ယုံကြည်နေပါ - CNC



ငါ့ရင်ထဲက အချစ်တွေလည်း
မင်းအတွက်တော့ ဖြစ်နေခဲ့
မျှော်လင့်ခြင်းတို့ ပျက်စီးကာ
အရာရာဆိတ်သုန်းသွားပြီပဲ
ကမ္ဘာတွေခြားလို့ဝေးနေလည်း
ငါလေသတိရ လွမ်းနေဆဲ
ဟိုအရင်အတိတ်တို့ ပြန်မရနိုင်
ဖြေသိမ့်ရင်းနဲ့တစ်ယောက်ထဲ
လွမ်းနေဆဲ
သိပ်ချစ်ခဲ့လည်း ဝေးပြီ

CHO: ယုံကြည်နေပါ ကြင်နာသူရေ
အရင်လို နေ့ရက်အချိန်တိုင်းမှာ
သိပ်ချစ်ခဲ့လို့ မ၀နိုင်တာနင်တစ်ယောက်ထဲပါ
ဖြူစင်နေပါ ကြင်နာသူရေ
ကိုယ်တိုင်မင်းနားရှိတိုင်းမှာ ပေးဆပ်ရင်းနဲ့
လွမ်းနေတာ ကိုယ်တစ်ယောက်ထဲပါ
မင်းလေး ကိုယ့်အတွက် အလင်းရောင်ပေး

ငါ့ရင်ကကောင်းကင်မှာ မင်းလေးကကြယ်စင်ပဲ
ထားခဲ့တဲ့ကတိတွေက ဘယ်တော့မှအရာဝင်မလဲ
ရင်ဘတ်ထဲသိမ်းမလောက်တဲ့ မင်းအကြောင်းတွေ ဖွင့်အန်ခဲ့
ဒီလိုငါ တဖြည်းဖြည်းနဲ့ အချစ်နွံထဲ နစ်ကျန်ခဲ့
ကြေမွခဲ့ နှလုံးသားက မင်းချတဲ့ သေဒဏ်နဲ့
မင်းထားတဲ့နေရာမှာပဲ ကျေနပ်ပြီ နေကျန်ခဲ့
မင်းငါ့ကို မကျေနပ်လည်း ငါ့ဘ၀မှာ နေတတ်ခဲ့
ဘာဖြစ်ဖြစ် မင်းအနားပဲ ရှိခွင့်ရရင် ကျေနပ်တယ်
မင်းကိုငါချစ်ခဲ့တာ အကြောင်းပြချက် လုံးဝမရှိဘူး
ရင်ထဲမှာ ဟောင်းတာရော ပြောင်းတာပါ ဘာမှ မရှိဘူး
အတူရှိခဲ့ အချိန်တွေကို လွမ်းရတာ
ကြာလာလို့ အသက်မရှူသံငြိမ်နေသလို စမ်းမရပါ
အသစ်စက်စက်နှလုံးသားတောင် တစ်ခြမ်းကမာ
ရင်ထဲမှာ မှန်းဆကာဆိုနေဆဲ
အဲ့ဒါမင်းကို တမ်းတတာ
လာနေကြလမ်းကသာ ကြိုနေလှည့်
ဘာအတွက်မှ ငိုမနေနဲ့ ငါ့အတွက်တော့
ပန်းတွေတောင် မင်းနှုတ်ခမ်းကချိုနေဆဲ

CHO:

မြင့်မားစွာ ဖြူစင်မှုနဲ့ မင်းကိုငါချစ်ခဲ့တယ်
မင်းသွားတဲ့ တစ်နှစ်ပြည့်တိုင်းလည်း မင်းကို ငါမေ့မရခဲ့
မင်းပုံရိပ် အိပ်မက်များနဲ့ ညများစွာလဲပြိုကျ
မျှော်နေခြင်းမနက်ဖြန်များလည်း အရောင်တွေပျောက်လွင့်ပြယ်သွား
စိတ်ကူးလေးများထဲတောင် မင်းအနားပဲရှိချင်တာ
မင်းပါးလေးကို အိပ်မက်ထဲ ခိုးခိုးပြီးနမ်းနေမှာ
ငါရေးတဲ့ ကဗျာပေါင်းများစွာ အချစ်စစ်ရဲ့သက်သေပါ
အိပ်မပျော်နိုင် ညများစွာလည်း ကဗျာတွေနဲ့ အလွမ်းဖြေမှာ
ရင်ထဲမင်းအကြောင်းများလည်း အချိန်တွေရှိတိုင်းတွေးနေတာ
ဆွေးနေတာ မင်းဖြတ်ခဲ့တဲ့ စာတွေပြန်ဖတ်ရင်းနဲ့
ဒီလိုနဲ့ ဒိုင်ယာရီမှာ မင်းအကြောင်း အသက်သွင်းခဲ့
ယုံကြည်စွာ မျှော်နေမှာ တစ်ဖက်သတ်ချစ်ခြင်းနဲ့

CHO:

Labels: , ,


I like this song very much. That's great for uploading this lyric.
Commented by Blogger Theigara @ February 28, 2007 5:53 PM 


Post a Comment