ဘာမှမသိချင်ဘူး - 19:18



ဖြူစင်လွန်းတဲ့မင်းလေးကို ချစ်နေရတဲ့အချိန်များ
အဆုံးသတ်မှာ ငါလေသိပ်ကြောက်တာပဲ
ဘယ်လိုဘယ်နည်းနဲ့မှ မခွဲနိုင်တော့တာ
သိရက်နဲ့များ ရက်စက်လို့သွားမှာလား

ဘာမှ မသိချင်ဘူး မင်းကိုငါလွမ်းတော့ကွာ
နေ့ရောညပါသတိရတယ် အချစ်ရာ
ငါ့နှလုံးသားဟာမင်း ငါ့ရှင်သန်ခြင်းမင်း
မထားခဲ့ပါနဲ့
မင်းမရှိရင် အဓိပ္ပါယ်မဲ့

ဘယ်လိုသွားမလဲ ဘ၀တစ်ခုကို
အချစ်မပါ နှလုံးသားမပါပဲနဲ့
လူဟာ ခံစားမှုရဲ့တွန်းကန်အားကို ရရှိနိုင်မှ
ငါတို့ အကောင်းဆုံးဆုများယူနိုင်မှာ

Labels: , , , ,

Post a Comment