ခုနှစ်နာရီ - Big Bag






ခုနှစ်နာရီထိုးပြီးပြီ နင်ပြန်ရောက်ဖို့သင့်ပြီ
ငါချက်ထားတဲ့ ထမင်းဟင်းတွေအေးပြီ
ကြာရင် ငါအိပ်ငိုက်တော့မယ်
ငါအကုန်စားပစ်မိမယ် ငါမျှော်နေတာမင်းသိမှာပဲ

မေမေတို့ ပြောပြကြတယ် နင်မရှိတော့ဘူးတဲ့
ဒီလို မစကြနဲ့ သိပ်စိတ်ဆိုးတယ်
အိမ်ကိုလာပို့တဲ့ သတင်းစာ နာရေးသတင်းထဲက
ဒီနာမည်ဟာ မင်းမဖြစ်နိုင်ပါ

ဟောဒီ့လောကထဲမှာ နင်အချစ်ဆုံးကငါ့တစ်ယောက်ထဲ
ဒၝဆိုမင်းငါ့ဆီ ပြန်လာမှာပဲ
ငါယုံထားတယ် မင်းကိုပဲ ငါနေ့တိုင်းပဲစောင့်နေတယ်
အိမ်ရှေ့တံခါးဝမှာပဲ

ခုနှစ်နာရီထိုးပြီးပြီ နင်ပြန်ရောက်ဖို့သင့်ပြီ
တယ်လီဖုန်းလေးတော့ ဆက်ပါငါ့ဆီ
ငါတကယ်ကိုဝမ်းနည်းရပြီ
ဘာကြောင့်မှန်းလဲမသိ
နင်ပြန်မလာတာ ငါးနှစ်ကျော်ပြီ

ဟောဒီ့လောကထဲမှာ ငါအချစ်ဆုံးကနင့်တစ်ယောက်ထဲ
ဒါဆိုမင်းငါ့ဆီ ပြန်လာမှာပဲ
ငါယုံထားတယ် မင်းကိုပဲ ငါနေ့တိုင်းပဲစောင့်နေတယ်
အိမ်ရှေ့တံခါးဝမှာပဲ

ခုနှစ်နာရီထိုးပြီးပြီ နင်ပြန်ရောက်ဖို့သင့်ပြီ
တယ်လီဖုန်းလေးတော့ ဆက်ပါငါ့ဆီ
ငါတကယ်ကိုဝမ်းနည်းရပြီ
ဘာကြောင့်မှန်းလဲမသိ
နင်ပြန်မလာတာ ငါးနှစ်ကျော်ပြီ

Labels: , , , ,

Post a Comment