အိမ်လွမ်းသူ - ၀ိုင်ဝိုင်း



အချိန်မှန်ရထားကြီးပြေးထွက်ခဲ့ အဆုံးမဲ့ မီးလျှံထဲ
ပြန်လမ်းမရှိတော့တဲ့ ဘ၀သစ်ထဲ ပျော်ဝင်ဖြတ်သန်း စီးဆင်းဆဲ
ခိုလှုံရာအရိပ်နဲ့ လမ်းခွဲထွက် ဒါဘ၀ရဲ့ ခရီးတွေပဲ
ရင်မှာမောပန်းရင်းနဲ့ ဝေးလွင့်ရင်း ငါဟာ အိမ်ကိုလွမ်းနေသူ...

ငါအိပ်မက်ထဲထိလွမ်းဆဲ ဘယ်တော့မှ မရောက်နိုင်ခဲ့
အဖြူရောင်ခြယ်တဲ့ နှလုံးသားများ ဘယ်မှာရှာလို့တွေ့လိမ့်မလဲ
ဒီပင်လယ်ကြီးရဲ့ ဟိုးတစ်ဖက်ကမ်း ငါလှမ်းရင်းမှန်းမျှော်ဆဲ
ဒီရင်ကိုချည်သော ကြိုးတင်းခဲ ငါအိမ်ပြန်ရန်မဖြစ်နိုင်သူ

ကြေကွဲခြင်းနဲ့ ငိုရှိုက်ခဲ့ညတွေ ဘယ်သူသိနိုင်မလဲ
ကြည်လင်ဖြူစင်နေသော ကောင်းကင်မှာ
ကြယ်ရောင်လင်းလက်တောက်ပဆဲ
အရောင်ပြောင်းလဲတဲ့ တိမ်တိုက်တွေ
သယ်ဆောင်ရာခရီးဆက်ဆဲ
အိပ်မပျော်တဲ့ညတိုင်း အတွေးများလည်း
အိမ်ပြန်ချင်တဲ့ အလွမ်းတွေပဲ...

ဒါဏ်ရာနဲ့ ရထားကြီးပြေးထွက် အဆုံးမဲ့ မီးလျှံထဲ
ဒီပြန်မဆုံနိုင်တဲ့အသိက ရင်ကို အချိန်မှန် လှုပ်ခတ်နှိုး
ငါအိပ်မက်ထဲထိလွမ်းဆဲ ဘယ်တော့မှ မရောက်နိုင်ခဲ့
မောပန်းခြင်းနဲ့ ၀ဲလည်ရင်း ငါအိမ်ပြန်မရောက်နိုင်သူ

Labels: , ,

Post a Comment