ကိုယ်တို့နှစ်ယောက်အကြောင်း - Theory (feat. Alex)
မအူမလည် သူငယ်ချင်းလေးတစ်ယောက်ကို မေးကြည့်တယ်.. တကယ်လို့များ ဒီကမ္ဘာမှာ မြန်မာသီချင်းတစ်ပုဒ်ပဲ ရှိသင့်တယ်ဆိုရင် ဘယ်သီချင်းဖြစ်စေချင်လဲလို့..
သူက ရိုးရိုးသားသားလေး ဖြေပါတယ် "ကမ္ဘာမကြေ" တဲ့။
မဟုတ်သေးဘူးလေ.. ရိုးရိုးသီချင်းမျိုးကို ပြောပါဆိုတော့ Theory နဲ့ Alex ရဲ့ ဟိုသီချင်းလေတဲ့။ ကဲ... ကျွန်တော်တို့ ဟိုးအရင်တုန်းက ခဏခဏနားထောင်ဖြစ်ကြတဲ့ ကိုယ်တို့နှစ်ယောက်အကြောင်းဆိုတဲ့ ဒီသီချင်းလေးကို နားထောင်ကြည့်လိုက်ပါဦးဗျာ..
ဟိုတစ်ချိန်က နေ့လေးတစ်ရက်ကို မင်းဘယ်တော့မှ မမေ့တာကိုသိတယ်
မေ့မရတဲ့နေ့လေးတစ်ရက်မှာ မင်းအချစ်ကို ကိုယ်ရခဲ့တယ်
နောက်တစ်နေ့မှာ ကိုယ်ခရီးထွက်သွား မကြာခင်ပြန်လာမယ်ဆိုတယ် မင်းသိပေမယ့်
မင်းရင်ထဲက အလွမ်းတွေကို ကိုယ့်ကိုပြောပြထား
ကိုယ့်ရင်မှာလည်း ဒီအတိုင်းပဲ အချစ်လေးမင်းသိလား
အခုအချိန်မှာ ပြန်စဉ်းစား မင်းနဲ့ကိုယ်နဲ့ ချစ်ခဲ့ကြတဲ့အကြောင်းများ
ပြန်တွေးကြည့်ရင် အိပ်မက်တစ်ခုလို ပျော်စရာလေးများ ဖြစ်ပျက်သွားခဲ့
လက်တွဲမဖြုတ်တမ်း တွဲကာလျှောက်ဆဲ မင်းနဲ့ကိုယ်နဲ့ နှစ်ယောက်တည်း
ဒီလမ်းမရဲ့ တစ်နေရာမှာ လူတွေအကုန်လုံး ၀ိုင်းကြည့်လည်း
ဒီလောကမှာမင်းကို အချစ်ဆုံး မင်းစိတ်တိုင်းကျကိုယ့်ရဲ့ဘဝ
မင်းရဲ့စိတ်နဲ့ ကိုယ့်ရဲ့ကိုယ်ပဲ ဒါတွေအားလုံးဟာ အချစ်ကြောင့်ပဲ
ကိုယ်မလိုချင်တာမင်းရဲ့အမုန်း မဖြစ်စေနဲ့ ဒီအမုန်း
လောကကြီးမှာ မလိုအပ်ဆုံး မင်းဆီမှာ မထားနဲ့ အချစ်ဆုံး
တိမ်လိုတွယ်ရာမဲ့စွာနဲ့ လေနှင်ရာကိုလွှင့်ပစ်ခဲ့
အချစ်လေး မင်းမရှိတော့လဲ ကိုယ့်တစ်ယောက်တည်း.. (တစ်ယောက်တည်း.. တစ်ယောက်တည်း...)
မရေရာနိုင်တဲ့ လမ်းတွေထဲ ဟိုး.. သေချာတာတွေ ဝေးသွားခဲ့
အချစ်လေး အလွမ်းများစွာနဲ့ ကိုယ့်တစ်ယောက်တည်း...
စတွေ့မိတော့ ဒုက္ခ ချစ်တယ်ဆိုတော့ အနှုတ်ပြ
မေ့လို့မရနိုင် အိပ်မက်များခဲ့ ရင်မှာတွေးတဲ့ ဝေဒနာများတယ်
ဒါတွေကြောင့်ပဲ ငါ့မှာမူးတယ် ဒါတွေကြောင့်ပဲ အားလုံးပြောတယ်
ဖွင့်ပြောလိုက်တော့ မင်းကိုချစ်တဲ့အကြောင်း အချိန်မစွဲနဲ့
နောက်တစ်ယောက်ဖြစ်သွားမယ် နောက်ထပ်ရှိဖို့ဖြစ်မယ် ငါ့ကိုပြောတယ်
မိန်းကလေးစိတ်ကအပြောင်းအလဲမြန်တယ် ငါ့ကိုချစ်တော့ ငါထပ်ပြောတယ်
မင်းကိုချစ်တာ ကျေးဇူးတင် စိတ်မဆိုးချင်တော့ ထပ်ပြောချင်
ဘာထပ်ပြောမလဲ မင်းသိပါတယ် ကမ္ဘာကြီးလုံးတာဘယ်သူ့ကြောင့်လဲဟင်...
မင်းစတဲ့ ဇာတ်လမ်းလေးရဲ့ အဆုံးသတ်ဟာ ဘယ်လိုလဲ အဆွေးများနဲ့ ကိုယ်တစ်ယောက်တည်းလား
မင်းစတဲ့ ဇာတ်လမ်းလေးရဲ့ အဆုံးသတ်ဟာ ဘယ်လိုလဲ အဆွေးများနဲ့ ကိုယ်တစ်ယောက်တည်းလား
မင်းအမုန်းများအောက်မှာ ကျဆုံးခဲ့တယ်.. ရက်စက်မှကြေကွဲ...
မင်းတောင့်တလိုက်ရင် သေဆုံးဝံ့တယ်... မင်းစိတ်နဲ့ ကိုယ်ပဲ
မင်းအမုန်းများအောက်မှာ ကျဆုံးခဲ့တယ်.. ရက်စက်မှကြေကွဲ...
မင်းတောင့်တလိုက်ရင် သေဆုံးဝံ့တယ်... မင်းစိတ်နဲ့ ကိုယ့်ရဲ့ကိုယ်
မင်းအမုန်းများအောက်မှာ ကျဆုံးခဲ့တယ်.. ရက်စက်မှကြေကွဲ...
မင်းတောင့်တလိုက်ရင် သေဆုံးဝံ့တယ်... မင်းစိတ်နဲ့ ကိုယ့်ရဲ့ကိုယ်ပဲ...
Labels: Alex, BarBu, HipHop, Oldies, Pop, TharSoe, Theory
အချစ်ရူးမလေး - ချမ်းမြေ့
ညဆိုအိပ်မက်ထဲ နှိပ်စက်တယ် ကောင်မလေး
မနက်ဆို နှိုးစက်လို ဖုန်းလေးဆက်တာ နေ့တိုင်းလေ
အိပ်ရာထ မျက်နှာသစ်လို့ ပြီးတဲ့ အချိန်မျိုးမှာ
ဘဲလ်သံက ကြားပြန်ရ အရှေ့မှာ ဒီမနက်စာ
အလုပ်ကမပြီး ဒေါသကြီးတတ်တဲ့ အချိန်များမှာ
ဖုန်းသံက ကြားနေကျ မင်းရဲ့ အသံလေးကို
ငါ့စိတ်ထဲ တောင့်တဆဲ နေ့စဉ်နေ့တိုင်းလို
မင်းကို မျှော်နေမိတယ်...
အလုပ်ကဆင်း ရှေ့လှေကားရင်းမှာ သူရပ်ကာ
စောင့်နေကျ တို့မျှော်ရတဲ့နေ့မှာ သူကမလာ
တွေးနေရင်း ရှေ့ဘက်နား ဟိုးအဝေးမှာ သူရပ်ကာ
ငါ့ကို လှောင်ပြောင်ရင်းနဲ့
အခုချိန်မှ ငါ့စိတ်များလေးတာ အကုန်ရပ်ကာ
အတွေးတွေထဲ မင်းက ကြီးစိုးနေတာ ငါမသိပါ
ငါ့စိတ်ထဲ မင်းကိုပဲ မတွေ့ရရင်မနေနိုင်တော့ပါ
ကလေးရယ် နင်ထွက်မသွားနဲ့ ငါ့ရင်ထဲ...
ဒီလိုနဲ့ တို့နှစ်ယောက် တွေ့ခဲ့တဲ့ အချိန်ကကြာ
မင်းကိုပဲ ငါ့ရင်ထဲ စွဲမြဲကာ ပိုချစ်လာ
ငါ့စိတ်ထဲ မင်းကိုပဲ မချစ်ရရင် မနေနိုင်တော့ပါ
အချစ်ရယ် နင်ထွက်မသွားနဲ့ ငါ့ရင်ထဲ...
ညဆိုအိပ်မက်ထဲ နှိပ်စက်တယ် ကောင်မလေး
မနက်ဆို နှိုးစက်လို ဖုန်းလေးဆက်တာ နေ့တိုင်းလေ
အိပ်ရာထ မျက်နှာသစ်ပြီးတဲ့ အချိန်မျိုးမှာ
ဘဲလ်သံက ကြားပြန်ရ အရှေ့မှာ ဒီမနက်စာ
အလုပ်ကမပြီး ဒေါသကြီးတတ်တဲ့ အချိန်များမှာ
ဖုန်းသံက ကြားနေကျ မင်းရဲ့ အသံလေးကို
ငါ့စိတ်ထဲ တောင့်တဆဲ နေ့စဉ်နေ့တိုင်းလို
မင်းကို မျှော်နေမိတယ်... ချစ်သူရယ်...
အချစ်ရူးမလေးရယ်....
Labels: Acoustic, ChanMyay, Pop
အရင်လို - ရည်မွန်၊ ရဲလေး
အချိန်တွေဟာ ပြောင်းလဲခဲ့ပြီ နေ့နဲ့ညနဲ့အခု
ပြန်ပြီးတော့နောက်လှည့်မရခဲ့ ဒီမှာငါ့ဘဝ
အရင်မှာ မင်းနဲ့ အဖြစ်ကို
အတွေးထဲမှာ သတိရနေလို့ ရင်ထဲမှာ ညည်းတဲ့သီချင်း
တို့နှစ်ယောက်ရဲ့အတိတ်ကို ပြန်လည်တူးဆွ သီဆိုနေရင်းနဲ့ပဲ
ဂီတရဲ့လမ်းပေါ်မှာ လျှောက်နေခဲ့ အခုချိန်မင်းနဲ့ငါ
ခြေကုန်ကာလက်ပန်းကျ နေ့ရက်များမှာ ရင်းခဲ့တာ
နောက်ဘက်က ထောက်ပံ့ပေးမဲ့ အသိုင်းအ၀ိုင်း ဆိုတာမရှိ
အောင်မြင်မှုကိုပဲ ရယူချင်တယ် လမ်းမှန်ဆိုတာမသိ
မင်းအချစ်နဲ့ မထိုက်တန်တော့ပါ
မက်မောမှုစည်းစိမ်နောက်ကို ငါကိုယ်တိုင်ပဲ လိုက်ပြန်တော့တာ
ဒါတွေကိုဘယ်သူက နားလည်ပေးမှာ
အချစ်ဆိုတာ ပျောက်နေခဲ့ လမ်းမှားတွေလည်း လျှောက်နေဆဲ
ဒီအကြောင်းတွေ မင်းသိနိုင်အောင် ပြောပြချင်ပေမယ့်လည်း
I Love You မမေ့ဘူး ချစ်သူ I Love You.. အနိုင်ယူရင်း
I Love You အရင်လိုတို့နှစ်ယောက် တွေ့ကြနိုင်မလား..
အခုထိ I Love You အချစ်လေး
တို့နှစ်ယောက်ပြန်တွေ့ကြရင် အရင်လိုပြန်ဖြစ်မှာလား
ငါလည်းပဲရူးနေခဲ့တယ် မင်းအကြောင်းတွေနဲ့ပဲ
မပြောပါနဲ့တော့ ငါမင်းအတွက် အရာရာတွေးပြီး စာနာပေးမှာ
ရှေ့ဆုံးကပဲ ရှောင်ပြေးလို့မရ ဒီအသိုင်းအ၀ိုင်းမှာ မင်းနဲ့ တွေ့ဦးမှာပဲ
ငါမင်းကိုမေ့လို့မရခဲ့ သံယောဇဉ်လက်ကျန်တွေက မကုန်နိုင်တုန်းပဲ
မသိစိတ်က ဟိုအရင်ကလို ဆုံနိုင်ဦးမယ့် နေရာတွေမှာ တွေ့ချင်ပါတယ်
တစ်ညက သတိရလွန်းလို့ မင်းအကြောင်းတွေ studio မှာရေးချင်လာတယ်
အလွမ်းတွေက တသသ အနမ်းတွေက တစ်ဖွဖွ
ဒါမင်းအတွက် ရေးတဲ့သီချင်း မုန်းမသွားနဲ့ ကိုယ့်ကို
မင်းမိသားစု မင်းဂီတနဲ့ မင်းဘ၀တွက် ရုန်းကန်နေရပြီပေါ့
အရေးကြီးတဲ့ စားဝတ်နေရေး ဒါတွေကို နားမလည်
လူတွေ အမြင်မှာ အမှားဖြစ်နေသေး
ဒီအကြောင်းတွေ မင်းသိအောင် ပြောပြချင်ပေမယ့်လည်း
တို့နှစ်ယောက်ပြန်ဆုံကြ အောင်မြင်မှုတွက် ဆက်သွားမယ့်ပန်းတိုင်
အချစ်တွေကိုဦးစားပေး ဘ၀က ဘယ်လိုမမှန်းနိုင်
ငါရှိနေပါ့မယ် အခက်ခဲနဲ့ ဒုက္ခတွေ့ကြုံနေပြီဆိုရင်
မင်းစိတ်ဓါတ်မကျပါနဲ့ ငါနဲ့အတူတူ သီချင်းဆိုတော့ကာ
မလိုတော့ပါ အတိတ်ကာလ ထားခဲ့ဘူးတဲ့ အာဂါတရဲ့ အမုန်းတွေ
ငါ့ရှေ့မှာ တီတီတာတာလုပ်ပြနေတဲ့ ဟန်ဆောင်အပြုံးတွေ
ဒီအချိန်မှာ အားလုံးမေ့လိုက် မေ့လိုက် အမြဲတမ်းရှိနေပါ့မယ့်
မင်းအတွက်ဆိုရင် အကောင်းဆုံးမိတ်ဆွေ
အတိတ်တွေကို မေ့လို့မရခဲ့
မင်းအကြောင်းတွေ ရေးလို့ထားတဲ့ သီချင်းတစ်ပုဒ်က ငါ့အတွက်အမှတ်တရ
အပေါင်းအသင်းလို့ သတ်မှတ်လိုက်ပြီ ငါ့ရဲ့ဘက်က
ဘယ်တော့မှ မနီးစပ်ချင်တော့ဘူး အပြီးသတ်လို့ ကျန်ခဲ့ပါပြီ
တို့နှစ်ယောက်ရဲ့ဇာတ်လမ်း
Labels: Pop, Rap, YeLay, YiMon
အထီးကျန် - စိုင်းစိုင်းခမ်းလှိုင်
အထီးကျန် သိမ်ငယ်မှုများစွာရယ်
မင်းမရှိတဲ့ နေ့တွေရယ် ငါတစ်ယောက်ထဲ အားတွေငယ်
အချစ်ကို ယုံကြည်ခဲ့မိပါတယ်
အစိမ်းလိုက်မင်းဖဲ့ချွေခဲ့တော့ ငါတစ်ယောက်ထဲရူးနေမယ်
ကမ္ဘာတစ်ဘက်မှာ နင်နေထိုင်တယ် ကမ္ဘာတစ်ဘက်မှာ ငါနေထိုင်တယ် ကမ္ဘာတစ်ဘက်ဆီ ဝေးလို့နေလို့ ဆွေးလို့ မြေ့လို့ ငါခွေယိုင်လဲ ကမ္ဘာတစ်ဘက်မှာ နင်ချန်ထား ကမ္ဘာပျက်မှာလား
ကမ္ဘာမြေက တို့နှစ်ယောက်ရဲ့ကြား မဆုံနိုင်အောင် ကာဆီးကာထား ကမ္ဘာတစ်ဘက်မှာည ကမ္ဘာတစ်ဘက်မှာနေ့ နာရီမိနစ် စက္ကန့်အားလုံး စောက်ထိုးမိုးမျှော် ဆန့်ကျင်ဘက်တွေဖြစ်ပြီဟေ့
ဟိုးအဝေးနင်ထွက်ပြေး ငါ့ရင်ထဲမှာ ဟာတာတာ ကျေးဇူးပြုပြီး ငါ့အချစ်ကိုနင် စာနာပါ အမြန်လာပါချစ်သူရယ် စိတ်ကောက်ကြတဲ့နေ့ကိုလွမ်းလို့ တမ်းတတယ် အရမ်းကို မင်းရှိတဲ့အရပ်ကို အမြဲကိုမှန်းလို့ မနက်နိုးရင် မေတ္တာပို့ ဘုရားမှာဦးချ သစ္စာဆို မဖောက်ပျက်ဘူး ငါ့ရဲ့စိတ်က ပက်ပက်စက်စက် ချစ်တာမို့ မင်းစိတ်ကြိုက်ဖြစ်လာဖို့ တစ်ခုချင်းကို ငါလေပြုပြင် လူတွေရဲ့ အထင်အမြင် အယူအဆတွေကို ငါလေ မမှုချင် အချိန်ရှိတိုင်းမင်းကိုလှမ်းမျှော် ပြန်မလာမှာ ကြောက်နေတယ် စောင့်နေခဲ့ လက်ချိုးရေလို့ နေ့ရက်တွေမှာ ဆောက်တည်ရာမဲ့
တစ်ယောက်တည်းပဲ နေတော့မယ်လို့ ရက်ရက်စက်စက်မင်းကပြောတယ် တစ်ယောက်ထဲပဲ ကျန်ခဲ့မှာမို့ ပက်ပက်စက်စက် ငါရင်မောတယ် မွန်းကြပ်နေခဲ့ ငါ့အခန်းထဲမှာမင်း အငွေ့အသက်တွေ အဆုံးမသတ်နိုင်တဲ့ ငါ့အလွမ်းများအတွက် သီချင်းသက်သေ အားလုံးက အတင်းဖျက်နေ မတူညီတဲ့ အဆင့်အတန်းသဘောမျိုး တဇွတ်ထိုးတတ်တယ် ငါ့အကျင့်က ဆင်ကန်းတောတိုး နေမြင့်တော့ အရူးရင့်လာ မင်းပေးတဲ့ ဥပေက္ခာ ခံရခက်တဲ့ဝေဒနာက ရင်ဘတ်ထဲမှာ စူးနင့်လာ သင်္ချာသင်ခန်းစာမှာ Base တူမှ Power ချင်းပေါင်းတယ် အခြေအတွေ မတူညီတာက မင်းရဲ့ ဘ၀က လာချင်းကောင်းတယ် မင်းငါ့ကို မကြိုက်ဘူး လုံးဝကိုမမိုက်ဘူး ဒါနဲ့လဲစိတ်မကုန်ဘူး ငါ့ရဲ့ အဖြစ်က မိုက်ရူးရဲ ငါ့အနားမှာ မင်းရှိခဲ့ ငါ့ဘ၀ကို ငါကျေနပ်တယ် မင်းနဲ့ အတူနေတဲ့ အချိန်တိုင်း ဘ၀င်ကိုလေဟပ်တယ် ငါ့အနားမှာ နင်မရှိတော့ ငါ့ဘ၀ကို ငါအားငယ်လို့ ဒီသီချင်းက ငါ့အချစ်ကို နင်နားလည်ဖို့
ကတိတွေလဲ စကားတွေလဲ တိမ်လိုလွင့်မျောသွားပြီပဲ
အလွမ်းတွေနဲ့ အဆွေးတွေနဲ့ ဘယ်လို ငါရင်ဆိုင်ရမလဲ
မင်းမရှိပဲ ဒီလူ့ဘ၀ထဲ ငါမနေတတ်ဘူး ချစ်သူရယ်
နာကြည်းတတ်တဲ့ စိတ်တစ်ခုကို ငါရချင်တယ်
ခွင့်မလွှတ်တတ်တဲ့ စိတ်တစ်ခုကို ငါရချင်တယ်
Labels: Pop, Rap, SaiSaiKhanHlaing
လွမ်းရယ်မပြေ - 19:18
မဆုံနိုင်ပြီလား ဘ၀တွေက
နှလုံးသားနုနု အပျံသင်ကာစအရွယ်
ပုံပြင်ဟောင်းလေးတစ်ပုဒ် ရင်မှာရှိခဲ့တယ်
လွယ်အိတ်တစ်လုံး ပုခုံးထက်မှာ
အပျော်ဆုံးကျောင်းတက်ချိန် ငါတို့ကျောင်းသားဘဝ
အဖြူစင်ခဲ့ဆုံး သစ္စာတရားနဲ့
အစောဆုံးချစ်၍ ပျော်စရာအိပ်မက်တွေ
နောင်ပြန်မရောက်တော့မဲ့ အကြင်နာလမ်းကလေးတွေ
အတူလျှောက်ခဲ့ကြတယ်
လက်ဖ၀ါးနုနုကို ငါတွဲထားရင်းနဲ့
ဒီအချိန် ကျောင်းတော်ကြီးရဲ့ အလယ်မှာ
စိန်ပန်းတွေလည်း ပွင့်နေပြီကွာ
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
အလွမ်းရယ် မပြေဘူး ကျောင်းသားဘဝ
Labels: 19:18, Alex, Pop, SaungOoHlaing, SiThuLwin
ဒုက္ခလမ်းမများ - အယ်နောင်း
မြင်နေကြ ငါ့ရဲ့ အခန်းနဲ့ ငါ့ရဲ့အိမ်
နောင်တများနဲ့ ငါလွမ်းဆွတ်မိနေခဲ့တာ
မျှော်လင့်ခြင်းတွေ လွင့်ပျောက်သွားပြီကွာ
အို... ဒုက္ခလမ်းမများ
မေမေသိအောင် သားလေးရှင်းမပြ၀ံ့တော့ပါ
နာကျင်လွန်းတာ အမေ သိများသိနေရင်
ငိုနေမိမယ် အမေ့မျက်ဝန်းအိမ်လေး
အို... ဒုက္ခလမ်းမများ
မေမေ ခွင့်လွှတ်ပေးလှည့်ပါ
မေမေ သိအောင်လေ သားလေး ရှင်းမပြ၀ံ့ပါ
ဒီမှာ လမ်းမများ အိုသားရဲ့အိပ်မက်တွေ နင်းလို့
ရက်စက်လွန်းတဲ့ ညလည်းများစွာ
အို... ဒုက္ခလမ်းမများ
Labels: AlNaung, Pop
'မ' မရှိနေ့ရက်များ - ငယ်ဆူး၊ ညီသူ
အဆိုးနဲ့ အကောင်း အကျိုးနဲ့ အကြောင်း တားမရပါ ကံကြမ္မာကြောင့်
ခဏလောက်ဝေးတဲ့ဘ၀ ထင်မှတ်တယ် ဆယ်ကမ္ဘာ
တစ်ခါတစ်လေမှာ လန့်လန့်နိုးတဲ့ည
သန်းခေါင်ယံချိန်မှာ ပျောက်ပျောက်သွားတဲ့
"မ" ပုံရိပ်တွေ စိတ်ကုန် အတိတ်တွေ အပြီးသတ်ဆုံးပါစေ မြင်ဆဲပဲ
ခဏလောက် "မ" နဲ့ဝေးတဲ့ဘ၀ဟာ ဆယ်ကမ္ဘာလောက်များလား
ခံနိုင်ရည်လုံးဝမရှိပါ ရင်ခုန်သံတွေသေဆုံး
ဖုန်းလေးဆက်လို့ စကားပြောရတောင် မောင်မကျေနပ်ဘူးမရေ
မရဲ့ အနားမှာ အမြဲတမ်းရှိချင်တာ
နေ့တိုင်းပဲ စောင့်နေမိတယ် ပြန်လာမယ့်နေ့ရက်တွေ
နေ့တိုင်းပဲ ကြားချင်မိတယ် အချိုသာဆုံးသော စကားတွေ
ဘယ်လောက်ဝေးဝေး "မ"ရယ်ယုံပါ "မ"ရဲ့နဘေးနား အမြဲတမ်းရှိချင်တယ်
"မ" ရေ... ဟူး.................
အဆိုးနဲ့ အကောင်း အကျိုးနဲ့ အကြောင်း တားမရပါ ကံကြမ္မာကြောင့်
ခဏလောက်ဝေးတဲ့ဘ၀ ထင်မှတ်တယ် ဆယ်ကမ္ဘာ
ဘယ်သူကြောင့် ဘာဖြစ်ဖြစ် အခုစောင့်လာတဲ့ အဖြစ်
အသက်ရှူတွေ ကျပ်တဲ့ည ကျွန်တော်မေးမယ် မဘယ်မှာ
တစ်ခါတစ်လေမှာ လန့်လန့်နိုးတဲ့ည
သန်းခေါင်ယံချိန်မှာ ပျောက်ပျောက်သွားတဲ့
"မ" ပုံရိပ်တွေ စိတ်ကုန် အတိတ်တွေ အပြီးသတ်ဆုံးပါစေ မြင်ဆဲပဲ
အလုပ်လို့လည်း လုံးဝမရပါ အာရုံတွေက မရှိ
ရင်ခုန်သံ စည်းချက်များလည်း ကာရန်တွေဟာမဲ့
ဝေးသွားတော့မှ မောင့်ရဲ့အချစ်တွေ ပိုပိုလာသလားမသိ
ဒီသီချင်းလေးများဟာ အချစ်ရဲ့ သက်သေပေါ့
(တစ်သက်စာ အထီးကျန်ခဲ့တဲ့ "မ" နဲ့ ကျွန်တော့်ဘ၀)
Labels: NgeSuu, NyiThu, Pop, Rap
ရေစုန်မှာမျော - Unknown
ဒဏ္ဍာရီထဲက အချစ်တွေ ကျွန်တော်မသိပါ
ပုံပြင်တွေထဲမှာဝင်နေ “မ” အရိပ်တွေကိုလည်း
ဆယ်ခါပြန်ကြည့်လို့ မ၀နိုင် ဒီမျက်ဝန်းတစ်စုံ
ဘယ်အခါကျွန်တော် မေ့နိုင်မှာလည်း တွေးကြည့်ပါလေ
“မ” က ရင်မခုန်ဘူးလား
ကျွန်တော့်အတွက်ကြောင့်နဲ့ အချိန်တွေလည်းကုန်တယ်
ကျွန်တော့်ကို မထားရစ်ခဲ့ပါနဲ့ “မ” မှ မချစ်ရင် ကျွန်တော့်ဘ၀လေးလည်း
ရေစုန်မှာမျောလိုက်တော့မယ် အဝေးတစ်နေရာ ရောက်နေပါ့မယ်
Labels: Pop, Rock
ကျွန်တော်ချစ်သော မမ သို့ - ရသ (feat. ရဲလေး)
ပြက္ခဒိန်တွေလည်း အားလုံး ပြီးခဲ့တာ ပြီးခဲ့ပေမယ့်
မ မသိခဲ့လေတဲ့ အကြောင်းအရာတွေ ရှိမြဲနေဆဲ
အဲ့ဒီ့အချိန်ကတော့ မီးနဲ့ရေပဲ
မ ကမကြည့်နဲ့ သေမယ်လို့ ပြောရင် ကျွန်တော့ရင်ထဲမှာ ချိနဲ့ရင်နဲ့နေခဲ့
ခေါင်းတွေကို ငုံ့ပေးကြည့်လိုက်ပါကွယ် မ ခေါင်းပေါ်က နှင်းဆီပန်းတစ်ပွင့်ကို
အခု အုံ့မွှေးပြီး အခိုက်မှာပဲ အချစ်ဆိုတာ ရင်ဘတ်ထဲဝင် ရှုတ်ထွေးအသိမိုက်စွာနဲ့
ကလေးတစ်ယောက်လို မုန့်ကျွေးပြီး မကြိုက်ပါနဲ့
ကျုပ်ပြေးပြီးရိုက်မှာပဲ မ ဆီကို ဘယ်ယောက်ျားမှ ကပ်မလာနဲ့
ခက်တာပဲ မ မျက်နှာမဲ့အောင် ဘယ်တော့မှမလုပ်ဘူး
မဖြတ်ပါနဲ့ သံယောဇဉ် ဆက်ကာစွဲ ချစ်တယ်လို့ပြောဖို့ မရှက်ပါနဲ့
ကြားချင်လို့ပါ တစ်သက်တစ်ခါကွယ်
ဖတ်ပါကွယ် ကျွန်တော်ရေးထားခဲ့တဲ့ Diary ညညဆို
ကျွန်တော်ချစ်သော မမ သို့
ပန်းနုရောင်စာအုပ်လေးပေါ် ခဏခဏကို
သော့ခတ်ပြီး သိမ်းထားဆဲပါ ငါ့ဘ၀လို မရမကကို
ဒီသီချင်းနဲ့ပြောပြခဲ့မယ် ကျွန်တော့် တစ်ချိန်က မမသို့
ကမ္ဘာမြေထက်မိုးသားထဲ ကြယ်စင်များလင်းလက်ဆဲပဲ
မှောင်မိုက်ခြင်းတွေကို ဖောက်ခွဲ ဒီကမ္ဘာအား အလင်းပေးသလိုပဲ
အကြင်နာဆုံး မ ရဲ့အချစ်နဲ့ ရင်မှာအမြဲ နွေးထွေးသွားခဲ့
အားလုံးကိုရင်ဆိုင်ခဲ့မိ ကိုယ်အချစ်ဆုံး မ ရှိရင်ကွယ်
ငါနဲ့ ဝေးရတဲ့ နေ့ရက်များပဲ နာကျင်စွာ တွေဝေကြေကွဲ
ကစားနည်းလေးပြောင်းလည်းသွားခဲ့ မ အချစ်ကိုစောင့်နေမိခဲ့
အကြင်နာတွေလိုချင်နေချိန်မှာ သန်းခေါင်ယံကျော်ငိုနေချိန်မှာ
မပြောဖြစ်လို့နာကျင်နေတာ ချစ်ခဲ့တဲ့စိတ်က ပိုင်ဆိုင်ချင်တာ
မ စိတ်နဲ့သွား မ စိတ်နဲ့စား မ ရဲ့စိတ်နဲ့ အိပ်ရာထ
မ ရဲ့ရင်ခွင်ထဲ အို ဘယ်သူများရှိခဲ့လဲ
အခုညလိုမျိုး အိပ်လို့မရနိုင်လို့ အိပ်ရာထဲက အော်လို့ငါ
မရဲ့ နာမည်ကို ကျွန်တော်ခေါ်နေတာ မ က မကြားနိုင်လို့
ကမ္ဘာမြေထက်မိုးသားထဲ ကြယ်စင်များလင်းလက်ဆဲပဲ
မှောင်မိုက်ခြင်းတွေကို ဖောက်ခွဲ ဒီကမ္ဘာအား အလင်းပေးသလိုပဲ
အကြင်နာဆုံး မ ရဲ့အချစ်နဲ့ ရင်မှာအမြဲ နွေးထွေးသွားခဲ့
အားလုံးကိုရင်ဆိုင်ခဲ့မိ ကိုယ်အချစ်ဆုံး မ ရှိရင်ကွယ်
အခုမရှိတော့တဲ့ အနမ်းလွမ်းပြီး ကျွန်တော့်အခန်းထဲ လှမ်းကြည့်
မ ပေးခဲ့တဲ့ ဓါတ်ပုံမှန်းပြီး မေ့ဖို့ရန် လမ်းမရှိ
လက်ကမ်းပြီးကြိုနေခဲ့ ဒီသီချင်းကို ဆိုနေမယ် မ အတွက်
ဒါအတွက် ပိုပြီးတော့ အဓိပ္ပါယ်ရှိအောင် အမုန်းတွေ ခဏရပ်
မဘယ်လောက်ပဲ ပျက်ရယ်ပြုခဲ့ ငါ့တစ်ယောက်ပဲ ဖက်တွယ်ဖူးခဲ့
ဖြစ်နိုင်ရင် အရင်ရည်းစားနဲ့ လာမနှိုင်းပါနဲ့
လာခိုင်းတာ အိမ်ကို တစ်ခါမှ ကျေကျေနပ်နပ် ဖိတ်ခေါ်ဖူးလား
ကျွန်တော့်ကိုရော သိပ်ပျော်ဖူးလား မေးကြည့်ဖူးလား တွေးမကြည့်ဖူးလား
မ ချစ်သူ ဘယ်လိုနှိပ်စက်ခဲ့ မေ့ပစ်လိုက်
ဟိုအတိတ်ရက်အတွက် ပျော်အောင်ထားမယ် စိတ်ကူးလေးနဲ့
ကျွန်တော်ချစ်တဲ့ မ ရင်ခွင်ထဲ မအိပ်ဖူးသေးဘဲ
နေ့စဉ်ရက်ဆက်တွေထဲ မ ကရှောင်ပြေးမှာ
မ အတွက်ကြောင့်နောက်ဆုံးတော့လည်း ဒုက္ခရောက်မှာ ကောင်ကလေးပါ...
ကမ္ဘာမြေထက်မိုးသားထဲ ကြယ်စင်များလင်းလက်ဆဲပဲ
မှောင်မိုက်ခြင်းတွေကို ဖောက်ခွဲ ဒီကမ္ဘာအား အလင်းပေးသလိုပဲ
အကြင်နာဆုံး မ ရဲ့အချစ်နဲ့ ရင်မှာအမြဲ နွေးထွေးသွားခဲ့
အားလုံးကိုရင်ဆိုင်ခဲ့မိ ကိုယ်အချစ်ဆုံး မ ရှိရင်ကွယ်
Labels: HipHop, Pop, Rap, RnB, Yatha, YeLay
ကျွန်တော်နဲ့မ - ရသ (feat. ရဲလေး)
ညနေခင်းလေးတစ်ခုမှာ တွေ့ခဲ့အချစ်တွေရင်ခုန်သွား
မ ရဲ့မျက်နှာဝန်းများက ကျွန်တော့်ကိုရူးအောင်ဖမ်းစား
လွမ်းသွားအောင် နေ့ရက်များစွာ မ ကိုပဲတမ်းတ
မ ရဲ့ အပြုံးဟာ စိုးမိုးထား အမြဲပဲ ကျွန်တော့်ရဲ့နေ့ရက်ည
အိပ်လို့မရ အတွေးများထဲမှာက မ ပုံရိပ်များ
တောင့်တတာ မ တစ်ယောက်ထဲကိုပဲ
ကျွန်တော်ချစ်နေပေမယ့်လည်း မ ကမသိခဲ့ ဒီအဖြစ်အပျက်
ကျွန်တော့်မှာ ရင်တွေကွဲ မလှအောင်ပဲ ချစ်နေမိခဲ့
မ ရဲ့ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းဟာ ကျွန်တော့်ရဲ့အသည်းမှာစွဲ
သိပ်ချစ်မိနေတာကိုပဲ ဘယ်လိုဖွင့်ပြောရမှာလဲ
လူတွေကပြောကြ မင်းသူ့ကိုမချစ်ပါနဲ့
မင်းချစ်မိရင်မှားမယ်တဲ့ ကျွန်တော်ဘယ်လိုလုပ်ရမှာလဲ
ကျွန်တော်သိပ်ချစ်တဲ့ မ ကိုပဲ သူတို့တွေက အပြစ်တွေဖွဲ့
မြတ်နိုးစွာနဲ့ ချစ်မိခဲ့ နောက်ဆုတ်ဖို့တော့မဖြစ်နိုင်ခဲ့
ဝေးနေလည်း မျှော်လင့်ခဲ့တဲ့ အချစ်နဲ့ ဝေးနေလည်း
တစ်နေ့နေ့မှာတော့ မ ကိုချစ်တဲ့အကြောင်းဖွင့်ပြောမယ်
ကမ္ဘာမြေထက်မိုးသားထဲ ကြယ်စင်များလင်းလက်ဆဲပဲ
မှောင်မိုက်ခြင်းတွေကို ဖောက်ခွဲ ဒီကမ္ဘာအား အလင်းပေးသလိုပဲ
အကြင်နာဆုံး မ ရဲ့အချစ်နဲ့ ရင်မှာအမြဲ နွေးထွေးသွားခဲ့
အားလုံးကိုရင်ဆိုင်ခဲ့မိ ကိုယ်အချစ်ဆုံး မ ရှိရင်ကွယ်
အချိန်တွေရှိတိုင်းလည်း မ ရဲ့ အနားမှာပဲ
အတူထိုင်နေပေမယ့် စကားလေးတွေ ပြောဖို့ခက်ခဲ
စိုးရိမ်တဲ့ စိတ်တွေ ကျုပ်ရင်ထဲမှာရှိနေလို့
မ စိတ်ဆိုးသွားမှာကို သိပ်ပြီးကြောက်နေခဲ့မိလို့
မ ရှေ့ကိုရောက်ရင်ပဲ ပြောဖို့စကားတွေပျောက်နေခဲ့
အကြိမ်ကြိမ်သာနောက်ဆုတ်ခဲ့ မျိုသိပ်ဆဲဒါပေမယ့်
အချိန်တွေလည်းကုန်နေပြီး နောက်ကျမှာကိုသိပ်ကြောက်မိ
ရင်ထဲက စကားလေးတွေအတွက် စာလေးတွေကိုခိုးပေးမိ
အဲဒီ့အတွက်ရရှိခဲ့ ထူးဆန်းလွန်းတဲ့ အကြည့်တစ်ချက်
ဆူးရှရှ အချစ်တို့နဲ့ ရင်ခွင်မှာလှိုင်းခတ်ခဲ့
ပြောင်းလဲခြင်းတရားများ ကျွန်တော်လေ မေ့ပစ်ချင်ခဲ့
ကျွန်တော့်ရဲ့အချစ်အတွက် သက်ရောက်မှုကဘယ်လိုလဲ
တွေးနေဆဲပါပဲ ကျွန်တော့်ရဲ့ စိတ်ကအမြဲ
မ ရဲ့ရင်ထဲမှာကော ဘယ်လိုရှိနေမှာလဲ
အရိုးရှင်းဆုံး စကားလေးတစ်ခွန်းပဲ အထပ်ထပ်ပြောမိခဲ့
မ ရယ် ကျွန်တော့်ကို ပြန်ချစ်ပါကွယ်
ကမ္ဘာမြေထက်မိုးသားထဲ ကြယ်စင်များလင်းလက်ဆဲပဲ
မှောင်မိုက်ခြင်းတွေကို ဖောက်ခွဲ ဒီကမ္ဘာအား အလင်းပေးသလိုပဲ
အကြင်နာဆုံး မ ရဲ့အချစ်နဲ့ ရင်မှာအမြဲ နွေးထွေးသွားခဲ့
အားလုံးကိုရင်ဆိုင်ခဲ့မိ ကိုယ်အချစ်ဆုံး မ ရှိရင်ကွယ်
အချစ်အိပ်မက်တဲ့ နေ့တစ်ရက်မှာ မျှော်လင့်ချက်ဟာ ပြည့်ဝခဲ့
တောင့်တခဲ့ အချစ်တစ်ခု ရရှိခဲ့ ကျွန်တော့်အတွက်
မ ရဲ့အချစ်နဲ့ ဘ၀တစ်ခုဟာ လှပလို့
စွဲလမ်းမှုအမြဲတမ်းမို့ အသဲကျွမ်းအောင်ချစ်မိလို့
ရင်ဆိုင်မယ် အနာဂတ်ထဲ ချစ်သူလက်ကိုတွဲရင်းနဲ့
အားပေးမယ့်ချစ်သူက မင်းအနားမှာရှိနေခဲ့
အချစ်စစ်ရဲ့ ခရီးက ဖြောင့်ဖြူးခြင်းမရှိပေမယ့်
အမှောင်ဆုံးသောလမ်းတွေ ဖြစ်ပါစေ
တို့နှစ်ယောက် အတူတူထိုးခက်မယ်
ဟာတာတာ လိုအပ်ချက်တွေ အားလုံးအဝေးကိုသွားလိုက်တော့
အမြဲရှင်မယ် မ ရဲ့ အချစ်နဲ့ အားလုံးပြည့်စုံနေပြီပေါ့
ကမ္ဘာမြေတဆုံး လိုက်ရှာကြည့်ပါဦး
မ လိုချစ်သူဆိုတာဘယ်မှာရှိမှာတုန်း
အားနည်းချက်တွေကိုလည်း ခွင့်လွှတ်နားလည်ပေး
တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ မမုန်းကြေး
ကမ္ဘာမြေထက်မိုးသားထဲ ကြယ်စင်များလင်းလက်ဆဲပဲ
မှောင်မိုက်ခြင်းတွေကို ဖောက်ခွဲ ဒီကမ္ဘာအား အလင်းပေးသလိုပဲ
အကြင်နာဆုံး မ ရဲ့အချစ်နဲ့ ရင်မှာအမြဲ နွေးထွေးသွားခဲ့
အားလုံးကိုရင်ဆိုင်ခဲ့မိ ကိုယ်အချစ်ဆုံး မ ရှိရင်ကွယ်
Labels: Pop, Rap, Yatha, YeLay
အချစ်သီချင်း - မျိုးကျော့မြိုင်
ကံဆိုးမိုးမှောင်ကြတဲ့အခါ ချစ်သူလက်ကိုစွဲကိုင်ထား
အကျင့်ပါသွားခဲ့တာ ချစ်သူမရှိတော့ လက်မှိုင်ချ
ဘာ့ကြောင့်များ အချစ်ကိုကိုးကွယ်မိလဲသိချင်တာ
ဟိုးအရင်ကလိုပဲ မင်းရဲ့အနားမှာ ရှိချင်တာ
ဒီလိုနဲ့ပဲသစ်ရွက်ကလေးတွေ တစ်ဖြုတ်ဖြုတ်ကြွေ
မိုးဆောင်းနွေ ပြက္ခဒိန်တွေတစ်မျိုးပြောင်းနေ
အတိတ်ကိုတွေး စိတ်မှာဆွေးမိတာ အဆိုးအကောင်းတွေ
အကျိုးအကြောင်းတွေ လွဲခဲ့ရတယ် တို့နှစ်ယောက်ဝေး
အမြဲ ရင်ထဲပြည့်ကျပ်နေလို့ ခံစားရခက်နေလို့ ဒီစိတ်နဲ့ရူးနေလို့
ရင်ထဲမှာ သိပ်ချစ်မိတာကို
လွမ်းစရာတွေ့ရင် ရူးလောက်အောင်စိတ်ညစ်တာမို့
လမ်းမှာတွေ့ရင် ပြောပြပေးပါ သိပ်ချစ်တာကို
လူတွေလွမ်းဆွေးတွေးငေးပြေး ဟိုအဝေး...
ဒါပေမယ့်လည်း အချစ်နဲ့ကင်းဖို့ မကယ်နိုင်တော့လည်း စိတ်တွေလေး
ပူပန်သောက ပူလောင်ဒေါသ မောရတဲ့နေ့တွေဆိုတာ
အချစ်နဲ့တွေ့တဲ့ လူတွေအတွက်တော့ သံသရာတစ်လျှောက်မှာ ရေတွက်လို့မရ
မာနတွေခ၀ါချပြီး အချစ်ရဲ့အောက်မှာ ဒူးတွေထောက်ကြ
ပေးဆပ်ရ ဒီဘ၀ အချစ်ကြောင့်ပဲစိတ်တွေပြောင်းသွား
အချစ်စိတ်အရာအားလုံးကို ထိန်းချုပ်ထား
ဒီစိတ်နဲ့စား ဒီစိတ်နဲ့သွား ဒီစိတ်နဲ့အသက်ဆက်ရှင်နေရပါလား
အချစ်ကြောင့်ရူး အချစ်ကြောင့်မူး သီချင်းတွေလည်းရေးခဲ့ဖူးတယ်
အချစ်ဒုက္ခ အချစ်မရှိမှ တစ်ယောက်ထဲပဲဝမ်းနည်းခဲ့ရ
အချစ်ရဲ့အဝေး ကိုယ်ထွက်ပြေး တစ်ခါတစ်လေတော့လည်း စိတ်ညစ်ဖူးတယ်
အချစ်နာကျ အချစ်ဒါဏ်များ မခံနိုင်တော့လည်း အရှုံးပေးဦးမယ်
စွဲလန်းခြင်း လွမ်းဆွေးခြင်း မနေနိုင်လောက်အောင် သင်ခဲ့ဖူးတယ်
အချစ်တတ်ဆုံး သတိရဆုံး ကိုယ့်ရဲ့ဘ၀မှာတစ်ယောက်ထဲရှိတယ်
တွေဝေခြင်း ဟန်ဆောင်ခြင်း ဒီနောင်တတွေရမှ
ကိုယ့်ရဲ့အဝေး သူထွက်ပြေး အချစ်ဆုံးကိုလေ ဆုံးရှုံးဖူးတယ်
အမြဲ ရင်ထဲပြည့်ကျပ်နေလို့ ခံစားရခက်နေလို့ ဒီစိတ်နဲ့ရူးနေလို့
ရင်ထဲမှာ သိပ်ချစ်မိတာကို
လမ်းမှာတွေ့ရင် ရူးလောက်အောင်စိတ်ညစ်တာမို့
လွမ်းစရာလေးတွေ ပြောပြပေးပါ သိပ်ချစ်တာကို
လူတွေလွမ်းဆွေးတွေးငေးပြေး ဟိုအဝေး...
လွဲမှားစွာဆုံးဖြတ်မိတဲ့ ငါ့ရဲ့အမှားတွေ ဆုံးဖြတ်ချက်
ဟိုးတုန်းက ပျော်စရာများတဲ့ ငါတို့နှစ်ယောက်ရဲ့ဘဝ
အတိတ်ကိုတွေး စိတ်မှာဆွေးမိတာ အဆိုးအကောင်းတွေ
အကျိုးအကြောင်းတွေ လွဲခဲ့ရတယ် တို့နှစ်ယောက်ဝေး
Labels: LilKaungMyat, MyoKyawtMyaing, Pop, Rap, SaiSaiKhanHlaing
ဆံပင်ရှည်လေး - Smoke
မွန်ပြည်သား
ခါးသက်တဲ့နေ့ရက်များကို ငါတစ်ယောက်ထဲဖြတ်သန်း ၀ိုးတ၀ါးနဲ့ ငါ့မနက်များဟာ ဒါကဘ၀မှတ်တမ်း အထီးကျန်စွာ ဖြတ်ကျော်နေရင်းနဲ့ ဖြစ်ပေါ်ခဲ့ရင်ခုန်ခြင်း ခြေလှမ်းကို ကုဋေတစ်သန်းနဲ့ လျှောက်လှမ်းလာသူ နူးညံ့တဲ့ အကြည့်စုံပိုင်ရှင် စူးစိုက်ခဲ့ အကြည့်တောင်ပြန်မ၀င် ဆံပင်လေးသပ်ကြည့်ကာပြုံး ရင်လေးဟပ်ထိကာဆုံး အသက်ရှူဖို့ ငါ့မှာမေ့ခဲ့ အချစ်တွေငါ့ဆီမှာ အပြည့် ငါ့ကိုယ်ငါသုံးသပ်ကြည့်မှ ယုတ်တိမရှိတဲ့ အဖြေတွေတွေ့ ဒါတွေဟာ ဘာကြောင့်လည်း ငါ့အသည်းလေးလှုပ်ခပ်သွား ဆယ်ကျော်သက်ရင်ခုန်သံက လျှက်တပြက်မှာ ရပ်နား ဒီရေလို အတက်အကျများ အချစ်အဓိပ္ပါယ်အား ရှင်းမရခဲ့ ငါကိုယ်တိုင် အချစ်အကြောင်းကို နားမလည်တော့ ဒုက္ခပဲ
ဆံပင်ရှည်လေးနဲ့မင်းက ဒီမှာတော့လုံးဝမေ့မရဘူး
ကလေးရယ် နင့်အပြုံးလေးတစ်ချက်ကို လိုချင်နေမိ
ဆံပင်ရှည်လေးနဲ့မို့သိပ်လှ ဒီမျက်ဝန်းထဲမှ အကြည့်တွေက
ငါ့အတွက် မျှော်လင့်ချက်များကို ဖြစ်လာစေတယ်
သူ့ကိုငါငေးမောရင်းနဲ့လမ်းမကြီးမှာငုတ်တုတ်ကြီးကျန် အပြစ်ကင်းတဲ့မင်း အလှလေးကို ငါ့မှာအခုတော့ တပ်မက်ခဲ့ပြန် ဖြူစင်တဲ့ သူ့အချစ်တွေကို အခုအချိန်မှာတော့ အရယူဖို့ကြံ ချစ်ခြင်းနဲ့ အရာရာကို မေ့ဖျောက်ဖို့ကြိုးစား __ တွေကပြင်းပြနေတော့ အချစ်နဲ့ အခါခါအငြင်းပွား ရိုးသားခြင်းအမှောင်မသိ အကြင်နာတွေအရောင်မရှိ လှပတဲ့ ဆံပင်လေးရယ် အကြည့်တစ်စုံကညှို့ပြီး ဆံပင်လေးက ဖြောင့်စင်း ခန္ဓာကိုယ်ကတောင့်တင်း ဘယ်လိုမှ ရုန်းမရခဲ့ ချိုသာတဲ့ အပြုံးများနဲ့ မြင်ရတဲ့ အရှုံးများနဲ့ အသေချာပဲသိပ်ချစ်တယ် ပူလောင်တဲ့အချစ်တွေရမလား အေးစက်တဲ့မေတ္တာများလား အစိမ်းသက်သက်အလွမ်းတွေများက င့ါကိုယ်ပြန်လည်တိုက်စားသွား
ရင်မှာ ဒဏ်ရာဝေဒနာတွေကို မင်းလေးခဏလောက်ကုစားပေး ငါ့စိတ်မှာမင်းအပြုံးဟာ ငါ့အတွက်ဆေးတစ်ခွက် အချစ်ရောဂါကုဖို့ခက် ဖြစ်သမျှ အချစ်ကနင့်အတွက် နင့်အကြည့်တွေ ငါ့အတွက်ကတော့ မျှော်လင့်ခြင်းတွေဖြစ်နေခဲ့ အချစ်ဆိုတဲ့ မျှော်လင့်ခြင်းကို တိတ်ဆိတ်သွားအောင်မလုပ်ပါနဲ့ စာဖွဲ့လို့မမှီနိုင်ဘူး ပန်းချီဆရာတွေတောင် လက်မှိုင်ချမယ် နတ်ဖက်တဲ့မင်းရဲ့အလှနဲ့ အိနြေ္ဒရှင်နှုတ်ခမ်းပါးလေးရယ် နင့်အကြောင်းကို စုံစမ်း ငါ့ရဲ့အဖြစ်က ယုံတမ်း ပုံပြင်တစ်ပုဒ်လိုဖြစ်နေတော့ ဇာတ်သိမ်းပိုင်းမှာ မဆွေးချင်တော့ နင်ကတော့ ငါ့နတ်သမီး နင်မကယ်ရင်ဘ၀တွေပျက်ပြီး ရီဝေစွာ ______ အကြည့်တွေက ရင်ထဲအထိ ချစ်နေတာနင်လဲ အသိ နင်ရဲ့အလှမှာ ကြွေခဲ့မိ
အချစ်စိတ်တွေပုန်ကန်ကာ ငါ့ရဲ့စိတ်တွေပုံမမှန် ငါအဖြစ်ငါယုံရန်တောင်မှ သိပ်ကိုပဲ ခက်ခဲ အချစ်ဆိုတဲ့နောက်ကွယ်မှာတော့ အမုန်းဆိုတာရှိမှာပဲ ဖြစ်နေတာပြောချင်ပေမယ် ငါ့စိတ်တွေမ၀ံ့မရဲ ဦးတည်ရာမဲ့နေတဲ့ စွန်တစ်ကောင်လိုလေထဲ နူးညံ့တဲ့ဆံမျှင်လေးများ လေဟာနယ်မှာ ပျံ့ဝဲ ရူးလောက်အောင်ချစ်နေမိလို့ အိပ်မက်တိုင်းမှာ မင်းနဲ့ မင်းကိုငါလွမ်းတဲ့စိတ်နဲ့ ငါ့အိပ်မက်တွေ ဖဲ့ပေး ဆံနွယ်တွေ မြေပေါ်ခမှ အကြောင်းကြားမှုရဲ့ ဒီအတွေး ရင်ခွင်မှာ သိုသိပ်စွာ မျိုသိပ်ငါထားခဲ့ ရှုံးနဲ့သာ ခံလိုက်ရင်း လွမ်းတာကျ ဒါဏ်ရာသင်း ___ ဝေဒနာဖြစ်လည်း ချစ်ခဲ့တာငါ့အပြစ်တွေပဲ
Labels: Pop, Rap, Smoke
အချစ်ကြောင့် - မျိုးကျော့မြိုင်
အချစ်ကြောင့်ရူး အချစ်ကြောင့်မူး ဒီကမ္ဘာကြီးမှာ
အချစ်နာကျ အချစ်ဒဏ်များ ခံနိုင်ရည်မရှိပါ
ကိုယ့်ရဲ့ဘ၀ အဆိုးဆုံးက ဒီအချစ်ပါ
အိပ်လို့မရ စားလို့မရ အကြိမ်ကြိမ်သေဆုံးကာ
အချစ်ကြောင့် နေ့ညတို့ ပျော်ခဲ့ဖူးသလို
အချစ်ကြောင့် နှစ်လတို့ ငိုခဲ့ဖူးတာ
အသည်းကွဲကြ လွမ်ဆွေးကြ ဒီအချစ်ဟာ
ရှိလည်းကောင်း မရှိလည်းကောင်း ဒီကမ္ဘာကြီးမှာ
အိပ်မက်တွေမက်ခါ.... ကြီးပြင်းခဲ့ ဘ၀ရဲ့အစ ရင်ခုန်သံများဟာ
အခုများဘယ်အနားမှာ မရှိတော့ဘူး မရတော့ဘူး
တကယ်ကွာခြားလာ..
ကလေးလေးဘ၀ အချစ်သီချင်းများ ကိုယ်ချရေးကာ
အချစ်ဆိုတဲ့ စာသားတွေနဲ့ ကိုယ်ကြည်နူးလာ
လက်တွေ့ဘ၀တွေ့ရတဲ့ ဒီအချစ်ဟာ
အမည်းစက်များ လောကဓံကြား တရားခံဖြစ်လာ
ပျော်ရွှင်ခဲ့သော အချိန်တစ်ခုသာ
ချစ်သူအပြုံးအလှဆုံး ကိုယ်ထင်ခဲ့တာ
အဆင်မပြေခဲ့သောအချိန် ဒီအချစ်ဟာ
တစ်ယောက်နဲ့တစ်ယောက် လှည့်မကြည့်လောက်အောင် ရွံမုန်းလာ
အိပ်မက်တွေမက်ကာ ချစ်သူအပြုံးအလှဆုံး ဒီကမ္ဘာကြီးမှာ
အခုများ ဘယ်နားမှာ တစ်ယောက်နဲ့တစ်ယောက်လှည့်မကြည့်လောက်အောင် ရွံမုန်းလာ
အချစ်ကြောင့်ပေါ့ ကိုယ့်ရဲ့ဘ၀ အကြိမ်ကြိမ်သေခဲ့ဖူးတာ..
ကိုယ်သေခဲ့ဖူးတာ...
Labels: Alternative, Blues, MyoKyawtMyaing, Pop
ထာဝစဉ် - Too Big
ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်
ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်
ချစ်သည် အနောက်ကနေလိုက်ပြော ရူးသည် မင်းအတွက်ကြောင့်စိတ်မော ဆက်သည် ဖုန်းကိုလည်းမကိုင်တော့ သိပြီ ပုန်းရှောင်ကာနေပေါ့ ဇွဲမလျှော့ ဆက်ချစ်မယ်ပြောတော့ မယုံရဲဘူး ခေါင်းကိုခါငြင်းပေါ့ မပျက်မကွက် ပန်းစည်းခြင်းတွေပေးဆပ် မင်းအတွက် အိပ်ရေးတွေပျက်ညမနက်
လွမ်းရတဲ့ နေ့တွေကိုလည်းတွက်ချက် မင်းအပြုံးနဲ့ ကိုယ့်ရဲ့နေ့တွေရှေ့ဆက် အရှုံးပေးပြီး နှလုံးသားကိုပေးဆက် မင်းနဲ့မှ ချစ်တဲ့ပြီ အခုခက် နှလုံးသားကို မျက်ရည်ကျအောင်မလုပ်နဲ့
အလွမ်းသီချင်းများ မသိခဲ့ပါမရေးနဲ့ အချစ်စကားလေးပြောပေးပါ ကိုယ့်အတွက် မင်းစကားတစ်ခွန်းစောင့်နေမယ် ကိုယ့်တစ်သက်
ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်
ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်
ဝေးပြီပဲ ဒီအကြောင်းတွေပြန်ကာတွေးရင် ဟိုတုန်းကလိုပဲ ချစ်သေးလားမတွေးချင် ငါကပဲရှုပ်ခဲ့သလိုမျိုး လူတွေရဲ့ဘေးအမြင် စိတ်ဓါတ်တွေကျ အကုန်လုံး ဒါကိုလည်းမင်းမမြင် တစ်ခါတစ်လေ ငါထွက်တဲ့ ဒေါသ
မင်းကြောက်သွားတာ အရမ်းပဲလို့ မင်းသူငယ်ချင်းက ငါ့ကိုပြောပြ အခုတစ်ခါခွင့်လွှတ်ပါ ငါ့အကျင့်ဆိုးတွေအား ပြုပြင်ပေးလိုက် မင်းဟာငါ့ရဲ့မရှိမဖြစ်ပါ မင်း မုန်းသွားတဲ့ နှလုံးသားက ငါရဲ့စိတ်ရိုင်း သူ့အတိုင်းထားရင် ပိုဆိုးသွားမယ် ထိမ်းလို့မရ ငါလွန်ခဲ့မိတာရှိရင် ကျေအောင်လုပ်ခွင့်ငါသိချင် နင်ချန်သွားဖို့စိတ်ကူးရင် ရင်ကိုခွဲလို့ငါပြချင် အရှိက်ထိ နင့်ရဲ့စိတ်နဲ့မိုက် နေ့နဲ့ည ဆိုးသွမ်းရင်းနဲ့ ငါဟာမျောရင်း ခေါင်းကကိုက် မင်းလဲစိတ်ချလိုက် ငါ့မှာ တစ်ယောက်ထဲ ချစ်မဲ့စိတ်ကကြိုက် တွေ့ဆုံခွင့်ငါဟာမျှော်နေလိုက်
ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်
ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်
မင်းနောက်က တစ်ကောက်ကောက်လိုက်ရင် မင်းက မကြိုက်ခဲ့ ချစ်တဲ့စိတ်နဲ့ ငါကမင်းနောက် တစ်ကောက်ကောက်လိုက်ခဲ့တယ် ရှုတ်မဲ့မဲ့ဖြစ်နေတဲ့ မင်းမျက်နှာလေးမြင်တော့ ချစ်တယ်ဆိုတဲ့ စကားတွေပြောဖို့ ငါ့မှာ ခက်ခဲလာ မင်းကငါ့ကို မချစ်လို့လား ငါ့မှာတွေးဆွေးရင်း ငါ့ဦးဏှောက်တွေ ရှုတ်ရှပ်ခတ် အလုပ်ပျက်ခဲ့ ငါ့ကို သူငယ်ချင်းတွေက အပြစ်တင်ကြ ရှုံချကြ အဓိကအပြစ်က ငါမဟုတ်ခဲ့ဘူး ချစ်တတ်တဲ့ ငါရဲ့စိတ်နဲ့ စွဲလမ်းတဲ့ငါ့ရဲ့နှလုံးသား ထိတွေ့ဖို့ ကြိုးစားလည်းမရခဲ့
နေ့ရက်များကို မင်းအတွက်ပေး အချိန်များစွားကို မင်းအတွက်စတေး လူတိုင်းကပြော မင်း ကလှည့်စားတတ်တယ်တဲ့ လှည့်စားတတ်တဲ့မင်းကိုမှ ငါကဆက်ချစ်နေခဲ့ ကျောခိုင်းပြီးတော့လည်း မနေနိုင်ဘူး ဟန်ဆောင်ပြီးတော့လည်း မနေချင်ဘူး ငါအချစ်များက မင်းအတွက် ထာဝစဉ်မပြောင်းလဲပဲ
အမြဲတမ်း အမြဲတမ်း ဆက်ချစ်နေမှာ.. မင်းလေးအတွက်..
ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်
ထာဝစဉ်သာမင်းတစ်ယောက်တည်း ရင်မှာအစဉ်မပြောင်းလဲပဲ
ကမ္ဘာတည်သ၍ချစ်နေမယ် ငါ့အချစ်တို့ ယုံပါကွယ်
Labels: HipHop, Pop, TooBig
ငါမသိဘူး - ရဲလေး
နေမိခဲ့တော့လည်း တွေ့ခွင့်ရဖို့မလွယ်
သံသယရှိနိုင်မယ် ငါဘယ်သူမှ မချစ်ခဲ့ဘူး
တစ်ဖက်သတ်မို့ အနမ်းတွေကို
ငါ့ဘက်ကလွမ်းနေလို့
တစ်ချိန်ချိန်မှာ စာနာပေးဦးမှာလား မျှော်လင့်...
အမှတ်တရနဲ့ သိမ်းထားခဲ့တဲ့ ပန်းစည်းများစွာ နွမ်းခြောက်ပြီး
ငါနေချင်ပါပြီ မင်းအနားအမြဲတမ်း
ဒီလိုခွဲပြီးတော့ ငါလိုချင်တာမင်းမသိတော့
ခိုးခိုးပြီး ကိုယ့်မှာလေမင်းကို
I don't know ငါမသိဘူး အချစ်ရယ်
မင်းရဲ့အနား ငါလေလုံးဝမရှိ
အိပ်မရနိုင်ပါ မင်းအကြောင်းတွေသာ
တွေးရင်းရူး ငါတော့တွေးရင်းရူးနေလို့
I don't know ငါမသိခဲ့ပါဘူး
တွေ့ချင်တယ် မင်းလေးအနားပဲသို့
အိပ်မရနိုင်ပါ မင်းအကြောင်းတွေသာ
တွေးရင်းရူး ငါတော့တွေးရင်းရူးချင်တယ်/နေလို့
ပထမဆုံးတွေ့ခွင့်ရတဲ့ မင်းရဲ့အပြုံးလေးပဲ
မမေ့ရက်ခဲ့နိုင်ပါ ဒီအချိန်ထိမေ့လို့မရ
သူငယ်ချင်းများအလည်မှာ ငါအဖော်မဲ့ခဲ့ပြီလား
လှောင်ရယ်သံတွေကြား ငါလေရူးမင်းကြောင့်
မင်းပဲ မင်းပဲ သိမ်းပိုက်ပါအကုန်လုံး
မင်းပဲ မင်းပဲ ငါ့ဘ၀မှာ အချစ်ဆုံး
ရက်စက်ခဲ့ရင်လည်း မမုန်းဘူး
ဝမ်းမနည်းပါ မမုန်းဘူး
အားလုံးက ၀ိုင်းတားကြပြီ မင်းသူ့ကို မချစ်နဲ့တော့
ဒီလို အသက်မဲ့တဲ့နေ့မှာ မင်းရှိမှ ပြည့်စုံမှာ
ဒီလိုပဲ ညနက်တိုင်းမှာ အိပ်မက်ထဲအရောက်လာပါ
အချိန်တွေအမြဲစောင့်စားခဲ့တာ နွေမိုးဆောင်းလည်း ပြောင်းပြီးကွာ
ငါမသိဘူး ငါမသိဘူး မင်း.. မင်းကို ချစ်မှာပဲ
I don't know မင်းပဲ မင်းပဲ (I don't know)
I don't know I don't know ငါမသိဘူး
ဆန့်ကျင်ဘက်တွေပဲ အချစ်ရယ် အချစ်ရယ်
ဟိုး... မင်းနဲ့ငါ ဘယ်အချိန်နီးမလဲမသိတော့...
Labels: Acoustic, Blues, Pop, YeLay
ဘယ်သူတွေပြောပြော - 19:18
ဓါတ်စာ - အနဂ္ဂ၊ ဘာဘူ၊ Alex
လောကကြီးက မတရားဘူး ပြောပြချင်တယ်
ဘယ်နေရာကို သွားသွားမြင်နေတွေ့နေရတယ်
အတွဲလေးတွေကိုယ်စီနဲ့ အဆင်ပြေနေကြတယ် (ကိုနော်...)
ပန်းခြံထဲကို သွားပြီးတော့ ကြင်နာနေကြတယ် (ဟီးဟီ..)
ရယ်နေရတယ် ကျွန်တော်တို့လည်း လိုချင်ပါတယ်
လိုနေတာဘာတွေလည်း အကြင်နာတွေကွယ်
အကြင်နာတွေ ဘယ်မှာလဲ ဒီရင်မှာပဲ
ကြင်နာချင်ရင် လာခဲ့လာခဲ့ အချစ်တွေကိုပေးမယ်
ရည်းစားလေးတစ်ယောက်တော့ လိုချင်တာပေါ့
ငါ့မှာလည်း အသည်းနဲ့ပဲ ချစ်တတ်ပါတယ်
ရည်းစားလေးမရှိတော့ ငိုချင်တာပေါ့
ရှိရှိသမျှ အချစ်တွေ အကုန်လုံး ပေးလိုက်ပါမယ်
ချစ်တယ်လို့ ပြောရတာလည်း တကယ်ကိုများပြီ
ငါလိုက်ခဲ့တဲ့မိန်းကလေးတွေ တကယ့်ကိုအများကြီး
ဘယ်သူမှလည်း ပြန်မကြိုက်ဘူး ငါ့ဘ၀ကသွားပြီ (အမ်..ဟန်..)
ပြန်မကြိုက်လည်း ဂရုမစိုက်ဘူး ကျန်သေးတယ်အများကြီး (ဟိုက်ရှားပါး..)
ကျန်သေးတယ် ကောင်မလေးတွေ အများကြီးကျန်သေးတယ်
စာပေးမယ် အားလုံးကို ရည်းစားစာပေးမယ် (ဟဲ့ ရော့..)
ဖုန်းဆက်ပြီး ညညဆိုတယ်လီဖုန်းလေးနဲ့ပြောမယ် (ဟယ်လို)
အားလုံးကိုပြောချင်တယ် ကိုယ့်ကိုပြန်ချစ်ကွယ်...
အဆက်အသွယ်မလုပ် အဆက်ဖြတ်ခဲ့ ကံဆိုးပြီ
တော်ပါသေးတယ် ပြောချိန်မရ ကျန်ခဲ့ပြီ
မနေတတ်ဘူး ရည်းစားတစ်ယောက်လောက်များ မရှိရင်
မနက်ဆိုရင် ဖုန်းပြောဖို့ မိန်းကလေးတစ်ယောက်မှ မရှိရင်
စိတ်အားငယ်တတ်ခဲ့ အချစ်ငတ်တဲ့ ကျွန်တော့်အတွက်
မကျွမ်းကျင်တဲ့ အချစ်ကိစ္စကို အကျွမ်းတ၀င်ဖြစ်ခဲ့
---------- စိတ်မ၀င်စားရ
မိန်းကလေးတွေက လိုက်ကြိုက်တာမျိုး ဖြစ်ချင်နေတယ်
လူမသိသူမသိ ကျွန်တော့်မှာ ရူးရ အိုက်တင်တွေကျင့်ရပါတယ်
ကောင်မလေးတွေလိုက်ကြည့်အောင်ကွယ်
အသံကို ----- အသံဖြစ်အောင် လေ့ကျင့်ပါတယ်
မိန်းကလေးတွေက ယောကျာ်းလေးတွေ အကဲခတ်ရင် ခြေထောက်ကိုကြည့်တယ်
ယောက်ျားလေးတွေ ပြန်ပြီး အကဲခတ်ရင် ----...
သူက အလှပဂေးလား လူတွေက ထငေးရ..
AK ပြောတဲ့အချိန်မှာ ဟေ့ကောင် ဟေ့ကောင်လာငေးကွ...
ရည်းစားတစ်ယောက်တော့လိုချင်တယ် (ရှာပေးကွယ်...)
အချစ်တွေရင်မှာပိုနေတယ် (အကုန်ပေးမယ်...)
Labels: Alex, Annega, BarBu, HipHop, Pop, Rap
ဟာသ - ဆောင်းဦးလှိုင်
သီချင်းလေးတစ်ပုဒ်တော့ ဈေးကွက်ထဲမှာ Hit ဖြစ်သွားပြီတဲ့ဟေ့
ဘာအကြောင်း ရေးဖွဲ့သလဲဆို ရယ်စရာဟာသများတဲ့
ဝတ္ထုတစ်ပုဒ်တော့ ရောင်းတန်းထဲမှာ ထာဝစဉ်နံပါတ်ဝမ်းပဲ
ဟာသသိပ် ခေတ်စားလို့...
ကြိတ်ကြိတ်တိုးတဲ့ ဇာတ်လမ်းရုပ်ရှင် သေချာပါတယ် မမေးနဲ့
ဘာများနှစ်သက်သလဲဆို ရယ်နေရရင်ပြီးရောပဲတဲ့
ဟာ.... ဟာသများ....
ဟာ.... ဟာသများ....
ဟာ.... ဟာသများ....
ဟာ.... ဟာသများ....
ရည်းစားရတဲ့ ကလေးမလေးကို ဘာသာယာလဲမေးတော့
မောင်က သိပ်ရယ်ရတာပဲတဲ့
နှစ်သက်ကြတဲ့ မင်းသားတစ်ယောက်ရဲ့ စွမ်းပကားများကိုမေးတော့
သူက သိပ်ရယ်ရတာပဲတဲ့
အားလုံးပဲလား ပျော်နေကြတာ
အားလုံးပဲလား ပျော်နိုင်ကြတာ
အားလုံးပဲလား ပျော်ချင်ကြတာ
အားလုံးပဲလား ပျော်နိုင်ကြတာ
Labels: Alternative, Pop, SaungOoHlaing
မေ့မရတဲ့အချစ်များ - စည်သူလွင်၊ တင်ဇာမော်
wma တွေတင်လို့မရတဲ့ Odeo မှာ ကျွန်တော် mp3 ပြောင်းပြီးတင်ခဲ့ရတဲ့ သီချင်းတွေများပါတယ်။ အဲ့လိုပြောင်းပြီးတင်ရတဲ့ သီချင်းတွေတော်တော်များများမှာ Upload လုပ်ပြီးလို့ ပြန်ဖွင့်ကြည့်တဲ့အခါ "Invalid File", "Error Loading [url...]" ဆိုပြီး ခဏခဏဖြစ်ပါတယ်။ အဲ့ဒါ့ကြောင့် တင်မရတဲ့သီချင်းတွေ Upload တင်ပြီး စာသားတွေ လိုက်ရေးပြီးမှ မတင်ဖြစ်တဲ့ သီချင်းတွေ အများကြီးပါ။ အခုတစ်ပုဒ်မှာတော့ ကျွန်တော် တင်အပြီးမရတာနဲ့ သူ့ရဲ့ Download Link ကိုယူပြီး "Link To Audio" မှာ ပြန်ထည့်လိုက်ပါတယ်။ ထပ်တိုးလာတဲ့ Saved Audio List ထဲက နောက်ဆုံးမှာ အဲ့ဒီ့ သီချင်းရောက်သွားပါတယ်။ ထူးဆန်းစွာနဲ့ပဲ အဲ့ဒီ့သီချင်းကိုကျတော့ Odeo Flash Player ကရှောရှောရှူရှူ ဖွင့်လို့ရပါတယ်။ ("There are million reasons to listen Odeo.. and this is one" ဆိုတာကြီးတော့ ပါလာတာပေါ့) Spot FM နားထောင်သူ အပေါင်းတို့ မရမက တင်ချင်ပြီး တင်မရတဲ့ သီချင်းတွေများရှိခဲ့သော် ဒီနည်းသုံးကြည့်ကြဖို့ အကြံပေးလိုက်ပါတယ်။
အခုသီချင်းကတော့ Jennifer Lopez နဲ့ တခြား Latin အဆိုတော်တစ်ယောက်ရဲ့ Latin သီချင်းကို ပြန်ဆိုထားကြတာပါ.. မူရင်းသီချင်းရော ပြန်ဆိုထားတာပါ တော်တော်လေးကောင်းပါတယ်.. နားထောင်ကြည့်ကြပါဦး..
မဆုံနိုင်တော့ဘူးကွယ်... ယုံကြည်ချင်သေးတယ်...
တစ်ကယ်ကိုတို့များဝေးကွာ... ဒီအချိန်ခဏလေးပါ...
နာရီများရယ်ရပ်တန့်... မျှော်လင့်ခြင်းရဲ့ကမ်းစပ်...
ကြင်နာခြင်းတွေ အဆုံးသတ်တော့ နာကြင်လေခြင်းကွယ်...
ရင်ဆိုင်ချင်သေးတယ်... ဒဏ်ရာတွေများမယ်...
တစ်ကယ်ဆို တို့နှစ်ဦးဝေးဖို့... တွေဝေမှုများသာ...
ဘယ်သူကြားမှာတားလည်း တို့နှလုံးသားက အချစ်တွေ..
ရင်မှာ ကွဲကြေခြင်းများတော့ ဘယ်သူခံစားမယ်...
ရှောင်လွှဲမရတဲ့ ဘ၀လမ်းမထက် နောက်ဆုံးမင်းငိုမှာလည်း စိုးတယ်...
စွန့်လွှတ်ဖို့အတွက် အကြောင်းများမရှိခဲ့ နောက်ဆုံးဘ၀ကို ဆက်ပြီးသွားမယ်...
ငိုကြွေးရမယ် တို့အဆုံးအဖြတ်အတွက် နောက်ဆုံးအချစ်က ရူးသွပ်ခြင်းသာ...
ဒီနာမည်ပေးတော့ အချစ်ရယ် ကိုယ်ရူးသွပ်တယ် ယှဉ်သန်ဖို့ အချစ်သာပေးပါ...
မချစ်နဲ့ အခါခါကိုယ်ငြင်း အတားအဆီးတွေ ကာရန်စေ..
ကမ်းပါးတွေလို ကြွေစေ အချစ်ရဲ့ လှိုင်းထဲမျောပါ..
ညနက်တွေကို ဖန်ဆင်း မင်းအရိပ်တွေကို မြင်တယ်..
နှလုံးသားမာန်တင်း ဘယ်လိုမှ ငြင်းမရ တို့အိပ်မက်မှာ
မချစ်နဲ့ အခါခါတို့ငြင်း တံခါးလေးလုံအောင် ပိတ်ရင်း
ထွင်းဖောက်လာလေတယ်မင်း အချစ်ရဲ့ တန်ခိုးများလက်မှာ
ညနက်တွေဆို ဖန်ဆင်း မင်းအရိပ်တွေကိုမြင်တယ်
နှလုံးသားမှန်ပြင် ဘယ်လိုများ ငြင်းမရ နှလုံးသားထဲက တို့အချစ်တွေကို.....
ဟန်ဆောင်မှုများ အဝေးမှာ နေထိုင်ခွင့်ပေးပါ...
ကြင်နာခဲ့သော ဘ၀တွေ အကြိမ်ကြိမ်ကွာဝေးရာ..
ရင်ခုန်မိတယ် နှလုံးသားက မင်းတစ်ယောက်သာ ရွေးချယ်..
ရင်ကိုခွဲကာ မင်းသွားတော့ ဘယ်လိုနေရမလဲကွယ်...
ရင်ထဲမင်းအချစ် ရင်ထဲမင်းအချစ် ခံစားပြီး ရင်မှာကွယ် ဘယ်လိုကိုယ်မေ့ရမယ်...
ဘ၀ရဲ့နေ့တွေ မင်းမရှိပဲနဲ့ တစ်ယောက်ထဲလမ်း ကိုယ်ဘယ်လိုဆက်သွားရမလဲလေ...
ငိုကြွေးရမယ် တို့အဆုံးအဖြတ်အတွက် နောက်ဆုံးအချစ်က ရူးသွပ်ခြင်းသာ...
ဘယ်သူဘာပြောလဲ အချစ်ရယ် ဆက်ပြီးဘ၀ကို အချစ်များပေးပါဦး.......
Labels: Pop, SiThuLwin, TinZarMaw
မိုးပြေး - ခင်ဖုန်း
မိုးလေးသည်းတုန်း အချစ်တစ်ခုရဖူးတယ်
စွဲမြဲချစ်ဖို့ ငါရည်ရွယ်ထားလဲ
နင်ဟာ မိုးလေးဆဲတော့ တိတ်တိတ်ထွက်သွားတယ်
နွေးထွေးတဲ့အပြုံးလေးတွေ ပျောက်ဆုံးခဲ့တယ်
မိုးသည်းထဲမှာပဲ အသည်းထဲ ခဏ၀င်ခဲ့
ရွာပါဆိုတော့လည်းပဲ အဝေးဆုံးကိုပြေးခဲ့
မိုးသည်းထဲမှာပဲ အသည်းလေး တစ်စဆီကွဲ
ရင်ခုန်သံတွေ ပြောင်းလဲ မျှော်လင့်ဆဲ
မိုးဖွဲလေးထဲ အရိပ်တစ်ခုကိုတွေ့တယ်
အေးစက်ကျောခိုင်း သူရယ်သံများနဲ့
ငါဟာ မိုးပြေးလေးပဲ တမ်းတနေမိတယ်
ရွှဲရွှဲမိုးမျက်ရည် စိုဆဲပဲ
မိုးပြေးလေးပါပဲ အသည်းထဲ ခဏ၀င်ခဲ့
ရွာပါဆိုတော့လည်းပဲ အဝေးဆုံးကိုပြေးခဲ့
မိုးသည်းထဲမှာပဲ အသည်းလေး တစ်စဆီကွဲ
ရင်ခုန်သံတွေ ပြောင်းလဲ မျှော်လင့်ဆဲ
နင်ဟာ လေနှင်ရာပြေးတဲ့ မိုးစက်တွေပဲ
ပိုင်ဆိုင်နိုင်တဲ့ အပြုံးက ရက်စက်နေခဲ့
Labels: KhinPhone, Pop