အချစ်ရှိသောနေ့စွဲများ - ဇမ်နူး

SPoT-ers

SPoT FM




တစ်ချိန်ချိန်မှာတုန်းက လူတိုင်းလူတိုင်းရဲ့နေ့စွဲလေးတွေမှာ အချစ်ရှိဖူးခဲ့ပါတယ်။
တစ်ချိန်ရောက်တော့လည်း ဘယ်ပျောက်မသိ ပျောက်သွားခဲ့ပါတယ်။
ရှိခဲ့ဖူးတဲ့နေ့စွဲလေးတွေနဲ့ အဲ့ဒီ့နေ့စွဲလေးတွေရဲ့အချစ်တွေ မေ့မရနိုင်တဲ့ စိတ်တွေအတွက်
သီချင်းလေးတစ်ပုဒ်ပါ။



အချစ်ရှိသောနေ့စွဲများ
မနေ့ကအကြောင်းပြန်စဉ်းစား...
မနက်ဖြန်ရောက်ဖို့ အင်အားများ
ပေးဆပ်ခြင်းထဲပျက်စီးသွား...

တွေ့မြင်တုန်းခဏ သူ့အပြုံးများ
နေ့စဉ်ရက်ဆက် ကိုယ်သိမ်းထား...
အထီးကျန်တဲ့ည စကားလုံးများ
ချစ်သူတို့အတွက် စတေးမလား...

အချစ်ရှိသောဒီနေ့စွဲများ
နောက်တစ်ခါတို့ပြန်ရဦးမလား
နောက်ကျတဲ့ အသည်းကသိတယ်
အဝေးဆုံးမက ဝေးလွင့်တော့မယ်

အချစ်ရှိသောဒီနေ့စွဲများ
မျက်ရည်များကို ဖန်ဆင်းသွား
အပြစ်ရှိတဲ့ နှလုံးသားပဲကွယ်
အစားထိုးလို့ ရနိုင်မလား....

မျက်ရည်တို့က နိဂုံးလား
အချစ်တွေ အဆုံးမဲ့ရင်ထဲထား...
အတ္တတရားရဲ့ အပြစ်ပဲလား
ဆောက်တည်ခဲ့သမျှ ပြိုလဲသွား...

ရယူခြင်းအတွက် ကိုယ့်အတွေးများ
မှားတယ်လို့ပဲ ဆိုဦးမလား...
မျက်ရည်ကြားက ကိုယ့်အပြုံးများ
ချစ်သူလေး သိနိုင်ဦးမလား...

-=-=-

အချစ်ရှိသောဒီနေ့စွဲများ
နောက်တစ်ခါတို့ပြန်ရဦးမလား
ခြားနားခဲ့လွန်းတဲ့ အဖြစ်တွေ
အတွေးလေးနဲ့ ခွင့်ပြုတော့လေ

အချစ်ရှိသောဒီနေ့စွဲများ
နောက်တစ်ခါတို့ပြန်ရဦးမလား
အေးချမ်းတဲ့ မင်းတစ်ယောက်သိရင်
အနှောင့်အယှက်များ ဖြစ်နေမလား

အချစ်ရှိသောဒီနေ့စွဲများ
နောက်တစ်ခါတို့ပြန်ရဦးမလား
နောက်ကျတဲ့ အသည်းကသိတယ်
အဝေးဆုံးမက ဝေးလွင့်တော့မယ်

အချစ်ရှိသောဒီနေ့စွဲများ
မျက်ရည်များကို ဖန်ဆင်းသွား
အပြစ်ရှိတဲ့ နှလုံးသားပဲကွယ်
အစားထိုးလို့ ရနိုင်မလား.... ဟိုး.... ဟိုး....



Technorati Tag::: , ,

Labels: , , ,

Post a Comment