Sar Yor Nar La - စောညီညီ feat. မိုးမိုး

someone in the past and white flower

Owen




သီချင်းလေး အတိုင်းပါပဲ



CHO: ပြန်မလာတော့ဘူးပေါ့ သေချာဆုံးဖြတ်ပြီးခဲ့ရင်
ငါမကျေနပ်ဘူးပေါ့ ပြန်လည်မုန်းလည်းမမုန်းရက်ပါ
နင်မရှိတဲ့ဘ၀မှာ ရှင်သန်စရာမရှိတော့ဘူး
ကြေကွဲပြီးနေ့စဉ် လူတကာအလည် အသက်မရှင်ဘူး
ပျော်ပါစေချစ်သူ..
ငါဟာလမ်းပျောက်ခဲ့သူပါ...
သံသရာမှာနောက်တစ်ခေါက် မကြုံခင်ရှုံးနိမ့်ခဲ့သူပါ

လေယာဉ်ပျံတီထွင်ခဲ့တဲ့ သူတွေကိုလည်းမုန်းတယ်
တစ်ချိန်ချိန်မှာ အမေခေါ်ရမယ့် အန်တီကိုလည်းမုန်းတယ်
မင်္ဂလာဒုံလေဆိပ်က ခုံတွေကိုလည်းမုန်းတယ်
ပြန်လာမယ် ပုံပြောခဲ့တဲ့ ကြင်နာသူလည်းမုန်းတယ်

လေယာဉ်ပျံကိုမုန်းရတာ လေယာဉ်ပျံကခေါ်ဆောင်သွား
ဟိုအန်တီကိုမုန်းရတာ သူစီစဉ်တဲ့ ရေမြေခြား
လေဆိပ်ကခုံတွေကတော့ ငါ့မျက်ရည်တွက်သက်သေ
ကြင်နာသူလေးမင်းဘ၀တွက် ဆုံးဖြတ်ချက်ကပြတ်နေ

ရက်တွေထပ်နေပြီး တစ်ညနေပြီးတစ်ညနေ
လက်တွေချိုးရေပြီး အလွမ်းတွေနဲ့ မနက်တွေ
ငါ့ဘ၀တွက် မင်းမရှိရင် အချစ်မရှိတာ မင်းအသိ
တစ်ခြားတစ်ရက် တစ်ခြားတစ်ယောက် သံသယတွေပွားမိ

ဗုဒ္ဓဆုံးမတာ ကိလေသာက ဒုက္ခ
အခုမှ တရားမှတ်လည်း ပါရမီကနည်းပါး
လွဲမှားတဲ့ငါ့ပုစ္စာတွက် မသိကိန်းကမင်းလေး
ပြောင်းပြန်အချိုးကျတော့ ညီမျှခြင်းက အလှမ်းဝေး
အမှတ်တစ်ရာလိုချင်ခဲ့သူ ပညာနဲ့ ဥစ္စာ
တစ်ခြားမှာ ရှာဖွေရမှ ပြန်လာမယ် ဟုတ်လား

CHO:

ချစ်သူတစ်ချက်သိ အနေဝေးတော့ သွေးအေးသတဲ့
မင်းအသက်က အခုမှ ၂၀ပတ်လည် ကလေးလေးပဲ
ငါ့ကိုလွမ်းတာ နောက်ဘယ်လောက်ကြာ မင်းရင်ထဲမှာရှိမလဲ
ဝေးနေခြားမှာ နီးစပ်သွားတာဖြစ်လာခဲ့ရင် ဘယ်လိုလဲ
တည်ငြိမ်မှုဆိုတာက ငါတို့အရွယ်တွက် လက္ခဏာ
ရင်ခုန်မှုဆိုတာက မင်းတို့အရွယ်တွက် ပြဿနာ
တစ်ယောက်တည်း အဖော်မဲ့ပြီး အထီးကျန်နေမဲ့မင်းအတွက်
ကြင်နာအပြည့် ကူညီမဲ့ ငါလိုလူ များရှိမယ်
ဒီလိုအရေး ဒီလိုတွေးလို့ ငါရိုင်းသွားရင် ခွင့်လွှတ်
သ၀န်တိုဆဲ အရင်လိုပဲ ဒါလည်းမင်းကိုချစ်လို့

CHO:

ပြန်လာပါချစ်သူ ငါဟာမင်းမရှိမဖြစ်သူပါ
အရင်အချိန်လို တို့တွေ အကြင်နာနွေးထွေးရအောင်ပါ

Labels: , , , ,


ကိုmmhanရေ
ကျေးဇူးပါပဲနော်။ သီချင်စာသားအတွက်ရော သီချင်းအတွက်ရော။ အကြိုက်ဆုံးသီချင်းထဲမှာ ဒီသီချင်း အပါအ၀င်ပါပဲ။ Template က တော်တော်ကောင်းတယ်နော်။
Commented by Anonymous Anonymous @ October 04, 2006 9:35 AM 



အခုလိုကြားရတာ ၀မ်းသာပါတယ်
နောင်လည်း အားပေးပါဗျာ
သီချင်းတွေလည်းတောင်းပေါ့
တင်ပေးပါ့မယ်
Commented by Anonymous Anonymous @ October 04, 2006 12:35 PM 


Post a Comment