ကိုယ့်အမှား - မျိုးကျော့မြိုင် feat. နွဲ့ယဉ်ဝင်း



အိပ်မက်တွေက ဟိုတုန်းကလို မလှမပနဲ့
အခုစိတ်ထဲနာကျင်စွာ ကြေကွဲနာ တသသနဲ့
ထူးဆန်းကာ အရမ်းကိုချစ်ပြီး အချိန်တွေနဲ့နှစ်တွေပြောင်း
နင်ကွဲလာတဲ့ စကားတွေ မြင်ခဲ့တဲ့ --နေ့ဟောင်း
နှစ်သက်တဲ့ပြစ်ချက်ကို ပုံကြီးချဲ့ အကုန်သိခဲ့
အခုထိကိုယ် ရိုးသားစွာ တန်ဖိုးထားတာ သူမသိခဲ့
သူ့အမှားကို ကိုယ့်အမှားလို စကားတတ်တိုင်း သူပြောထွက်
ကိုယ်သိပြီ ငိုမိအောင် မင်းတမင်ပဲရက်စက်... မင်းတမင်ပဲရက်စက်...

သေချာအဖြေရှာကြည့်တယ် အလွန်အကျွံကိုယ်က ချစ်ပြန်တော့လည်း
ဒါဟာ ကိုယ့်အမှားပေါ့ကွယ် ခိုင်မာနေတဲ့ အချစ်အတွက်ကိုလည်း
ဝေဒနာတွေနဲ့ ရူးနေ ယုံပါအချစ်ဆုံး မင်းအတွက်ပါပဲ
ဒဏ်ရာတွေနဲ့ တစ်ယောက်ထဲ တိတ်တိတ်စိတ်ဖြေမယ်

သေးမွှားတဲ့ အမှားတွေကို အပြစ်ရှာသူ သက်သက်
ရှင်းပြခွင့်မပေးနိုင်အောင် မုန်းလို့သူရက်စက်
တွေ့စက အရမ်းတွေချစ်ပြီး ယုယသမျှ အသည်းကြွေနှင့်ပြီး
ယုံခဲ့တဲ့ ညလေးရယ် ပုံပေးတဲ့ ဘ၀လေးရယ်
အခုတော့လည်း မမှုတော့ဘဲ အမှတ်တမဲ့တွေအဖြစ်နဲ့
အတိတ်အကြောင်းရယ် အရိပ်ဟောင်းရယ် သူစွန့်ခွာပြေးထွက်
သူ့အမှားကို ကိုယ့်အမှားလို စကားတတ်တိုင်း သူပြောထွက်
ကိုယ်သိပြီ ငိုမိအောင် မင်းတမင်ပဲရက်စက်... မင်းတမင်ပဲရက်စက်...

သေချာအဖြေရှာကြည့်တယ် အလွန်အကျွံကိုယ်က ချစ်ပြန်တော့လည်း
ဒါဟာ ကိုယ့်အမှားပေါ့ကွယ် ခိုင်မာနေတဲ့ အချစ်အတွက်ကိုလည်း
ဝေဒနာတွေနဲ့ ရူးနေ ယုံပါအချစ်ဆုံး မင်းအတွက်ပါပဲ
ဒဏ်ရာတွေနဲ့ တစ်ယောက်ထဲ တိတ်တိတ်စိတ်ဖြေမယ်

ကိုယ့်စိတ်ထဲနာကျင်စွာ ကြေကွဲနာ တသသနဲ့
အခုတော့လည်း မမှုတော့ဘဲ အမှတ်တမဲ့တွေအဖြစ်နဲ့
အတိတ်အကြောင်းရယ် အရိပ်ဟောင်းရယ် သူစွန့်ခွာပြေးထွက်
သူ့အမှားကို ကိုယ့်အမှားလို စကားတတ်တိုင်း သူပြောထွက်
ကိုယ်သိပြီ ငိုမိအောင် မင်းတမင်ပဲရက်စက်...
ကိုယ်သိပြီ ငိုမိအောင် မင်းတမင်ပဲရက်စက်...

သေချာအဖြေရှာကြည့်တယ် အလွန်အကျွံကိုယ်က ချစ်ပြန်တော့လည်း
ဒါဟာ ကိုယ့်အမှားပေါ့ကွယ် ခိုင်မာနေတဲ့ အချစ်အတွက်ကိုလည်း
ဝေဒနာတွေနဲ့ ရူးနေ ယုံပါအချစ်ဆုံး မင်းအတွက်ပါပဲ
(သေးမွှားတဲ့ အမှားတွေကို အပြစ်ရှာသူ သက်သက်
ရှင်းပြခွင့်မပေးနိုင်အောင် မုန်းလို့သူရက်စက်)
ဒဏ်ရာတွေနဲ့ တစ်ယောက်ထဲ တိတ်တိတ်စိတ်ဖြေမယ်
(တွေ့စက အရမ်းတွေချစ်ပြီး ယုယသမျှ အသည်းကြွေနှင့်ပြီး
ယုံခဲ့တဲ့ ညလေးရယ် ပုံခဲ့တဲ့ ဘ၀လေးရယ်)

Labels: , , ,

Post a Comment