တစ်နေ့စာ အလွဲများ - ထူးအိမ်သင်




လွဲနေတဲ့ နေ့ရက်များနဲ့ လွဲနေတဲ့ သူတိုင်းအတွက်



အိပ်ရာထဲကထ နေ့တိုင်းငါရောက်နေကြ
ဆိုင်ထဲတွေ့နေရတဲ့ မျက်နှာများ
ဟန်လုပ်ကာပြုံးပြပြီး စိတ်ကမိုးနဲ့မြေကြီး
ဒီဘက်ကိုကြွပါ မိတ်ဆွေကောင်းကြီးရယ်
အားနာပြီးတော့လိုက်ရော ခုံလေးကိုဆွဲယူတော့
ူသူ့ကြွားလုံးထဲငါမျောပြီပေါ့
ငါခေါင်းညိတ်ရင်း သိပ်အံ့သြပြလိုက်ရင်း
မျက်လုံးပြူးနိုင်ဖို့သာ ကြိုးစားတော့

CHO:နည်းနည်းလေးတော့ လွဲနေမယ်
လွဲလွဲလေးလည်း ကောင်းပါတယ်
စိတ်ကျေနပ်ရင် ပြီးတာပဲ
နေတတ်ရင် အေးဆေးလေး
နည်းနည်းလေးတော့ လွဲနေမယ်
လွဲလွဲလေးလည်း ကောင်းပါတယ်
စိတ်ကျေနပ်ရင်ပြီးပြီ ကောင်းသားပဲ
လိုအပ်ရင် ရူးလိုက်ဦး

ဒီညနေခင်းတွေနဲ့ အုံ့မိုးကောင်းကင်ထဲ
ငါ့ရဲ့စိတ်ကိုလွှတ်တင်လို့ ဟောင်းနေတဲ့စိတ်ကူး
ဆေးရောင် အသစ်ပြန်ထပ်မယ်
မေ့လိုက်တယ် အားလုံးကို
ကြည်နူးကာလျှောက်လို့လာရင်းနဲ့
တုန်ရီလန့်ဖြတ်လို့သွားခဲ့ ကြိုးလွတ်သွားတဲ့ခွေးဆိုပဲ
ပြေးသူပြေးကာ လမ်းပေါ်လဲတဲ့သူလဲကာ
စိတ်ခြောက်ခြားလိုက်တာ ကျားမဟုတ်တာကျေးဇူးပါ

CHO:

ရင်ထဲမှာ အတွေးလေးရ သီချင်းထိုင်ရေးတုန်းမှ
လုပ်ပြီကြိုးပြတ်သွားတဲ့ ငါ့ဂစ်တာက
ကဲကွာရှိစေတော့ ဟေ့စာဖတ်မှာပေါ့
ဟာသွားပြီ မီးပြတ်သွားခဲ့တော့
ဘာတတ်နိုင်သေးလို့လဲ အိပ်တာအကောင်းဆုံးပဲ
ငါ့နေ့စဉ်လွဲချော်မှုတွေနဲ့
ငါအိပ်ပျော်သွားမှအေးမှာပဲ
မနက်ဖြန် အိပ်ရာထရင် တွေ့မယ်
နောက်တစ်နေ့စာ အလွဲများနဲ့

CHO:

နည်းနည်းလေးတော့ လွဲနေလည်း
လွဲလွဲလေးလည်း ကောင်းတာပဲ
စိတ်ကျေနပ်ရင် ပြီးပြီ အေးဆေး
ဖြေတတ်ရင်ဘ၀မှာ အကောင်းဆုံးဟေ့
နည်းနည်းလေးတော့ လွဲတာရှိမယ်
ကောင်းတာလေးတွေ ရှာကြံတွေး
စိတ်ကျေနပ်ရင်ပြီးတာပဲ
နေတတ်ရင်အေးဆေးလေး
နည်းနည်းလေးတော့ လွဲတာရှိမယ်
လွဲလွဲလေးလည်း ကောင်းပါတယ်
စိတ်ကျေနပ်ရင်ပြီးပြီ အားလုံးကောင်းတယ်
အေးဆေးပါ အေးဆေးလေး

Labels: , ,


By any chance, all the songs don't play at all.
Commented by Anonymous Anonymous @ October 16, 2006 12:43 PM 



Please check ur flash player version.
here http://www.adobe.com/cfusion/knowledgebase/index.cfm?id=tn_15507

if your version isn't 9,0,16,0, you needa upgrade the flash player. Juz click the button from the side bar.

if you have the version 9,0,16,0 and it's still not working.. pls leave another message
Commented by Anonymous Anonymous @ October 16, 2006 1:24 PM 



ထူးအိမ်သင်း ဖြစ်နေတယ်နော် ဆရာတို့
Commented by Blogger Man in the Box @ October 27, 2006 11:51 AM 



ဒီလိုပေါင်းတာမဟုတ်ဘူးလား? ဒါဆိုဘယ်လိုပေါင်းတာလဲဟင်။ တကယ် မသိလို့ပါ O.o?
Commented by Anonymous Anonymous @ October 27, 2006 1:11 PM 


Post a Comment