ဟာသ - ဆောင်းဦးလှိုင်



သီချင်းလေးတစ်ပုဒ်တော့ ဈေးကွက်ထဲမှာ Hit ဖြစ်သွားပြီတဲ့ဟေ့
ဘာအကြောင်း ရေးဖွဲ့သလဲဆို ရယ်စရာဟာသများတဲ့
ဝတ္ထုတစ်ပုဒ်တော့ ရောင်းတန်းထဲမှာ ထာဝစဉ်နံပါတ်ဝမ်းပဲ
ဟာသသိပ် ခေတ်စားလို့...
ကြိတ်ကြိတ်တိုးတဲ့ ဇာတ်လမ်းရုပ်ရှင် သေချာပါတယ် မမေးနဲ့
ဘာများနှစ်သက်သလဲဆို ရယ်နေရရင်ပြီးရောပဲတဲ့

ဟာ.... ဟာသများ....
ဟာ.... ဟာသများ....
ဟာ.... ဟာသများ....
ဟာ.... ဟာသများ....

ရည်းစားရတဲ့ ကလေးမလေးကို ဘာသာယာလဲမေးတော့
မောင်က သိပ်ရယ်ရတာပဲတဲ့
နှစ်သက်ကြတဲ့ မင်းသားတစ်ယောက်ရဲ့ စွမ်းပကားများကိုမေးတော့
သူက သိပ်ရယ်ရတာပဲတဲ့

အားလုံးပဲလား ပျော်နေကြတာ
အားလုံးပဲလား ပျော်နိုင်ကြတာ
အားလုံးပဲလား ပျော်ချင်ကြတာ
အားလုံးပဲလား ပျော်နိုင်ကြတာ

Labels: , ,

Post a Comment