ပထမဆုံးချစ်သူ - စည်သူလွင်, Tracy

အချစ်ဦးသို့
Rhythm




ပထမဆုံးချစ်တဲ့ ချစ်သူကို မေ့ဖို့ဆိုတာ သိပ်ခဲယဉ်းပါလား



ကိုယ်မကြုံဖူးတဲ့ ရင်ခုန်အထိအတွေ့
အေးစက်နေတဲ့ မင်းလက်ကလေးတွေ
ညင်သာစွာ ကြင်နာလေသူ အချစ်ရေ
ကျေးဇူးပါပဲ မင်းအချစ်တွေ အကုန်လုံး

တို့အတူဆုံနေချိန်တိုင်းမှာ နှစ်ယောက်ထိုင်ပြီးလေ
ကြင်နာလေသော ဘ၀အချိန်တွေ
မင်းစကားတွေကို ယုံပြီးလေ တို့ချစ်သွားခဲ့တယ်
ရင်မှာလေ အမှတ်တရအချစ်များ

ပထမဆုံးချစ်တဲ့ ချစ်သူကို ဘယ်လိုမှ မေ့လို့မရနိုင်သလို
ရာသီတွေလာ ရင်မှာဟောင်းနွမ်းလို့မသွား
ပထမဆုံးအနမ်းလေး အသည်းအိမ်ကို လိုချင်ဖူးအိပ်မက်များစွာကို
ဆောင်ယူပေးသွား ရင်မှာ ဦးဆုံးချစ်သူကို

ကိုယ်ပြန်လွမ်းမိ အရင်အချိန်လေးတွေ
ဟန်မဆောင်တတ်သော တို့နှလုံးသားလေးတွေ
ရင်မှာလေ မင်းကိုအတူပါအချစ်ရေ ထိရှလွယ်သော
တို့အချစ်တွေ အကုန်လုံး

ဝေး.. ဒီလိုအချိန်မှာတို့ဝေးပြီ တစ်ယောက်တစ်ကမ္ဘာခြားနေ
ဘယ်လိုမှလည်း မနီးစပ်တော့
ဆွေး... အကြောင်းကံမဆုံတော့လေ တို့ဝေးခဲ့ကြရပြီ
ရင်မှာလေ အမှတ်တရအချစ်များ

Labels: , ,


hey dude, I think It is not MaDi.. It is Tracy rite?
Commented by Anonymous Anonymous @ November 25, 2006 7:03 PM 


Post a Comment