးလေးရယ် နင့်အကြောင်းကို စုံစမ်း ငါ့ရဲ့အဖြစ်က ယုံတမ်း ပုံပြင်တစ်ပုဒ်လိုဖြစ်နေတော့ ဇာတ်သိမ်းပိုင်းမှာ မဆွေးချင်တော့ နင်ကတော့ ငါ့နတ်သမီး နင်မကယ်ရင်ဘ၀တွေပျက်ပြီး ရီဝေစွာ ______ အကြည့်တွေက ရင်ထဲအထိ ချစ်နေတာနင်လဲ အသိ နင်ရဲ့အလှမှာ ကြွေခဲ့မိ

အချစ်စိတ်တွေပုန်ကန်ကာ ငါ့ရဲ့စိတ်တွေပုံမမှန် ငါအဖြစ်ငါယုံရန်တောင်မှ သိပ်ကိုပဲ ခက်ခဲ အချစ်ဆိုတဲ့နောက်ကွယ်မှာတော့ အမုန်းဆိုတာရှိမှာပဲ ဖြစ်နေတာပြောချင်ပေမယ် ငါ့စိတ်တွေမ၀ံ့မရဲ ဦးတည်ရာမဲ့နေတဲ့ စွန်တစ်ကောင်လိုလေထဲ နူးညံ့တဲ့ဆံမျှင်လေးများ လေဟာနယ်မှာ ပျံ့ဝဲ ရူးလောက်အောင်ချစ်နေမိလို့ အိပ်မက်တိုင်းမှာ မင်းနဲ့ မင်းကိုငါလွမ်းတဲ့စိတ်နဲ့ ငါ့အိပ်မက်တွေ ဖဲ့ပေး ဆံနွယ်တွေ မြေပေါ်ခမှ အကြောင်းကြားမှုရဲ့ ဒီအတွေး ရင်ခွင်မှာ သိုသိပ်စွာ မျိုသိပ်ငါထားခဲ့ ရှုံးနဲ့သာ ခံလိုက်ရင်း လွမ်းတာကျ ဒါဏ်ရာသင်း ___ ဝေဒနာဖြစ်လည်း ချစ်ခဲ့တာငါ့အပြစ်တွေပဲ

Labels: , ,

အချစ်ကြောင့် - မျိုးကျော့မြိုင်



အချစ်ကြောင့်ရူး အချစ်ကြောင့်မူး ဒီကမ္ဘာကြီးမှာ
အချစ်နာကျ အချစ်ဒဏ်များ ခံနိုင်ရည်မရှိပါ
ကိုယ့်ရဲ့ဘ၀ အဆိုးဆုံးက ဒီအချစ်ပါ
အိပ်လို့မရ စားလို့မရ အကြိမ်ကြိမ်သေဆုံးကာ
အချစ်ကြောင့် နေ့ညတို့ ပျော်ခဲ့ဖူးသလို
အချစ်ကြောင့် နှစ်လတို့ ငိုခဲ့ဖူးတာ
အသည်းကွဲကြ လွမ်ဆွေးကြ ဒီအချစ်ဟာ
ရှိလည်းကောင်း မရှိလည်းကောင်း ဒီကမ္ဘာကြီးမှာ
အိပ်မက်တွေမက်ခါ.... ကြီးပြင်းခဲ့ ဘ၀ရဲ့အစ ရင်ခုန်သံများဟာ
အခုများဘယ်အနားမှာ မရှိတော့ဘူး မရတော့ဘူး
တကယ်ကွာခြားလာ..
ကလေးလေးဘ၀ အချစ်သီချင်းများ ကိုယ်ချရေးကာ
အချစ်ဆိုတဲ့ စာသားတွေနဲ့ ကိုယ်ကြည်နူးလာ
လက်တွေ့ဘ၀တွေ့ရတဲ့ ဒီအချစ်ဟာ
အမည်းစက်များ လောကဓံကြား တရားခံဖြစ်လာ

ပျော်ရွှင်ခဲ့သော အချိန်တစ်ခုသာ
ချစ်သူအပြုံးအလှဆုံး ကိုယ်ထင်ခဲ့တာ
အဆင်မပြေခဲ့သောအချိန် ဒီအချစ်ဟာ
တစ်ယောက်နဲ့တစ်ယောက် လှည့်မကြည့်လောက်အောင် ရွံမုန်းလာ

အိပ်မက်တွေမက်ကာ ချစ်သူအပြုံးအလှဆုံး ဒီကမ္ဘာကြီးမှာ
အခုများ ဘယ်နားမှာ တစ်ယောက်နဲ့တစ်ယောက်လှည့်မကြည့်လောက်အောင် ရွံမုန်းလာ

အချစ်ကြောင့်ပေါ့ ကိုယ့်ရဲ့ဘ၀ အကြိမ်ကြိမ်သေခဲ့ဖူးတာ..
ကိုယ်သေခဲ့ဖူးတာ...

Labels: , , ,