အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင် - မျိုးကြီး



နင်ရယ်ငါရယ် အခုတလောထဲ အဆင်မပြေတာတွေ သိပ်များတယ်
စကားလေးတစ်ခွန်းမှာ အထအနကောက်တာ ခဏခဏပဲ
ငါဟာ အဖြူဆို နင်က အမည်း ဘာမဆိုတိုင်ပင်လိုက်တိုင်းလည်း
အကြောင်းမရှိအကြောင်းရှာ ငါ့ရဲ့အပြစ်သာ နင်မြင်နေခဲ့
တစ်ခုခုတော့မှားနေပြီ တို့နှစ်ယောက်ရဲ့ အခုလက်ရှိ မှားဆဲ...

အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင် သွားပြီ သွားပြီ သွားပြီ
အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင် ဝေးပြီ ဝေးပြီ ဝေးပြီ
တစ်သက်လုံး ဝေးနိုင်သည်.......

အရင်အချိန်တွေကို ငါနှမြောတယ် အရင်လိုရင်မှာ ခံစားချက်
ကြိုးစားပြီးပြန်တည်ဆောက်ခွင့်ရှိရင် ငါလိုချင်မိ...
တစ်ခုခုတော့မှားနေပြီ တို့နှစ်ယောက်ရဲ့ အခုလက်ရှိ မှားဆဲ...

အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင် သွားပြီ သွားပြီ သွားပြီ
အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင် ဝေးပြီ ဝေးပြီ ဝေးပြီ
တစ်သက်လုံး ဝေးနိုင်သည်.......

ငါ့ဘက်ကတတ်နိုင်သမျှ လျှော့နိုင်ဖို့ စဉ်းစားထား
ငါ့ဘက်ကပေးနိုင်သမျှ ပေးနိုင်ဖို့ ပေးဖို့အတွက် ငါဆုံးဖြတ်ထားရင်းက...

နင်ရယ်ငါရယ် အခုတလောထဲ အဆင်မပြေတာတွေ သိပ်များတယ်
စကားလေးတစ်ခွန်းမှာ အထအနကောက်တာ ခဏခဏပဲ

Labels: ,

Post a Comment