မင်းအကြောင်း အိပ်မက် - စည်သူလွင် ft. L လွန်းဝါ



မျက်လုံးများ ဖွင့်လို့ထားလည်း
အမြင်အာရုံထဲမင်းပဲ ကိုယ်မြင်နေတယ်
ရင်မှာထာဝစဉ်သာမင်းက နေရာယူထားခဲ့ပေါ့
ဘ၀ကို ပိုင်စိုးထား

နှလုံးသားထဲမှာ တစ်စုံတစ်ရာ ခံစားခဲ့ရတော့
ဝမ်းနည်းလို့လာတယ်
နာကြင်စွာရင်မှာ ကိုယ်ကြေကွဲ

အိပ်မက်ထဲရင်ခုန်ဆဲ ကြင်နာသူလေးရှိတဲ့ချိန်
ဘယ်သူတွေများ မင်းအိပ်မက်ထဲ ၀င်နေလဲကွာ
ကိုယ့်အတွေးတွေမှာလည်း ကြင်နာသူလေးစိုးမိုးချိန်
ဘယ်သူတွေများ မင်းနှလုံးသားထဲ စိုးမိုးထားနေလဲ

အချစ်ဆုံး မင်းနားရှိခဲ့ရင်
ကိုယ်လေရင်ထဲတိုးဝှေ့ ငိုချင်နေတယ်
ရင်မှာခိုလှုံခဲ့ဖူးတဲ့ သူအကြင်နာတွေနဲ့
နှစ်သိမ့်ခဲ့ရင် ဖြေသာမယ်

Labels: , ,

Post a Comment