သီတင်းကျွတ် လပြည့်နေ့ : Exclusive Feature


သီတင်းကျွတ်လဘွဲ့

ကြာငါးမည် ကြိုင်သင်းလို့
လျှံဝင်းတဲ့ ပြောင်ထိန်။
ရွှေနန်းတောင်တော်ဦးမှာလ၊
ကွန့်မြူးမြင့်မိုရ်မီး၊
ညီးတဲ့ခါချိန်။
ရှိခိုးငယ်နှိမ်
သုံးကြိမ်ရိုပျောင်း၊
သက္ကစ္စဂါရ၀ါနှင့်၊
စဉ်အလာ ပူဇော်ပွဲကို
ခွဲကြပေတောင်း


ဖိုးသူတော်ဦးမင်း

ကျွန်တော်တို့ တတွေ မြန်မာပြည်မှာ ရှိခဲ့ကြတုန်းက ပျော်ခဲ့ရတဲ့ စောင့်ခဲ့ရတဲ့ သီတင်းကျွတ်ကတော့ အရင်လိုပဲ လမ်းတွေတစ်လျှောက် လင်းထိန်ကာ ပျော်စရာအတိသာဖြစ်နေမှာပါ။ သီတင်းကျွတ်နဲ့ပတ်သက်တဲ့ သီချင်းအနေနဲ့ သိပ်များများစားစားမရှိလေတော့ ရှိတာလေးသာ နားထောင်ရင်း အလွမ်းလည်းဖြေ အပန်းလည်းပြေနိုင်ကြပါစေဗျာ။




သီတင်းကျွတ်ညလေးတစ်ည


( ၁၂ ရာသီအချစ် )    
( Rock and Rap II )    

သီတင်းကျွတ်ညလေးတစ်ည
ပြန်လည်ကာ အမှတ်ရမိပါတယ်
မီးကလေးတွေထွန်းလို့
စည်ပါတယ်လမ်းထဲမှာကွယ်
ချစ်တဲ့ကောင်လေးတစ်ယောက်
ယောင်လည်လည် တစ်ဦးတည်းလျှောက်ကာလည်
အတွဲလည်းမရှိဘူးပေါ့
သမင်လည်ပြန် ခဏခဏလှည့်ကြည့်တယ်။


စည်ကားတဲ့ သီတင်းကျွတ်ည
မီးပန်းတွေ ပစ်လွှတ်ကြ
ပျော်နေတဲ့လူတွေကြား
အဖော်မပါတဲ့ ငါ့ရဲ့ဘဝ
ဒီလိုအချိန် ငါ့မှာအတွဲလေးသာရှိရင်တော့
ငါ့အတွက် ဒီညဟာအများနည်းတူ အလှဆုံးပေါ့
စိတ်ကူးတွေဖြစ်တည် နောက်မှကောင်မလေးကိုတွေ့ပြီး
အကြည့်ချင်းတွေဆုံပြီ ဘယ်ညာခြေလှမ်းလှမ်းခဲ့သည်
အချင်းချင်းလည်း မိတ်ဖွဲ့ ရည်းစားစကားပြောပစ်
အဖြေကဘယ်လိုလဲ ပြောလိုက်စမ်းပါဟေ့ အချစ်


ငွေစန္ဒာသာချိန်မှာ ဆူညံတဲ့သီချင်းသံ
ငါ့ရင်ထဲပျော်တယ်ဟာ စိတ်လှုပ်ရှားပြီးနေဦးမလား
နှစ်ယောက်မျက်လုံးအဆုံမှာ ငါ့စိတ်ကလေးတွေဘာဖြစ်သလဲ
ချစ်မိသွားပြီကွယ် ချစ်သူတစ်ယောက်ကောက်ရတယ်
ငွေစန္ဒာသာချိန်မှာ ဆူညံတဲ့သီချင်းသံ
ငါ့ရင်ထဲပျော်တယ်ဟာ စိတ်လှုပ်ရှားပြီးနေဦးမလား
နှစ်ယောက်မျက်လုံးအဆုံမှာ ငါ့စိတ်ကလေးတွေဘာဖြစ်သလဲ
ချစ်မိသွားပြီကွယ် ချစ်တဲ့ကောင်လေး တို့တွေ့တယ်


သီတင်းကျွတ်ညလေးတစ်ည ပြန်လည်ကာ
အမှတ်ရမိပါတယ်
မီးကလေးတွေထွန်းလို့ စည်ပါတယ်မီးထွန်းပွဲတော်မယ်
ချစ်တဲ့ကောင်လေးတစ်ယောက်
ယောင်လည်လည်
တစ်ဦးတည်းလျှောက်ကာလည်
အခုတော့ တို့ရည်းစားသူလည်စရာ အတွဲလည်းရှိပေါ့ကွယ်


နောက်နှစ်မှာ ဒီလိုပဲ သီတင်းကျွတ်ကရှိမြဲ
ပြောင်းခဲ့တာငါ့ဘ၀ ချစ်သူလေးကိုလက်တွဲ
အချစ်လေးကိုခေါ်လို့ သီတင်းကျွတ်မှာ ပျော်တော့
တွေ့သမျှလူကိုလျှောက်ပြော ဒါငါ့ရည်းစားပေါ့
မနှစ်ကနဲ့ ဒီနှစ် အဖြစ်အပျက်မတူညီ
လျှောက်လည်ရင်းနဲ့ အချိန်တွေလည်းကုန်ခဲ့ပြီ
အပျော်တွေလွန်ပြီး လမ်းလျှောက်ရတာမောလို့
မောပြီလားမေးတော့ အချစ်က မောပြီ...


Labels: , , , , ,


nice one!!!!!


it makes me missss ygn n monkey 2 kgs terribly....
Commented by Anonymous Anonymous @ October 06, 2006 3:56 AM 


Post a Comment