ဖြေသိမ့်လိုက် - ၀ိုင်ဝိုင်း

SPoT-ers

SPoT FM




ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်မိသားစုနဲ့ ဝေးရာ နိုင်ငံရပ်ခြားမှာ ပညာတွေသင်၊ အလုပ်တွေလုပ်နေကြတဲ့ သူတိုင်းသူတိုင်း တစ်ချိန်တစ်ရံမှာ စိတ်ဓါတ်ကျစရာ စိတ်အားငယ်စရာတွေ တွေ့ခဲ့ကြရင် ဒီသီချင်းလေးက အားဆေးတစ်ခွက်ဖြစ်လောက်ပါရဲ့




V:အားလုံးပြီးဆုံးသွားတော့ ရင်တစ်ခုလုံးကြေသွားလား
ကိုယ်ချင်းစာပါတယ် အိုသူငယ်ချင်း သိပ်မဆန်းဘူး
ရှေ့ဆက်ပြီးတော့ တွေ့ကြရမှာပဲ
ဆုံးရှုံးခြင်းက တို့တွေပြေးမလွတ်နိုင်
မောပန်းလွန်းတဲ့ မင်းရဲ့လိပ်ပြာလေး
ဖြေသိမ့်လိုက်

V:ကံကြမ္မာဆိုတာက ချိုတစ်လှည့်ခါးတစ်လှည့်
အခုလည်းဒီလိုပဲ အောင်မြင်လိုက်ရှုံးနိမ့်လိုက်
လဲကျတဲ့အခိုက်ကွဲခဲ့တဲ့ မင်းနှလုံးသား
အက်ကြောင်းလေးက အမြဲတမ်းအမှတ်တရပေါ့
ရှေ့ဆက်ရမယ့် မင်းရဲ့ ဘ၀သစ်တွက် ဖြေသိမ့်လိုက်

CHO: သူငယ်ချင်း ရှေ့ဆက် မင်းဘ၀ဟာ အမြဲချိုမြိန်ပါစေ
အောင်မြင်ပါစေ တစ်ခါတစ်ရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ
ဟိုအရင်ချိန်က ကြေကွဲခြင်းမင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော
ပင်လယ်ထိစီးပါစေ အားတင်းကာလျှောက်လေ...

V:ကံကြမ္မာဆိုတာက ချိုတစ်လှည့်ခါးတစ်လှည့်
အခုလည်းဒီလိုပဲ အောင်မြင်လိုက်ရှုံးနိမ့်လိုက်
လဲကျတဲ့အခိုက်ကွဲခဲ့တဲ့ မင်းနှလုံးသား
အက်ကြောင်းလေးက အမြဲတမ်းအမှတ်တရပေါ့
ဆက်လျှောက်ရမယ့် မင်းရဲ့ ဘ၀သစ်တွက် ဖြေသိမ့်လိုက်

CHO:

Labels: ,

Post a Comment