လွမ်းစရာလေးတွေ - ဆောင်းဦးလှိုင် feat. Examplez



လွမ်းလို့ပြန်လာပဲ အသည်းလေးရာ
တစ်နေ့နေ့ ကိုယ့်အချစ်တွေ မင်းနားလည်မလား
သူတို့နဲ့ အဆင်မပြေလို့များ လိုတယ်ဆို
မင်းအတွက် အချိန်ရာသီမရွေး အသင့်ကိုယ်
ခမ်းနားထည်ဝါမှုများ နောက်မှာ
သူတို့ရဲ့ မာန်မာနများရှိတာ
မင်းအားနာကြင်စေသော တစ်နေ့မှာ
ပြန်မြင်ယောင်ကာ ကိုယ်တို့နှစ်ဦး အတိတ်ကမ္ဘာ

Rap: သိပ်ချစ်ဖို့ကောင်းတာနဲ့ မေ့ပစ်လို့ မရနိုင်ခဲ့
အားလုံးကငြင်းပယ်ကြလဲ သီချင်းသည်ဘ၀မှာ ငါ့ကိုထားခဲ့
မုန်းလို့တော့မရပါပြီ အဆိုးဆုံးက လွမ်းနေမိ
တရွေ့ရွေ့နဲ့ဝေးကွာသွားတဲ့ မင်းရဲ့အရိပ်ကို ကြည့်ကာ ငါမကြည်
လွမ်းရလို့ အသက်ရှူမရတဲ့ ငါ့ရဲ့အဖြစ်ကို ငါသာသိခဲ့
စွန့်လွှတ်ဖို့ သိပ်ခက်ခဲတဲ့ အချစ်ကို တခြားသူတစ်ယောက်ဆီပေးဖို့
သတ္တိတော့မရှိပါပြီ မှတ်မိသမျှတို့တွေသည် တကယ်ဖြစ်
ငယ်ချစ် ဆယ်နှစ်တာတွဲလက်များပေါ့

Rap: အရှုံးများက မသိသာ နှလုံးသားတော့ ထိတာ
မင်းသွားတဲ့ခြေလှမ်းတိုင်းမှာ ငါ့မာနကို နင်းလျှောက်သွားပါ
ဝဲသွားတဲ့မျက်ရည်ကြည် အသိစိတ်ကြောင့် ဖြစ်တာ
လှည့်မကြည့်နဲ့ ရှေ့ဆက်သွား သနားသလိုတော့ ငါ့ကိုမလုပ်နဲ့
နုံးခြည့်လို့ အသက်ရှူမ၀လဲ အဆုံးမရှိတဲ့ အလွမ်းပင်လယ်ထဲ
ချစ်တော့ဖြင့်ချစ်ရဲခဲ့သမျှ ဖြစ်ခဲ့တော့ အပြစ်ပြောလို့မရ
တကယ်ဖြစ် ငယ်ချစ် ဆယ်နှစ်တာတွဲလက်များ သတိရသွား မင်းခံစား
ငါ့ကိုနှလုံးသား တစ်ထောင့်မှာထား

အချိန်တွေဟာ ကုစားပေးမှာပေါ့
ပြောခဲ့တဲ့စကားလေးတွေ ပြန်ပြီးကြားယောင်တော့
အကြင်နာတွေဟာ တကယ်ပါ ဖြစ်မလာဘူး
ဒဏ်ရာတွေ အပေါ်ယံရှပ်ပြီးကြည့်ရင်တော့
ထိခဲ့တဲ့ အတွင်းကအနာ ဘယ်သူမှမသိပြီပေါ့
ပျော်ချင်ယောင်ဆောင်တာ သူစိတ်ချမ်းသာအောင်

Labels: , , ,

Post a Comment