ပုံပြင်ဟောင်း - ကဗျာဗွဲ့မှူး

anAngel

anAngel




allTheBesT!! :-)




V1: ကျိန်စာသင့်ခဲ့ပြီလား ဘ၀ရဲ့အချိန်နာရီများစွာ
မြတ်နိုးတဲ့ ငါ့ရဲ့ လွတ်လပ်မှုကို အနိုင်ယူလို့ထား
ရင်ခုန်သံတွေ အားသိပြီး
အရာရာတိုင်း မင်းရဲ့စိတ်အလို
ငါအသက်ရှင်ရတာ စိတ်ညစ်တယ်ကွာ

ဒီမှာမင်းလေးသိလား အသည်းကွဲတာ ဟန်ဆောင်လို့မရ
ထိန်းထားတဲ့ကြားက ငါ့ရဲ့မျက်ရည် အလိုလိုစီးကျ
ယုံကြည်စွာမျှော်လင့်ခဲ့တဲ့ သာယာတဲ့ ဘ၀လေးတစ်ခုရယ်
မင်းလေးရှိမှပြီးပြည့်စုံလိမ့်မယ် အခုတော့ဝေးခဲ့ပြီကွယ်

CHO: မင်းလေးမရှိတော့လည်း မင်းသိဖို့ရန်မလွယ်
ကိုယ့်ရင်ထဲက အချစ်စိတ်တွေကို မင်းနားလည်
ပြန်တွေ့ခဲ့တဲ့ အချိန်တိုင်း သူစိမ်းလေးတစ်ယောက်လိုပဲ
ဟန်ဆောင်ထိန်းထားရင်းနဲ့ စိတ်ထဲအလိုလို ငိုချင်မိလည်း
ဖွင့်မပြောဘူး ချစ်သူရယ်
ဒီအတိုင်းပဲထားလိုက်တော့မယ်
အခုတော့လည်း ပုံပြင်လေးတစ်ပုဒ်ပါပဲ အသည်းခွဲခဲ့သူရယ်...

V2: အရာရာပြီးခဲ့ပြီးမှ သတိရစရာကြုံလာတဲ့အခါ
ကြိုးစားပြီးမေ့ခဲ့ရတဲ့နေ့ကို ရင်နာလိုက်တာ
လူတွေကြားထဲမှာ မြင်ချင်တဲ့မင်းရဲ့မျက်နှာ
လိုက်ရှာမိတာမင်းသိရဲ့လား အသည်းကွဲရမှာလား

CHO:

ဖွင့်မပြောဘူး ချစ်သူရယ်
ဒီအတိုင်းပဲထားလိုက်တော့မယ်
အခုတော့လည်း ပုံပြင်လေးတစ်ပုဒ်ပါပဲ အသည်းခွဲခဲ့သူရယ်...

Labels: , ,


it is so touching.. =(
Commented by Anonymous Anonymous @ March 14, 2007 4:17 PM 


Post a Comment