HappyBirthday - ဟန်ထူးလွင်
အိမ်ရှေ့ခန်းထဲက ငါ့ပြက္ခဒိန်ထဲ ငါကြည့်လိုက်မိတယ်
ဒီလပိုင်းထဲက Friday တစ်ရက်ပဲနင့်မွေးနေ့ရှိတယ်
ဘာတွေပြောင်းလဲသွားပါစေ မပြောင်းသွားနိုင်
ငါစိတ်အညစ်ဆုံး အကုန်လုံးမေ့ပစ်ခဲ့
ငါပြန်မှတ်မိတဲ့အချိန်မှာ ခေါင်းငိုက်စိုက်
ပြန်တွေးလိုက်တိုင်း ငါရိုင်းစိုင်းသွားတယ်
အိမ်ရှေ့ပြတင်းပေါက်က ငှက်စုတ်တွေလည်း လာပြီးမနှိုးကြနဲ့
Happy Birthday ပြောမယ့်ငါ့ရဲ့ပါးစပ်လည်း ငါအတင်းစွဲပိတ်ခဲ့
နားထဲကအသံတွေ မောင်းထုတ်လိုက်
ရင်ထဲကအမုန်း အကုန်လုံးမေ့လိုက်တယ်
ငါပြန်မှတ်မိတဲ့အချိန်မှာ ခေါင်းငိုက်စိုက်
ပြန်တွေးလိုက်တိုင်း ငါရိုင်းစိုင်းသွားတယ်
နင်ဟာ ငါ့ရဲ့အသည်းနှလုံးကိုပဲ Birthday Cake လုပ်ခဲ့
နင့်ရဲ့ဘေးနားက အပေါင်းအသင်းတွေလည်း ဆုတောင်းပေးကြတယ်
ဘာတွေပြောင်းလဲသွားပါစေ မပြောင်းသွားနိုင်
ငါစိတ်အညစ်ဆုံး အကုန်လုံးမေ့ပစ်ခဲ့
ငါပြန်မှတ်မိတဲ့အချိန်မှာ ခေါင်းငိုက်စိုက်
ပြန်တွေးလိုက်တိုင်း ငါရိုင်းစိုင်းသွားတယ်
Labels: Alternative, BigBag, HanHtooLwin, Punk, Rock
ကြားနေကြအသံများ - Big Bag
အဘိုးကြီးလည်း Rap အဘွားကြီးလည်း Rap
မွေးကင်းစ အာပြဲလေးလည်း Rap
ခွေးကိုက်လည်း Rap ကြောင်ကုတ်လည်း Rap
အိမ်မြောင်ကြွက်ချေးကအော်လည်း Rap
မင်းကလည်း Rap ငါကလည်း Rap
ရပ်ကွက်ထဲ လျှောက်ကဲတော့လည်း Rap
မိုးလင်းလည်း Rap မိုးချုပ်လည်း Rap
လူလည်တောင် ခလုတ်တိုက်တော့လည်း Rap
အကြော်သည်နှစ်ယောက် ထချတော့လည်း Rap
ဘော်တယ် ကုလားကြီးအော်လည်း Rap
အဆိုတော် အကြီးကြီးဆိုလည်း Rap
ကလေကချေ အပေအတေအော်လည်း Rap
ပွဲစားလည်း Rap ငရဲသားလည်း Rap
ရည်းစားစကားလိုက်ပြီးပြောလည်း Rap
ဘိန်းမုန့်လည်း Rap ဗယာကြော်လည်း Rap
အလှူခံတဲ့ မဏ္ဍပ်ကလည်း Rap
စဉ်းစားလည်း Rap မစဉ်းစားလည်း Rap
လမ်းထိပ်က မုန့်ဟင်းခါးလည်း Rap
ထမင်းစားလည်း Rap ထမင်းမစားလည်း Rap
သန်ခေါင်ယံထ တစ်ရေးနိုးအော်လည်း Rap
အကယ်ဒမီ မင်းသမီးတွေလည်း Rap
သူငယ်နာမကင်းတဲ့ကောင်လည်း Rap
အတင်းချတော့လည်း Rap
တစ်အိမ်ကျော် အချိန်မတော်ဆိုလည်း Rap
Labels: Alternative, BigBag, HanHtooLwin, Punk, Rock
ခုနှစ်နာရီ - Big Bag
ခုနှစ်နာရီထိုးပြီးပြီ နင်ပြန်ရောက်ဖို့သင့်ပြီ
ငါချက်ထားတဲ့ ထမင်းဟင်းတွေအေးပြီ
ကြာရင် ငါအိပ်ငိုက်တော့မယ်
ငါအကုန်စားပစ်မိမယ် ငါမျှော်နေတာမင်းသိမှာပဲ
မေမေတို့ ပြောပြကြတယ် နင်မရှိတော့ဘူးတဲ့
ဒီလို မစကြနဲ့ သိပ်စိတ်ဆိုးတယ်
အိမ်ကိုလာပို့တဲ့ သတင်းစာ နာရေးသတင်းထဲက
ဒီနာမည်ဟာ မင်းမဖြစ်နိုင်ပါ
ဟောဒီ့လောကထဲမှာ နင်အချစ်ဆုံးကငါ့တစ်ယောက်ထဲ
ဒၝဆိုမင်းငါ့ဆီ ပြန်လာမှာပဲ
ငါယုံထားတယ် မင်းကိုပဲ ငါနေ့တိုင်းပဲစောင့်နေတယ်
အိမ်ရှေ့တံခါးဝမှာပဲ
ခုနှစ်နာရီထိုးပြီးပြီ နင်ပြန်ရောက်ဖို့သင့်ပြီ
တယ်လီဖုန်းလေးတော့ ဆက်ပါငါ့ဆီ
ငါတကယ်ကိုဝမ်းနည်းရပြီ
ဘာကြောင့်မှန်းလဲမသိ
နင်ပြန်မလာတာ ငါးနှစ်ကျော်ပြီ
ဟောဒီ့လောကထဲမှာ ငါအချစ်ဆုံးကနင့်တစ်ယောက်ထဲ
ဒါဆိုမင်းငါ့ဆီ ပြန်လာမှာပဲ
ငါယုံထားတယ် မင်းကိုပဲ ငါနေ့တိုင်းပဲစောင့်နေတယ်
အိမ်ရှေ့တံခါးဝမှာပဲ
ခုနှစ်နာရီထိုးပြီးပြီ နင်ပြန်ရောက်ဖို့သင့်ပြီ
တယ်လီဖုန်းလေးတော့ ဆက်ပါငါ့ဆီ
ငါတကယ်ကိုဝမ်းနည်းရပြီ
ဘာကြောင့်မှန်းလဲမသိ
နင်ပြန်မလာတာ ငါးနှစ်ကျော်ပြီ
Labels: Alternative, BigBag, HanHtooLwin, Punk, Rock
နီးနီးလေးနဲ့ဝေး - Big Bag
ဟိုတချိန်က သူ
တာယာ
ဘယ်သူ့ကိုရည်ရွယ်တယ်ဆိုတာ သိမဲ့သူတစ်ယောက်တော့ရှိမှာပါ။
ဒါပေမယ့်
အချိန်တွေပြောင်းလို့ ဟောင်းနွမ်းသွားပြီလားတော့ မသိ။
V1: အတွေးတွေထဲ မင်းရယ်သံကြားတဲ့ အချိန်တိုင်း
ငါဟာ အရူးတစ်ယောက်လိုဖြစ်ခဲ့ ဘယ်လိုဖျောက်ပစ်ရမှာလဲ
ငါ့အိမ်မက် မင်းပုံရိပ်များနဲ့ပျော်ခဲ့ ဘာတွေဆက်ဖြစ်မယ်မတွေးခဲ့
ငါလေရှုံးနိမ့်လို့နေပြီ
CHO: အနေတွေနီးခဲ့လို့ ငါတို့ဝေးရပြီ အရင်လိုဆက်ချစ်ဖို့
ဘယ်နည်းနဲ့မှ မဖြစ်နိုင် အတိတ်တွေကျန်ခဲ့ပြီ
ဘာတွေဆုံးဖြတ်လို့ ဘာဆက်လုပ်ကြမယ် ငါတို့နီးကြဖို့
ဘယ်ထိဝေးကြဦးမှာလဲ မင်းနဲ့နီးချင်တယ်
V2: ဟိုးအရင်ထက်မင်းကိုပိုချစ်မိသလိုပဲ ဒီလိုဝေးရမယ်သိရင်
ငါဟာဝမ်းနည်းမိမှာပဲ
ငါ့အိမ်မက် မင်းပုံရိပ်များနဲ့ပျော်ခဲ့ ဘာတွေဆက်ဖြစ်မယ်မတွေးခဲ့
ငါလေရှုံးနိမ့်လို့နေပြီ
Labels: BigBag, HanHtooLwin, Pop, Rock
ဟင်းလင်းပြင်ထဲမှာ - Big Bag
SPOT-ers
SPoT FM
Hip Hop တွေနားထောင်တာများလို့ ပျင်းနေမှာစိုးလို့ Big Bag ရဲ့ သီချင်းဟောင်းတစ်ပုဒ်ကို တင်လိုက်ပါတယ်။ နားထောင်လို့ရော လိုက်ဆိုလို့ရောကောင်းပေမယ့် ဘာအဓိပ္ပါယ်လည်းဆိုတာတော့ ကျွန်တော်လည်း လုံးဝနားမလည်ပါဘူး။
ဟိုတုန်းကလား ဒါမနက်ဖြန်လား
မမှတ်မိလောက်တော့ သိပ်ညံ့ဖျင်းတယ်
ငါမရှိတော့ဘူး ငါမသိတော့ဘူး
ဒီရင်ထဲကမင်းမှ ပြန်မထွက်တော့
ကိုယ်ပိုင်ဦးဏှောက်ထဲက ဟင်းလင်းပြင်ထဲ
နှလုံးသားအမာရွတ်တစ်ခု ထင်ကျန်နေဆဲအချစ်ရယ်
ရင်ကိုလှုပ်နှိုးဆဲ ငါဟာ အာကာသထဲရောက်လို့နေတယ်
လုံးဝိုင်းတဲ့သုညတစ်ခု ရင်မှာငါသော့ခတ်မယ်
ခေါင်းခွံအလွတ်တစ်လုံးထဲ
နေရာပေးခဲ့မိတဲ့ ငါ့အပြစ်ငါခံမယ်
ပန်းချီကားပေါ်က နင့်အပြုံးတွေလား
လူတွေမရှိတုန်း ခိုးနမ်းလိုက်တယ်
ငါမရှိတော့ဘူး ငါမသိတော့ဘူး
ဘာကိုမှမပြောပဲ မင်းစကားသံထဲမှာ ငါငြိမ်သက်ခဲ့
အရာရာမေ့ပစ်ဖို့ အတတ် တတ်ခဲ့ပေမယ့်
နှလုံးသားအမာရွတ်တစ်ခု ထင်ကျန်နေဆဲအချစ်ရယ်
ရင်ကိုလှုပ်နှိုးဆဲ ငါဟာ အာကာသထဲရောက်လို့နေတယ်
လုံးဝိုင်းတဲ့သုညတစ်ခု ရင်မှာငါသော့ခတ်မယ်
ခေါင်းခွံအလွတ်တစ်လုံးထဲ
နေရာပေးခဲ့မိတဲ့ ငါ့အပြစ်ငါခံမယ်
လုံးဝိုင်းတဲ့သုညတစ်ခု ရင်မှာငါသော့ခတ်မယ်
ခေါင်းခွံအလွတ်တစ်လုံးထဲ
နေရာပေးခဲ့မိတဲ့ ငါ့အပြစ်တွေပဲ
နှလုံးသားအမာရွတ်တစ်ခု ထင်ကျန်နေဆဲအချစ်ရယ်
ရင်ကိုလှုပ်နှိုးဆဲ ငါဟာ အာကာသထဲရောက်လို့နေတယ်
လုံးဝိုင်းတဲ့သုညတစ်ခု ရင်မှာငါသော့ခတ်မယ်
ခေါင်းခွံအလွတ်တစ်လုံးထဲ
နေရာပေးခဲ့မိတဲ့ ငါ့အပြစ်ငါခံမယ်
Labels: Alternative, BigBag, HanHtooLwin, Rock