သူငယ်ချင်းလေးပါတဲ့ - စိုင်းစိုင်းခမ်းလှိုင် feat. နန္ဒစိုင်း

My dearest friend

Astro girl




မင်းနဲ့ငါ့အကြောင်း




ဝိုး. . .. S A I plus နန္ဒစိုင်း
ဟ ငါနဲ့မင်း သူငယ်ချင်း ဘ၀တစ်လျှောက် မင်းရင်ထဲက အချစ်တွေပေးပါ နည်းနည်းလောက် သူမကို တွေ့ခဲ့ အပြာရောင် ဆန်းဒေး (SUNDAY) တစ်ရက် ထပ်ပြီးတော့ တွေ့ခဲ့ နွေရာသီကျောင်းပိတ်ရက် သူ့နောက်ကိုလိုက်နေတဲ့ . . . အရမ်းအရမ်းကို ကြိုက်နေတဲ့ကောင်လေးတွေ အရူးအမူး မိုက်နေတယ်. (အိုး) ဘာမှကို အသေအချာမသိတော့ အဖြေရှာကြည့် ငါကိုယ်ငါ ပြန်ကာကြည့် ချစ်တယ်လို့ ထင်လာမိ အိပ်ရာထမှန်ကြည့် သူ့မျက်နှာမြင်ယောင်မိ အရိပ်လိုလိုထင်ယောင်ပြီး ငါ့ရဲ့စိတ်က တွေဝေခဲ့ တစ်ယောက်တည်းနေခဲ့တာ ရူးချင်ပြီ သူနဲ့ငါ နှစ်ယောက်တည်းလက်ကိုတွဲ ယစ်မူးချင်မိ အခုလို အိပ်မရတော့ ကြမ်းပြင်ကြီးမှာ လူးလိမ့်ပြီး ရင်ထဲမှာ အချစ်ဆူးတွေပဲ. . . စူးနေပြီ. . . သူက အထူးအထွေမသိ ငါပဲ ရူးနေပြီ နေ့တိုင်း ငါကျူရှင်အောက်မှာ စောင့်နေခဲ့ အခုအချိန်အထိပဲ အကြိမ်များစွာ ကြိုးစားလည်း ပြန်ရတာ စကားတစ်ခွန်းတည်း သူပြောတာ သူငယ်ချင်းပဲတဲ့ . . .
CHO: သူငယ်ချင်းလေးပါတဲ့ သူငယ်ချင်းလေးပဲတဲ့ကွယ် ဒီလိုအကြိမ်ကြိမ်အခါခါပြောပါတယ် ချစ်ရသူရယ် နောက်ထပ် နောက်တစ်ယောက် မချစ်ဘူး ယဉ်ယဉ်လေးနဲ့ရူးတော့မယ် အချိန်တွေကုန်လို့ အသက်တွေကြီးကုန်ရင် ခက်ရချည်ရဲ့. . .

ကြမ်းတမ်းတဲ့ ငါ့နှလုံးသား သူ့ကိုတွေ့တော့ နူးညံ့ ဆိုးရွားတဲ့ငါ့အကျင့်တွေ ပြောင်းပြန်ဖြစ်တယ ထူးဆန်းအချစ်ကို ငါစူးစမ်း နေခဲ့မိတာ ရူးနှမ်း ညပေါင်းများစွာ အိပ်မက်ထဲမှာ လက်ပစ်ကြီးငါကူးခတ် ငါ့စိတ်တွေ ကူးခတ် လတွေ နှစ်တွေ ကူးဖြတ်ခဲ့ သူက အချိန်တွေဆွဲပြီး အမှုအမှတ်မဲ့ စိတ်ကူးယဉ်ပြီး ကြည်နူးတတ်တဲ့ ငါ့ရဲ့ တစ်ဖတ်သတ် ရင်ခုန်သံတွေ အခုရပ်ခဲ့ သူနဲ့ငါ သူငယ်ချင်းတွေ ဖုန်းဆက်တယ် အပျင်းပြေ နောက်ထပ်ငါ ကြားမိပါတယ် ခြေရှုပ်တဲ့သတင်းတွေ မဟုတ်ဘူးလို့ ငြင်းနေလည်း အဖြေကရှင်းနေ အပြင်မှာလူတွေ ပြောနေကြတယ် သူနဲ့ငါ့ရဲ့ အတင်းတွေ အဖျင်းတွေ မယုံနိုင်လို့ နောက်ယောင်ခံလိုက် ဒီမျက်စိနဲ့ မြင်လိုက်ရမှ ငါ့မှာ ခေါင်းငိုက်စိုက် အဲဒီကောင်ဘယ်သူလဲ ပြန်ရတာအဖြေတစ်ခုတည်း သူပြောတာ သူငယ်ချင်းပဲတဲ့. . . .
CHO:
သူ ငါ့ကို သူငယ်ချင်းလို ပေါင်းပြီးတော့ ငါတို့ရဲ့ အသက်တွေကြီးလာလို့ (အိုး) ကျောင်းပြီးတော့ ဒီတစ်ခါ ချစ်ပါလို့ အဖြေကို တောင်းကြည့်တော့ ခေါင်းကိုညိတ်ပြီးတော့ ပြောပြန်တယ် ဖြည်းဖြည်းပေါ့ ငါက အလုပ်မရှိပါ ကျောင်းဆက်တက် သူက အလုပ်လုပ်တယ် ရုံးတက်တယ် နောက်ပြီး ခိုင်းစရာရှိရင် ဖုန်းဆက်တယ် အပြုံးတစ်ချက်နဲ့ အသုံးချဖို့ဆို လုပ်ရက်တယ်. . . ဟေး အဲဒီနောက် ဘုရားမှာ ဦးချဆုတောင်း မစဉ်းစားဘဲနဲ့ အတွေးထဲ ရောက်လာသူ့အကြောင်း စိတ်လှုပ်ရှားလို့ တည်ငြိမ်လာအောင် တရားထိုင် အဲဒီငါ့ရဲ့စိတ်ကို ငြိမ်ငြိမ်နေအောင် မထားနိုင် သူ့ရုံးက အစ်ကိုကြီးနဲ့ တွဲလျှောက်တုန်း ဖြစ်ချင်တော့ ငါ ဖယ်ရီကားကို စောင့်နေတုန်း နှုတ်လာဆက်တော့ အလိုက်မသိဘဲ ပေးမိခဲ့ သူပြောတာ သူငယ်ချင်းပဲတဲ့. . . . CHO
ဟ ငါနဲ့မင်း သူငယ်ချင်း ဘ၀တစ်လျှောက် မင်းရင်ထဲက အချစ်တွေပေးပါ နည်းနည်းလောက်။



Technorati Tag::: , , ,

Labels: , , ,

Post a Comment