အချစ်ရူးမလေး - ချမ်းမြေ့



ညဆိုအိပ်မက်ထဲ နှိပ်စက်တယ် ကောင်မလေး
မနက်ဆို နှိုးစက်လို ဖုန်းလေးဆက်တာ နေ့တိုင်းလေ
အိပ်ရာထ မျက်နှာသစ်လို့ ပြီးတဲ့ အချိန်မျိုးမှာ
ဘဲလ်သံက ကြားပြန်ရ အရှေ့မှာ ဒီမနက်စာ
အလုပ်ကမပြီး ဒေါသကြီးတတ်တဲ့ အချိန်များမှာ
ဖုန်းသံက ကြားနေကျ မင်းရဲ့ အသံလေးကို
ငါ့စိတ်ထဲ တောင့်တဆဲ နေ့စဉ်နေ့တိုင်းလို
မင်းကို မျှော်နေမိတယ်...

အလုပ်ကဆင်း ရှေ့လှေကားရင်းမှာ သူရပ်ကာ
စောင့်နေကျ တို့မျှော်ရတဲ့နေ့မှာ သူကမလာ
တွေးနေရင်း ရှေ့ဘက်နား ဟိုးအဝေးမှာ သူရပ်ကာ
ငါ့ကို လှောင်ပြောင်ရင်းနဲ့
အခုချိန်မှ ငါ့စိတ်များလေးတာ အကုန်ရပ်ကာ
အတွေးတွေထဲ မင်းက ကြီးစိုးနေတာ ငါမသိပါ
ငါ့စိတ်ထဲ မင်းကိုပဲ မတွေ့ရရင်မနေနိုင်တော့ပါ
ကလေးရယ် နင်ထွက်မသွားနဲ့ ငါ့ရင်ထဲ...

ဒီလိုနဲ့ တို့နှစ်ယောက် တွေ့ခဲ့တဲ့ အချိန်ကကြာ
မင်းကိုပဲ ငါ့ရင်ထဲ စွဲမြဲကာ ပိုချစ်လာ
ငါ့စိတ်ထဲ မင်းကိုပဲ မချစ်ရရင် မနေနိုင်တော့ပါ
အချစ်ရယ် နင်ထွက်မသွားနဲ့ ငါ့ရင်ထဲ...

ညဆိုအိပ်မက်ထဲ နှိပ်စက်တယ် ကောင်မလေး
မနက်ဆို နှိုးစက်လို ဖုန်းလေးဆက်တာ နေ့တိုင်းလေ
အိပ်ရာထ မျက်နှာသစ်ပြီးတဲ့ အချိန်မျိုးမှာ
ဘဲလ်သံက ကြားပြန်ရ အရှေ့မှာ ဒီမနက်စာ
အလုပ်ကမပြီး ဒေါသကြီးတတ်တဲ့ အချိန်များမှာ
ဖုန်းသံက ကြားနေကျ မင်းရဲ့ အသံလေးကို
ငါ့စိတ်ထဲ တောင့်တဆဲ နေ့စဉ်နေ့တိုင်းလို
မင်းကို မျှော်နေမိတယ်... ချစ်သူရယ်...
အချစ်ရူးမလေးရယ်....

Labels: , ,

Post a Comment