မင်းကတော့ဘယ်မှာ - Examplez feat. ရွှေထိုက်

တစ်ချိန်က ချစ်သူ

mmhan




I've never stopped loving you, I just stopped letting you know that.




V1: ဒီညလေးတိတ်ဆိတ်လွန်းချိန် ငါကလည်းမင်းကိုလွမ်းတယ်
ရင်ခွင်မှာလွတ်ဟာနေဆဲ မင်းကတော့ဘယ်မှာ
နေရာဟောင်းလား ဟိုးဝေးမှာ နာကြင်ရင်းနောက်ပြန်လှည့်ကာ
ရှင်သန်စိတ်ညှိုးနွမ်းသွားပြီ မင်းကတော့ဘယ်မှာ
CHO: မင်းကတော့ဘယ်မှာ ငါလိုက်ရှာလည်းမတွေ့ပါ
ဘယ်လောက်ထိအောင် ပုန်းနိုင်မှာလည်း အချစ်
အို... မင်းကတော့ဘယ်မှာ ငါလိုက်ရှာလည်းမထူးပါ..
ဘယ်လောက်ကြာကြာရှောင်နိုင်မှာလည်း အချစ်ဆုံးရာ..

R1: မင်းငါ့ကို ရက်စက်လို့ အဝေးဆုံးကိုထွက်ခွာခဲ့
နှိပ်စက်တာမခံနိုင်ဘူး ကြာတော့လည်း ဖြတ်မှာပဲ
သ၀န်တိုတာလွန်လွန်းတယ် ဘယ်သူနဲ့မှ စိတ်မချ
မင်းချစ်တဲ့ပုံစံက ငါ့သိက္ခာကိုလာစော်ကား
ဒီလိုနေ့တွေတိုင်း ငါနေရတာကျဉ်းကျပ်
ငါ့စိတ်ထဲမှာ မင်းငါ့ကို စာရင်းဖျက်သွားမှာကို လိုလားတယ်
မင်းနဲ့ငါနှစ်ယောက်ကြားမှာ ယုံကြည်မှုတွေ လျော့ပါးခဲ့
အဲ့ဒါကြောင့်ပဲ မင်းရဲ့အနားက ထွက်ခွာခဲ့

V2: ရင်ခုန်တဲ့ညနေခင်းမှာ လေပြေညှင်းတိုက်ခတ်သွားစဉ်
အကြင်နာလည်း လွင့်ပျောက်ရပြီ မင်းကတော့ဘယ်မှာ
အကာအကွယ်မဲ့ ကွင်းပြင်ထဲက တည်ငြိမ်သောကျောက်ရုပ်တစ်ရုပ်လို
ယုံကြည်ချက်အေးစက်ခဲ့ပြီ မင်းကတော့ဘယ်မှာ

CHO:

R2: အခုကျမှပြန်ပြီးတော့ မင်းငါ့ကိုတမ်းတနေ
လွမ်းရတဲ့အကြောင်းတွေကို သီချင်းလုပ်ပြီး ငါသိအောင်ပြောပြနေ
မင်းရဲ့စောဒကတွေ
ပူလောင်တယ်ဆိုတဲ့မင်းရဲ့ ဒုက္ခတွေ
ငါမရှိတော့မှ ငါ့တန်ဖိုးကိုတစ်ခါပြန်ပြီး သတိရနေ
အဲ့ဒီ့လိုဖြစ်မှ မင်းလွမ်းရတဲ့နေ့ရက်ရှည်
ဘယ်လိုအရာမျိုးနဲ့ ငါ့နေရာကို အစားထိုးဖို့စဉ်းစားနေ
မင်းငါ့ကိုမေ့ဖို့လေ

CHO:

Labels: , , ,


ဒီသီချင်းလေးကြားတော့ တစ်မျိုးလေးပဲခံစားရတယ်.. ဘာကိုသတိရသွားမှန်းတောင်မသိလိုက်ဘူး.. ဘာပဲဖြစ်ဖြစ် ဒီအစီစဉ်လေးကကောင်းပါတယ်အကို..
Commented by Anonymous Anonymous @ September 28, 2006 10:10 AM 


Post a Comment