လွမ်းရယ်မပြေ - 19:18



မဆုံနိုင်ပြီလား ဘ၀တွေက
နှလုံးသားနုနု အပျံသင်ကာစအရွယ်
ပုံပြင်ဟောင်းလေးတစ်ပုဒ် ရင်မှာရှိခဲ့တယ်
လွယ်အိတ်တစ်လုံး ပုခုံးထက်မှာ
အပျော်ဆုံးကျောင်းတက်ချိန် ငါတို့ကျောင်းသားဘဝ

အဖြူစင်ခဲ့ဆုံး သစ္စာတရားနဲ့
အစောဆုံးချစ်၍ ပျော်စရာအိပ်မက်တွေ
နောင်ပြန်မရောက်တော့မဲ့ အကြင်နာလမ်းကလေးတွေ
အတူလျှောက်ခဲ့ကြတယ်
လက်ဖ၀ါးနုနုကို ငါတွဲထားရင်းနဲ့

ဒီအချိန် ကျောင်းတော်ကြီးရဲ့ အလယ်မှာ
စိန်ပန်းတွေလည်း ပွင့်နေပြီကွာ
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
အလွမ်းရယ် မပြေဘူး ကျောင်းသားဘဝ

Labels: , , , ,

ဘယ်သူတွေပြောပြော - 19:18




လောကကြီးကကွယ် တစ်ဖက်စောင်းနင်းသိပ်ကျတယ်
အမြဲတမ်းအားနည်းသူကိုပဲ အပြစ်ရှာတတ်ကြတယ်
ကယ်တင်မယ်မရှိဘူး ဖျက်ဆီးဖို့ ကြိုးစား
အရင်တစ်ခါမင်းမှားသွားတာလေး တစ်ခုအတွက်

ဘယ်သူတွေတားတား မင်းလေးပဲချစ်ခဲ့
ရင်ဆိုင်မယ် ဒုက္ခတွေ မင်းအနားပဲနေမယ်
မကြာခင်ဆို တို့နှစ်ယောက် ဒီဘ၀သစ်ကိုရှာမယ်
ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်က မင်းပဲ...
မျှော်လင့်ခြင်းရဲ့ အလင်းရောင်က မင်းပဲ...

လူသားတိုင်း သူ့တစ်သက်မှာ တစ်ခါလောက်တော့ မှားဖူးမယ်
ပြင်နိုင်ဖို့ ကြိုးစားရင် တို့တွဲကူလိုက်ကြမယ်
ကယ်တင်မယ်မရှိဘူး ဖျက်ဆီးဖို့ ကြိုးစား
အရင်တစ်ခါမင်းမှားသွားတာလေး တစ်ခုအတွက်

Labels: , , , , ,

ဟာသ - ဆောင်းဦးလှိုင်



သီချင်းလေးတစ်ပုဒ်တော့ ဈေးကွက်ထဲမှာ Hit ဖြစ်သွားပြီတဲ့ဟေ့
ဘာအကြောင်း ရေးဖွဲ့သလဲဆို ရယ်စရာဟာသများတဲ့
ဝတ္ထုတစ်ပုဒ်တော့ ရောင်းတန်းထဲမှာ ထာဝစဉ်နံပါတ်ဝမ်းပဲ
ဟာသသိပ် ခေတ်စားလို့...
ကြိတ်ကြိတ်တိုးတဲ့ ဇာတ်လမ်းရုပ်ရှင် သေချာပါတယ် မမေးနဲ့
ဘာများနှစ်သက်သလဲဆို ရယ်နေရရင်ပြီးရောပဲတဲ့

ဟာ.... ဟာသများ....
ဟာ.... ဟာသများ....
ဟာ.... ဟာသများ....
ဟာ.... ဟာသများ....

ရည်းစားရတဲ့ ကလေးမလေးကို ဘာသာယာလဲမေးတော့
မောင်က သိပ်ရယ်ရတာပဲတဲ့
နှစ်သက်ကြတဲ့ မင်းသားတစ်ယောက်ရဲ့ စွမ်းပကားများကိုမေးတော့
သူက သိပ်ရယ်ရတာပဲတဲ့

အားလုံးပဲလား ပျော်နေကြတာ
အားလုံးပဲလား ပျော်နိုင်ကြတာ
အားလုံးပဲလား ပျော်ချင်ကြတာ
အားလုံးပဲလား ပျော်နိုင်ကြတာ

Labels: , ,

ဘာမှမသိချင်ဘူး - 19:18



ဖြူစင်လွန်းတဲ့မင်းလေးကို ချစ်နေရတဲ့အချိန်များ
အဆုံးသတ်မှာ ငါလေသိပ်ကြောက်တာပဲ
ဘယ်လိုဘယ်နည်းနဲ့မှ မခွဲနိုင်တော့တာ
သိရက်နဲ့များ ရက်စက်လို့သွားမှာလား

ဘာမှ မသိချင်ဘူး မင်းကိုငါလွမ်းတော့ကွာ
နေ့ရောညပါသတိရတယ် အချစ်ရာ
ငါ့နှလုံးသားဟာမင်း ငါ့ရှင်သန်ခြင်းမင်း
မထားခဲ့ပါနဲ့
မင်းမရှိရင် အဓိပ္ပါယ်မဲ့

ဘယ်လိုသွားမလဲ ဘ၀တစ်ခုကို
အချစ်မပါ နှလုံးသားမပါပဲနဲ့
လူဟာ ခံစားမှုရဲ့တွန်းကန်အားကို ရရှိနိုင်မှ
ငါတို့ အကောင်းဆုံးဆုများယူနိုင်မှာ

Labels: , , , ,

လွမ်းစရာလေးတွေ - ဆောင်းဦးလှိုင် feat. Examplez



လွမ်းလို့ပြန်လာပဲ အသည်းလေးရာ
တစ်နေ့နေ့ ကိုယ့်အချစ်တွေ မင်းနားလည်မလား
သူတို့နဲ့ အဆင်မပြေလို့များ လိုတယ်ဆို
မင်းအတွက် အချိန်ရာသီမရွေး အသင့်ကိုယ်
ခမ်းနားထည်ဝါမှုများ နောက်မှာ
သူတို့ရဲ့ မာန်မာနများရှိတာ
မင်းအားနာကြင်စေသော တစ်နေ့မှာ
ပြန်မြင်ယောင်ကာ ကိုယ်တို့နှစ်ဦး အတိတ်ကမ္ဘာ

Rap: သိပ်ချစ်ဖို့ကောင်းတာနဲ့ မေ့ပစ်လို့ မရနိုင်ခဲ့
အားလုံးကငြင်းပယ်ကြလဲ သီချင်းသည်ဘ၀မှာ ငါ့ကိုထားခဲ့
မုန်းလို့တော့မရပါပြီ အဆိုးဆုံးက လွမ်းနေမိ
တရွေ့ရွေ့နဲ့ဝေးကွာသွားတဲ့ မင်းရဲ့အရိပ်ကို ကြည့်ကာ ငါမကြည်
လွမ်းရလို့ အသက်ရှူမရတဲ့ ငါ့ရဲ့အဖြစ်ကို ငါသာသိခဲ့
စွန့်လွှတ်ဖို့ သိပ်ခက်ခဲတဲ့ အချစ်ကို တခြားသူတစ်ယောက်ဆီပေးဖို့
သတ္တိတော့မရှိပါပြီ မှတ်မိသမျှတို့တွေသည် တကယ်ဖြစ်
ငယ်ချစ် ဆယ်နှစ်တာတွဲလက်များပေါ့

Rap: အရှုံးများက မသိသာ နှလုံးသားတော့ ထိတာ
မင်းသွားတဲ့ခြေလှမ်းတိုင်းမှာ ငါ့မာနကို နင်းလျှောက်သွားပါ
ဝဲသွားတဲ့မျက်ရည်ကြည် အသိစိတ်ကြောင့် ဖြစ်တာ
လှည့်မကြည့်နဲ့ ရှေ့ဆက်သွား သနားသလိုတော့ ငါ့ကိုမလုပ်နဲ့
နုံးခြည့်လို့ အသက်ရှူမ၀လဲ အဆုံးမရှိတဲ့ အလွမ်းပင်လယ်ထဲ
ချစ်တော့ဖြင့်ချစ်ရဲခဲ့သမျှ ဖြစ်ခဲ့တော့ အပြစ်ပြောလို့မရ
တကယ်ဖြစ် ငယ်ချစ် ဆယ်နှစ်တာတွဲလက်များ သတိရသွား မင်းခံစား
ငါ့ကိုနှလုံးသား တစ်ထောင့်မှာထား

အချိန်တွေဟာ ကုစားပေးမှာပေါ့
ပြောခဲ့တဲ့စကားလေးတွေ ပြန်ပြီးကြားယောင်တော့
အကြင်နာတွေဟာ တကယ်ပါ ဖြစ်မလာဘူး
ဒဏ်ရာတွေ အပေါ်ယံရှပ်ပြီးကြည့်ရင်တော့
ထိခဲ့တဲ့ အတွင်းကအနာ ဘယ်သူမှမသိပြီပေါ့
ပျော်ချင်ယောင်ဆောင်တာ သူစိတ်ချမ်းသာအောင်

Labels: , , ,

သတိမရဘူး - 19:18



ငါ့ရဲ့စိတ်ကိုမွန်းကြပ်စေတယ်
ငါ့ရဲ့ဘ၀ကိုမင်းပိတ်လှောင်ခဲ့
ဘယ်နေရာသွားသွား မင်းအရိပ်ထဲ
လုံးဝမလွတ်တော့ဘူး

နွေးထွေးမှုတွေ အေးစက်ကုန်တယ်
အားလုံးပြောင်းပြန် ပြောင်းလဲလာတယ်
အကြင်နာတွေဟာ ရက်စက်ကြပြီကွယ်
လုံးဝခွင့်မလွှတ်ဘူး

CHO: သတိမရဘူး ဟိုအရင်နေ့များ
မလွမ်းတော့ဘူး နှစ်ကိုယ်တူညတွေ
ငါ့အားမင်း ဒီတစ်ခါလျှော့မတွက်နဲ့တော့ကွာ
ကြာတော့ငါ ရင့်ကျက်လာခဲ့တာ

ဆုံစည်းကြတာခွဲဖို့ပါပဲ
တို့ဝေးတော့ ဘာထူးဆန်းမှာလဲ
ဘယ်သူနဲ့သွားသွား မင်းဘ၀ပဲ
မတားမြစ်တော့ဘူး

Bridge: အခြေအနေတွေက အချိန်နဲ့မျှ အရောင်ပြောင်းတာ
ဒါတွေဟာ ငါ့အပြစ်တော့မဟုတ်ဘူး
ဝေးကြမယ် အချစ်လေး

CHO:

Bridge:

CHO:

Labels: , , , , ,

လွမ်းရယ်မပြေ - ဆောင်းဦးလှိုင်

everyone, especially all students like me..

mon_pyi_thar




Nothing special...
Jus want everyone to listen to this song...
Hope all of us liked our student life




မဆုံနိုင်ပြီလား ဘ၀တွေက
နှလုံးသားနုနု အပျံသင်ကာစအရွယ်
ပုံပြင်ဟောင်းလေးတစ်ပုဒ် ရင်မှာရှိခဲ့တယ်
လွယ်အိတ်တစ်လုံး ပုခုံးထက်မှာ
အပျော်ဆုံးကျောင်းတက်ချိန် ငါတို့ကျောင်းသားဘဝ

အဖြူစင်ခဲ့ဆုံး သစ္စာတရားနဲ့
အစောဆုံးချစ်၍ ပျော်စရာအိပ်မက်တွေ
နောင်ပြန်မရတော့မယ် အကြင်နာလမ်းလေးတွေ
အတူလျှောက်ခဲ့ကြတယ်
လက်ဖ၀ါးနုနုကို ငါတို့တွဲထားရင်းနဲ့

CHO: ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်(ထဲ)မှာ
စိန်ပန်းတွေလည်းပွင့်နေပြီကွာ
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
လွမ်းရယ်မပြေဘူး ကျောင်းသားဘဝ
ငါတို့ကျောင်းသားဘဝ

တစ်ခါကငါ့ချစ်သူ
မဆုံသလို တို့လောကလမ်းများထဲမှာ
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
လွမ်းရယ်မပြေဘူး ကျောင်းသားဘဝ

Labels: ,

ကြယ်စင်ခူးသူ - ဆောင်းဦးလှိုင်

SPoT-ers

SPoT FM




ဆောင်းဦးလှိုင်ရဲ့ ကျွန်တော့်သီချင်း စီးရီးထဲက နောက်ဆုံး Track ပါ။ သီချင်းနာမည်တော့ မမှတ်မိတော့ပါဘူး။ ကြားဖူးသမျှသီချင်းတွေထဲမှာ အင်မတန်မှ အဓိပ္ပါယ်ရှိပြီး၊ စာသား အကျစ်လစ်ဆုံး သီချင်းတစ်ပုဒ်လို့ခံစားမိပါတယ်။
သိပ်ကြိုက်လွန်းလို့ လိုက်ရှာနေခဲ့တာ တော်တော်ကြာပါပြီ။ ရရခြင်းပဲ SPoT-er တို့ကို ဝေမျှလိုက်တာပါ။




ညဆည်းဆာမှာ ကြယ်ပွင့်များကိုမြင်တော့
ကျွန်တော့ရဲ့ ရင်သွေးငယ်က လက်များဆန့်တန်းကာ
သူမှီနိုင်မယ် ထင်မှားပြီးလှမ်းဆွတ်ယူတဲ့အခါ
ကျွန်တော်ဟာလေ ဘာပြောရမှန်းမသိဘူး
လူဘ၀မှာ တို့များမမှီနိုင်တာတွေ
အများကြီးပဲလို့ ကျွန်တော်ကြိုမပြောချင်...

Labels: , ,