ဟင်းလင်းပြင်ထဲမှာ - Big Bag

SPOT-ers

SPoT FM




Hip Hop တွေနားထောင်တာများလို့ ပျင်းနေမှာစိုးလို့ Big Bag ရဲ့ သီချင်းဟောင်းတစ်ပုဒ်ကို တင်လိုက်ပါတယ်။ နားထောင်လို့ရော လိုက်ဆိုလို့ရောကောင်းပေမယ့် ဘာအဓိပ္ပါယ်လည်းဆိုတာတော့ ကျွန်တော်လည်း လုံးဝနားမလည်ပါဘူး။




ဟိုတုန်းကလား ဒါမနက်ဖြန်လား
မမှတ်မိလောက်တော့ သိပ်ညံ့ဖျင်းတယ်
ငါမရှိတော့ဘူး ငါမသိတော့ဘူး
ဒီရင်ထဲကမင်းမှ ပြန်မထွက်တော့
ကိုယ်ပိုင်ဦးဏှောက်ထဲက ဟင်းလင်းပြင်ထဲ

နှလုံးသားအမာရွတ်တစ်ခု ထင်ကျန်နေဆဲအချစ်ရယ်
ရင်ကိုလှုပ်နှိုးဆဲ ငါဟာ အာကာသထဲရောက်လို့နေတယ်
လုံးဝိုင်းတဲ့သုညတစ်ခု ရင်မှာငါသော့ခတ်မယ်
ခေါင်းခွံအလွတ်တစ်လုံးထဲ
နေရာပေးခဲ့မိတဲ့ ငါ့အပြစ်ငါခံမယ်

ပန်းချီကားပေါ်က နင့်အပြုံးတွေလား
လူတွေမရှိတုန်း ခိုးနမ်းလိုက်တယ်
ငါမရှိတော့ဘူး ငါမသိတော့ဘူး
ဘာကိုမှမပြောပဲ မင်းစကားသံထဲမှာ ငါငြိမ်သက်ခဲ့
အရာရာမေ့ပစ်ဖို့ အတတ် တတ်ခဲ့ပေမယ့်

နှလုံးသားအမာရွတ်တစ်ခု ထင်ကျန်နေဆဲအချစ်ရယ်
ရင်ကိုလှုပ်နှိုးဆဲ ငါဟာ အာကာသထဲရောက်လို့နေတယ်
လုံးဝိုင်းတဲ့သုညတစ်ခု ရင်မှာငါသော့ခတ်မယ်
ခေါင်းခွံအလွတ်တစ်လုံးထဲ
နေရာပေးခဲ့မိတဲ့ ငါ့အပြစ်ငါခံမယ်

လုံးဝိုင်းတဲ့သုညတစ်ခု ရင်မှာငါသော့ခတ်မယ်
ခေါင်းခွံအလွတ်တစ်လုံးထဲ
နေရာပေးခဲ့မိတဲ့ ငါ့အပြစ်တွေပဲ
နှလုံးသားအမာရွတ်တစ်ခု ထင်ကျန်နေဆဲအချစ်ရယ်
ရင်ကိုလှုပ်နှိုးဆဲ ငါဟာ အာကာသထဲရောက်လို့နေတယ်
လုံးဝိုင်းတဲ့သုညတစ်ခု ရင်မှာငါသော့ခတ်မယ်
ခေါင်းခွံအလွတ်တစ်လုံးထဲ
နေရာပေးခဲ့မိတဲ့ ငါ့အပြစ်ငါခံမယ်

Labels: , , ,

Post a Comment