လွမ်းလို့မဆုံး - ဟဲလေး

ချစ်ခဲ့ဖူးသူ

တာယာပွကြီး




သိပ်ကြိုက်ခဲ့ဘူးတယ်။ ဆိုပြခဲ့ဖူးတယ်။ အကြိမ်ကြိမ်ပါပဲ။ အခုတော့လည်း ပုံပြင်တစ်ပုဒ်လိုဖြစ်လို့။ ဘာရယ်လို့တော့မဟုတ်ပါဘူး။
တခါတလေတော့လည်း ခေါင်းထဲကိုဝင်လာတတ်တယ်။ ဒီသီချင်းကိုနားထောင်မိရင် အဲဒီအချိန်တွေကို ပြန်ရောက်သွားသလိုပါပဲ။
အဲဒီ တစ်စုံတစ်ယောက်သောသူတော့ ခုချိန်မှာ .........




အမှန်တကယ်ကို ပြောချင်နေတာ
မင်းကိုချစ်လွန်းတဲ့ အကြောင်းပါ
မင်းက ကိုယ့်အတွက် မစဉ်းစားပေးတော့လည်း
ကိုယ်ဟာ အဝေးကြီးကလွမ်းနေတာ

ဒီအချိန် ကိုယ်လွမ်းနေတာဟာ
မင်းကို ချစ်လွန်းလို့ပေါ့ကွာ
တို့နှစ်ယောက် ဘ၀က မချောမော မနီးစပ်လည်း
မျှော်လင့်ရင်းနဲ့ မင်းကိုစောင့်နေမှာ

CHO: မင်းကိုပဲကိုယ် ချစ်မှာပဲလေ
ဝေးနေလည်းပဲတမ်းတကာနေဆဲ
ကိုယ့်ရင်ထဲမှာ မျှော်လင့်နေဆဲပါ
မင်းရင်က ပေးမဲ့အချစ်များ

အိမ်ပြန်ချိန်လမ်းပေါ်မှာကွာ
အတွေးတွေလွန်လို့ သတိရနေ
ဘာကြောင့်မင်း အဲ့လောက်ထိရက်စက်လည်း
ကိုယ်ဟာ မတွေးရဲလောက်အောင် ဖြစ်နေတာ

အမှန်တကယ်ကိုပြောချင်နေတာ
မင်းကိုချစ်လွန်းတဲ့အကြောင်းပါ
တို့နှစ်ယောက် ဘ၀က မချောမော မနီးစပ်လည်း
မျှော်လင့်ရင်းနဲ့ မင်းကိုစောင့်နေမှာ

CHO:

Labels: ,

Post a Comment